သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေတာင္ပိုင္းမွာ စစ္ေရးအရွိန္ျမင့္လာတာေၾကာင့္ စစ္ေဘးေရွာင္ေတြအၾကား စိုးရိမ္မႈႀကီးထြား


ရွမ္း စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSA အေျချပဳရာ ထိုင္းျမန္မာနယ္စပ္ဘက္ကို ျမန္မာစစ္တပ္က ထိုးစစ္ဆင္ဖို႔ ျပင္ဆင္ေနပံုရတာေၾကာင့္ လူဦးေရ အဲဒီေဒသဘက္က စစ္ေဘးဒုကၡသည္ စခန္းေတြမွာ ခိုလႈံေနသူေတြ စိုးရိမ္ပူပန္ေနၾကပါတယ္။ ဒုကၡသည္ စုစုေပါင္း ၆,၀၀၀ ေလာက္႐ွိတဲ့ ျပည္တြင္း ဒုကၡသည္စခန္းေတြမွာ အကာအကြယ္အတြက္ ႀကိဳတင္ျပင္ဆင္ေနၾကတဲ့ ဒီအေျခအေနကို ထိုင္းအေျခစိုက္ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနသတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ အေျချပဳတဲ့ RCSS/SSA ေတာင္ပိုင္း ရွမ္းျပည္တပ္မေတာ္ အေျခစိုက္စခန္းေတြ႐ွိရာကို ျမန္မာစစ္တပ္ကေန ထိုးစစ္ဆင္တိုက္ခိုက္ဖုိ႔ ျပင္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ၿပီးေနာက္ အဲဒီတပ္စခန္းေတြနားမွာ ႐ွိေနသူေတြ စုိးရိမ္ ပူပန္ေနၾကပါတယ္။ အထူးသျဖင့္ ထိုင္းနို္င္ငံနဲ႔ ျမန္မာနိုင္ငံ နယ္စပ္ေဒသတေလ ွ်ာက္မွာ ႐ွိေနတဲ့ ႐ွမ္းျပည္တြင္း ဒုကၡသည္ IDP စခန္း ၅ ခုက ဒုကၡသည္ေတြဟာ စစ္ဒဏ္ေနာက္ထပ္ခံရမွာကို စိုးရိမ္ေနၾကတယ္လို႔ ရွမ္းျပည္နယ္ ဒုကၡသည္ေကာ္မတီ (ထိုင္းနယ္စပ္)ေျပာခြင့္ရ စိုင္းလင္းက ဗြီအိုေအကိုေျပာပါတယ္။

“IDP ေတြက်ေတာ့ သူတို႔သီးသန္႔ေနလို႔ မရဘူးေလ။ RCSS ရဲ႕ တပ္ေတြရဲ႕အလယ္မွာေနရတာေပါ့။ အခု RCSS ကို အစိုးရက စစ္ဆင္ေရး လုပ္မယ္လို႔ ေျပာတယ္။ ထိုင္းဗမာနယ္ျခားေကာ္မတီရွိတာေပါ့ေနာ္။ အဲဒီေကာ္မတီမွာေျပာလာတယ္။ ဗမာစစ္ဆင္ေရးလုပ္မယ္လို႕ေျပာတယ္သူတို႔။ စစ္ဆင္ေရးလုပ္မယ္ဆိုရင္ ရြာေတြကို ထိခိုက္မွာေၾကာက္တယ္ေပါ့။ ရွမ္း IDP ေတြက သူတို႔ရဲ႕လုံျခံဳေရးကို ထိခိုက္မွာလည္း ေၾကာက္တယ္ေပါ့။”

ထိုင္း ျမန္မာနယ္စပ္တေလ ွ်ာက္က ႐ွမ္းျပည္ေတာင္ပိုင္း လက္နက္ကိုင္ RCSS/SSA စခန္းေတြကို တိုက္ခိုက္သြားမယ္လို႔ တာခ်ီလိတ္ၿမိဳ႕နယ္ နယ္စပ္ေကာ္မတီကေန ထိုင္း - ျမန္မာနယ္စပ္တစ္ေလၽွာက္ရွိ Maesai ရွိ ထိုင္းအလုပ္သမားထံ မတ္လကုန္ပိုင္းက စာတစ္ ေစာင္ေပးပို႔ခဲ့တာေၾကာင့္ ဒုကၡသည္စခန္းေတြမွာ ခုလိုစိုးရိမ္မႈ ႀကီးထြားေနၾကတာပါ။ ဒုကၡသည္စခန္းေတြမွာ လုံျခံဳေရး အကာအကြယ္ယူႏုိင္ဖုိ႔ ဗံုးခိုက်င္းေတြ တူးေဖာ္ထားၾကတယ္လို႔ စိုင္းလင္းကေျပာပါတယ္။

“ကတုတ္က်င္းေတြ တူးၾကပါတယ္ အဲဒီလိုမ်ိဳး။ ဒါကေတာ့သူတို႔ လုပ္နိုင္တာမ်ိဳး လုပ္ထားတာေပါ့ဗ်ာ။ သူတို႕ေလယာဥ္ပ်ံနဲ႔ လာခ်မယ္ ဆိုရင္ေတာ့ ကတုတ္က်င္းနဲ႔ တူးထားၾကရင္ေတာ့။”

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ကရင္ျပည္နယ္ ဖာပြန္ေဒသဘက္မွာ ႐ွိတဲ့ KNUတပ္မဟာ (၅) ေဒသဘက္ ျမန္မာစစ္တပ္ကေန တိုက္ေလယာဥ္ေတြသံုး ဗံုးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ရြာသား ၁၀,၀၀၀ နီးပါး ထိုင္းနယ္စပ္ဘက္တိမ္းေရွာင္ေနရပါတယ္။

RCSS / SSA စခန္းေတြအေပၚ ျမန္မာစစ္တပ္က ထိုးစစ္ဆင္မယ္ဆိုတဲ့အေပၚ ရွမ္းသံေတာ္ဆင့္ သတင္းဌာနအယ္ဒီတာခ်ဳပ္စိုင္းမိန္းက အခုလို သံုးသပ္ပါတယ္။

“တာခ်ီလိတ္ၿမိဳ႕နယ္ TBC နယ္စပ္ေရးရာေကာ္မတီဆိုတာက နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕အမိန္႔မရလို႔ရွိရင္ သူတို႔ထိုင္းကို စာပို႕မွာ မဟုတ္ဘူး။ ထိုင္းကို အမွန္အကန္စာပို႔ထားတယ္ဆိုတဲ့ဟာေတာ့ အတည္ျပဳလို႕ရတယ္။ ဒီဟာေၾကာင့္မို႔လို႔ တိုက္ပြဲက မျဖစ္ လာနိုင္ဘူးဆိုတာကို က်ေနာ္တို႔က မေျပာနိုင္ဘူး။ တဘက္ကလည္း PPST ကေန ျငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့အဖြဲ႔ေတြက အဓိကေတာ့ RCSS က ေခါင္းေဆာင္တိုင္းမွာက ဦးေဆာင္ဦးရြက္တဲ့ အပိုင္းမွာပါေနေတာ့ ဒီ NCA အပစ္ရပ္ ၁၀ ဖြဲ႕ေပါ့ေနာ္ ။ မေန႔တုန္းက ထုတ္ျပန္တဲ့ေၾကညာခ်က္ေတြမွာလည္း လူထုဘက္ဆက္လက္ရပ္တည္သြားမယ္။ လူထုကိုဆက္လက္ပံ့ပိုးကူညီသြားမယ္။ CRPH နဲ႔ CDM ကို ေထာက္ခံသြားမယ္ဆိုတဲ့ ပုံစံျဖစ္ေနေတာ့ ဒီလက္ရွိ အေနအထားအရကေတာ့ စစ္ေရး မတင္းမာလာနိုင္ဘူးဆိုတဲ့ အေနအထားေတာ့ ေျပာလို႔မရေသးပါဘူး။”

NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္မေရးထိုးခင္ကဆိုရင္ RCSS နဲ႔ တိုက္ပြဲျဖစ္ပြါးတိုင္း ျမန္မာစစ္တပ္ကေန ေက်းရြာေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္တာမ်ဳိးေတြ လုပ္ခဲ့တာပါ။ ႐ွမ္းျပည္နယ္ဘက္က ထိုင္းျမန္မာနယ္စပ္မွာ IDP စခန္း ၆ ခုရွိရာမွာ ကုန္းေက်ာ္စခန္းဟာ ထိုင္းနယ္ဘက္မွာရွိေနၿပီး က်န္တဲ့ ၅ ခုျဖစ္တဲ့ ေကာင္း၊ မုန္မိုင္း၊ လြိဳင္တိုင္းလွ်ဲန္၊ လြိဳင္္လ်န္၊ လြိဳင္ဆမ္ဆစ္၊ လြိဳင္ေကာ္၀မ္းတို႔ဟာ ျမန္မာဘက္ျခမ္းမွာ ရွိေနတာပါ။ ဒီစခန္း ၆ ခုမွာ စစ္ေဘးဒုကၡသည္ စုစုေပါင္း ၆,၀၀၀ ေလာက္႐ွိပါတယ္။

ရွမ္းျပည္နယ္ဒုကၡသည္ေကာ္မတီ (ထိုင္းနယ္စပ္) အေနနဲ႔ ျမန္မာဘက္ျခမ္းမွာရွိတဲ့ ရွမ္းဒုကၡသည္ေတြကို ထိုင္းနို္င္ငံအတြင္း ၀င္ေရာက္ ေရွာင္တိမ္းနိုင္ေရး လုံျခံဳေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးနိုင္ေရးအတြက္ ထိုင္းအစိုးရကို ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးအရှိန်မြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအကြား စိုးရိမ်မှုကြီးထွား

တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အခြေပြုရာ ထိုင်းမြန်မာနယ်စပ်ဘက်ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတာကြောင့် လူဦးရေ အဲဒီဒေသဘက်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒုက္ခသည် စုစုပေါင်း ၆,၀၀၀ လောက်ရှိတဲ့ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ အကာအကွယ်အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ ဒီအခြေအနေကို ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေပြုတဲ့ RCSS/SSA တောင်ပိုင်း ရှမ်းပြည်တပ်မတော် အခြေစိုက်စခန်းတွေရှိရာကို မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် အဲဒီတပ်စခန်းတွေနားမှာ ရှိနေသူတွေ စိုးရိမ် ပူပန်နေကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတလေ ျှာက်မှာ ရှိနေတဲ့ ရှမ်းပြည်တွင်း ဒုက္ခသည် IDP စခန်း ၅ ခုက ဒုက္ခသည်တွေဟာ စစ်ဒဏ်နောက် ထပ်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ရှမ်းပြည်နယ် ဒုက္ခသည်ကော်မတီ (ထိုင်းနယ်စပ်)ပြောခွင့်ရ စိုင်းလင်းက ဗွီအိုအေကိုပြောပါတယ်။

“IDP တွေကျတော့ သူတို့သီးသန့်နေလို့ မရဘူးလေ။ RCSS ရဲ့ တပ်တွေရဲ့အလယ်မှာနေရတာပေါ့။ အခု RCSS ကို အစိုးရက စစ်ဆင်ရေး လုပ်မယ်လို့ ပြောတယ်။ ထိုင်းဗမာနယ်ခြားကော်မတီရှိတာပေါ့နော်။ အဲဒီကော်မတီမှာပြောလာတယ်။ ဗမာစစ်ဆင်ရေးလုပ်မယ်လို့ပြောတယ်သူတို့။ စစ်ဆင်ရေးလုပ်မယ်ဆိုရင် ရွာတွေကို ထိခိုက်မှာကြောက်တယ်ပေါ့။ ရှမ်း IDP တွေက သူတို့ရဲ့လုံခြုံရေးကို ထိခိုက်မှာလည်း ကြောက်တယ်ပေါ့။”

ထိုင်း မြန်မာနယ်စပ်တလေ ျှာက်က ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် RCSS/SSA စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ တာချီလိတ်မြို့နယ် နယ်စပ်ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်တစ်လျှောက်ရှိ Maesai ရှိ ထိုင်းအလုပ်သမားထံ မတ်လကုန်ပိုင်းက စာတစ် စောင်ပေးပို့ခဲ့တာကြောင့် ဒုက္ခသည်စခန်းတွေမှာ ခုလိုစိုးရိမ်မှု ကြီးထွားနေကြတာပါ။ ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေး အကာအကွယ်ယူနိုင်ဖို့ ဗုံးခိုကျင်းတွေ တူးဖော်ထားကြတယ်လို့ စိုင်းလင်းကပြောပါတယ်။

“ကတုတ်ကျင်းတွေ တူးကြပါတယ် အဲဒီလိုမျိုး။ ဒါကတော့သူတို့ လုပ်နိုင်တာမျိုး လုပ်ထားတာပေါ့ဗျာ။ သူတို့လေယာဉ်ပျံနဲ့ လာချမယ် ဆိုရင်တော့ ကတုတ်ကျင်းနဲ့ တူးထားကြရင်တော့။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကရင်ပြည်နယ် ဖာပွန်ဒေသဘက်မှာ ရှိတဲ့ KNU တပ်မဟာ (၅) ဒေသဘက် မြန်မာစစ်တပ်ကနေ တိုက်လေယာဉ်တွေသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာသား ၁၀,၀၀၀ နီးပါး ထိုင်းနယ်စပ်ဘက်တိမ်းရှောင်နေရပါတယ်။

RCSS / SSA စခန်းတွေအပေါ် မြန်မာစစ်တပ်က ထိုးစစ်ဆင်မယ်ဆိုတဲ့အပေါ် ရှမ်းသံတော်ဆင့် သတင်းဌာနအယ်ဒီတာချုပ်စိုင်းမိန်းက အခုလို သုံးသပ်ပါတယ်။

“တာချီလိတ်မြို့နယ် TBC နယ်စပ်ရေးရာကော်မတီဆိုတာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အမိန့်မရလို့ရှိရင် သူတို့ထိုင်းကို စာပို့မှာ မဟုတ်ဘူး။ ထိုင်းကို အမှန်အကန်စာပို့ထားတယ်ဆိုတဲ့ဟာတော့ အတည်ပြုလို့ရတယ်။ ဒီဟာကြောင့်မို့လို့ တိုက်ပွဲက မဖြစ် လာနိုင်ဘူးဆိုတာကို ကျနော်တို့က မပြောနိုင်ဘူး။ တဘက်ကလည်း PPST ကနေ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေက အဓိကတော့ RCSS က ခေါင်းဆောင်တိုင်းမှာက ဦးဆောင်ဦးရွက်တဲ့ အပိုင်းမှာပါနေတော့ ဒီ NCA အပစ်ရပ် ၁၀ ဖွဲ့ပေါ့နော် ။ မနေ့တုန်းက ထုတ်ပြန်တဲ့ကြေညာချက်တွေမှာလည်း လူထုဘက်ဆက်လက်ရပ်တည်သွားမယ်။ လူထုကိုဆက်လက်ပံ့ပိုးကူညီသွားမယ်။ CRPH နဲ့ CDM ကို ထောက်ခံသွားမယ်ဆိုတဲ့ ပုံစံဖြစ်နေတော့ ဒီလက်ရှိ အနေအထားအရကတော့ စစ်ရေး မတင်းမာလာနိုင်ဘူးဆိုတဲ့ အနေအထားတော့ ပြောလို့မရသေးပါဘူး။”

NCA အပစ်ရပ်စာချုပ်လက်မှတ်မရေးထိုးခင်ကဆိုရင် RCSS နဲ့ တိုက်ပွဲဖြစ်ပွါးတိုင်း မြန်မာစစ်တပ်ကနေ ကျေးရွာတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့တာပါ။ ရှမ်းပြည်နယ်ဘက်က ထိုင်းမြန်မာနယ်စပ်မှာ IDP စခန်း ၆ ခုရှိရာမှာ ကုန်းကျော်စခန်းဟာ ထိုင်းနယ်ဘက်မှာရှိနေပြီး ကျန်တဲ့ ၅ ခုဖြစ်တဲ့ ကောင်း၊ မုန်မိုင်း၊ လွိုင်တိုင်းလျှဲန်၊ လွိုင်လျန်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်းတို့ဟာ မြန်မာဘက်ခြမ်းမှာ ရှိနေတာပါ။ ဒီစခန်း ၆ ခုမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၆,၀၀၀ လောက်ရှိပါတယ်။

ရှမ်းပြည်နယ်ဒုက္ခသည်ကော်မတီ (ထိုင်းနယ်စပ်) အနေနဲ့ မြန်မာဘက်ခြမ်းမှာရှိတဲ့ ရှမ်းဒုက္ခသည်တွေကို ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရေး လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG