သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်ဖွဲ့နေရာတွေ စစ်တပ်လေကြောင်းတိုက်ခိုက်မှု အရပ်သားများ သေဆုံးဒဏ်ရာရ


Karen National Union (KNU)
Karen National Union (KNU)

{{Zawgyi/Unicode}}

ကရင်လက်နက်ကိုင် KNU အဖွဲ့ တပ်မဟာတွေရှိတဲ့ ဒေသတွေအပေါ် စစ်တပ်က မတ်လ ၂၇ ရက်နေ့စပြီး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သေဆုံးသူ ၂၀ ယောက်နီးပါးနဲ့ ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိနေပါတယ်။ စစ်တပ်က အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားတာနဲ့ပါတ်သက်လို့ KNU ကစောင့်ကြည့်နေတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်ပြီးတင်ပြပါမယ်။

ဧပြီလ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း အာဏာသိမ်းထားတဲ့ နစက စစ်ကောင်စီက ကြေညာခဲ့ပြီး ဒီနေ့မှာတော့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ တပ်ရင်း (၇) ရှိတဲ့ ပဲခူးတိုင်း ရွေကျင်မြိ့ုနယ်ထဲက ကေအန်ယူရုံးရှိတဲ့နေရာတွေအပေါ် အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့ စုံစမ်းထောက်လှမ်းတာတွေရှိတယ်လို့ ကေအန်ယူဖက်က ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေထဲမှာတော့ မတ်လ ၃၁ ရက်နေ့အထိ တိုက်ခိုက်မူကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်မူးစောကလယ်ဒိုက အခုလိုပြောပြပါတယ်

"အဆောက်အဦးတော့ ထိခိုက်ပျက်စီးတာရှိတယ် ထီးဆွဲ့မီနားမှာ ဆေခန်းပေါ့ ဒေပူနိုဆေခန်းပေါ့ လေယာဉ်နဲ့ ဗုံးကြဲ သွားတယ် သူတို့လာပစ်တာ မဲဝိုင်ဂွင်ထဲမှာ ဝါးသိုလိုရွာရယ် ခေါ်ဖူးခီးရွာရယ် မယ်ကောလောရွာရယ်ကို သူတို့လာပစ်သွားတာ အဲဒီမှာရွာသားတွေသေတာ ၂ဦးသေဆုံးပြီး ၄ ဦးက ဒဏ်ရာရတယ် ဒဏ်ရာရတာတဦးကအတော်ပြင်းတယ် ဗိုက်ကိုထိသွားတယ်

ဖာပွန်မြို့ ပေါ်မှာလည်း ၃၁ ရက်နေ့မှာပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ကေအန်ယူတပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူးစောကလယ်ဒိုကပြောပြပါတယ် "

"နေလည်ပိုင်းမှာလည်း လက်နက်ကြီးအလုံး ၆၀ လောက်ပစ်တယ် ပြောတယ် ညမိုးချုပ်တွေမှာလည်း လက်နက်ကြီးအလုံး ၃၀လောက်ပစ်တယ် ကြားတယ်"

ဖာပွန်ခရိုင်ထဲက ကျေးရွာသားသောင်းနဲ့ ချီဟာလည်း တောတောင်တွေထဲ ထွက်ပြေးနေကြရပါတယ်။ ၃၀ ရက်နေ့တုန်းကတော့ ရွေကျင်မြို့နယ် KNU- တပ်မဟာ-၃ ထိန်းချုပ်ရာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင်အနီးမှာ လေယာဉ်ပေါ်က ဗုံးကျဲတဲ့ဒဏ်ကြောင့် ရွေတူးကုမ္ပဏီ အလုပ်သမားတွေအပါအဝင် သေဆုံးသူ ၁၁ ယောက်သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိသူကလည်း ၅ ဦး ရှိခဲ့တယ်လို့ KNU ကပြောပါတယ်။ မြေတူးကား ၃ စီးနဲ့ ဆယ်ဘီးကား ၄ စီး မီးလောင်ပျက်စီးသွားပြီး ကေအန်ယူတပ်ရင်း (၇) နဲ့နီးတဲ့ ကျေးရွာတချို့က ရွာသား ရာနဲ့ချီပြီးဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

မတ်လ ၂၇ ရက်နေ့စပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကရင်ပြည်နယ်အတွင်းက ဒေသခံ ၂၀ လောက် ထိခိုက်သေဆုံးမူတွေရှိနေတာပါ။ ကရင်လူအခွင့်ရေးအဖွဲကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကတော့ အရပ်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မူတွေဟာ လူ့အခွင့်ရေးချိုးဖောက်မူတွေဖြစ်ကြောင်းပြောဆိုသွားပါတယ်

"ဒါကတော့ အကြီးမားဆုံးလူ့အခွင့်ရေးချိုးဖောက်မူ့ဖြစ်တယ် ဒါကပြည်သူလူထုကို အဓိကထားပစ်မှတ်ထားတာက တော့တိုက်ခိုက်တာက လူသားလည်းမဆန်ဘူးလုံးဝလည်းမလုပ်သင့်ဘူး ဒါတွေဟာရက်စက်မူတွေဖြစ်တယ် ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်မူတွေလုံးဝမလုပ်သင့်ပါဘူး"

နစက စစ်ကောင်စီက အေပြီတလုံး အပစ်အခတ်ရပ်ဆဲထားမယ်လို့ သတင်းထုတ်ပြန်ထားတဲ့ အပေါ် ကေအန်ယူတပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူကတော့ အခြေအနေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

.................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG