သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ အၾကမ္းဖက္ႏွိမ္နင္းမႈ ကေလး နဲ႔ တန္႔ဆည္ မွာ လူေပါင္း တဒါဇင္ေက်ာ္ ေသဆံုး 


စစ္ကိုင္းတုိင္း ၊ ကေလးၿမိဳ႕ သပိတ္ခံတပ္ကို စစ္တပ္က တိုက္ခိုက္။ ဧၿပီ၊ ၇ ၊ ၂ဝ၂၁ (ဓါတ္ပုံ ၊ ကိုနီမင္းဦး)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္းက ကေလးနဲ႔ တန္႔ဆည္ၿမိဳ႕ေတြမွာ ပစ္ခတ္ႏွိမ္နင္းမူေတြ ျပင္းထန္ခဲ့တာေၾကာင့္၊ ေသဆံုးဒဏ္ရာရမူမ်ားျပားခဲ့ကာ၊ အနည္းဆံုးေသဆံုးသူက ကေလးမွာ ၁၂ ဦးရွိခဲ့ၿပီး၊ တန္႔ဆည္မွာ ၅ ဦး ရွိသြားပါၿပီ။

စစ္အာဏာသိမ္းဆန္႔က်င္ဆႏၵျပမူေတြဘက္က၊ အမဲလိုက္လက္လုပ္ေသနတ္ေတြနဲ႔ ခုခံခဲ့တဲ့၊ ကေလးၿမိဳ႕က သပိတ္စခန္းကို၊ မေန႔မနက္အေစာႀကီးမွာ စစ္တပ္က လက္နက္ႀကီးနဲ႔ပါ ပစ္ခတ္ဝင္စီးခဲ့ၿပီး၊ တန္႔ဆည္ၿမိဳ.မွာေတာ့ မေန႔ညေနပိုင္းမွာ၊ ၿမိဳ.တြင္းကို စစ္တပ္အဝင္မခံဖို႔ ခုခံခဲ့သူေတြ တရစပ္ပစ္ခတ္ခံခဲ့ရပါတယ္။ သပိတ္ထဲပါဝင္ခဲ့သူေတြကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကေလးၿမိဳ႕မွာ မေန႔ကစလို႔ ၿဖိဳခြင္းခံခဲ့ရပံုကို အမည္မေဖာ္လိုတဲ့ ဆႏၵျပသူတစ္ဦးက

“မနက္ ၅ နာရီေလာက္မွာ စစ္တပ္က စၿပီးေတာ့ သပိတ္စခန္းကို ၿဖိဳခြဲတယ္ခင္ဗ် မနက္အစပိုင္းမွာ။ က်ေနာ္တို႔အားလံုးက အိပ္ေနတဲ့ အခ်ိန္ျဖစ္တယ္ဗ် အဲဒီအခ်ိန္မွာ သူက အလစ္၀င္တိုက္တယ္ခင္ဗ်။ တရစပ္၀င္ပစ္တင္ခင္ဗ်၊ သပတ္စခန္းကို ပတ္ပတ္လည္၀ိုင္းၿပီးေတာ့ လက္နက္အလံုးအရင္းနဲ႔ ၀င္ၿပီးေတာ့ သပတ္စခန္းကို ၿဖိဳခြဲတာပါခင္ဗ်။ လက္ပစ္ဗံုးေတြလည္းပါတယ္ ေနာက္ၿပီး ဗံုးသီးတို႔ အဲလိုဟာေတြလည္းပါတယ္။ ပစ္တာ မနက္ ၉ နာရီ နီးပါးမွ ၿပီးသြားတယ္ခင္ဗ်။ ရပ္ကြက္ထဲက အိမ္ေတြအထိကို ပစ္တာဗ်။ ေန႔ခင္းပိုင္းနဲ႔ ညေနပိုင္းမွာလည္း ၿမိဳ႕တြင္းက ရက္ကြက္ေတြထဲမွာလည္း ပစ္တာေတြလည္း ရွိတယ္ခင္ဗ်။ အခုအထိေတာ့ က်ေန္ာတုိ႔ထပ္သိရတာ အားလံုးေပါင္း ၁၂ ေယာက္ေလာက္ က်သြားၿပီခင္ဗ် ။ သပိတ္စခန္းမွာ ေသတာက ၉ ေယာက္ေလာက္ရွိတယ္ဗ် ၊ ၂ ဦးက လမ္းသြားလမ္းလာဗ်၊ ေနာက္ ၁ ဦးက လက္နက္ႀကီးက်ည္ထိလို႔ လက္ျပတ္သြားတဲ့ လူတဦး ခုနေလးတင္ပဲ ဆံုးသြားၿပီ။”

ဒီဆႏၵျပသူကပဲ ဒဏ္ရာရရွိမႈနဲ႔ ေနာက္ဆံုးအေျခအေနကိုလည္း

“ဒဏ္ရာရသူကေတာ့ အားလံုးက်ေနာ္တို႔ မသိရေသးဘူး။ ေတာ္ေတာ္ေတာ့မ်ားတယ္ခင္ဗ် အေယာက္ ၂၀ ၀န္းက်င္ေလာက္ရွိႏိုင္တယ္ခင္ဗ်။ ေနာက္တခုက သူတို႔ ပစ္တဲ့ လက္နက္ေတြက ေသတဲ့သူေတြမွာ ၾကည့္လိုက္ရင္ ဦးေႏွာက္ ပြင့္ထြက္သြားတာေတြ ၊ ေခါင္းေတြ ပြင့္ထြက္သြားတာေတြ ျဖစ္ေနတယ္ခင္ဗ်။ တခါတည္းပြဲခ်င္းၿပီး ဆံုးသြားတာ ၆ ေယာက္ေလာက္ရွိတယ္။ ပံုမွန္ ေသနတ္နဲ႔ ပစ္ရင္ေတာင္မွ အခုလိုမ်ိဳး သက္ေရာက္မႈ ရွိခ်င္မွ ရွိမယ္ခင္ဗ်။ ပံုမွန္ေသနတ္သံ မဟုတ္နဲ႔ အစမ်ားစြာႀကီးတဲ့ လက္နက္အသံေတြခင္ဗ်။ လက္နက္ႀကီး ေတာက္ေလွ်ာက္ကို အခ်က္ ၁၀ -၁၅ ခ်က္ေလာက္ ပစ္တယ္ခင္ဗ်။ ဘာမွ မလုပ္ႏိုင္ပဲ ကစင့္ကလ်ားျဖစ္ၿပီးေတာ့ ေတာက္ေလွ်ာက္ျဖစ္ေတာ့တာပဲခင္ဗ်။ အခု အားလံုးက လြတ္ရာကၽြတ္ရာမွာ ခိုပုန္းေနရတယ္ ။ ေနာက္ထပ္ အေျခအေန တည္ၿငိမ္သြားရင္ေတာ့ က်ေနာ္တို႔ ျပန္စုၿပီးေတာ့ ဆႏၵျပတာေတြ ဆက္လုပ္သြားမွာပါ။"

ဒါ့အျပင္ အရင္ပထမဆံုး သပိတ္စခန္းၿဖိဳခြင္းခံခဲ့တာနဲ႔ အခုမတိုင္ခင္ ျဖစ္လာခဲ့တာေတြ အေပၚမွာလည္း သူကဆက္ၿပီး

“သပိတ္စခန္းကို ပထမ ၿဖိဳခြင္းတာက ၂၈ ရက္ေန႔ အဲဒီေန႔မွာ သပိတ္စခန္းမွာ က်သြားတာ ၅ ေယာက္ ရပ္ကြက္ထဲမွာ သူတို႔လိုက္ပစ္လို႔ မွန္တာက ၁ ေယာက္ အားလံုးေပါင္း ၆ ေယာက္ က်တယ္ ၂၈ ရက္ေန႔တုန္းက။ ညေနပိုင္းမွာ က်ေနာ္တို႔ ၾကားသိရတဲ့ သတင္းအရဆိုရင္ ၄ ေယာက္ဆံုးတယ္ ၊ ၁၇ ေယာက္က ဒဏ္ရာအျပင္းအထန္ရတယ္လို႔ က်ေန္ာတို႔ ၾကားတယ္။ က်ေနာ္တို႔ ဒီဘက္က အမဲလိုက္တဲ့ မုဆိုးေတြရွိတယ္ ပံုမွန္ ဟိုတုန္းက တူမီးေသနတ္နဲ႔ ျပန္ၿပီး ခုခံတာခင္ဗ် ။ အဲဒီမွာ တပ္ကူေတြလာတဲ့အခ်ိန္မွာ ကေလး နယ္ဘက္က ရြာေတြက ကားလမ္းေတြကို ပိတ္တာေတြ ဘာေတြ လုပ္ေပးတယ္ခင္ဗ်။ လုပ္ေတာ့ သူက ရြာေတြကို ၀င္စီးတာခင္ဗ် ။ က်ေနာ္တို႔ သာမန္ျပည္သူေတြကို ဒီေလာက္ႀကီး ရက္ရက္စက္စက္ လုပ္လိမ့္မယ္လုိ႔ က်ေနာ္တို႔ဘက္က လံုး၀ကို မေမွ်ာ္လင့္ထားဘူး ။ ၿပီးခဲ့တဲ့ ရက္ပိုင္းက က်ေနာ္တို႔ဘက္က အရပ္၀တ္နဲ႔ ၀င္လာတဲ့ ရဲေတြကို က်ေနာ္တို႔ ဖမ္းမိတုန္းက သူတို႔ကို ဘာမွ ႏွိတ္စက္တာေတြမရွိဘူး။ အခုသူတို႔ကို ျပန္လႊတ္ေပးၿပီးၿပီ ဒါေတာင္မွ က်ေနာ္တို႔ကို ဒီလိုလုပ္တယ္ဆိုတာေတြက က်ေနာ္တို႔ကို လူကိုလူလို႕ေတာင္မွ မျမင္ေတာ့ဘူး။”

တခ်ိန္တည္းမွာပဲ ကေလးကေန ၆ နာရီေက်ာ္ေလာက္ ကားေမာင္းသြားရတဲ့ တန္႔ဆည္ၿမိဳ႕မွာ ပထမဦးဆံုးအေနနဲ႔ ဆႏၵျပသူေတြ ျပင္းျပင္းထန္ထန္ ပစ္ခတ္ခံခဲ့ရပံုကိုလည္း သပိတ္ေခါင္းေဆာင္ ကိုေတာက္ထြန္းလင္းက

“ ၿမိဳ႕ထဲမွာ စစ္အင္အား ၈၀ ေလာက္ကေနထြက္သြားၿပီးေတာ့ ေရဦးက လာမယ့္ စစ္ေၾကာင္းနားကို သြားေပါင္းတယ္။ အဲဒီအခါမွာ က်ေနာ္တို႔ သစ္ပင္ေတြ ခ်ၿပီးေတာ့ လွဲၿပီးေတာ့ ပိတ္ထားတဲ့ေနရာမွာ ဒီစစ္ေၾကာင္း ၂ ေၾကာင္းက ပိတ္မိေနတယ္။ အဲဒီေတာ့ သူတို႔ဟာသူတို႔ ရွင္းတယ္ အတားအဆီးေတြ ဖယ္တယ္။ အဲဒီအခ်ိန္မွာ က်ေနာ္တို႔က က်ေနာ္တို႔ ၿမိဳ႕ကို ကာကြယ္ဖို႔ လုပ္တယ္။ သူတို႔ စစ္ေၾကာင္းက်ေနာ္တို႔ၿမိဳ႕ထဲ ၀င္လာရင္ သူတို႔က ပတ္ရမ္းမွာ သိတဲ့အတြက္ က်ေနာ္တို႔က ကုုိယ့္ဟာကိုယ္ ကာကြယ္ဖို႔ သဲအိတ္ေတြခ်တယ္ ၊ အကုန္လံုး defense ဘက္ကို ျပင္တယ္ေပါ့။ ၃ နာရီ မတ္တင္းေလာက္ သူတို႔ က်ေနာ္တို႔ ၿမိဳ႕ကို ၀င္လာတယ္။ အင္အားက ၁၃၀-၁၅၀ ၾကားမွာ ရွိမယ္ ။ က်ေနာ္တို႔ ပိတ္ထားတဲ့ ေနရာမေရာက္ခင္ ကားနဲ႔လာတယ္ ဒါေပမယ့္ မေရာက္ခင္ ၁ မိုင္ေလာက္အလိုမွာ သူတို႔က ေျခခ်င္ေလွ်ာက္ၿပီး စစ္ေၾကာင္းကို က်ေနာ္တို႔ဘက္ကလူေတြ မျမင္ႏိုင္ေအာင္လို႔ အင္ဂ်င္၀ိုင္နဲ႔ မီးရိႈ႕လိုက္တယ္ မီးခိုးေတြ လံုးသြားတာျဖစ္ေအာင္ ။ အဲဒီအခါမွာ က်ေနာ္တို႔ ပိတ္ထားတဲ့ေနရာ မေရာက္ခင္ ၄ ဖာလံုေလာက္အလိုမွာ စပစ္တယ္။ က်ေနာ္တို႔ဘက္က တူမီးသမားေတြက ျပန္ပစ္တယ္။ သို႔ေသာ္ စက္ ေသနတ္ကို အတြဲလိုက္ ျဖဳတ္တာေလ။ ခုခံတဲ့ တူမီးသမားေတြကို ပစ္လို႔မရေတာ့ ေဘးအိမ္ေတြကို ပစ္တယ္။ ေဘးအိမ္ေတြကို ပစ္ေျခာက္ေတာ့ ျပည္သူေတြက ေၾကာက္အားလန္႔အားနဲ႔ ထြက္ေျပးတယ္ ၊ အခုေလာေလာဆည္ ၅ ေယာက္ဆံုးသြားၿပီ။ သူတို႔ကို ျပန္ခုခံလို႔ ထိခုိက္တဲ့လူေတြက နည္းနည္းေလး ေဘးကေနၿပီးေတာ့ ေျပးတဲ့ ျပည္သူေတြက ထိခို္က္တာ အမ်ားႀကီးပဲ။”

ကိုေတာက္ထြန္းလင္းကပဲ ဒဏ္ရာရရွိမႈနဲ႔ ေနာက္ဆံုးအေျခအေနကိုလည္း

“အခု ေနာက္ဆံုး Update ကတာ့ က်ေနာ္တို႔ မသိေသးဘူး။ အခု က်ေနာ္တို႔သိတာကေတာ့ ၁၅ ဦး ။ သူတို႔က စက္ေသနတ္လည္းပါတယ္၊ စနိုက္ပါလည္းပါတယ္ က်န္တာကေတာ့ က်ေနာ္တို႔ ေကာင္းေကာင္းမျမင္ရဘူး ဘာျဖစ္လို႔လဲဆိုေတာ့ စက္ေသနတ္ ၂ လက္က က်ေနာ္တို႔ ျမင္ရတာက အေရွ႕ဘက္နဲ႕ အေနာက္ဘက္က စက္ေသနတ္က ရံထားတာဗ် အဲဒါေတြနဲ႔ အတြဲလိုက္ပစ္တာ။ ေျခဦးတည့္ရာ ေျပးၾကရင္းနဲ႔ပဲ က်ေနာ္တို႔ေတြ ကိုယ့္ကိုယ္လံုၿခံဳေအာင္လုပ္ရေတာ့တယ္ဗ် ။ သူတို႔ဘက္ကေတာ့ အခုေလာေလာဆည္ ၿမိဳ႕ထဲကို စစ္ကင္းေတြ လွည့္ေနၿပီေပါ့ေနာ္။ ၿပီးေတာ့ မဲမဲျမင္ရင္ ပစ္တယ္၊ စစ္ပြဲမွာ ပစ္သလို ပစ္တာဗ်။ လူလို႔မဟုတ္ဘူး မဲမဲျမင္ရင္ ပစ္ေနတာ။ ၉ နာရီ ထိုးၿပီးတဲ့အထိကို ပစ္တုန္းပဲခင္ဗ် ဒဏ္ရာရတဲ့လူနာေတြကိုေတာ့ က်ေနာ္တို႔ စိတ္ခ်ရတဲ့ ေနရာတခုမွာ Medical Team အျပည့္အ၀နဲ႔ ေစာင့္ေရွာက္မႈ ေပးေနတယ္။ တဦးကိုေတာ့ က်ေနာ္တို႔ မနိုင္လို႔ refer လုပ္ထားရတယ္။ သူတို႔ကို က်ေနာ္တုိ႔ အရံႈးမေပးပဲနဲ႔ ၿမိဳ႕ထဲကေန မထြက္မခ်င္း က်ေန္ာတို႔ တိုက္ထုတ္မယ္လို႔ သႏၷိ႒ာန္ ခ်ထားပါတယ္။”

တကယ္ေတာ့ အခုလို ခုခံမႈေတြက စစ္ကိုင္းတိုင္းက တျခားၿမိဳ႕နယ္ေတြျဖစ္တဲ့ တမူး၊ ယင္းမာပင္၊ ပင္လယ္ဗူး ၿမိဳ႕ေတြအျပင္ ကပ္လ်က္ မေကြးတိုင္းဘက္က ကံေကာ္ဘက္မွာပါ ျဖစ္ပြားလာေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

စစ်ကောင်စီ အကြမ်းဖက်နှိမ်နင်းမှု ကလေး နဲ့ တန့်ဆည် မှာ လူပေါင်း တဒါဇင်ကျော် သေဆုံး

(Unicode)

စစ်ကိုင်းတိုင်းက ကလေးနဲ့ တန့်ဆည်မြို့တွေမှာ ပစ်ခတ်နှိမ်နင်းမူတွေ ပြင်းထန်ခဲ့တာကြောင့်၊ သေဆုံးဒဏ်ရာရမူများပြားခဲ့ကာ၊ အနည်းဆုံးသေဆုံးသူက ကလေးမှာ ၁၂ ဦးရှိခဲ့ပြီး၊ တန့်ဆည်မှာ ၅ ဦး ရှိသွားပါပြီ။

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမူတွေဘက်က၊ အမဲလိုက်လက်လုပ်သေနတ်တွေနဲ့ ခုခံခဲ့တဲ့၊ ကလေးမြို့က သပိတ်စခန်းကို၊ မနေ့မနက်အစောကြီးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပါ ပစ်ခတ်ဝင်စီးခဲ့ပြီး၊ တန့်ဆည်မြို.မှာတော့ မနေ့ညနေပိုင်းမှာ၊ မြို.တွင်းကို စစ်တပ်အဝင်မခံဖို့ ခုခံခဲ့သူတွေ တရစပ်ပစ်ခတ်ခံခဲ့ရပါတယ်။ သပိတ်ထဲပါဝင်ခဲ့သူတွေကို ကိုဝင်းမင်းက မေးထားပါတယ်။

ကလေးမြို့မှာ မနေ့ကစလို့ ဖြိုခွင်းခံခဲ့ရပုံကို အမည်မဖော်လိုတဲ့ ဆန္ဒပြသူတစ်ဦးက

“မနက် ၅ နာရီလောက်မှာ စစ်တပ်က စပြီးတော့ သပိတ်စခန်းကို ဖြိုခွဲတယ်ခင်ဗျ မနက်အစပိုင်းမှာ။ ကျနော်တို့အားလုံးက အိပ်နေတဲ့ အချိန်ဖြစ်တယ်ဗျ အဲဒီအချိန်မှာ သူက အလစ်ဝင်တိုက်တယ်ခင်ဗျ။ တရစပ်ဝင်ပစ်တင်ခင်ဗျ၊ သပတ်စခန်းကို ပတ်ပတ်လည်ဝိုင်းပြီးတော့ လက်နက်အလုံးအရင်းနဲ့ ဝင်ပြီးတော့ သပတ်စခန်းကို ဖြိုခွဲတာပါခင်ဗျ။ လက်ပစ်ဗုံးတွေလည်းပါတယ် နောက်ပြီး ဗုံးသီးတို့ အဲလိုဟာတွေလည်းပါတယ်။ ပစ်တာ မနက် ၉ နာရီ နီးပါးမှ ပြီးသွားတယ်ခင်ဗျ။ ရပ်ကွက်ထဲက အိမ်တွေအထိကို ပစ်တာဗျ။ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းမှာလည်း မြို့တွင်းက ရက်ကွက်တွေထဲမှာလည်း ပစ်တာတွေလည်း ရှိတယ်ခင်ဗျ။ အခုအထိတော့ ကျနေ်ာတို့ထပ်သိရတာ အားလုံးပေါင်း ၁၂ ယောက်လောက် ကျသွားပြီခင်ဗျ ။ သပိတ်စခန်းမှာ သေတာက ၉ ယောက်လောက်ရှိတယ်ဗျ ၊ ၂ ဦးက လမ်းသွားလမ်းလာဗျ၊ နောက် ၁ ဦးက လက်နက်ကြီးကျည်ထိလို့ လက်ပြတ်သွားတဲ့ လူတဦး ခုနလေးတင်ပဲ ဆုံးသွားပြီ။”

ဒီဆန္ဒပြသူကပဲ ဒဏ်ရာရရှိမှုနဲ့ နောက်ဆုံးအခြေအနေကိုလည်း

“ဒဏ်ရာရသူကတော့ အားလုံးကျနော်တို့ မသိရသေးဘူး။ တော်တော်တော့များတယ်ခင်ဗျ အယောက် ၂၀ ဝန်းကျင်လောက်ရှိနိုင်တယ်ခင်ဗျ။ နောက်တခုက သူတို့ ပစ်တဲ့ လက်နက်တွေက သေတဲ့သူတွေမှာ ကြည့်လိုက်ရင် ဦးနှောက် ပွင့်ထွက်သွားတာတွေ ၊ ခေါင်းတွေ ပွင့်ထွက်သွားတာတွေ ဖြစ်နေတယ်ခင်ဗျ။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ ၆ ယောက်လောက်ရှိတယ်။ ပုံမှန် သေနတ်နဲ့ ပစ်ရင်တောင်မှ အခုလိုမျိုး သက်ရောက်မှု ရှိချင်မှ ရှိမယ်ခင်ဗျ။ ပုံမှန်သေနတ်သံ မဟုတ်နဲ့ အစများစွာကြီးတဲ့ လက်နက်အသံတွေခင်ဗျ။ လက်နက်ကြီး တောက်လျှောက်ကို အချက် ၁၀ -၁၅ ချက်လောက် ပစ်တယ်ခင်ဗျ။ ဘာမှ မလုပ်နိုင်ပဲ ကစင့်ကလျားဖြစ်ပြီးတော့ တောက်လျှောက်ဖြစ်တော့တာပဲခင်ဗျ။ အခု အားလုံးက လွတ်ရာကျွတ်ရာမှာ ခိုပုန်းနေရတယ် ။ နောက်ထပ် အခြေအနေ တည်ငြိမ်သွားရင်တော့ ကျနော်တို့ ပြန်စုပြီးတော့ ဆန္ဒပြတာတွေ ဆက်လုပ်သွားမှာပါ။"

ဒါ့အပြင် အရင်ပထမဆုံး သပိတ်စခန်းဖြိုခွင်းခံခဲ့တာနဲ့ အခုမတိုင်ခင် ဖြစ်လာခဲ့တာတွေ အပေါ်မှာလည်း သူကဆက်ပြီး

“သပိတ်စခန်းကို ပထမ ဖြိုခွင်းတာက ၂၈ ရက်နေ့ အဲဒီနေ့မှာ သပိတ်စခန်းမှာ ကျသွားတာ ၅ ယောက် ရပ်ကွက်ထဲမှာ သူတို့လိုက်ပစ်လို့ မှန်တာက ၁ ယောက် အားလုံးပေါင်း ၆ ယောက် ကျတယ် ၂၈ ရက်နေ့တုန်းက။ ညနေပိုင်းမှာ ကျနော်တို့ ကြားသိရတဲ့ သတင်းအရဆိုရင် ၄ ယောက်ဆုံးတယ် ၊ ၁၇ ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်လို့ ကျနေ်ာတို့ ကြားတယ်။ ကျနော်တို့ ဒီဘက်က အမဲလိုက်တဲ့ မုဆိုးတွေရှိတယ် ပုံမှန် ဟိုတုန်းက တူမီးသေနတ်နဲ့ ပြန်ပြီး ခုခံတာခင်ဗျ ။ အဲဒီမှာ တပ်ကူတွေလာတဲ့အချိန်မှာ ကလေး နယ်ဘက်က ရွာတွေက ကားလမ်းတွေကို ပိတ်တာတွေ ဘာတွေ လုပ်ပေးတယ်ခင်ဗျ။ လုပ်တော့ သူက ရွာတွေကို ဝင်စီးတာခင်ဗျ ။ ကျနော်တို့ သာမန်ပြည်သူတွေကို ဒီလောက်ကြီး ရက်ရက်စက်စက် လုပ်လိမ့်မယ်လို့ ကျနော်တို့ဘက်က လုံးဝကို မမျှော်လင့်ထားဘူး ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်တို့ဘက်က အရပ်ဝတ်နဲ့ ဝင်လာတဲ့ ရဲတွေကို ကျနော်တို့ ဖမ်းမိတုန်းက သူတို့ကို ဘာမှ နှိတ်စက်တာတွေမရှိဘူး။ အခုသူတို့ကို ပြန်လွှတ်ပေးပြီးပြီ ဒါတောင်မှ ကျနော်တို့ကို ဒီလိုလုပ်တယ်ဆိုတာတွေက ကျနော်တို့ကို လူကိုလူလို့တောင်မှ မမြင်တော့ဘူး။”

တချိန်တည်းမှာပဲ ကလေးကနေ ၆ နာရီကျော်လောက် ကားမောင်းသွားရတဲ့ တန့်ဆည်မြို့မှာ ပထမဦးဆုံးအနေနဲ့ ဆန္ဒပြသူတွေ ပြင်းပြင်းထန်ထန် ပစ်ခတ်ခံခဲ့ရပုံကိုလည်း သပိတ်ခေါင်းဆောင် ကိုတောက်ထွန်းလင်းက

“ မြို့ထဲမှာ စစ်အင်အား ၈၀ လောက်ကနေထွက်သွားပြီးတော့ ရေဦးက လာမယ့် စစ်ကြောင်းနားကို သွားပေါင်းတယ်။ အဲဒီအခါမှာ ကျနော်တို့ သစ်ပင်တွေ ချပြီးတော့ လှဲပြီးတော့ ပိတ်ထားတဲ့နေရာမှာ ဒီစစ်ကြောင်း ၂ ကြောင်းက ပိတ်မိနေတယ်။ အဲဒီတော့ သူတို့ဟာသူတို့ ရှင်းတယ် အတားအဆီးတွေ ဖယ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့က ကျနော်တို့ မြို့ကို ကာကွယ်ဖို့ လုပ်တယ်။ သူတို့ စစ်ကြောင်းကျနော်တို့မြို့ထဲ ဝင်လာရင် သူတို့က ပတ်ရမ်းမှာ သိတဲ့အတွက် ကျနော်တို့က ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ သဲအိတ်တွေချတယ် ၊ အကုန်လုံး defense ဘက်ကို ပြင်တယ်ပေါ့။ ၃ နာရီ မတ်တင်းလောက် သူတို့ ကျနော်တို့ မြို့ကို ဝင်လာတယ်။ အင်အားက ၁၃၀-၁၅၀ ကြားမှာ ရှိမယ် ။ ကျနော်တို့ ပိတ်ထားတဲ့ နေရာမရောက်ခင် ကားနဲ့လာတယ် ဒါပေမယ့် မရောက်ခင် ၁ မိုင်လောက်အလိုမှာ သူတို့က ခြေချင်လျှောက်ပြီး စစ်ကြောင်းကို ကျနော်တို့ဘက်ကလူတွေ မမြင်နိုင်အောင်လို့ အင်ဂျင်ဝိုင်နဲ့ မီးရှို့လိုက်တယ် မီးခိုးတွေ လုံးသွားတာဖြစ်အောင် ။ အဲဒီအခါမှာ ကျနော်တို့ ပိတ်ထားတဲ့နေရာ မရောက်ခင် ၄ ဖာလုံလောက်အလိုမှာ စပစ်တယ်။ ကျနော်တို့ဘက်က တူမီးသမားတွေက ပြန်ပစ်တယ်။ သို့သော် စက် သေနတ်ကို အတွဲလိုက် ဖြုတ်တာလေ။ ခုခံတဲ့ တူမီးသမားတွေကို ပစ်လို့မရတော့ ဘေးအိမ်တွေကို ပစ်တယ်။ ဘေးအိမ်တွေကို ပစ်ခြောက်တော့ ပြည်သူတွေက ကြောက်အားလန့်အားနဲ့ ထွက်ပြေးတယ် ၊ အခုလောလောဆည် ၅ ယောက်ဆုံးသွားပြီ။ သူတို့ကို ပြန်ခုခံလို့ ထိခိုက်တဲ့လူတွေက နည်းနည်းလေး ဘေးကနေပြီးတော့ ပြေးတဲ့ ပြည်သူတွေက ထိခိုက်တာ အများကြီးပဲ။”

ကိုတောက်ထွန်းလင်းကပဲ ဒဏ်ရာရရှိမှုနဲ့ နောက်ဆုံးအခြေအနေကိုလည်း

“အခု နောက်ဆုံး Update ကတာ့ ကျနော်တို့ မသိသေးဘူး။ အခု ကျနော်တို့သိတာကတော့ ၁၅ ဦး ။ သူတို့က စက်သေနတ်လည်းပါတယ်၊ စနိုက်ပါလည်းပါတယ် ကျန်တာကတော့ ကျနော်တို့ ကောင်းကောင်းမမြင်ရဘူး ဘာဖြစ်လို့လဲဆိုတော့ စက်သေနတ် ၂ လက်က ကျနော်တို့ မြင်ရတာက အရှေ့ဘက်နဲ့ အနောက်ဘက်က စက်သေနတ်က ရံထားတာဗျ အဲဒါတွေနဲ့ အတွဲလိုက်ပစ်တာ။ ခြေဦးတည့်ရာ ပြေးကြရင်းနဲ့ပဲ ကျနော်တို့တွေ ကိုယ့်ကိုယ်လုံခြုံအောင်လုပ်ရတော့တယ်ဗျ ။ သူတို့ဘက်ကတော့ အခုလောလောဆည် မြို့ထဲကို စစ်ကင်းတွေ လှည့်နေပြီပေါ့နော်။ ပြီးတော့ မဲမဲမြင်ရင် ပစ်တယ်၊ စစ်ပွဲမှာ ပစ်သလို ပစ်တာဗျ။ လူလို့မဟုတ်ဘူး မဲမဲမြင်ရင် ပစ်နေတာ။ ၉ နာရီ ထိုးပြီးတဲ့အထိကို ပစ်တုန်းပဲခင်ဗျ ဒဏ်ရာရတဲ့လူနာတွေကိုတော့ ကျနော်တို့ စိတ်ချရတဲ့ နေရာတခုမှာ Medical Team အပြည့်အဝနဲ့ စောင့်ရှောက်မှု ပေးနေတယ်။ တဦးကိုတော့ ကျနော်တို့ မနိုင်လို့ refer လုပ်ထားရတယ်။ သူတို့ကို ကျနော်တို့ အရှုံးမပေးပဲနဲ့ မြို့ထဲကနေ မထွက်မချင်း ကျနေ်ာတို့ တိုက်ထုတ်မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။”

တကယ်တော့ အခုလို ခုခံမှုတွေက စစ်ကိုင်းတိုင်းက တခြားမြို့နယ်တွေဖြစ်တဲ့ တမူး၊ ယင်းမာပင်၊ ပင်လယ်ဗူး မြို့တွေအပြင် ကပ်လျက် မကွေးတိုင်းဘက်က ကံကော်ဘက်မှာပါ ဖြစ်ပွားလာနေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG