သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ လီဒိုလမ္းမႀကီးေပၚ တိုက္ပြဲျဖစ္


KIA Kachin Soldiers

{{Zawgyi/Unicode}}

ဧၿပီ ၁ ရက္ကေန ၃၀ ရက္ေန႔အထိ စစ္ေရးလႈပ္႐ွားမႈေတြ ရပ္ထားမယ္လို႔ စစ္တပ္က ထုတ္ျပန္ထားခ်ိန္မွာပဲ ကခ်င္ျပည္နယ္၊ ကားမုိင္းၿမိဳ႔နယ္၊ လီဒိုလမ္းမၾကီးေပၚ ေနရာ ႏွစ္ေနရာမွာ ဒီေန႔ တုိက္ခုိက္မႈေတြျဖစ္ခဲ့ပါတယ္။ တစ္ေနရာကေတာ့ ကားမုိင္းၿမိဳ႔နယ္နဲ႔ မိုးေကာင္းၿမိဳ႔နယ္အစပ္မွာ တပ္မေတာ္နဲ႔ KIA အၾကားတိုက္ပဲြျဖစ္ခဲ့သလို ေနာက္တစ္ေနရာကေတာ့ ရွဒူဇြပ္ရြာအနီးက ယုဇနကုမၸဏီကို မီးရိႈ႔သြားတာျဖစ္ပါတယ္။ ကခ်င္ျပည္နယ္အတြင္း လက္ရိွျဖစ္ပြားေနတဲ့ တုိက္ပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပထားပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ကခ်င္ျပည္နယ္က ေနရာအေတာ္မ်ားမ်ားမွာ တပ္မေတာ္နဲ႔ ရဲစခန္းေတြကို KIA က တိုက္ခိုက္တာေတြ ရိွသလို တပ္မေတာ္က KIA စခန္းေတြကို ေလေၾကာင္းက တုိက္ခိုက္တာေတြရိွခဲ့ၿပီး စစ္ပဲြဟာ ပိုမိုက်ယ္ျပန္႔လာေနတာပါ။

ဒီကေန႔မွာလည္း ဖားကန္႔ၿမိဳ႔နယ္ ကားမုိင္းၿမိဳ႔နယ္ခဲြနဲ႔ မုိးေကာင္းၿမိဳ႔နယ္အစပ္က လီဒိုလမ္းမၾကီးမွာ တည္ရိွတဲ့ ဒြမ္ဘံုးခရြာအနီးမွာ တို္က္ပဲြျဖစ္ပြားခဲ့တယ္လို႔ တုိက္ပဲြျဖစ္ပြားရာအနီးက ေဒသခံတစ္ဦးက ေျပာပါတယ္။

“ အခုျဖစ္တာက ဖားကန္႔ၿမိဳ႔နယ္အတြင္း ဒြမ္ဘံုးခ ေက်းရြာအနီးေပါ့။ ဒြမ္ဘံုးခေက်းရြာနဲ႔ မရန္ကေထာင္ၾကားမွာ ျဖစ္တယ္။ တာ၀ါတုိင္နားမွာ။ အခု တုိက္ပဲြျဖစ္တဲ့ေနရာက ရြာသူရြာသားေတြ လိေမၼာ္ၿခံတို႔ စိုက္ပ်ိဳးေရးၿခံတို႔ လုပ္စားတာ ရိွတယ္။ ဒါေပမဲ့ သူတုိ႔လည္း ဘယ္သူမွ မရိွၾကဘူးတဲ့။ ထြက္ေျပးသြားတာေပါ့ သူတို႔က။ တုိက္ပဲြျဖစ္မွာကို စိုးရိမ္လို႔ ထြက္ေျပးသြားတဲ့အခ်ိန္မွာ ျဖစ္ၾကတာလုိ႔ ေျပာတာ။ ျမစ္ၾကီးနားကေန တႏိုင္းကို တက္တဲ့ကား၊ ဖားကန္႔ကို တက္တဲ့ ကားေတြက ျပန္ေခါက္တယ္၊ ျပန္ေခါက္တယ္လို႔ ၾကားရတယ္။”

ဒီတိုက္ပဲြျဖစ္ပြားတာဟာေန႔ခင္း ၁၁နာရီေလာက္ကေန စတင္ျဖစ္ခဲ႔ၿပီး ၁နာရီေက်ာ္ေက်ာ္ေလာက္ ၾကာျမင့္ခဲ့ၿပီး လမ္းပိတ္ထားတာေၾကာင္သြားေရာက္ၾကည့္ရႈႏိုင္တာမရိွေၾကာင္းနဲ႔ အထိအခိုက္လည္း မသိရေသးေၾကာင္း ဆက္ေျပာပါတယ္။

ဒီကေန႔ မနက္ အေစာပိုင္းကလည္း လီဒိုလမ္းမေပၚရိွ ရွဒူဇြပ္ေက်းရြာအနီးက ယုဇနကုမၸဏီပိုင္ အေဆာက္အဦတခ်ိဳ႔ကို KIAက မီးရိႈ႔ခဲ့တယ္လုိ႔ အခင္းျဖစ္ပြားရာအနီးက ေဒသခံတစ္ဦးက ေျပာပါတယ္။

“ ယုဇန၀န္းထဲက အိမ္အသစ္၂လံုးကေတာ့ မီးရိႈခဲ့တယ္လို႔ က်ေနာ္ၾကားတယ္။ အထိခုိက္ အေသအေက်ကေတာ့ မရိွဘူး။ ၂နာရီခဲြ၊ ၂နာရီ ပတ္၀န္းက်င္မွာျဖစ္ၿပီးေတာ့ ခန္႔မွန္းေခ်ကေတာ့ ၃နာရီခဲြ႔၊ ၄နာရီေလာက္မွာ ျပန္သြားၿပီ။”

ကခ်င္ျပည္နယ္က သတင္းမီဒီယာေတြမွာေတာ့ ယုဇနကုမၸဏီရဲ့ ဘက္ဟို၊ဘူဒိုဇာစတဲ့ စက္ယႏၱရားေတြနဲ႔ ပေလာပီနန္ စက္ရံု မီးေလာင္ပ်က္ဆီးေၾကာင္း ေရးသားေဖာ္ျပထားေပမဲ့ VOA ကို ေျပာျပတဲ့ ေဒသခံကေတာ့ မီးေလာင္ေနတဲ့အေဆာက္အဦး ၂ခုကိုသာေတြ႔ခဲ့ရေၾကာင္း ေျပာပါတယ္။ ဟူးေကာင္းခ်ိဳင့္၀ွမ္းေဒသမွာ ယုဇနကုမၸဏီက ပေလာပီနံစုိက္ပ်ိဳးေရးစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ ေဒသခံေတြရဲ့ ေျမယာေတြ အသိမ္းခံရတယ္ဆုိၿပီး ကုမၸဏီနဲ႔ ေဒသခံေတြအၾကားမွာ ေျမယာအျငင္းပြားမႈေတြ ျဖစ္ပြားေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒီကေန႔ ျဖစ္ပြားတဲ့ တုိက္ခုိက္မႈေတြနဲ႔ပတ္သက္ၿပီး အတည္ျပဳ ေမးျမန္းႏိုင္ဖို႔ KIA ရဲ့ ေျပာေရးဆိုခြင့္ရိွသူကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။
ကားမုိင္းၿမိဳ႔နယ္ခဲြ လ၀ါးနဲ႔ ဒြန္ဘန္ရြာအၾကားမွာ မတ္လ ၃၀ ရက္ေန႔ အဂၤါေန႔ ကလည္း တိုက္ပဲြ တစ္ၾကိမ္ျဖစ္ခဲ့ပါတယ္။

မတ္လ ၃၁ရက္ေန႔ကေတာ့ ကခ်င္ျပည္နယ္အတြင္း ေရႊကူၿမိဳ႔နယ္က ရဲစခန္း၊ ပူတာအိုၿမိဳ႔နယ္က တပ္စခန္း၊ မိုးညွင္းၿမိဳ႔နယ္အတြင္း စစ္ယာဥ္တန္း စတာေတြကို KIA က တုိက္ခုိက္ခဲ့ေၾကာင္း နဲ႔ ညေနပိုင္းမွာေတာ့ KIA တပ္မဟာ၈ ဌာနခ်ဳပ္ကို တပ္မေတာ္က ေလယာဥ္နဲ႔ တိုက္ခိုက္တာေတြ ရိွခဲ့ေၾကာင္း ေဒသခံေတြက ေျပာဆုိသလို ေဒသတြင္းသတင္းမီဒီယာေတြမွာ ေဖာ္ျပတာေတြ ရိွပါတယ္။

ဒီသတင္းေတြနဲ႔႔ပတ္သက္ၿပီး တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာေတာ့ မရိွပါဘူး။ ဒီလ ၁၅ရက္ေန႔ကလည္း ရွဒူဇြပ္ေက်းရြာအနီးမွာ ျပည္သူ႔စစ္စခန္းကို KIA က ပစ္ခတ္တိုက္ခုိက္တာျဖစ္ခဲ့ပါတယ္။

လက္ရိွ ကခ်င္ျပည္နယ္အတြင္း ျဖစ္ပြားတဲ့တုိက္ပဲြေတြဟာ တပ္မေတာ္က အပစ္အခတ္ရပ္စဲေၾကာင္း ထုတ္ျပန္ထားခ်ိန္မွာ ျဖစ္ပြားတာပါ။

မတ္လ ၃၁ ရက္ေန႔ကလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ အေကာင္အထည္ေဖာ္ေရးနဲ႔ ျမန္မာ့ရိုးရာသၾကၤန္ပဲြကို ကိုဗစ္စည္းကမ္းနဲ႔အညီ က်င္းပႏိုင္ေရးအတြက္ တပ္မေတာ္ရဲ ႔ စစ္ေရး လႈပ္ရွားမႈေတြကို ဒီလ ၁ရက္ေန႔ကေန ၃၀ရက္ေန႔ထိ ရပ္ဆုိင္းမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

.........................................

{{Unicode}}

ဧပြီ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ စစ်တပ်က ထုတ်ပြန်ထားချိန်မှာပဲ ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးပေါ် နေရာ နှစ်နေရာမှာ ဒီနေ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ တစ်နေရာကတော့ ကားမိုင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်အစပ်မှာ တပ်မတော်နဲ့ KIA အကြားတိုက်ပွဲဖြစ်ခဲ့သလို နောက်တစ်နေရာကတော့ ရှဒူဇွပ်ရွာအနီးက ယုဇနကုမ္ပဏီကို မီးရှို့သွားတာဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်က နေရာအတော်များများမှာ တပ်မတော်နဲ့ ရဲစခန်းတွေကို KIA က တိုက်ခိုက်တာတွေ ရှိသလို တပ်မတော်က KIA စခန်းတွေကို လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့ပြီး စစ်ပွဲဟာ ပိုမိုကျယ်ပြန့်လာနေတာပါ။

ဒီကနေ့မှာလည်း ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲနဲ့ မိုးကောင်းမြို့နယ်အစပ်က လီဒိုလမ်းမကြီးမှာ တည်ရှိတဲ့ ဒွမ်ဘုံးခရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုဖြစ်တာက ဖားကန့်မြို့နယ်အတွင်း ဒွမ်ဘုံးခ ကျေးရွာအနီးပေါ့။ ဒွမ်ဘုံးခကျေးရွာနဲ့ မရန်ကထောင်ကြားမှာ ဖြစ်တယ်။ တာဝါတိုင်နားမှာ။ အခု တိုက်ပွဲဖြစ်တဲ့နေရာက ရွာသူရွာသားတွေ လိမ္မော်ခြံတို့ စိုက်ပျိုးရေးခြံတို့ လုပ်စားတာ ရှိတယ်။ ဒါပေမဲ့ သူတို့လည်း ဘယ်သူမှ မရှိကြဘူးတဲ့။ ထွက်ပြေးသွားတာပေါ့ သူတို့က။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ထွက်ပြေးသွားတဲ့အချိန်မှာ ဖြစ်ကြတာလို့ ပြောတာ။ မြစ်ကြီးနားကနေ တနိုင်းကို တက်တဲ့ကား၊ ဖားကန့်ကို တက်တဲ့ ကားတွေက ပြန်ခေါက်တယ်၊ ပြန်ခေါက်တယ်လို့ ကြားရတယ်။”

ဒီတိုက်ပွဲဖြစ်ပွားတာဟာနေ့ခင်း ၁၁နာရီလောက်ကနေ စတင်ဖြစ်ခဲ့ပြီး ၁နာရီကျော်ကျော်လောက် ကြာမြင့်ခဲ့ပြီး လမ်းပိတ်ထားတာကြောင်သွားရောက်ကြည့်ရှုနိုင်တာမရှိကြောင်းနဲ့ အထိအခိုက်လည်း မသိရသေးကြောင်း ဆက်ပြောပါတယ်။

ဒီကနေ့ မနက် အစောပိုင်းကလည်း လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာအနီးက ယုဇနကုမ္ပဏီပိုင် အဆောက်အဦတချို့ကို KIAက မီးရှို့ခဲ့တယ်လို့ အခင်းဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

“ ယုဇနဝန်းထဲက အိမ်အသစ်၂လုံးကတော့ မီးရှိုခဲ့တယ်လို့ ကျနော်ကြားတယ်။ အထိခိုက် အသေအကျေကတော့ မရှိဘူး။ ၂နာရီခွဲ၊ ၂နာရီ ပတ်ဝန်းကျင်မှာဖြစ်ပြီးတော့ ခန့်မှန်းချေကတော့ ၃နာရီခွဲ့၊ ၄နာရီလောက်မှာ ပြန်သွားပြီ။”

ကချင်ပြည်နယ်က သတင်းမီဒီယာတွေမှာတော့ ယုဇနကုမ္ပဏီရဲ့ ဘက်ဟို၊ဘူဒိုဇာစတဲ့ စက်ယန္တရားတွေနဲ့ ပလောပီနန် စက်ရုံ မီးလောင်ပျက်ဆီးကြောင်း ရေးသားဖော်ပြထားပေမဲ့ VOA ကို ပြောပြတဲ့ ဒေသခံကတော့ မီးလောင်နေတဲ့အဆောက်အဦး ၂ခုကိုသာတွေ့ခဲ့ရကြောင်း ပြောပါတယ်။ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ယုဇနကုမ္ပဏီက ပလောပီနံစိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသခံတွေရဲ့ မြေယာတွေ အသိမ်းခံရတယ်ဆိုပြီး ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ မြေယာအငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အတည်ပြု မေးမြန်းနိုင်ဖို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကားမိုင်းမြို့နယ်ခွဲ လဝါးနဲ့ ဒွန်ဘန်ရွာအကြားမှာ မတ်လ ၃၀ ရက်နေ့ အင်္ဂါနေ့ ကလည်း တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

မတ်လ ၃၁ရက်နေ့ကတော့ ကချင်ပြည်နယ်အတွင်း ရွှေကူမြို့နယ်က ရဲစခန်း၊ ပူတာအိုမြို့နယ်က တပ်စခန်း၊ မိုးညှင်းမြို့နယ်အတွင်း စစ်ယာဉ်တန်း စတာတွေကို KIA က တိုက်ခိုက်ခဲ့ကြောင်း နဲ့ ညနေပိုင်းမှာတော့ KIA တပ်မဟာ၈ ဌာနချုပ်ကို တပ်မတော်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောဆိုသလို ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ ဒီလ ၁၅ရက်နေ့ကလည်း ရှဒူဇွပ်ကျေးရွာအနီးမှာ ပြည်သူ့စစ်စခန်းကို KIA က ပစ်ခတ်တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားချိန်မှာ ဖြစ်ပွားတာပါ။

မတ်လ ၃၁ ရက်နေ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေးနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ ကျင်းပနိုင်ရေးအတွက် တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဒီလ ၁ရက်နေ့ကနေ ၃၀ရက်နေ့ထိ ရပ်ဆိုင်းမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG