သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုံျခံဳေရးေကာင္စီအလွည့္က်ဥကၠ႒နဲ႔ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြ ျမန္မာ့အေရး အြန္လိုင္းက ေဆြးေႏြး


ကုလသမဂၢလံုျခံဳေရးေကာင္စီ အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏိုင္ငံရဲ႕ ကုလသမဂၢဆိုင္ရာသံအမတ္ႀကီး Dinh Quy Dang။

[Zawgyi/Unicode]

ဗီယက္နမ္ႏုိင္ငံအေနနဲ႔ ျမန္မာစစ္ေကာင္စီအေပၚ ဒဏ္ခတ္အေရးယူတာကို မေထာက္ခံေပမဲ့ လံုျခံဳေရးေကာင္စီက ခ်မွတ္တဲ့ ဒဏ္ခတ္အေရးယူမႈအားလံုးကုိ လိုက္နာတယ္လို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီ အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏိုင္ငံရဲ႕ ကုလသမဂၢဆိုင္ရာသံအမတ္ႀကီး Dinh Quy Dang ကေျပာပါတယ္။

"ကုလသမဂၢအဖြဲ႔ဝင္ႏုိင္ငံအေနနဲ႔ လံုျခံဳေရးေကာင္စီ အဖြဲ႔ဝင္ႏုိင္ငံအေနနဲ႔ လံုျခံဳေရးေကာင္စီကခ်မွတ္တဲ့ ဒဏ္ခတ္အေရးယူမႈအားလံုးကုိ လိုက္နာေဆာင္ရြက္ပါတယ္။ ဒါေပမဲ့ ဘယ္လိုလုပ္ေဆာင္ခ်က္မ်ဳိးမဆို အၾကမ္းဖက္မႈေတြ ရပ္တန္႔ေစမယ့္ ထိေရာက္မႈမ်ဳိးရွိဖို႔ လိုပါတယ္။ တင္းမာမႈကို ေလ ွ်ာ့ခ်ၿပီး ေဆြးေႏြးေျပာဆိုႏုိင္မယ့္ အခင္းအက်ဥ္းမ်ဳိး ဖန္တီးႏုိင္ဖို႔လိုပါတယ္။ ဘယ္လိုလုပ္ေဆာင္ခ်က္မဆို အဲဒီရည္ရြယ္ခ်က္ကို ေရာက္မယ္ဆိုရင္ က်ေနာ္တုိ႔ ေထာက္ခံပါတယ္။ အဲဒီရည္ရြယ္ခ်က္ကို မေရာက္ဘူးဆိုရင္ေတာ့ က်ေနာ္တို႔ မေထာက္ခံပါဘူး။" လို႔ သံအမတ္ႀကီး Dang ကေျပာပါတယ္။

အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြက တာဝန္ရွိသူေတြနဲ႔ တနလၤာေန႔က ေဆြးေႏြးခန္းအတြင္း ျမန္မာစစ္ေကာင္စီကို ႏုိင္ငံတကာက လက္နက္ခဲယမ္း မေရာင္းခ်ဘဲ ပိတ္ပင္တားဆီးေရး လံုျခံဳေရးေကာင္စီက ဆံုးျဖတ္ခ်က္ခ်ေပးဖို႔ တိုက္တြန္းတာနဲ႔ ပတ္သက္ၿပီး အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏုိင္ငံရဲ႕ သံအမတ္ႀကီးက အဲဒီလို တံု႔ျပန္ေျပာဆိုသြားတာပါ။

ျမန္မာႏုိ္င္ငံမွာ စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲေနတဲ့အေပၚ ဗီယက္နမ္ႏုိ္င္ငံအေနနဲ႔ အထူးစိုးရိမ္တဲ့အေၾကာင္းနဲ႔ အဲဒီစိုးရိမ္မႈဟာ တျဖည္းျဖည္း ပိုတိုးလာတယ္လုိ႔လည္း သံအမတ္ႀကီးကဆိုပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး လံုျခံဳေရးေကာင္စီမွာ ၄ ႀကိမ္ ေဆြးေႏြးခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ ဧၿပီလ ၉ ရက္ေန႔မွာ ေကာင္စီရဲ႕ ပံုမွန္အစည္းအေဝး က်င္းပဖို႔ ရွိတဲ့အေၾကာင္းလည္း သံအမတ္ႀကီးကေျပာပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အေနနဲ႔လည္း တႏုိင္ငံခ်င္းစီအေနနဲ႔ေရာ အဖြဲ႔လိုက္အေနနဲ႔ပါ ျမန္မာ့အေရးကို ေျပာဆိုေနတာေတြ ရွိၿပီး က်င္းပဖို႔စီစဥ္ေနတဲ့ ျမန္မာ့အေရး အာဆီယံ ထိပ္သီးအစည္းအေဝးကို ဧၿပီလကုန္ပိုင္းမွာ က်င္းပႏုိင္ေျခရွိတယ္လုိ႔လည္း သံအမတ္ႀကီး Dang က ေျပာသြားပါတယ္။

လံုျခံဳေရးေကာင္စီ အလွည့္က်ဥကၠ႒နဲ႔ ျမန္မာ့အေရး
please wait

No media source currently available

0:00 0:03:32 0:00

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ မြန်မာ့အရေး အွန်လိုင်းက ဆွေးနွေး

ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာကို မထောက်ခံပေမဲ့ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို လိုက်နာတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး Dinh Quy Dang ကပြောပါတယ်။

"ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီကချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို လိုက်နာဆောင်ရွက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးမဆို အကြမ်းဖက်မှုတွေ ရပ်တန့်စေမယ့် ထိရောက်မှုမျိုးရှိဖို့ လိုပါတယ်။ တင်းမာမှုကို လေ ျှာ့ချပြီး ဆွေးနွေးပြောဆိုနိုင်မယ့် အခင်းအကျဉ်းမျိုး ဖန်တီးနိုင်ဖို့လိုပါတယ်။ ဘယ်လိုလုပ်ဆောင်ချက်မဆို အဲဒီရည်ရွယ်ချက်ကို ရောက်မယ်ဆိုရင် ကျနော်တို့ ထောက်ခံပါတယ်။ အဲဒီရည်ရွယ်ချက်ကို မရောက်ဘူးဆိုရင်တော့ ကျနော်တို့ မထောက်ခံပါဘူး။" လို့ သံအမတ်ကြီး Dang ကပြောပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့က ဆွေးနွေးခန်းအတွင်း မြန်မာစစ်ကောင်စီကို နိုင်ငံတကာက လက်နက်ခဲယမ်း မရောင်းချဘဲ ပိတ်ပင်တားဆီးရေး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပေးဖို့ တိုက်တွန်းတာနဲ့ ပတ်သက်ပြီး အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံရဲ့ သံအမတ်ကြီးက အဲဒီလို တုံ့ပြန်ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတဲ့အပေါ် ဗီယက်နမ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အဲဒီစိုးရိမ်မှုဟာ တဖြည်းဖြည်း ပိုတိုးလာတယ်လို့လည်း သံအမတ်ကြီးကဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ၄ ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ဧပြီလ ၉ ရက်နေ့မှာ ကောင်စီရဲ့ ပုံမှန်အစည်းအဝေး ကျင်းပဖို့ ရှိတဲ့အကြောင်းလည်း သံအမတ်ကြီးကပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့လည်း တနိုင်ငံချင်းစီအနေနဲ့ရော အဖွဲ့လိုက်အနေနဲ့ပါ မြန်မာ့အရေးကို ပြောဆိုနေတာတွေ ရှိပြီး ကျင်းပဖို့စီစဉ်နေတဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးကို ဧပြီလကုန်ပိုင်းမှာ ကျင်းပနိုင်ခြေရှိတယ်လို့လည်း သံအမတ်ကြီး Dang က ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG