သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CRPH တာဝန်ပေးထားတဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ IIMM တွေ့ဆုံ


၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian
၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian

{{Zawgyi/Unicode}}

မြန်မာ့အရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ပေးအပ်ထားတဲ့ နိုင်ငံတကာ ဥပဒေ အကျိုးဆောင် Volterra Fietta က ဥပဒေပညာရှင်အဖွဲ့ဟာ မနေ့ ဧပြီလ ၇ ရက်နေ့က မြန်မာနိုင်ငံအတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ ယန္တယား (IIMM) အကြီးအကဲအပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက မနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

CRPH က ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဒီ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို IIMM နဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေ အကျိုးဆောင် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဒေါက်တာ ဆာဆာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို တွေ့ဆုံတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အနာဂတ်မှာလည်း ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ CRPH ကိုယ်စား ဥပဒေအကျိုးဆောင်ကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာရှိတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်း အမျိုးမျိုးနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ CRPH က ဧပြီလ ၂ ရက်နေ့မှာ ညွန်ကြားခဲ့ပြီးတဲ့နောက် အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

CRPH အနေနဲ့ အခုချိန်ထိ လက်ခံရရှိထားတဲ့ သက်သေအထောက်အထား ၂၇၀,၀၀၀ ကျော်အရ စစ်တပ်ဟာ အရပ်သား ပြည်သူလူထုကို နိုင်ငံအနှံ့ အစီအစဉ်ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ ပြသနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

...................................

{{Unicode}}





XS
SM
MD
LG