သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္တိုက္္ပြဲေတြေၾကာင့္ ေဒသခံ ၈၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ရ


စစ္ေျပးဒုကၡသည္ ရွမ္းတုိင္းရင္းသားမ်ား သီေပါၿမိဳ႔ေပၚ ထြက္ေျပးေရာက္ရွိလာခဲ့စဥ္

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြအၾကား တိုက္ပဲြေတြ ဆက္လက္ျပင္းထန္ေနၿပီး အဂၤါေန႔က နမၼတူၿမိဳ႕နယ္ မန္လီေက်းရြာမွာ တုိက္ပဲြထပ္ျဖစ္တာေၾကာင့္ ေဒသခံျပည္သူ ၈၀၀ ေလာက္ သီေပါၿမိဳ႔ကို တိမ္းေရွာင္ေနရသလို ေနအိမ္အခ်ိဳ႔လည္း မီးေလာင္ပ်က္ဆီးခဲ့ရပါတယ္။ တခ်ိန္တည္းမွာပဲ ကြတ္ခိုင္ေဒသဘက္မွာလည္း တိုက္ပဲြျဖစ္တာေတြ ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကုိ ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

RCSS/SSA ေတာင္ပိုင္းတပ္က တစ္ဘက္၊ SSPP/SSA ေျမာက္ပိုင္းတပ္နဲ႔ TNLA တအန္း (ပေလာင္) ပူးေပါင္းတပ္ေတြ တစ္ဘက္ ျဖစ္ပြားေနတဲ့တိုက္ပဲြေတြဟာ မတ္လ ၂၈ ရက္ေန႔ကတည္းက ပန္လံုရြာအနီးမွာ စတင္ခဲ့ၿပီး ဒီလ ၆ ရက္ေန႔ကေတာ့ နမၼတူၿမိဳ႔နယ္ မန္လီေက်းရြာမွာ တိုက္ပဲြ ထပ္မံျဖစ္ပြားခဲ့တာပါ။

ဒီတိုက္ပဲြဟာ RCSS တပ္ဖဲြ႔ေတြက မန္လီရြာမွာ တပ္စဲြၿပီး တိုက္ခုိက္ခဲ့တာေၾကာင့္ ေဒသခံ ရြာသားေတြ သီေပါၿမိဳ႔နယ္ကို ရြာလံုးကြ်တ္ တိမ္းေရွာင္ေနရေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“၁၀နာရီခဲြေနာက္ပိုင္း စျဖစ္တယ္။ စျဖစ္ေတာ့ RCSS ေတြက မန္လီေက်းရြာထဲကို ၀င္ၿပီးေတာ့ ရြာသူ၊ ရြာသားေတြကို ေျပာတယ္။ သီေပါကို သြားေရွာင္ၾက၊ ဒီမွာ မေနၾကနဲ႔။ ေျပာတယ္။ ေျပာၿပီးေတာ့ ၅ မိနစ္၊ ၁၀ မိနစ္ေလာက္ပဲ သူတုိ႔ဘက္ကေန စၿပီးေတာ့ လက္နက္ၾကီး ပစ္တယ္။ စျဖစ္ေတာ့ ရြာသူ၊ ရြာသားေတြက သီေပါကို ေျပးတဲ့သူက ေျပးၾက။ မိုးေတေတာင္ မေရာက္ေသးဘူး အသံေတြက ဆက္တုိက္ျဖစ္သြားၿပီ။ ဆက္တိုက္တိုက္တာ ၄ နာရီေက်ာ္ေက်ာ္ေလာက္မွ ခနနားသြားတယ္။ ရြာသူ၊ ရြာသား အကုန္လံုး ေျပးတယ္။ စုစုေပါင္း မန္လီကပဲ ထြက္ေျပးလာတာ ၈၀၀ ေလာက္ ရိွတယ္။”

တိုက္ပဲြအတြင္း မန္လီရြာက ေနအိမ္ ၅ လံုးမီးေလာင္ပ်က္စီးခဲ့သလို မန္လီရြာအနီး သီေပါၿမိဳ႔နယ္အစပ္က မုိးေတနဲ႔ ကြန္ဆန္႔လိတ္ စတဲ့ရြာေတြကလည္း ထြက္ေျပးတာေတြ ရိွေၾကာင္းနဲ႔ ဒီေန႔မွာ တုိက္ပဲြျဖစ္တာ မရိွေၾကာင္း ေျပာပါတယ္။

သီေပါၿမိဳ႔ နယ္စည္းမျခားပရဟိတအဖဲြ႔က ကိုမ်ိဳး ကေတာ့ မန္လီရြာက သီေပါၿမိဳ႔ကို ေရာက္လာသူ ၅၀၀ ေက်ာ္ေလာက္ရိွၿပီး မိုးေတရြာက မန္ေကာင္းရြာကို တိမ္းေရွာင္သူ ၇၀ ေလာက္ရိွေၾကာင္း ေျပာပါတယ္။

“အခု ဒီသီေပါၿမိဳ႔ေပၚမွာက်ေတာ့ မန္လီရြာက ေရွာင္လာတာကေတာ့ ၅၀၀ ေက်ာ္ေလာက္ရိွတယ္။ မိုးေတကေတာ့ မန္ေကာင္းမွာ ၇၀ ေလာက္ရိွတယ္လို႔ ေျပာတယ္။ မန္ေကာင္းရြာ ဘုန္းၾကီးေက်ာင္းမွာ ၇၀ ေလာက္ရိွတယ္လုိ႔ ေျပာတယ္။ မေန႔က သူတုိ႔ ေရာက္ေရာက္ခ်င္းေတာ့ စားေရးေသာက္ေရး အဆင္ေျပေအာင္ေတာ့ က်ေနာ္တို႔ ဆန္၊ ဆီ၊ ဆား၊ ဟင္းခ်က္စရာေတြေတာ့ အကုန္လုပ္ေပးထားတယ္။ ဒီေန႔လည္း အလွဴရွင္ေတြ တခ်ိဳ႔ေတြ လာလွဴၾကတယ္ေလ။ ၿမိဳ႔ေပၚမွာ ပရဟိတ အဖဲြ႔ေတြေရာေပါ့။ အကုန္လံုးကေတာ့ ၀ိုင္း၀န္းၿပီးေတာ့ ကူညီေပးေနၾကတာ။”

ၿပီးခဲ့တဲ့လ ၂၈ရက္ေန႔က နမၼတူၿမိဳ႔နယ္ ပန္လံုေက်းရြာမွာ တိုက္ပဲြစျဖစ္ခဲ့တဲ့ေနာက္မွာ ပန္လံုရြာသားေတြဟာ အနီးအနားေက်းရြာေတြနဲ႔ နမၼတူၿမိဳ႔ေပၚကို လူ ၁,၂၀၀ ေက်ာ္ေလာက္တိမ္းေရွာင္ေနရၿပီး ဒီလ ၅ ရက္ေန႔မွာေတာ့ ပန္လံုရြာက လူေနအိမ္ ၂၈ လံုးမီးေလာင္ပ်က္ဆီးခဲ့ပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာလည္း တိုင္းရင္းသားတပ္ေတြအၾကားျဖစ္ပြားတဲ့ တုိက္ပဲြေၾကာင့္ စစ္ေျပးဒုကၡသည္ အနည္းဆံုး ၆၀၀ ေက်ာ္ေလာက္ရိွေနတယ္လုိ႔လည္း ေဒသတြင္း ကူညီသူေတြက ေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းက နမၼတူ၊ သီေပါနဲ႔ ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ တိုင္းရင္းသားတပ္ေတြအၾကား တုိက္ပဲြျဖစ္ပြားေနသလို ကြတ္ခိုင္ေဒသဘက္မွာလည္း KIA ကခ်င္၊ TNLA တအန္ း(ပေလာင္) စတဲ့ တပ္ဖဲြ႔ေတြနဲ႔ တပ္မေတာ္အၾကားမွာ တိုက္ပဲြေတြ ျဖစ္ပြားေနတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

KIA က ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ တိုက္ပဲြျဖစ္တာနဲ႔ပတ္သက္ၿပီး ေအာက္ေျခက တင္ျပလာတာမရိွေၾကာင္းနဲ႔ ကခ်င္ျပည္နယ္ဘက္မွာေတာ့ စစ္ေရးတင္းမာတာေတြ ရိွေနေၾကာင္း ေျပာပါတယ္။

“ဒီေန႔ကေတာ့ တိုက္ပဲြျဖစ္တဲ့သတင္းေတြ မၾကားမိဘူးခင္ဗ်။ မေန႔ကေတာ့ ျဖစ္ပါတယ္။ မေန႔ကေတာ့ KIA ရဲ့ တပ္ရင္း ၁၇ ဘက္မွာ ထင္တယ္။ တရား၀င္ တပ္ပိုင္းဆုိင္ရာသတင္းေတြ တက္တာေတာ့မဟုတ္ဘူး။ ဒီဆုိရွယ္မီဒီယာက တက္တဲ့သတင္း က်ေနာ္ၾကားရတာျဖစ္ပါတယ္။ တပ္မဟာ ၄ နယ္ေျမျဖစ္ပါတယ္။ စစ္ေကာင္စီတပ္မေတာ္ေတြကေတာ့ KIA ေတြ ရိွတဲ့ဘက္မွာ ထုိး၀င္လာလုိ႔ ခုခံတုိက္ပဲြျဖစ္တယ္ဆုိတဲ့သတင္း ထြက္ပါတယ္။ အဲလုိ ၾကားပါတယ္။ ကခ်င္ျပည္နယ္ဘက္ကသတင္းလည္း က်ေနာ္အခုထက္ထိ မရဘူးဗ်။ တပ္မေတာ္ဘက္ကေတာ့ စစ္အင္အားေတြ ထိုးထားတယ္။ ေနာက္ သူတို႔ တပ္စခန္းထဲမွာလည္း လက္နက္ေတြ၊ က်ည္အားေတြ ျပန္ျဖည့္ထားတယ္ဆိုတဲ့သတင္းကေတာ့ ေတာ္ေတာ္မ်ားမ်ားထြက္ပါတယ္။ ဆိုေတာ့ စစ္ေရးတင္းမာေနတဲ့ အေနအထားေလာက္ေတာ့ ရိွပါတယ္။”

TNLA ဘက္ကို ဆက္သြယ္ရာမွာ ဆက္သြယ္မရခဲ့သလို တပ္မေတာ္ဘက္ကလည္း တုိက္ပဲြျဖစ္ပြားတဲ့သတင္း ထုတ္ျပန္ထားတာမရိွပါဘူး။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆန္႔က်င္ဆႏၵျပတဲ့ ျပည္သူေတြကို အၾကမ္းဖက္ ျဖိဳခဲြတာနဲ႔ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ကန္႔ကြက္ခဲ့သလို ဒီလိုအၾကမ္းဖက္ႏွိမ္နင္းခဲ့တဲ့ေနာက္ ကခ်င္ျပည္နယ္မွာ KIAနဲ႔ တပ္မေတာ္အၾကား တုိက္ပဲြေတြျပန္လည္ ျဖစ္ပြားလာတာပါ။

.....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အင်္ဂါနေ့က နမ္မတူမြို့နယ် မန်လီကျေးရွာမှာ တိုက်ပွဲထပ်ဖြစ်တာကြောင့် ဒေသခံပြည်သူ ၈၀၀ လောက် သီပေါမြို့ကို တိမ်းရှောင်နေရသလို နေအိမ်အချို့လည်း မီးလောင်ပျက်ဆီးခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ကွတ်ခိုင်ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

RCSS/SSA တောင်ပိုင်းတပ်က တစ်ဘက်၊ SSPP/SSA မြောက်ပိုင်းတပ်နဲ့ TNLA တအန်း (ပလောင်) ပူးပေါင်းတပ်တွေ တစ်ဘက် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ မတ်လ ၂၈ ရက်နေ့ကတည်းက ပန်လုံရွာအနီးမှာ စတင်ခဲ့ပြီး ဒီလ ၆ ရက်နေ့ကတော့ နမ္မတူမြို့နယ် မန်လီကျေးရွာမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲဟာ RCSS တပ်ဖွဲ့တွေက မန်လီရွာမှာ တပ်စွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ရွာသားတွေ သီပေါမြို့နယ်ကို ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“၁၀နာရီခွဲနောက်ပိုင်း စဖြစ်တယ်။ စဖြစ်တော့ RCSS တွေက မန်လီကျေးရွာထဲကို ဝင်ပြီးတော့ ရွာသူ၊ ရွာသားတွေကို ပြောတယ်။ သီပေါကို သွားရှောင်ကြ၊ ဒီမှာ မနေကြနဲ့။ ပြောတယ်။ ပြောပြီးတော့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲ သူတို့ဘက်ကနေ စပြီးတော့ လက်နက်ကြီး ပစ်တယ်။ စဖြစ်တော့ ရွာသူ၊ ရွာသားတွေက သီပေါကို ပြေးတဲ့သူက ပြေးကြ။ မိုးတေတောင် မရောက်သေးဘူး အသံတွေက ဆက်တိုက်ဖြစ်သွားပြီ။ ဆက်တိုက်တိုက်တာ ၄ နာရီကျော်ကျော်လောက်မှ ခနနားသွားတယ်။ ရွာသူ၊ ရွာသား အကုန်လုံး ပြေးတယ်။ စုစုပေါင်း မန်လီကပဲ ထွက်ပြေးလာတာ ၈၀၀ လောက် ရှိတယ်။”

တိုက်ပွဲအတွင်း မန်လီရွာက နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့သလို မန်လီရွာအနီး သီပေါမြို့နယ်အစပ်က မိုးတေနဲ့ ကွန်ဆန့်လိတ် စတဲ့ရွာတွေကလည်း ထွက်ပြေးတာတွေ ရှိကြောင်းနဲ့ ဒီနေ့မှာ တိုက်ပွဲဖြစ်တာ မရှိကြောင်း ပြောပါတယ်။

သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုး ကတော့ မန်လီရွာက သီပေါမြို့ကို ရောက်လာသူ ၅၀၀ ကျော်လောက်ရှိပြီး မိုးတေရွာက မန်ကောင်းရွာကို တိမ်းရှောင်သူ ၇၀ လောက်ရှိကြောင်း ပြောပါတယ်။

“အခု ဒီသီပေါမြို့ပေါ်မှာကျတော့ မန်လီရွာက ရှောင်လာတာကတော့ ၅၀၀ ကျော်လောက်ရှိတယ်။ မိုးတေကတော့ မန်ကောင်းမှာ ၇၀ လောက်ရှိတယ်လို့ ပြောတယ်။ မန်ကောင်းရွာ ဘုန်းကြီးကျောင်းမှာ ၇၀ လောက်ရှိတယ်လို့ ပြောတယ်။ မနေ့က သူတို့ ရောက်ရောက်ချင်းတော့ စားရေးသောက်ရေး အဆင်ပြေအောင်တော့ ကျနော်တို့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာတွေတော့ အကုန်လုပ်ပေးထားတယ်။ ဒီနေ့လည်း အလှူရှင်တွေ တချို့တွေ လာလှူကြတယ်လေ။ မြို့ပေါ်မှာ ပရဟိတ အဖွဲ့တွေရောပေါ့။ အကုန်လုံးကတော့ ဝိုင်းဝန်းပြီးတော့ ကူညီပေးနေကြတာ။”

ပြီးခဲ့တဲ့လ ၂၈ရက်နေ့က နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ တိုက်ပွဲစဖြစ်ခဲ့တဲ့နောက်မှာ ပန်လုံရွာသားတွေဟာ အနီးအနားကျေးရွာတွေနဲ့ နမ္မတူမြို့ပေါ်ကို လူ ၁,၂၀၀ ကျော်လောက်တိမ်းရှောင်နေရပြီး ဒီလ ၅ ရက်နေ့မှာတော့ ပန်လုံရွာက လူနေအိမ် ၂၈ လုံးမီးလောင်ပျက်ဆီးခဲ့ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာလည်း တိုင်းရင်းသားတပ်တွေအကြားဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် အနည်းဆုံး ၆၀၀ ကျော်လောက်ရှိနေတယ်လို့လည်း ဒေသတွင်း ကူညီသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူ၊ သီပေါနဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေသလို ကွတ်ခိုင်ဒေသဘက်မှာလည်း KIA ကချင်၊ TNLA တအန် း(ပလောင်) စတဲ့ တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

KIA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး အောက်ခြေက တင်ပြလာတာမရှိကြောင်းနဲ့ ကချင်ပြည်နယ်ဘက်မှာတော့ စစ်ရေးတင်းမာတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ဒီနေ့ကတော့ တိုက်ပွဲဖြစ်တဲ့သတင်းတွေ မကြားမိဘူးခင်ဗျ။ မနေ့ကတော့ ဖြစ်ပါတယ်။ မနေ့ကတော့ KIA ရဲ့ တပ်ရင်း ၁၇ ဘက်မှာ ထင်တယ်။ တရားဝင် တပ်ပိုင်းဆိုင်ရာသတင်းတွေ တက်တာတော့မဟုတ်ဘူး။ ဒီဆိုရှယ်မီဒီယာက တက်တဲ့သတင်း ကျနော်ကြားရတာဖြစ်ပါတယ်။ တပ်မဟာ ၄ နယ်မြေဖြစ်ပါတယ်။ စစ်ကောင်စီတပ်မတော်တွေကတော့ KIA တွေ ရှိတဲ့ဘက်မှာ ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်း ထွက်ပါတယ်။ အဲလို ကြားပါတယ်။ ကချင်ပြည်နယ်ဘက်ကသတင်းလည်း ကျနော်အခုထက်ထိ မရဘူးဗျ။ တပ်မတော်ဘက်ကတော့ စစ်အင်အားတွေ ထိုးထားတယ်။ နောက် သူတို့ တပ်စခန်းထဲမှာလည်း လက်နက်တွေ၊ ကျည်အားတွေ ပြန်ဖြည့်ထားတယ်ဆိုတဲ့သတင်းကတော့ တော်တော်များများထွက်ပါတယ်။ ဆိုတော့ စစ်ရေးတင်းမာနေတဲ့ အနေအထားလောက်တော့ ရှိပါတယ်။”

TNLA ဘက်ကို ဆက်သွယ်ရာမှာ ဆက်သွယ်မရခဲ့သလို တပ်မတော်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့သတင်း ထုတ်ပြန်ထားတာမရှိပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲတာနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်ခဲ့သလို ဒီလိုအကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် ကချင်ပြည်နယ်မှာ KIAနဲ့ တပ်မတော်အကြား တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG