သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ေက်းရြာသား တေသာင္းေက်ာ္ အိုးအိမ္စြန္႔ခြါေနရ KNU ထုတ္ျပန္


ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနတဲ့ ကရင္ ဒုကၡသည္မ်ား။ (မတ္ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာစစ္တပ္က အင္အားအလြန္အကၽြံသံုးၿပီး ေလေၾကာင္းကေန တိုက္ခိုက္ေနတာေၾကာင့္ ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္နဲ႔ ေညာင္ေလးပင္ခ႐ိုင္ေတြက ကေလးငယ္ေတြ အပါအဝင္ လူထု ၁၂,၀၀၀ ေက်ာ္ အိုးအိမ္စြန္႔ ထြက္ေျပးေနရတယ္လုိ႔ ကရင္အမ်ဳိးသားအစည္းအ႐ံုး (KNU) ဗဟိုဌာနခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ေတြ အပါအဝင္ လူအမ်ားအျပား ေသဆံုးရၿပီး စာသင္ေက်ာင္း၊ လူေနအိမ္နဲ႔ ေက်းရြာေတြ ပ်က္စီးၿပီးေတာ့ လူသားျခင္း စာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္း ျဖစ္ေနတယ္လုိ႔လည္း KNU က ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက ဧၿပီလ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ တလၾကာ အပစ္ရပ္ ေၾကညာထားတဲ့ၾကားမွာပဲ ကရင္ျပည္နယ္ဘက္မွာ ေလေၾကာင္းကေန ဆက္ၿပီး တိုက္ခိုက္ေနတာပါ။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ စစ္တပ္စခန္းကို တိုက္ခိုက္သိမ္းပိုက္ၿပီး စစ္အရာရွိေတြကို သတ္ခဲ့တဲ့ KNU တပ္မဟာ ၅ ကိုပဲ ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္ၿပီးေတာ့ မတ္လ ၂၇ ရက္ေန႔ တရက္တည္းပဲ ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာလို႔ AFP သတင္းဌာနကို ေျပာပါတယ္။

တႏိုင္ငံလံုး အပစ္ရပ္ သေဘာတူစာခ်ဳပ္ (NCA) ကို KNU က လက္မွတ္ေရးထိုးထားတဲ့အတြက္ NCA အတိုင္း လိုက္နာလုပ္ေဆာင္မယ္ဆုိရင္ ပဋိပကၡျဖစ္စရာအေၾကာင္း မရွိဘူးလို႔လည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။

KNU ကေတာ့ လက္နက္မဲ့ အရပ္သားေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္ေနတဲ့ စစ္တပ္ကို ဖ်က္အားျပင္း လက္နက္ႀကီး လက္နက္ငယ္ေတြ၊ လူသတ္နည္းပညာေတြ၊ ဂ်က္တိုက္ေလယာဥ္ေတြကို မေရာင္းခ်ဘဲ ႏုိင္ငံတကာက ပိတ္ဆို႔ေပးဖို႔ ေမတၱာရပ္ခံထားပါတယ္။

KNU တပ္မဟာ ၅ ေဒသ ဗံုးႀကဲတိုက္ခိုက္ခံရတဲ့အေပၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ (PPST) ရဲ႕ ယာယီအဖြဲ႔ေခါင္းေဆာင္ RCSS/SSA ရွမ္းျပည္ေတာင္ပိုင္းတပ္မေတာ္ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္က ႐ႈတ္ခ်တယ္လုိ႔ KIC ကရင္သတင္းဌာနရဲ႕ သတင္းတပုဒ္မွာ ေရးထားပါတယ္။

ဒီေန႔က်င္းပတဲ့ PPST ရဲ႕ အြန္လိုင္းအစည္းအေဝး အဖြင့္မိန္႔ခြန္းမွာ ဒုဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္က စစ္ေကာင္စီကို ကန္႔ကြက္႐ႈတ္ခ်တဲ့အေၾကာင္း ေျပာသြားတယ္လုိ႔ KIC သတင္းမွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကရင်ကျေးရွာသား တသောင်းကျော် အိုးအိမ်စွန့်ခွါနေရ KNU ထုတ်ပြန်

မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်တွေက ကလေးငယ်တွေ အပါအဝင် လူထု ၁၂,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံးရပြီး စာသင်ကျောင်း၊ လူနေအိမ်နဲ့ ကျေးရွာတွေ ပျက်စီးပြီးတော့ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်နေတယ်လို့လည်း KNU က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တလကြာ အပစ်ရပ် ကြေညာထားတဲ့ကြားမှာပဲ ကရင်ပြည်နယ်ဘက်မှာ လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နေတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်အရာရှိတွေကို သတ်ခဲ့တဲ့ KNU တပ်မဟာ ၅ ကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ မတ်လ ၂၇ ရက်နေ့ တရက်တည်းပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ AFP သတင်းဌာနကို ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) ကို KNU က လက်မှတ်ရေးထိုးထားတဲ့အတွက် NCA အတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခဖြစ်စရာအကြောင်း မရှိဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

KNU ကတော့ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်တပ်ကို ဖျက်အားပြင်း လက်နက်ကြီး လက်နက်ငယ်တွေ၊ လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေကို မရောင်းချဘဲ နိုင်ငံတကာက ပိတ်ဆို့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

KNU တပ်မဟာ ၅ ဒေသ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က ရှုတ်ချတယ်လို့ KIC ကရင်သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီနေ့ကျင်းပတဲ့ PPST ရဲ့ အွန်လိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောသွားတယ်လို့ KIC သတင်းမှာ ရေးထားပါတယ်။

XS
SM
MD
LG