သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖာပြန္ၿမိဳ႕ထဲအႏွံ႔ ျမန္မာစစ္တပ္ ၀င္ေရာက္ပစ္ခတ္


စစ္ေရွာင္ကရင္ ဒုကၡသည္မ်ား (Photo by Handout / Free Burma Rangers / AFP)

(Zawgyi/Unicode)

ကရင္ျပည္နယ္ ၊ ဖာပြန္ၿမိဳ႕ေပၚမွာပဲ ျမန္မာစစ္တပ္ဘက္က အိမ္ေတြထဲကုိ လိုက္လံပစ္ခတ္တာ ၊ လူေနရပ္ကြက္ေတြက တံတားေတြကိုဖ်က္ဆီးတာ၊ မီးရွို ့တာေတြ လုပ္ေနတာေၾကာင့္ ေဘးလြတ္ရာကုိ ထြက္ေျပးေနရတဲ့ သတင္းကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ကရင္ျပည္နယ္ ၊ ဖာပြန္မွာ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ(၅)တို႔ တိုက္ပဲြေတြျဖစ္ၿပီးတဲ့ေနာက္ ၂ရက္ဆက္တိုက္ ဖာပြန္ၿမိဳ႕နယ္ထဲက ေက်းရြာကုိ ျမန္မာစစ္တပ္ဘက္က ေလယာဥ္ေတြနဲ႔ ဗံုးႀကဲ တုိက္ခိုက္မူေတြ လုပ္ခဲ့တာပါ။ မတ္လ ၃၀ ရက္ေန႔မွာေတာ့ ဖာပြန္ျမိဳ႕ေပၚကလူေနရပ္ကြက္ေတြထဲကို လိုက္လံပစ္ခတ္မူ လုပ္ေနတာေၾကာင့္ အိ္မ္ထဲေတြမွာေတာင္ မေနရဲေတာ့ပဲ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ဖာပြန္ၿမိဳ႕ခံတဦးက အခုလို ေျပာျပပါတယ္။

“ဖာပြန္မွာ မေန႔ညကတည္းက သူတို႔ေတြ လိုက္ပစ္ေနၾကတယ္။ ျပည္သူလူထုရပ္ကြက္ထဲထိ လိုက္ပစ္ေနတယ္။ ဒီေန႕ ေန႔လည္လည္း တေနကုန္လိုက္ပစ္တယ္။ အခုခ်ိန္ ညဘက္ထိလည္း လိုက္ပစ္ေနတယ္။ ခလရ ၁၉ နဲ႔ နီးတဲ့ မကၠာဟဲရပ္ကြက္ထဲမွာဆို အခု မီးေတြေလာင္ကုန္လို႔ အခုျပည္သူေတြ ေနတဲ့ေနရာေတြမွာ မီးေတြေလာင္ေနလို႔ ေတာင္္ကုန္းေပၚေတြထိ လိုက္ေျပးေနရတယ္။ ရပ္ကြက္ထဲက အိမ္ေတြ လိုက္မီးရွို ့ ၊ တံတားေတြကို လိုက္ဖ်က္ဆီးေနၾကတယ္၊ ျပည္သူလူထုေတြ အိမ္ပစ္ အိုးပစ္နဲ႔ ေျပးတယ္ဆုိတာ ေတာင္စဥ္ေရမရ ျဖစ္သလို ေျပးေနရတယ္။ အဲဒီဘက္မွာက ေျပးဖို႔ ေနရာမရွိဘူး။ အေရွ႕ဘက္မွာလည္း စစ္စခန္းေတြ ၊ အေနာက္ဖက္ဆုိလည္း စစ္တပ္ေတြ ရိွေနတာ ေျပးဖို႕လမ္းေပါက္မရွိဘူး၊ အိမ္ထဲမွာ မေနရဲေတာ့ဘူး ။ ရပ္ကြက္(၁)ဆုိလည္း နီးစပ္ရာ လူေတြ စုၿပီး ပုန္းေနရတယ္ ။ အပင္ေအာက္ေတြ၊ ခ်ိဳင့္ေတြထဲမွာ လိုက္ပုန္းခိုေနရတယ္။”

ေလယာဥ္နဲ႔ ဗံုးၾကဲတုိက္ခိုက္တာခံရတဲ့ ဖာပြန္ခရိုင္ထဲက ေက်းရြာသား ၁ ေသာင္းေလာက္ကေတာ့ ျပည္တြင္းအိုးအိမ္မဲ့ ဒုကၡသည္ေတြအျဖစ္ ေတာထဲေတာင္ေတြထဲမွာ လုိက္လံပုန္းေအာင္း ေနရပါတယ္။

ဖာပြန္ၿမိဳ႕ေပၚလူထုကေတာ့ ၿပီးခဲ့တဲ့ရက္ေတြက ဆႏၵထုတ္ေဖာ္မူေတြလုပ္ခဲ့တာေတြ ရွိၿပီး တခ်ိဳ႕ေနရာေတြမွာ ဆႏၵထုတ္ေဖာ္တုန္းက KNU က လံုျခံုေရးယူေပးတာေတြရွိခဲ့တာပါ။ အခုလက္ရိွမွာေတာ့ ဖာပြန္ၿမိဳ႕ေပၚ ရပ္ကြက္ေတြမွာ ေနထုိင္ေနတဲ့ လူထုေတြကုိလည္း ျမန္မာစစ္တပ္က လိုက္လံ ပစ္ခတ္ေနတာေၾကာင့္ အိမ္ေတြမွာလည္း မအိပ္ရဲပဲ ေျပးစရာေျမမရွိ ျဖစ္ေနရတယ္လို႔ ဖာပြန္ၿမိဳ႕ခံေတြက ေျပာဆုိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဖာပွန်မြို့ထဲအနှံ့ မြန်မာစစ်တပ် ဝင်ရောက်ပစ်ခတ်

(Unicode)

ကရင်ပြည်နယ် ၊ ဖာပွန်မြို့ပေါ်မှာပဲ မြန်မာစစ်တပ်ဘက်က အိမ်တွေထဲကို လိုက်လံပစ်ခတ်တာ ၊ လူနေရပ်ကွက်တွေက တံတားတွေကိုဖျက်ဆီးတာ၊ မီးရှို့တာတွေ လုပ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်နယ် ၊ ဖာပွန်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တို့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ၂ရက်ဆက်တိုက် ဖာပွန်မြို့နယ်ထဲက ကျေးရွာကို မြန်မာစစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်မူတွေ လုပ်ခဲ့တာပါ။ မတ်လ ၃၀ ရက်နေ့မှာတော့ ဖာပွန်မြို့ပေါ်ကလူနေရပ်ကွက်တွေထဲကို လိုက်လံပစ်ခတ်မူ လုပ်နေတာကြောင့် အိမ်ထဲတွေမှာတောင် မနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖာပွန်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဖာပွန်မှာ မနေ့ညကတည်းက သူတို့တွေ လိုက်ပစ်နေကြတယ်။ ပြည်သူလူထုရပ်ကွက်ထဲထိ လိုက်ပစ်နေတယ်။ ဒီနေ့ နေ့လည်လည်း တနေကုန်လိုက်ပစ်တယ်။ အခုချိန် ညဘက်ထိလည်း လိုက်ပစ်နေတယ်။ ခလရ ၁၉ နဲ့ နီးတဲ့ မက္ကာဟဲရပ်ကွက်ထဲမှာဆို အခု မီးတွေလောင်ကုန်လို့ အခုပြည်သူတွေ နေတဲ့နေရာတွေမှာ မီးတွေလောင်နေလို့ တောင်ကုန်းပေါ်တွေထိ လိုက်ပြေးနေရတယ်။ ရပ်ကွက်ထဲက အိမ်တွေ လိုက်မီးရှို့ ၊ တံတားတွေကို လိုက်ဖျက်ဆီးနေကြတယ်၊ ပြည်သူလူထုတွေ အိမ်ပစ် အိုးပစ်နဲ့ ပြေးတယ်ဆိုတာ တောင်စဉ်ရေမရ ဖြစ်သလို ပြေးနေရတယ်။ အဲဒီဘက်မှာက ပြေးဖို့ နေရာမရှိဘူး။ အရှေ့ဘက်မှာလည်း စစ်စခန်းတွေ ၊ အနောက်ဖက်ဆိုလည်း စစ်တပ်တွေ ရှိနေတာ ပြေးဖို့လမ်းပေါက်မရှိဘူး၊ အိမ်ထဲမှာ မနေရဲတော့ဘူး ။ ရပ်ကွက်(၁)ဆိုလည်း နီးစပ်ရာ လူတွေ စုပြီး ပုန်းနေရတယ် ။ အပင်အောက်တွေ၊ ချိုင့်တွေထဲမှာ လိုက်ပုန်းခိုနေရတယ်။”

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ဖာပွန်ခရိုင်ထဲက ကျေးရွာသား ၁ သောင်းလောက်ကတော့ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေအဖြစ် တောထဲတောင်တွေထဲမှာ လိုက်လံပုန်းအောင်း နေရပါတယ်။

ဖာပွန်မြို့ပေါ်လူထုကတော့ ပြီးခဲ့တဲ့ရက်တွေက ဆန္ဒထုတ်ဖော်မူတွေလုပ်ခဲ့တာတွေ ရှိပြီး တချို့နေရာတွေမှာ ဆန္ဒထုတ်ဖော်တုန်းက KNU က လုံခြုံရေးယူပေးတာတွေရှိခဲ့တာပါ။ အခုလက်ရှိမှာတော့ ဖာပွန်မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ လူထုတွေကိုလည်း မြန်မာစစ်တပ်က လိုက်လံ ပစ်ခတ်နေတာကြောင့် အိမ်တွေမှာလည်း မအိပ်ရဲပဲ ပြေးစရာမြေမရှိ ဖြစ်နေရတယ်လို့ ဖာပွန်မြို့ခံတွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG