သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြား တိုက်ပွဲပြင်းထန်နေ


တအန်း (ပလောင်) TNLA တပ်ဖွဲ့ဝင်များ။ (မှတ်တမ်းဓာတ်ပုံ)
တအန်း (ပလောင်) TNLA တပ်ဖွဲ့ဝင်များ။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ ၁,၀၀၀ ကျော်လောက် စစ်ဘေးကနေ လွတ်အောင် တိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့မှာတော့ နှစ်ဘက်အကြား တပ်အင်အား တိုးမြှင့်တာတွေ ရှိနေတာကြောင့် ဘေးလွတ်အောင် ပြေးသူတွေ ပိုမိုမြင့်တက်လာနေကြောင်းလည်း ဒေသတွင်း ကူညီသူတွေက ပြောပါတယ်။ ရန်ကုန်လာတဲ့သတင်းကိုဇော်ဝင်းလှိုင်က တင်ပြမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ရှမ်းပြည်တောင်ပိုင်း RCSS/SSA က တဘက်၊ ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ SSPP/SSA နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက တဘက်နဲ့ မတ်လ ၂၈ ရက်နေ့တည်းက နယ်မြေလု တိုက်ပွဲတွေ စဖြစ်နေတာမှာ ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲပါ။ လက်ရှိ တိုက်ပွဲအခြေအနေ၊ ဒေသခံတွေ စစ်ဘေးလွတ်အောင် ထွက်ပြေး တိမ်းရှောင်နေရတဲ့ အခြေအနေကို မန်မိုင်ရွာ ဘုန်းကြီးကျောင်းကို ရောက်ရှိနေတဲ့ ပန်လုံဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အေး အသစ်ရော၊ အဟောင်းရော၊ ဒီနေ့ ပြေးလာတဲ့သူရောရှိရင် ၃၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ စာရင်းအားလုံး မချုပ်ရသေးဘူးရှင့်။ အေး ဒီနေ့လည်း ဖြစ်တယ်လေ။ တစ်ရက်ခြား တစ်ရက်ခြားဖြစ်တယ်ရှင့်။ ဒီနေ့လည်း မနက်ကပဲဖြစ်တယ်ရှင်။ မနေ့ကလည်း အိမ်မီးလောင်သေးတယ်ရှင်။ ၉ အိမ်၊ ၁၀ အိမ်လောက် လောင်တယ်။ ကျမတို့လည်း သိပ် မသွားကြည့်ရဲဘူးရှင့်။”

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနကတော့ အိမ် ၂၈ လုံးလောက် မီးလောင်ကြောင်း ဒေသခံကို ကိုးကားပြီး ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း လက်နက်ကြီး ကျည်ကျတာကြောင့် အိမ် ၃ လုံး မီးလောင်ခဲ့ရပါတယ်။

နမ္မတူမြို့နယ်ဘက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းဘဉာဏ်ကတော့ တိုက်ပွဲကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း ပြောပါတယ်။

“တိုက်ပွဲကတော့ ပန်လုံရွာထဲမှာ ဖြစ်နေတယ်။ မနေ့ကတော့ဖြစ်နေတယ်။ ဒီနေ့ကတော့ မကြားသေးဘူးခင်ဗျ။ ဒီလိုဖြစ်နေတယ်ဆိုတော့ ရွာထဲမှာ လူမနေဘဲနဲ့ တစ်ရွာလုံးရှောင်ကုန်တာ။ တချို့ကလည်း သီပေါဘက်သွားတယ်။ တချို့ကလည်း ရေအိုးဆိုတာ နမ့်ဆန်သွားတဲ့ လမ်းဘက်ကိုသွားတယ်။ တချို့က နမ္မတူပိုင်းကို မန်စံပိုင်းကို လာတဲ့သူလည်း လာတယ်။ ပန်သပြေမှာလည်း ရှိတယ်။ ပန်သပြေ ဘုန်းကြီးကျောင်းမှာ ၃၀၀ ကျော်လောက်တော့ရှိတယ်။ နမ္မတူမှာ ရောက်နေတာ ၁၀၀ နီးပါးလောက်ရှိတယ်။ ”

တိုက်ခိုက်နေတဲ့ နှစ်ဘက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက အသွားအလာ ကန့်သတ်ထားတာကြောင့် အထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်ဖို့ ခက်ခဲခဲ့ကြောင်းနဲ့ တချို့နေရာတွေမှာ ရိက္ခာအခက်အခဲ ရှိခဲ့ကြောင်း ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်အရေး ကူညီသူ ဒေသခံတစ်ဦးကတော့ ဒီကနေ့မှာပဲ WFP ခေါ် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့နဲ့ အခြားအလှုရှင်အဖွဲ့တွေက ရိက္ခာထောက်ပံ့တာတွေ ရောက်ရှိလာကြောင်း ပြောပါတယ်။

“အခုလောလောဆယ်ကတော့ WFP ဝင်ထားတယ်။ နောက်ပြီးတော့ ဒေသ ပုဂ္ဂလိက အလှုရှင်တွေ ဝင်ထားတာတော့ ရှိတယ်။ ဒီကနေ့ပဲလေ။”

အမည်မဖော်လိုတဲ့ ကူညီသူ တစ်ဦးကတော့ လောလောဆယ်မှာ WFP အပြင် NRC ခေါ် နော်ေ၀ ဒုက္ခသည်များ ကူညီရေး အဖွဲ့၊ Save the Children အဖွဲ့ နဲ့ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး စတာတွေလည်း ကူညီပေးလာကြောင်း ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်း အရဆိုရင် မန်မိုင်ရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည် ၁၉၈ ယောက်၊ ပန်ဟတ်ရွာမှာ ၉၀၊ နမ့်ဆီလင်းမှာ ၇၅ ယောက်၊ မန်စံရွာမြောက်ကျောင်းမှာ ၂၀၃ ယောက်၊ တာပီရွာမှာ ၁၆၀၊ ရေအိုးမှာ ၈၅၊ ပန်သပြေ ၄၂၂ ယောက် စုစုပေါင်း ၁,၂၀၀ ကျော်ရှိကြောင်း ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ နယ်မြေလု တိုက်ပွဲဖြစ်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ဒီနေ့ ပိုပြီး အင်အားတိုးမြှင့်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ပန်လုံကျေးရွာဘက် တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပထမ တိမ်းရှောင်နေတဲ့ နေရာကနေ နောက် တစ်နေရာကို ထပ်မံပြောင်းရွှေ့တာ ရှိသလို နမ့်ဆီလင်း၊ ပန်ဟတ်စတဲ့ ရွာတွေကပါ တိမ်းရှောင်လာနေတယ်လို့ အမည်မဖော်လိုတဲ့ ကူညီသူက ပြောပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေက ရိက္ခာအကူအညီ ပေးပို့ထားတာကြောင့် လောလောဆယ်အခြေအနေမှာ စားသောက်ရေးအတွက် အခက်အခဲမရှိနိုင်ပေမဲ့ ရက်ရှည်ကြာလာရင် အခက်အခဲရှိနိုင်ကြောင်းလည်း ဒေသတွင်း ကူညီသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသားတပ်တွေအကြား စစ်ရေးတင်းမာမှုတွေဟာ နမ္မတူအပြင် ကျောက်မဲနဲ့ သီပေါမြို့နယ်တွေအတွင်းမှာလည်း ရှိနေတာဖြစ်ပြီး ကျောက်မဲမြို့နယ်မှာဆိုရင်တော့ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော်လောက် ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









စဈဘေးဒုက်ခသညျအရေး ကူညီသူ ဒသေခံတဈဦးကတော့ ဒီကနေ့မှာပဲ WFP ခေါျ ကမ်ဘာစားနပျရိက်ခာအဖှဲ့နဲ့ အခွားအလှုရှငျအဖှဲ့တှကေ ရိက်ခာထောကျပံ့တာတှေ ရောကျရှိလာကွောငျး ပွောပါတယျ။






XS
SM
MD
LG