သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းမႈ အေထာက္အထားေတြ ကုလစံုစမ္းေရးအဖဲြ႔ ေကာက္ယူေနတာ ဘယ္ေလာက္အေရးပါမလဲ


ျမန္မာႏုိင္ငံဆိုင္ရာ ကုလစံုစမ္းေရးအဖြဲ႔ IIMM ဝက္ဘ္ဆိုက္တ္ (ဓာတ္ပံု - iimm.un.org)

(Zawgyi/Unicode)

ျမန္မာစစ္အာဏာသိမ္းအၿပီး က်ဴးလြန္ခံေနရတဲ့ အၾကမ္းဖက္ႏိွမ္နင္းမူေတြကို၊ တိုင္ၾကားၾကဖို႔ ကုလသမဂၢရဲ့ ျမန္မာဆိုင္ရာစံုစမ္းစစ္ေဆးမူယႏၱယား (IIMM) က အမ်ားျပည္သူကို ကမ္းလွမ္းေတာင္းဆိုတာဟာ အထူးအေရးပါၿပီး ေနာက္ပိုင္းတရားစြဲႏိုင္ခ်ိန္အတြက္ ထိေရာက္ႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံထဲကို ဒီကုလအဖြဲ႔မသြားႏိုင္ခ်ိန္မွာ၊ ထိေရာက္တဲ့အေထာက္အထားမ်ိဳးကို လံုလံုျခံဳၿခံဳနဲ႔ ပို႔ေပးႏိုင္ဖို႔က အေရးႀကီးၿပီး၊ ေနာင္တခ်ိန္ခံုရံုးတင္ဖို႔ လက္ရွိ CRPH လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီခန္႔ေပးတဲ့ အစိုးရကလည္း၊ အေထာက္အကူျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

ျမန္မာႏိုင္ငံမွာ အရင္က်ဳးလြန္ခဲ့တဲ့ အႀကီးမားဆံုးလူ႔အခြင့္အေရးခ်ိဳးေဖာက္မူေတြစုေဆာင္းဖို႔၊ ကုလသမဂၢကေန ၂၀၁၈ ခုႏွစ္မွာဖြဲ႔ေပးခဲ့တဲ့ဒီ IIMM အဖြဲ႔အေနနဲ႔၊ အခု ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းအၿပီး ပစ္ခတ္ႏွိမ္နင္းမူေတြအေပၚလည္း၊ ေစာင့္ၾကည့္မွတ္တမ္းယူေနတာက အေရးပါတယ္လို႔၊ ေရွ.ေျပးအသံအဖြဲ႔ ((Progressive Voice) အၾကံေပးဘုတ္အဖြဲ႔ ဥကၠဌ မခင္ဥမၼာက ဆိုပါတယ္။

“လက္ရွိ တတိုင္းျပည္လံုး ႀကံဳေနရတဲ့ အၾကမ္းဖက္ခံေနရတဲ့ အခ်ိန္မွယ အခူလိုမ်ိဳး ကုလသမဂၢကေနဖြဲ႔ေပးလုိက္တဲ့ ဒီ စံုစမ္းစစ္ေဆးေရး ယႏၱရားရွိတာက အရမ္းေကာင္းတယ္ ။ အခု ဒီ အာဏာလု စစ္အုပ္စုကေနၿပီးေတာ့မွ သူတို႔ အၾကမ္းဖက္ ညွဥ္းပမ္းႏွိတ္စက္ မႈေတြ လုပ္ေနတာက Crime Against Humanity လို႔ ေခၚတဲ့ လူသားမ်ိဳးႏြယ္ေတြအေပၚမွာ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ ျဖစ္သြားၿပီ။ ျပည္တြင္း ဥပေဒနဲ႔ ကိုင္လို႔ ရတဲ့ ကိစၥေတြလည္း မဟုတ္ေတာ့ဘူး ဒါက ႏိုင္ငံတကာ ရာဇ၀တ္မႈ ခ်ိဳးေဖာက္တာျဖစ္တယ္။”

ဒီ IIMM အေၾကာင္းအနီးကပ္ေလ့လာထားတဲ့ မခင္ဥမၼာအျပင္၊ Harvard တကၠသိုလ္ ဥပေဒေက်ာင္းက၊ ျမန္မာ့အေရး ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ေလ့လာလုပ္ေဆာင္လာခဲ့တဲ့ ပါေမာကၡ Tyler Giannini ကလည္း၊ ဒီ လြတ္လပ္တဲ့ကုလစံုစမ္းေရးအဖြဲ႔အေနနဲ႔ ခ်က္ခ်င္းအေရးယူႏိုင္တာမ်ိဳးမဟုတ္ေပမဲ့၊ ေနာက္ပိုင္းခံုရံုးတင္ႏိုင္ခ်ိန္အတြက္ အေရးပါတာေတြ စုေဆာင္းေပးႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

“ဒီအဖြဲ႔ ရွိထားမူက အရမ္းကို အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ အခ်ိန္ၾကာလာေလ၊ ဒီ အေထာက္အထားေတြက ေပ်ာက္ဆံုးသြားႏိုင္ေလမို႔ပါ။ ေနာက္တဆင့္အတြက္ ဘယ္ခံုရံုးမွာ တင္မယ္၊ ဘယ္လိုတရားစြဲႏိုင္မယ္ဆိုတာကလည္း၊ ဒီအေထာက္အထားေတြရဲ႕ ခိုင္လံုအားေကာင္းမူအေပၚမွာ မူတည္ေနတာမို႔ အေရးပါပါတယ္။”

ပါေမာကၡ Giannini ေရာ မခင္ဥမၼာကပါ၊ လံုလံုၿခံဳၿခံဳဆက္သြယ္ႏိုင္ဖို႔အတြက္ ဒီ IIMM အဖြဲ႔ရဲ့ Website အင္တာနက္ စာမ်က္ႏွာ https://iimm.un.org မွာေျပာထားတာကေန ဆက္သြယ္ႏိုင္တယ္၊ ဒါမွမဟုတ္ NGO အဖြဲ႔ေတြ အထူးသျဖင့္ လူ႔အခြင့္အေရးမွတ္တမ္းအဖြဲ႔ေတြကို အကူအညီ ေတာင္းႏိုင္တယ္၊ ၿပီးရင္ေတာ့ ဒီအေထာက္အထားေတြဖ်က္ပစ္လိုက္ဖို႔ အေရးႀကီးတယ္လို႔ ဆိုၾကပါတယ္။ ဒီ IIMM အဖြဲ႔ အင္တာနက္စာမ်က္ႏွာမွာ လံုၿခံဳေအာင္ Signal အင္တာနက္ဖုန္းကို Download လုပ္ၿပီး၊ နံပါတ္ +၄၁ ၇၆ ၆၉၁ ၁၂ ၀၈ ကို (သို႔မဟုတ္) Proton Mail - mountain741@protonmail.com ကို Email ပို႔ဖို႔ မွာထားပါတယ္။

ေနာက္ ျမန္မာႏုိင္ငံမွာ တရားမွ်တမူရေရး၊ မၾကာခင္ကအထိ၊ ၆ ႏွစ္ေက်ာ္အနီးကပ္လုပ္ေဆာင္ခဲ့ၿပီး၊ အာရွေဒသတြင္း ဥပေဒေရးရာကၽြမ္းက်င္သူ ၾသစေတ်းလ်အေျခစိုက္ ေရွ.ေန Caitlin Reiger ကလည္း ထိေရာက္တဲ့အခ်က္အလက္မ်ိဳးျဖစ္ေအာင္ ေကာက္ယူသင့္ပံုကို ရွင္းျပပါတယ္။

“ဘာျဖစ္ခဲ့တယ္ဆိုတာတင္ ယူတာဟုတ္ပါဘူး၊ ဘာျဖစ္ခဲ့တယ္ဆိုတာသက္သက္က လူတိုင္း သိေလ့ရွိပါတယ္။ ဒါကလည္း အေရးႀကီးပါတယ္။ ေနာက္အေရးႀကီးတာက၊ စစ္အုပ္စု အတြင္းက သတင္းပါ။ ဘယ္သူကအမိန္႔ေပးတာ၊ ဘယ္လိုအမိန္႔ေပးစနစ္အဆင့္ဆင့္ကိုျဖတ္လာတာလဲ၊ ဘာေတြျပင္ဆင္ခဲ့တာလဲ၊ ဒီသတင္းမ်ိဳးက တာဝန္ရွိခဲ့သူေတြကို တရားေၾကာင္းအရ ေနာက္ဆံုးမွာ အေရးယူႏိုင္ဖို႔မွာ အေရးပါတယ္ရွင့္။ ဒါေပမဲ့ ဒီလိုအခ်က္ေတြက အတြင္းမွာမို႔ ရဖို႔ခက္တာသိပါတယ္။ ဒါေပမဲ့ သူတို႔က ေပၚေပၚထင္ထင္ အၾကမ္းဖက္ေနတာဆိုေတာ့၊ သိထားႏိုင္တဲ့ ေအာက္ေျခလံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ့ ေဆြမ်ိဳး မိတ္ေဆြေတြကေနလည္း ရႏိုင္တယ္၊ ေနာက္ အခု CDM လုပ္ေနတဲ့ အစိုးရဝန္ထမ္းေတြဆီကေရာေပါ့။”

ဒီထိေရာက္မယ့္ ေကာက္ယူပံုအတြက္ မခင္ဥမၼာကလည္း ပံုမွန္ ကိုယ္ခံစားရတာသက္သက္မဟုတ္ဘဲ၊ က်ဴးလြန္သူ ဘယ္သူဆိုတာ အေသးစိတ္ပါရေအာင္ႀကိဳးပမ္းၿပီး ေနာက္အေရးပါတဲ့ က်ည္ဆံခြံအေထာက္အထားကိုလည္း ဆက္ရွင္းျပပါတယ္။

ဒါ့အျပင္ ေရွ႕ေန Reiger ကလည္း၊ ေနာက္အေရးပါတဲ့ ေကာက္ယူပံုမ်ိဳးကို ဆက္ရွင္းျပပါတယ္။

“အေသးစိတ္ယူဖို႔ အထူးအေရးႀကီးတာကလည္း၊ ဘယ္လို လက္နက္ေတြ သံုးခဲ့တယ္၊ စစ္တပ္အရာရွိေတြေရာ ပါေနခဲ့လား၊ ဘယ္တပ္နံပါတ္ကလဲ၊ ရဲဝတ္စံုဝတ္ထားေပမဲ့ ရဲအစစ္မဟုတ္ဘဲနဲ႔၊ စစ္သားေတြျဖစ္ေနလား၊ စတဲ့ အဲ့ဒီလို အခ်က္အလက္ အေသးစိတ္မ်ိဳးကို အေထာက္အထားအျဖစ္ စုႏိုင္ရင္ အရမ္းကိုထိေရာက္မွာပါ။”

ဒီေနရာမွာ လံုၿခံဳေရးတပ္ေတြအတြက္လည္း ပါေမာကၡ Giannini က ခုလိုအၾကံျပဳပါတယ္။

“လံုၿခံဳေရးတပ္ဖြဲ႔ေတြအေနနဲ႔ အရပ္သားေတြကို ပစ္ဖို႔ အမိန္႔ေပးခံရရင္၊ ဒါက တရားဥပေဒနဲ႔မညီတဲ့ အမိန္႔ပါ၊ မလုိက္နာလို႔ရပါတယ္၊ ႏိုင္ငံတကာဥပေဒမွာ ပါပါတယ္။ ဒါေပမဲ့ မလိုက္နာခဲ့ရင္၊ ကိုယ္႔လံုၿခံဳေရးအတြက္ေတာ့ ထိခိုက္သြားႏုိင္တာေပါ့။ ဒါေပမဲ့ IIMM အဖြဲ႔ကေတာ့၊ အခုလို တရားဥေဒနဲ႔မညီတဲ့ အမိန္႔မ်ိဳး လက္ခံရရင္၊ သူတို႔ဆီ ပို႔ေပးႏိုင္ေၾကာင္းလည္း ေျပာထားပါတယ္။”

ဒါ့အျပင္ မခင္ဥမၼာကလည္း၊ ေနာက္တရားစြဲႏိုင္ေရးအတြက္ လံုၿခံဳေရးေကာင္စီကေန တရုတ္နဲ႔ရုရွားေၾကာင့္ ICC ႏိုင္ငံတကာ ရာဇဝတ္တရားရံုးကို လႊဲမေပးရင္ေတာင္၊ အခု CRPH အစိုးရက ႀကိဳးပမ္းႏိုင္ပံုကို ဆက္ရွင္းျပတယ္။

“ဒါက Acting government ေပါ့ေနာ္ ဒုသမၼတ မန္း၀င္းခိုင္သန္း ေနာက္တဆင့္အေနနဲ႔ ICC ခံုရံုးမွာ ၾကည့္ေပးႏိုင္ဖို႔အတြက္ ေရာမစာခ်ဳပ္ကုိ လက္မွတ္ထိုးခ်င္ပါတယ္၊ လက္မွတ္ထိုးပါမယ္ ဆိုတဲ့အထိ လုပ္ႏိုင္မယ္ဆိုရင္ေတာ့ လမ္းေတာ္ေတာ္တြင္သြားမယ္။”

တကယ္ေတာ့ ျမန္မာႏိုင္ငံထဲ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြနဲ႔ မဆိုင္သူေတြပါ ေသနပ္နဲ႔ပစ္ခံရ၊ ေသေက်လာရၾကခ်ိန္မွာ၊ ကုလသမဂၢရဲ့ ဒီလုပ္ငန္းစဥ္ဝိုင္းကူေပးဖို႔၊ အေမရိကန္သံရံုးအပါအဝင္ အျခားႏိုင္ငံတကာအစိုးရေတြ၊ အဖြဲ႔အစည္းေတြကပါ ဝိုင္းဝန္းေထာက္ခံေပးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ

(Unicode)

မြန်မာစစ်အာဏာသိမ်းအပြီး ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်နှိမ်နင်းမူတွေကို၊ တိုင်ကြားကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာစုံစမ်းစစ်ဆေးမူယန္တယား (IIMM) က အများပြည်သူကို ကမ်းလှမ်းတောင်းဆိုတာဟာ အထူးအရေးပါပြီး နောက်ပိုင်းတရားစွဲနိုင်ချိန်အတွက် ထိရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံထဲကို ဒီကုလအဖွဲ့မသွားနိုင်ချိန်မှာ၊ ထိရောက်တဲ့အထောက်အထားမျိုးကို လုံလုံခြုံခြုံနဲ့ ပို့ပေးနိုင်ဖို့က အရေးကြီးပြီး၊ နောင်တချိန်ခုံရုံးတင်ဖို့ လက်ရှိ CRPH လွှတ်တော်ကိုယ်စားပြုကော်မတီခန့်ပေးတဲ့ အစိုးရကလည်း၊ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

မြန်မာနိုင်ငံမှာအရင်ကျုးလွန်ခဲ့တဲ့ အကြီးမားဆုံးလူ့အခွင့်အရေးချိုးဖောက်မူတွေစုဆောင်းဖို့၊ ကုလသမဂ္ဂကနေ ၂၀၁၈ ခုနှစ်မှာဖွဲ့ပေးခဲ့တဲ့ဒီ IIMM အဖွဲ့အနေနဲ့၊ အခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီး ပစ်ခတ်နှိမ်နင်းမူတွေအပေါ်လည်း၊ စောင့်ကြည့်မှတ်တမ်းယူနေတာက အရေးပါတယ်လို့၊ ရှေ.ပြေးအသံအဖွဲ့ ((Progressive Voice) အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ မခင်ဥမ္မာက ဆိုပါတယ်။

“လက်ရှိ တတိုင်းပြည်လုံး ကြုံနေရတဲ့ အကြမ်းဖက်ခံနေရတဲ့ အချိန်မှယ အခူလိုမျိုး ကုလသမဂ္ဂကနေဖွဲ့ပေးလိုက်တဲ့ ဒီ စုံစမ်းစစ်ဆေးရေး ယန္တရားရှိတာက အရမ်းကောင်းတယ် ။ အခု ဒီ အာဏာလု စစ်အုပ်စုကနေပြီးတော့မှ သူတို့ အကြမ်းဖက် ညှဉ်းပမ်းနှိတ်စက် မှုတွေ လုပ်နေတာက Crime Against Humanity လို့ ခေါ်တဲ့ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်သွားပြီ။ ပြည်တွင်း ဥပဒေနဲ့ ကိုင်လို့ ရတဲ့ ကိစ္စတွေလည်း မဟုတ်တော့ဘူး ဒါက နိုင်ငံတကာ ရာဇဝတ်မှု ချိုးဖောက်တာဖြစ်တယ်။”

ဒီ IIMM အကြောင်းအနီးကပ်လေ့လာထားတဲ့ မခင်ဥမ္မာအပြင်၊ Harvard တက္ကသိုလ် ဥပဒေကျောင်းက၊ မြန်မာ့အရေး ဆယ်စုနှစ်တွေနဲ့ချီ လေ့လာလုပ်ဆောင်လာခဲ့တဲ့ ပါမောက္ခ Tyler Giannini ကလည်း၊ ဒီ လွတ်လပ်တဲ့ကုလစုံစမ်းရေးအဖွဲ့အနေနဲ့ ချက်ချင်းအရေးယူနိုင်တာမျိုးမဟုတ်ပေမဲ့၊ နောက်ပိုင်းခုံရုံးတင်နိုင်ချိန်အတွက် အရေးပါတာတွေ စုဆောင်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအဖွဲ့ ရှိထားမူက အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကြာလာလေ၊ ဒီ အထောက်အထားတွေက ပျောက်ဆုံးသွားနိုင်လေမို့ပါ။ နောက်တဆင့်အတွက် ဘယ်ခုံရုံးမှာ တင်မယ်၊ ဘယ်လိုတရားစွဲနိုင်မယ်ဆိုတာကလည်း၊ ဒီအထောက်အထားတွေရဲ့ ခိုင်လုံအားကောင်းမူအပေါ်မှာ မူတည်နေတာမို့ အရေးပါပါတယ်။”

ပါမောက္ခ Giannini ရော မခင်ဥမ္မာကပါ၊ လုံလုံခြုံခြုံဆက်သွယ်နိုင်ဖို့အတွက် ဒီ IIMM အဖွဲ့ရဲ့ Website အင်တာနက် စာမျက်နှာ https://iimm.un.org မှာပြောထားတာကနေ ဆက်သွယ်နိုင်တယ်၊ ဒါမှမဟုတ် NGO အဖွဲ့တွေ အထူးသဖြင့် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တွေကို အကူအညီ တောင်းနိုင်တယ်၊ ပြီးရင်တော့ ဒီအထောက်အထားတွေဖျက်ပစ်လိုက်ဖို့ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဒီ IIMM အဖွဲ့ အင်တာနက်စာမျက်နှာမှာ လုံခြုံအောင် Signal အင်တာနက်ဖုန်းကို Download လုပ်ပြီး၊ နံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ၀၈ ကို (သို့မဟုတ်) Proton Mail - mountain741@protonmail.com ကို Email ပို့ဖို့ မှာထားပါတယ်။

နောက် မြန်မာနိုင်ငံမှာ တရားမျှတမူရရေး၊ မကြာခင်ကအထိ၊ ၆ နှစ်ကျော်အနီးကပ်လုပ်ဆောင်ခဲ့ပြီး၊ အာရှဒေသတွင်း ဥပဒေရေးရာကျွမ်းကျင်သူ သြစတျေးလျအခြေစိုက် ရှေ.နေ Caitlin Reiger ကလည်း ထိရောက်တဲ့အချက်အလက်မျိုးဖြစ်အောင် ကောက်ယူသင့်ပုံကို ရှင်းပြပါတယ်။

“ဘာဖြစ်ခဲ့တယ်ဆိုတာတင် ယူတာဟုတ်ပါဘူး၊ ဘာဖြစ်ခဲ့တယ်ဆိုတာသက်သက်က လူတိုင်း သိလေ့ရှိပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။ နောက်အရေးကြီးတာက၊ စစ်အုပ်စု အတွင်းက သတင်းပါ။ ဘယ်သူကအမိန့်ပေးတာ၊ ဘယ်လိုအမိန့်ပေးစနစ်အဆင့်ဆင့်ကိုဖြတ်လာတာလဲ၊ ဘာတွေပြင်ဆင်ခဲ့တာလဲ၊ ဒီသတင်းမျိုးက တာဝန်ရှိခဲ့သူတွေကို တရားကြောင်းအရ နောက်ဆုံးမှာ အရေးယူနိုင်ဖို့မှာ အရေးပါတယ်ရှင့်။ ဒါပေမဲ့ ဒီလိုအချက်တွေက အတွင်းမှာမို့ ရဖို့ခက်တာသိပါတယ်။ ဒါပေမဲ့ သူတို့က ပေါ်ပေါ်ထင်ထင် အကြမ်းဖက်နေတာဆိုတော့၊ သိထားနိုင်တဲ့ အောက်ခြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆွေမျိုး မိတ်ဆွေတွေကနေလည်း ရနိုင်တယ်၊ နောက် အခု CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းတွေဆီကရောပေါ့။”

ဒီထိရောက်မယ့် ကောက်ယူပုံအတွက် မခင်ဥမ္မာကလည်း ပုံမှန် ကိုယ်ခံစားရတာသက်သက်မဟုတ်ဘဲ၊ ကျူးလွန်သူ ဘယ်သူဆိုတာ အသေးစိတ်ပါရအောင်ကြိုးပမ်းပြီး နောက်အရေးပါတဲ့ ကျည်ဆံခွံအထောက်အထားကိုလည်း ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် ရှေ့နေ Reiger ကလည်း၊ နောက်အရေးပါတဲ့ ကောက်ယူပုံမျိုးကို ဆက်ရှင်းပြပါတယ်။

“အသေးစိတ်ယူဖို့ အထူးအရေးကြီးတာကလည်း၊ ဘယ်လို လက်နက်တွေ သုံးခဲ့တယ်၊ စစ်တပ်အရာရှိတွေရော ပါနေခဲ့လား၊ ဘယ်တပ်နံပါတ်ကလဲ၊ ရဲဝတ်စုံဝတ်ထားပေမဲ့ ရဲအစစ်မဟုတ်ဘဲနဲ့၊ စစ်သားတွေဖြစ်နေလား၊ စတဲ့ အဲ့ဒီလို အချက်အလက် အသေးစိတ်မျိုးကို အထောက်အထားအဖြစ် စုနိုင်ရင် အရမ်းကိုထိရောက်မှာပါ။”

ဒီနေရာမှာ လုံခြုံရေးတပ်တွေအတွက်လည်း ပါမောက္ခ Giannini က ခုလိုအကြံပြုပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို ပစ်ဖို့ အမိန့်ပေးခံရရင်၊ ဒါက တရားဥပဒေနဲ့မညီတဲ့ အမိန့်ပါ၊ မလိုက်နာလို့ရပါတယ်၊ နိုင်ငံတကာဥပဒေမှာ ပါပါတယ်။ ဒါပေမဲ့ မလိုက်နာခဲ့ရင်၊ ကိုယ့်လုံခြုံရေးအတွက်တော့ ထိခိုက်သွားနိုင်တာပေါ့။ ဒါပေမဲ့ IIMM အဖွဲ့ကတော့၊ အခုလို တရားဥဒေနဲ့မညီတဲ့ အမိန့်မျိုး လက်ခံရရင်၊ သူတို့ဆီ ပို့ပေးနိုင်ကြောင်းလည်း ပြောထားပါတယ်။”

ဒါ့အပြင် မခင်ဥမ္မာကလည်း၊ နောက်တရားစွဲနိုင်ရေးအတွက် လုံခြုံရေးကောင်စီကနေ တရုတ်နဲ့ရုရှားကြောင့် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲမပေးရင်တောင်၊ အခု CRPH အစိုးရက ကြိုးပမ်းနိုင်ပုံကို ဆက်ရှင်းပြတယ်။

“ဒါက Acting government ပေါ့နော် ဒုသမ္မတ မန်းဝင်းခိုင်သန်း နောက်တဆင့်အနေနဲ့ ICC ခုံရုံးမှာ ကြည့်ပေးနိုင်ဖို့အတွက် ရောမစာချုပ်ကို လက်မှတ်ထိုးချင်ပါတယ်၊ လက်မှတ်ထိုးပါမယ် ဆိုတဲ့အထိ လုပ်နိုင်မယ်ဆိုရင်တော့ လမ်းတော်တော်တွင်သွားမယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ မဆိုင်သူတွေပါ သေနပ်နဲ့ပစ်ခံရ၊ သေကျေလာရကြချိန်မှာ၊ ကုလသမဂ္ဂရဲ့ ဒီလုပ်ငန်းစဉ်ဝိုင်းကူပေးဖို့၊ အမေရိကန်သံရုံးအပါအဝင် အခြားနိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်းထောက်ခံပေးလာနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG