သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလစုံစမ္းေရးအဖဲြ႕ထံ အေထာက္အထားေတြေပးဖို႔ CRPH အက်ဳိးေဆာင္အဖဲြ႕ျပင္ဆင္


CRPH ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (Credit Committee Representing Pyidaungsu Hluttaw - CRPH's website)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကုလသမဂၢစုံစမ္းေရးအဖဲြ႕ထံ အျမန္ဆုံး လဲႊေျပာင္းေပးႏိုင္ေရး CRPH ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ႕ ႏိုင္ငံတကာ ဥပေဒအက်ိဳးေဆာင္အဖြဲ႔က ျပင္ဆင္ေနပါတယ္။


ကုသမဂၢရဲ့ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမူဆိုင္ရာယႏၲယား (IIMM) အႀကီးအကဲနဲ႔ ဒီတပတ္ထဲမွာပဲ ထပ္မံေတြ႕ဆုံၿပီး၊ အေသးစိတ္ကို ေဆြးေႏြးခဲ့ေၾကာင္းလည္း ႏိုင္ငံတကာအစိုးရဆိုင္ရာ ဥေပေဒအက်ိဳးေဆာင္အဖြဲ႔ Volterra Fietta ထူေထာင္သူ Robert Volterra ကေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက တင္ျပေပးပါမယ္။

ႏိုင္ငံတကာအစိုးရဆိုင္ရာ ဥေပေဒပညာရွင္ႀကီး Volterra က ဗုဒၶဟူးေန႔က IIMM အဖြဲ႔နဲ႔ စေတြ႔ခဲ့ၿပီး မေန႔မွာ ထပ္ေတြ႔ေဆြးေႏြးခဲ့တာ အေရးပါပံုကို

“ေဆြးေႏြးခဲ့တဲ့ အေသးစိတ္ေတြကေတာ့ ခုခ်ိန္ထိ လွ်ဴိ႕ဝွက္ထားရပါေသးတယ္။ ဒါေပမဲ့ တစ္ခုလံုးၿခံဳၾကည့္ရင္ေတာ့၊ ေဆြးေႏြးပြဲက တကယ့္ကို အျပဳသေဘာေဆာင္ၿပီး အထူးေကာင္းမြန္ခဲ့ပါတယ္။ ကၽြန္ေတာ္ကိုယ္စားျပဳခဲ့တဲ့ ျမန္မာအရပ္သားအစိုးရကိုယ္စားျပဳအဖြဲ႔ CRPH နဲ႔ IIMM အၾကားမွာေပါ့ေနာ္။ အဓိကကေတာ့ CRPH လက္ခံရရွိထားတဲ့ အေထာက္အထားေတြ အားလံုးကို၊ ဘယ္လိုနည္းေတြနဲ႔၊ လူ႔အခြင့္အေရးကာကြယ္ေပးဖို႔ သင့္ေတာ္တဲ့ အာဏာပိုင္အဖြဲ႔ျဖစ္တဲ့၊ ဒီကုလသမဂၢကိုယ္စားျပဳအဖြဲ႔ကို လႊဲအပ္ေပးႏိုင္မလဲဆိုတာကို ေဆြးေႏြးခဲ့တာပါ။ ဒီေနရာမွာ အေရးပါတာက အခုကိစၥကို ျမန္မာဘက္က ဦးေဆာင္ညႊန္ၾကားေပးခဲ့တာက၊ ျမန္မာႏိုင္ငံရဲ့ လက္ရွိကုလသမဂၢဆိုင္ရာ သံအမတ္ႀကီးဆိုတာ ကၽြန္ေတာ္ ထည့္ေျပာပါရေစ။”

ဒါ့အျပင္ ေနာက္ထူးျခားခဲ့တဲ့ အေထာက္အထားဆိုင္ရာ အားေကာင္းမႈကိုလည္း ဥေပေဒအက်ိဳးေဆာင္ Volterra က

“အဓိက ထူးျခားခ်က္ကေတာ့ ကၽြန္ေတာ္တို႔ဖက္မွာက အမူအေထာက္အထားေပါင္း ၂၇၅,၀၀၀ အထိ သီးသန္႔ဆက္သြယ္ရရွိထားတာဆိုေတာ့၊ ဒီအေရအတြက္က၊ IIMM အခုထိ လက္ခံရရွိထားတဲ့ အေရအတြက္ထက္ အမ်ားႀကီးကို မ်ားေနပါတယ္။ ဒီအေထာက္အထားေတြက၊ အရပ္သားေတြအေပၚ အတိအက်ပစ္မွတ္ထားၿပီး က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက်စီစဥ္ တိုက္ခိုက္ေနတာေတြကို သိသိသာသာျပသေနပါတယ္။ ဒီ အေထာက္အထားေတြက အႀကီးအက်ယ္ကို အားေကာင္းပါတယ္။ တကယ့္ကို မေျပာျပႏိုင္ေလာက္ေအာင္ ရက္ရက္စက္စက္ ေၾကာက္စရာေကာင္းလြန္းတာမ်ိဳးေတြပါ။ ဗီြဒီယိုပံုရိပ္ေတြ၊ ဓာတ္ပံုေတြ၊ စာေရးထြက္ဆိုထားတာေတြပါ။ IIMM ဘက္ကလည္း၊ ဒါေတြကို လက္ခံဖို႔ အရမ္းကို စိတ္အား ထက္သန္ေနခဲ့ပါတယ္။”

ေရွ႕ေန Volterra က ဆက္ၿပီး IIMM အၾကီးအကဲ Nicholas Koumjian ဘက္က တံု႕ျပန္ခဲ့မႈ အေပၚမွာလည္း

“ Mr. Koumjian နဲ႔ သူ႔အဖြဲ႔ဟာ တကယ့္ကို ပူးေပါင္းေဆာင္ရြက္ဖို႔ စိတ္အား တက္ၾကြ ေနခဲ့ပါတယ္။ တကယ္႔ကို အားရပါးရေဆြးေႏြးခဲ့ၾကတာပါ။ သူတို႔က တကယ့္ကို ဒီအလုပ္မွာ ကၽြမ္းက်င္သူေတြပါ။ ေနာက္အေရးပါတဲ့ အခ်က္က IIMM အဖြဲ႔အေနနဲ႔ တာဝန္ယူထားရတဲ့ က်ဴးလြန္မူအမ်ိဳးအစားက၊ ႏိုင္ငံတကာ ရာဇဝတ္မူေတြ၊ စစ္ရာဇဝတ္မူေတြနဲ႔ ႏိုင္ငံတကာ လူသားခ်င္းဆိုင္ရာအမူမ်ိဳးေတြသာ ျဖစ္တာမို႔၊ အခု CRPH က ရရွိထားတဲ့ အေထာက္အထားေတြကို လက္ခံဖို႔ စိတ္အားထက္သန္ေနတာကိုၾကည့္ရင္၊ သူတို႔အေနနဲ႔လည္း၊ ျမန္မာစစ္တပ္ဟာ အဲ့ဒီလို ႏိုင္ငံတကာဥပေဒေတြကို ခ်ိဳးေဖာက္ထားႏိုင္တယ္လို႔ သံုးသပ္ထားပံုရပါတယ္။ ဒါမွမဟုတ္ရင္၊ ကၽြန္ေတာ္တို႔ ျမန္မာအရပ္သားအစိုးရကိုယ္စားျပဳအဖြဲ႔နဲ႔ သူတို႔ ေတြ႔မွာမဟုတ္ဘူး။ ဒီအခ်က္က တကယ့္ကို အလြန္ အေရးႀကီးပါတယ္။”

ဒီေနရာမွာ ေရွ႕ဆက္ျဖစ္လာႏိုင္တာ အတြက္လည္း ဥေပေဒအက်ိဳးေဆာင္ Volterra က

“ကၽြန္ေတာ္တို႔ ထပ္ေတြ႔ၾကဖို႔၊ အထူးသျဖင့္ ေရွ႕အပတ္မွာ ထပ္ေတြ႔ၾကဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီ အေထာက္အေထား မိတၳဴေတြ လႊဲေပးဖို႔ပါ။ အဲ့ဒီေနာက္မွာေတာ့ IIMM အေနနဲ႔၊ သူ႔ကိုေပးထားတဲ့ တာဝန္ျဖစ္တဲ့ ဒီအေထာက္အထားေတြအေပၚ စီစစ္သံုးသပ္မယ္၊ တူရာ အုပ္စုေတြခြဲမယ္၊ ၿပီးေတာ့ အနာဂတ္မွာ ဥပေဒေၾကာင္းအရလိုတဲ့ေနရာမွာ အသံုးျပဳႏိုင္ဖို႔၊ အဆင္သင့္ သိမ္းဆည္းထားဖို႔ပါ။ ခုလိုေရွ႕ဆက္ ျဖစ္လာႏိုင္တဲ့အထဲမွာ၊ ႏိုင္ငံတကာ ခံုရံုးေတြအျပင္၊ ျပည္တြင္း တရာရံုးေတြလည္း ပါ၀င္ပါတယ္။”

ဒါ့အျပင္ ေနာက္ပိုင္းမွာ ျဖစ္လာႏိုင္မယ့္ ဒီ တရားစြဲႏိုင္ဖို႔ အဆင့္မေရာက္ခင္ လက္ရွိကာလမွာ ျမန္မာအစိုးရ ေရွ႕ဆက္သြားမယ့္အေပၚ သက္ေရာက္ႏိုင္ပံုကိုလည္း ေရွ႕ေနႀကီး Volterra က

“စစ္တပ္ထိပ္ပိုင္း အမိန္႔ေပးအဖြဲ႔ျဖစ္တဲ့ ဒီအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔အေနနဲ႔၊ သူတို႔ဟာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံရဲ႕ တရားဝင္ အစိုးရျဖစ္လာပါၿပီလို႔ ႏိုင္ငံတကာဥပေဒေတြကို လိုသလို ကိုးကားၿပီး တျခားႏိုင္ငံေတြကို ေျပာလာေနပါတယ္။ ဒီေနရာမွာ၊ ဘယ္အစိုးရပဲျဖစ္ျဖစ္ သူေျပာသလို သြားေထာက္ခံမိလိုက္ရင္၊ အခုအေထာက္အထားေတြမွာပါတဲ့ အရပ္သားေတြအေပၚ စနစ္တက်နဲဲ႔ ရက္ရက္စက္စက္က်ဴးလြန္တာေတြကို သေဘာတူ ေထာက္ခံ ကူညီသလိုျဖစ္ၿပီး၊ တကယ့္ကို ဒုကၡသြားႀကံဳရမွာ စိုးရိမ္ရပါတယ္။”

ဒါ့အျပင္ ဥေပေဒပညာရွင္ႀကီး Volterra က ေနာက္ေရွ႕ဆက္လုပ္ဖို႔ ျပင္ထားမႈ အေပၚမွာလည္း

“ျမန္မာအရပ္သားအစိုးရအေနနဲ႔ CRPH ကေနတဆင့္ ကၽြန္ေတာ္တို႔ ဥပေဒအက်ိဳးေဆာင္အဖြဲ႔ကို၊ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သားေတြအေပၚ က်ဴးလြန္မူေတြမွာ၊ ႏုိင္ငံတကာဥပေဒေၾကာင္းနဲ႔ ပတ္သက္တာေတြ အၾကံေပးဖို႔၊ ကိုယ္စားျပဳေပးဖို႔ ငွားထားတာပါ။ ဒါေတြကို စတင္လုပ္ေဆာင္ေနပါတယ္။ CRPH အေနနဲ႔ အခုလို ကုလသမဂၢအဖြဲ႔၊ ေနာက္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီနဲ႔ တျခားေအဂ်င္စီေတြအျပင္၊ တျခား အစိုးရ တဖြဲ႔ခ်င္း၊ ေနာက္ အဖြဲ႔အစည္းေတြ တစ္ခုခ်င္းနဲ႔ အစုလုိက္ေတြပါပါတယ္။ ၿပီးေတာ့ အေရးပါတဲ့ပုဂၢိဳလ္ႀကီးေတြနဲ႔လည္း ေတြ႔ဆံုသြားတဲ့ေနရာမွာ၊ ႏိုင္ငံတကာကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး၊ စနစ္တက်ဆံုးျဖတ္ႏိုင္ဖို႔၊ အၾကံျပဳကူညီသြားေရး ျဖစ္ပါတယ္။”

တကယ္ေတာ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြဘက္က ျမန္မာ့အေရး စိုးရိမ္ ဖိအားေပးေနတဲ့ၾကားက ျမန္မာစစ္တပ္ဘက္ကေတာ့ ဆႏၵျပသူေတြအေပၚ ပစ္ခတ္ႏွိမ္နင္းမႈေတြ ဆက္တိုက္တိုးလုပ္လာေနတယ္လို႔ သံုးသပ္သူေတြက ဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........

ကုလစုံစမ်းရေးအဖွဲ့ထံ အထောက်အထားတွေပေးဖို့ CRPH အကျိုးဆောင်အဖွဲ့ပြင်ဆင်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ထံ အမြန်ဆုံး လွဲှပြောင်းပေးနိုင်ရေး CRPH ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာ ဥပဒေအကျိုးဆောင်အဖွဲ့က ပြင်ဆင်နေပါတယ်။ ကုသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမူဆိုင်ရာယန္တယား (IIMM) အကြီးအကဲနဲ့ ဒီတပတ်ထဲမှာပဲ ထပ်မံတွေ့ဆုံပြီး၊ အသေးစိတ်ကို ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံတကာအစိုးရဆိုင်ရာ ဥပေဒေအကျိုးဆောင်အဖွဲ့ Volterra Fietta ထူထောင်သူ Robert Volterra ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးပါမယ်။

နိုင်ငံတကာအစိုးရဆိုင်ရာ ဥပေဒေပညာရှင်ကြီး Volterra က ဗုဒ္ဓဟူးနေ့က IIMM အဖွဲ့နဲ့ စတွေ့ခဲ့ပြီး မနေ့မှာ ထပ်တွေ့ဆွေးနွေးခဲ့တာ အရေးပါပုံကို

“ဆွေးနွေးခဲ့တဲ့ အသေးစိတ်တွေကတော့ ခုချိန်ထိ လျှိူ့ဝှက်ထားရပါသေးတယ်။ ဒါပေမဲ့ တစ်ခုလုံးခြုံကြည့်ရင်တော့၊ ဆွေးနွေးပွဲက တကယ့်ကို အပြုသဘောဆောင်ပြီး အထူးကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်စားပြုခဲ့တဲ့ မြန်မာအရပ်သားအစိုးရကိုယ်စားပြုအဖွဲ့ CRPH နဲ့ IIMM အကြားမှာပေါ့နော်။ အဓိကကတော့ CRPH လက်ခံရရှိထားတဲ့ အထောက်အထားတွေ အားလုံးကို၊ ဘယ်လိုနည်းတွေနဲ့၊ လူ့အခွင့်အရေးကာကွယ်ပေးဖို့ သင့်တော်တဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့၊ ဒီကုလသမဂ္ဂကိုယ်စားပြုအဖွဲ့ကို လွှဲအပ်ပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့တာပါ။ ဒီနေရာမှာ အရေးပါတာက အခုကိစ္စကို မြန်မာဘက်က ဦးဆောင်ညွှန်ကြားပေးခဲ့တာက၊ မြန်မာနိုင်ငံရဲ့ လက်ရှိကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဆိုတာ ကျွန်တော် ထည့်ပြောပါရစေ။”

ဒါ့အပြင် နောက်ထူးခြားခဲ့တဲ့ အထောက်အထားဆိုင်ရာ အားကောင်းမှုကိုလည်း ဥပေဒေအကျိုးဆောင် Volterra က

“အဓိက ထူးခြားချက်ကတော့ ကျွန်တော်တို့ဖက်မှာက အမူအထောက်အထားပေါင်း ၂၇၅,၀၀၀ အထိ သီးသန့်ဆက်သွယ်ရရှိထားတာဆိုတော့၊ ဒီအရေအတွက်က၊ IIMM အခုထိ လက်ခံရရှိထားတဲ့ အရေအတွက်ထက် အများကြီးကို များနေပါတယ်။ ဒီအထောက်အထားတွေက၊ အရပ်သားတွေအပေါ် အတိအကျပစ်မှတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျစီစဉ် တိုက်ခိုက်နေတာတွေကို သိသိသာသာပြသနေပါတယ်။ ဒီ အထောက်အထားတွေက အကြီးအကျယ်ကို အားကောင်းပါတယ်။ တကယ့်ကို မပြောပြနိုင်လောက်အောင် ရက်ရက်စက်စက် ကြောက်စရာကောင်းလွန်းတာမျိုးတွေပါ။ ဗွီဒီယိုပုံရိပ်တွေ၊ ဓာတ်ပုံတွေ၊ စာရေးထွက်ဆိုထားတာတွေပါ။ IIMM ဘက်ကလည်း၊ ဒါတွေကို လက်ခံဖို့ အရမ်းကို စိတ်အား ထက်သန်နေခဲ့ပါတယ်။”

ရှေ့နေ Volterra က ဆက်ပြီး IIMM အကြီးအကဲ Nicholas Koumjian ဘက်က တုံ့ပြန်ခဲ့မှု အပေါ်မှာလည်း

“ Mr. Koumjian နဲ့ သူ့အဖွဲ့ဟာ တကယ့်ကို ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အား တက်ကြွ နေခဲ့ပါတယ်။ တကယ့်ကို အားရပါးရဆွေးနွေးခဲ့ကြတာပါ။ သူတို့က တကယ့်ကို ဒီအလုပ်မှာ ကျွမ်းကျင်သူတွေပါ။ နောက်အရေးပါတဲ့ အချက်က IIMM အဖွဲ့အနေနဲ့ တာဝန်ယူထားရတဲ့ ကျူးလွန်မူအမျိုးအစားက၊ နိုင်ငံတကာ ရာဇဝတ်မူတွေ၊ စစ်ရာဇဝတ်မူတွေနဲ့ နိုင်ငံတကာ လူသားချင်းဆိုင်ရာအမူမျိုးတွေသာ ဖြစ်တာမို့၊ အခု CRPH က ရရှိထားတဲ့ အထောက်အထားတွေကို လက်ခံဖို့ စိတ်အားထက်သန်နေတာကိုကြည့်ရင်၊ သူတို့အနေနဲ့လည်း၊ မြန်မာစစ်တပ်ဟာ အဲ့ဒီလို နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ထားနိုင်တယ်လို့ သုံးသပ်ထားပုံရပါတယ်။ ဒါမှမဟုတ်ရင်၊ ကျွန်တော်တို့ မြန်မာအရပ်သားအစိုးရကိုယ်စားပြုအဖွဲ့နဲ့ သူတို့ တွေ့မှာမဟုတ်ဘူး။ ဒီအချက်က တကယ့်ကို အလွန် အရေးကြီးပါတယ်။”

ဒီနေရာမှာ ရှေ့ဆက်ဖြစ်လာနိုင်တာ အတွက်လည်း ဥပေဒေအကျိုးဆောင် Volterra က

“ကျွန်တော်တို့ ထပ်တွေ့ကြဖို့၊ အထူးသဖြင့် ရှေ့အပတ်မှာ ထပ်တွေ့ကြဖို့ မျှော်လင့်ထားပါတယ်။ ဒီ အထောက်အထေား မိတ္ထူတွေ လွှဲပေးဖို့ပါ။ အဲ့ဒီနောက်မှာတော့ IIMM အနေနဲ့၊ သူ့ကိုပေးထားတဲ့ တာဝန်ဖြစ်တဲ့ ဒီအထောက်အထားတွေအပေါ် စီစစ်သုံးသပ်မယ်၊ တူရာ အုပ်စုတွေခွဲမယ်၊ ပြီးတော့ အနာဂတ်မှာ ဥပဒေကြောင်းအရလိုတဲ့နေရာမှာ အသုံးပြုနိုင်ဖို့၊ အဆင်သင့် သိမ်းဆည်းထားဖို့ပါ။ ခုလိုရှေ့ဆက် ဖြစ်လာနိုင်တဲ့အထဲမှာ၊ နိုင်ငံတကာ ခုံရုံးတွေအပြင်၊ ပြည်တွင်း တရာရုံးတွေလည်း ပါဝင်ပါတယ်။”

ဒါ့အပြင် နောက်ပိုင်းမှာ ဖြစ်လာနိုင်မယ့် ဒီ တရားစွဲနိုင်ဖို့ အဆင့်မရောက်ခင် လက်ရှိကာလမှာ မြန်မာအစိုးရ ရှေ့ဆက်သွားမယ့်အပေါ် သက်ရောက်နိုင်ပုံကိုလည်း ရှေ့နေကြီး Volterra က

“စစ်တပ်ထိပ်ပိုင်း အမိန့်ပေးအဖွဲ့ဖြစ်တဲ့ ဒီအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေနဲ့၊ သူတို့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်လာပါပြီလို့ နိုင်ငံတကာဥပဒေတွေကို လိုသလို ကိုးကားပြီး တခြားနိုင်ငံတွေကို ပြောလာနေပါတယ်။ ဒီနေရာမှာ၊ ဘယ်အစိုးရပဲဖြစ်ဖြစ် သူပြောသလို သွားထောက်ခံမိလိုက်ရင်၊ အခုအထောက်အထားတွေမှာပါတဲ့ အရပ်သားတွေအပေါ် စနစ်တကျနဲ့ ရက်ရက်စက်စက်ကျူးလွန်တာတွေကို သဘောတူ ထောက်ခံ ကူညီသလိုဖြစ်ပြီး၊ တကယ့်ကို ဒုက္ခသွားကြုံရမှာ စိုးရိမ်ရပါတယ်။”

ဒါ့အပြင် ဥပေဒေပညာရှင်ကြီး Volterra က နောက်ရှေ့ဆက်လုပ်ဖို့ ပြင်ထားမှု အပေါ်မှာလည်း

“မြန်မာအရပ်သားအစိုးရအနေနဲ့ CRPH ကနေတဆင့် ကျွန်တော်တို့ ဥပဒေအကျိုးဆောင်အဖွဲ့ကို၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် ကျူးလွန်မူတွေမှာ၊ နိုင်ငံတကာဥပဒေကြောင်းနဲ့ ပတ်သက်တာတွေ အကြံပေးဖို့၊ ကိုယ်စားပြုပေးဖို့ ငှားထားတာပါ။ ဒါတွေကို စတင်လုပ်ဆောင်နေပါတယ်။ CRPH အနေနဲ့ အခုလို ကုလသမဂ္ဂအဖွဲ့၊ နောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ တခြားအေဂျင်စီတွေအပြင်၊ တခြား အစိုးရ တဖွဲ့ချင်း၊ နောက် အဖွဲ့အစည်းတွေ တစ်ခုချင်းနဲ့ အစုလိုက်တွေပါပါတယ်။ ပြီးတော့ အရေးပါတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့လည်း တွေ့ဆုံသွားတဲ့နေရာမှာ၊ နိုင်ငံတကာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး၊ စနစ်တကျဆုံးဖြတ်နိုင်ဖို့၊ အကြံပြုကူညီသွားရေး ဖြစ်ပါတယ်။”

တကယ်တော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က မြန်မာ့အရေး စိုးရိမ် ဖိအားပေးနေတဲ့ကြားက မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြသူတွေအပေါ် ပစ်ခတ်နှိမ်နင်းမှုတွေ ဆက်တိုက်တိုးလုပ်လာနေတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG