သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံအေရးေပၚ အစည္းအေ၀း ဧၿပီလ ၂၀ မွာ က်င္းပမည္


အာဆီယံအဖြဲ႔၀င္ ႏိုင္ငံအလံမ်ား (asean.org)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ၾကံဳေတြ႕ေနရတဲ့ ႏိုင္ငံေရး အၾကပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံလည္း အသင္း၀င္ျဖစ္တဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) မွာ ဧၿပီလေႏွာင္းပိုင္း အေရးေပၚ အစည္းအေ၀း ေခၚယူမယ့္အေပၚ ျပင္သစ္ႏိုင္ငံက ႀကိဳဆိုလိုက္ပါတယ္။

“ျမန္မာ့အေရးကို အေျဖရွာႏုိင္ဖို႔ အာဆီယံႏုိင္ငံေတြက ခုလိုၾကိဳးပမ္းေဆာင္ရြက္တဲ့အေပၚ အလြန္၀မ္းေျမာက္မိပါတယ္။ ျမန္မာ့ ႏုိင္ငံေရး အၾကပ္အတည္းေျပလည္သြားေအာင္ နည္းလမ္းေတြရွာၿပီး ၀ိုင္း၀န္းအေျဖရွာၾကဖို႔လည္း အားေပးတုိက္တြန္းပါတယ္။ ဧၿပီလ ၂၀ ရက္ေန႔မွာက်င္းပမယ့္ အာဆီယံအေရးေပၚညီလာခံကေန ေပၚထြက္လာမယ့္ ဆုံးျဖတ္ခ်က္ကို ေစာင့္ေမွ်ာ္ေနပါတယ္။”လို႔ ကုလသမဂၢဆုိင္ရာ ျပင္သစ္ လက္ေထာက္ သံအမတ္ Nathalie Broadhurst က လုံၿခဳံေရးေကာင္စီမွာ ေသာၾကာေန႔က ျမန္မာ့အေရး အလြတ္သေဘာ ေဆြးေႏြးရာမွာ ေျပာဆိုသြားတာပါ။

အာဆီယံအဖြဲ႔က ဧၿပီလ၂၀ ရက္ေန႔မွာ က်င္းပမယ့္ အေရးေပၚညီလာခံကို အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ ႔မွာ က်င္းပမယ္လို႔လည္း ခန္႔မွန္းရပါတယ္။ လုံျခံဳေရးေကာင္စီ အလွည့္က် ဥကၠ႒ ဗီယက္နမ္ ႏိုင္ငံကလည္း ျမန္မာ့အေရးကို အာဆီယံအသင္းက ေျဖရွင္းမယ့္ အစီအစဥ္ကို ေထာက္ခံေၾကာင္း ေသာၾကာေန႔ ေဆြးေႏြးပဲြမွာ ေျပာဆိုသြားပါတယ္။

ဒါေပမဲ့လည္း အာဆီယံအသင္း၀င္ေတြၾကား ျပည္တြင္းေရး ၀င္မစြက္ဖက္ေရး မူဝါဒေတြနဲ႔ ဘုံသေဘာတူညီခ်က္ ရရွိဖို႔ သတ္မွတ္ခ်က္ေတြေၾကာင့္ ျမန္မာ့အေရး ထိေရာက္တဲ့ ေျဖရွင္းမႈမ်ဳိး ေပၚေပါက္လာႏိုင္ပါ့မလားဆိုတာကိုေတာ့ တက္ႂကြလႈပ္ရွားသူေတြနဲ႔ အကဲခတ္ေတြၾကား စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာ့အရေး အာဆီယံအရေးပေါ် အစည်းအဝေး ဧပြီလ ၂၀ မှာ ကျင်းပမည်

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှာ ဧပြီလနှောင်းပိုင်း အရေးပေါ် အစည်းအဝေး ခေါ်ယူမယ့်အပေါ် ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

“မြန်မာ့အရေးကို အဖြေရှာနိုင်ဖို့ အာဆီယံနိုင်ငံတွေက ခုလိုကြိုးပမ်းဆောင်ရွက်တဲ့အပေါ် အလွန်ဝမ်းမြောက်မိပါတယ်။ မြန်မာ့ နိုင်ငံရေး အကြပ်အတည်းပြေလည်သွားအောင် နည်းလမ်းတွေရှာပြီး ဝိုင်းဝန်းအဖြေရှာကြဖို့လည်း အားပေးတိုက်တွန်းပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှာကျင်းပမယ့် အာဆီယံအရေးပေါ်ညီလာခံကနေ ပေါ်ထွက်လာမယ့် ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပါတယ်။”လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် လက်ထောက် သံအမတ် Nathalie Broadhurst က လုံခြုံရေးကောင်စီမှာ သောကြာနေ့က မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးရာမှာ ပြောဆိုသွားတာပါ။

အာဆီယံအဖွဲ့က ဧပြီလ၂၀ ရက်နေ့မှာ ကျင်းပမယ့် အရေးပေါ်ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပမယ်လို့လည်း ခန့်မှန်းရပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံကလည်း မြန်မာ့အရေးကို အာဆီယံအသင်းက ဖြေရှင်းမယ့် အစီအစဉ်ကို ထောက်ခံကြောင်း သောကြာနေ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

ဒါပေမဲ့လည်း အာဆီယံအသင်းဝင်တွေကြား ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒတွေနဲ့ ဘုံသဘောတူညီချက် ရရှိဖို့ သတ်မှတ်ချက်တွေကြောင့် မြန်မာ့အရေး ထိရောက်တဲ့ ဖြေရှင်းမှုမျိုး ပေါ်ပေါက်လာနိုင်ပါ့မလားဆိုတာကိုတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG