{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံနယ္စပ္ေဒသ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြေၾကာင့္ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို အၿမဲတမ္း ခိုလႈံခြင့္ မေပးႏိုင္ေပမယ့္ ယာယီေနထိုင္ဖို႔နဲ႔ အကူအညီေတြေတာ့ ေပးသြားမယ္လို႔ ထိုင္း က်န္းမာေရး၀န္ႀကီးAnutin Charnvirakul က ေျပာပါတယ္။
“ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာတဲ့ ကရင္တိုင္းရင္းသား ဒုကၡသည္ေတြအတြက္ သူ႔အေနနဲ႔ စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း၊ ေဘးကင္းလုံျခံဳေရး ေစခ်င္သလို၊ သူတို႔မွ ရွိတဲ့ အခြင့္အေရးနဲ႔အညီ လူသားခ်င္းစာနာ ေထာက္ထားၿပီး မွ်မွ်တတ ဆက္ဆံေစခ်င္တဲ့အေၾကာင္း" ထိုင္း က်န္းမာေရး၀န္ႀကီး Anutin Charnvirakul က ဒီေန႔ Mae Sariangေဆး႐ုံမွာ ေျပာဆိုသြားတာပါ။
ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို မဲေဟာင့္ေဆာင္ခ႐ိုင္ နယ္ျခားေဒသမွာ COVID-19 ကာကြယ္ေဆးထိုးေပးတဲ့ အစီအစဥ္ကို ႀကီးၾကပ္ရင္း ထိုင္း က်န္းမာေရး၀န္ႀကီးက သတင္းေထာက္ေတြကို ေျပာဆိုသြားတာပါ။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးရဲ႕ စခန္းေတြကို စစ္တပ္က ေလေၾကာင္းကေန ဗုံးက်ဲတိုက္ခိုက္ခဲ့တာေၾကာင့္ ကရင္ ဒုကၡသည္ ၇,၀၀၀ ေလာက္ အိုးအိမ္စြန္႔ခြာထြက္ေျပးၾကတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေျပာပါတယ္။ အဲဒီအထဲက ၃,၀၀၀ ေလာက္ နယ္ျခားကိုျဖတ္ၿပီး ထိုင္းႏိုင္ငံထဲ ေရာက္လာတယ္လို႔ နယ္စပ္ ကူညီေရးအဖြဲ႔ေတြက ေျပာပါတယ္။
ဒုကၡသည္ေတြကို ထိုင္းဘက္က ေနရပ္အတင္းအက်ပ္ ျပန္ပို႔ေနတယ္ဆိုတဲ့သတင္းေတြ ေစာေစာပိုင္းက ထြက္ခဲ့ေပမယ့္ ထိုင္းအစိုးရဘက္က ဒီသတင္းေတြကို ျငင္းဆိုထားပါတယ္။ ျမန္မာစစ္တပ္အုပ္ခ်ဳပ္ေရး ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆိုင္းထားတယ္ဆိုၿပီး အပစ္အခတ္ရပ္စဲေရး ၁ လ ေၾကညာထားေပမဲ့ ဒုကၡသည္ေတြကေတာ့ နယ္စပ္ကိုျဖတ္ၿပီး ေရာက္လာေနဆဲျဖစ္ပါတယ္။
.....................................................
{{Zawgyi/Unicode}}
မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အမြဲတမ်း ခိုလှုံခွင့် မပေးနိုင်ပေမယ့် ယာယီနေထိုင်ဖို့နဲ့ အကူအညီတွေတော့ ပေးသွားမယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။
“မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေအတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း၊ ဘေးကင်းလုံခြုံရေး စေချင်သလို၊ သူတို့မှ ရှိတဲ့ အခွင့်အရေးနဲ့အညီ လူသားချင်းစာနာ ထောက်ထားပြီး မျှမျှတတ ဆက်ဆံစေချင်တဲ့အကြောင်း" ထိုင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဒီနေ့ Mae Sariang ဆေးရုံမှာ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မဲဟောင့်ဆောင်ခရိုင် နယ်ခြားဒေသမှာ COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို ကြီးကြပ်ရင်း ထိုင်း ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုသွားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ စခန်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကရင် ဒုက္ခသည် ၇,၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီအထဲက ၃,၀၀၀ လောက် နယ်ခြားကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ရောက်လာတယ်လို့ နယ်စပ် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒုက္ခသည်တွေကို ထိုင်းဘက်က နေရပ်အတင်းအကျပ် ပြန်ပို့နေတယ်ဆိုတဲ့သတင်းတွေ စောစောပိုင်းက ထွက်ခဲ့ပေမယ့် ထိုင်းအစိုးရဘက်က ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။ မြန်မာစစ်တပ်အုပ်ချုပ်ရေး ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတယ်ဆိုပြီး အပစ်အခတ်ရပ်စဲရေး ၁ လ ကြေညာထားပေမဲ့ ဒုက္ခသည်တွေကတော့ နယ်စပ်ကိုဖြတ်ပြီး ရောက်လာနေဆဲဖြစ်ပါတယ်။