သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ သပိတ္ခံတပ္ ၿဖိဳခြဲခံရ၊ ၁၁ ဦးထက္မနည္း ေသဆံုး


စစ္ကိုင္းတုိင္း ၊ ကေလးၿမိဳ႕ သပိတ္ခံတပ္ကို စစ္တပ္က တိုက္ခိုက္၊ အက်အဆုံးရွိ (ဓါတ္ပုံ ၊ ကိုနီမင္းဦး)

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကတည္းက အျပင္းအထန္ ဆန္႔က်င္ကန္႔ကြက္ၿပီး ဆႏၵျပခဲ့ၾကတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ သပိတ္ခံတပ္ကို ဒီကေန႔မွာ စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ေသဆံုးဒဏ္ရာရ ဖမ္းဆီးခံျကရပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ကေလးၿမိဳ႕အေနာက္ဖက္ ဗိုလ္ခ်ဳပ္လမ္းမေပၚက ပင္မသပိတ္စခန္းျဖစ္တဲ့ တာဟန္းသပိတ္ခံတပ္ကို လုံျခံဳေရးတပ္ဖြဲ႕ ေတြကေန ဒီမနက္ပိုင္းမွာ အင္အားသုံး ပစ္ခတ္ၿဖိဳခြင္းခဲ့တယ္လို႕ သပိတ္ဦးေဆာင္တဦးကေျပာပါတယ္။

“မနက္(၅)နာရီ(၂၀)မွာစျဖစ္တာ။ လက္နက္ႀကီးေတြေရာ ဗုံးေတြေရာ အသံအက်ယ္ႀကီးကြ်န္ေတာ္တို႕ၾကားေနရတယ္။ ေသနတ္သံေတြကေတာ့ဆက္တိုက္ဘဲ။ ခုခံလို႕မရတဲ့အေျခအေနျဖစ္သြားေတာ့ အားလုံးေနာက္ဆုတ္သြားၾကတာ။ တေျဖး ေျဖးနဲ႕သူတို႕ကသိမ္းလာတာ။ သူတို႕ကခံတပ္ရဲ႕ေဘးက၀င္လာေတာ့ သပိတ္အဲဒီလိုျဖစ္သြားတဲ့အခ်ိန္မွာ တခ်ိဳ႕ က ဆုတ္နိုင္ သေလာက္ဆုတ္တယ္။ ဆုတ္ ဆုတ္ ဆုတ္ရင္းနဲ႕ မနိုင္ေတာ့လို႕ ထြက္ေျပးကုန္ၾကတာ။ ကြ်န္ေတာ္တို႕ခံတပ္ ေပါ့ေနာ္။ သပိတ္စခန္းအေနာက္ပိတ္ထားတဲ့ဟာနဲ႕ အေရွ႕ကပိတ္ထားတဲ့ဟာ အကုန္လုံးသူတို႕သိမ္းပိုက္လိုက္ၾကၿပီး။ သိမ္းလိုက္ၿပီးေတာ့မွ ခံတပ္ထဲမွာရွိတဲ့ လမ္းႀကိဳလမ္းၾကားေတြလိုက္ပစ္ေနတယ္။”

ဒီလိုလုံျခံဳေရးတပ္ဖြဲ႕ေတြကေနသပိတ္စစ္ေၾကာင္းေတြကို ပစ္ခတ္ၿဖိဳခြင္းတာမွာ ၁၁ ဦးေသဆုံးျပီး ဒဏ္ရာရသူေတြ၊ ဖမ္းဆီးခံရသူေတြလည္း ရွိတယ္လို႕ သပိတ္ဦးေဆာင္တဦးကဆက္ေျပာပါတယ္။
“ဆုံးသြားတာ(၁၁)ဦးရွိၿပီး။ (၁၁)ဦးအထိအတည္ျပဳလို႕ရတယ္။ ဖမ္းဆီးခံရတဲ့လူေတြကေတာ့ အတိက်ေျပာလို႕ မရေသးဘူး။ (၁၅)ဦးေလာက္ေတာ့ အနဲဆုံးရွိမယ္ထင္တယ္။ (၁၅)ဦးအထက္မွာဘဲရွိမွာ။ ဒဏ္ရာရတာ (၅)ဦးနဲ႕(၁၀)ဦး ၾကားမွာဘဲမွန္းတာ။ တခ်ိဳ႕လူေတြကေဆးရံုတက္ခြင့္မရဘဲနဲ႕ သူတို႕ဘာသာသူ အဆင္ေျပတဲ့ေနရာကုတဲ့လူလဲရွိတယ္။ ဒီအေနာက္ခံတပ္နား မွာရွိတဲ့ရပ္ကြက္ထဲက အိမ္တအိမ္သူတို႕၀င္ၿပီးေတာ့ ဆိုင္တဆိုင္ေပါ့ေနာ္ အိမ္လင္မယား ကိုႀကိဳးတုတ္ၿပီးေတာ့ သူတို႕ပိုက္ဆံ သိန္း(၇၀)ေလာက္နဲ႕ တခ်ိဳ႕ပစၥည္းကိုခိုးသြားတယ္လို႕ေျပာတယ္။”

ဒီမနက္လုံျခံဳေရးအဖြဲ႕ရဲ႕ျဖိဳခြင္းမွဳေၾကာင့္ တာဟန္းသပိတ္ခံတပ္ကေန ဆုတ္လာရတဲ့အေျခအေနကိုေတာ့ သပိတ္ ေမွာက္လူငယ္ တဦး ကအခုလိုေျပာပါတယ္။

“ဟုတ္တယ္ပိတ္ဆို႕ၿပီးေတာ့မွ ပစ္ခတ္တာေပါ့ေနာ္။ မနက္ပိုင္းေတာ့လက္နက္ႀကီးေတြပါတယ္လို႕ ကြ်န္ေတာ္တို႕သိရ တယ္ဗ်။ အခ်က္(၂၀)(၃၀)ထိေအာင္အသံၾကားတယ္။ ပိုက္စိပ္တိုက္ပစ္ခတ္တာမ်ိဳး လမ္းၾကိဳလမ္းၾကားထဲ၀င္ပစ္တာေတြ ျပဳလုပ္ ထားတယ္ေပါ့ေနာ္။ ကြ်န္ေတာ္တို႕ဒီဖက္ခံတပ္ကေတာ့အမ်ားအားျဖင့္ေတာ့ သဲအိတ္ပါဘဲ။ အဲတာၿပီးေတာ့မွ ကား တာယာေတြရွိမယ္။ သဲအိတ္နဲ႕ကားတာယာပါဘဲ။ အခုေတာ့ခံစစ္စည္း(၂)ခုလုံးလဲၿပိဳသြားျပီး။”

ဒီသပိတ္ၿဖိဳခြင္းခံရျပီး ဆႏၵျပသူေတြအထဲက တခ်ိဳ႕ဆိုရင္ ကိုယ့္ကိုယ္ကိုကာကြယ္ဖို႕ တူမီးေသနတ္ေတြနဲ႕အတူ အဖမ္း ဆီးခံခဲ့ရတယ္လို႕ဆိုပါတယ္။

ကေလးၿမိဳ႕ပစ္ခတ္မႈမွာ ရဲနဲ႔စစ္သား အင္အားအမ်ားအျပားနဲ႕ တစ္ၿမိဳ႕လုံး ျဖန႔္က်န႔္ေနရာယူထားလို႕ ဒဏ္ရာရသူေတြ အပါ၀င္ ထိခိုက္မိသူေတြကို ကူညီေဆာင္ရြက္ေပးဖို႕ လူနာတင္ကားေတြသြားလာလို႔ မရေသးဘူးလို႕လဲျမိဳ႕ခံေတြက ေျပာပါတယ္။

ကေလးၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႕က်င္ေရး သပိတ္ေမွာက္ဆႏၵျပမွဳေတြေန႕စဥ္လိုလိုရွိခဲ့တာပါ။ ျပီးခဲ့တဲ့မတ္လ ၂၈ ရက္ေန႕တုန္း ကလဲ ကေလးၿမိဳ႕ တာဟန္းခံတပ္က သပိတ္စခန္းကို လုံျခံဳေရးအဖြဲ႕ေတြကၿဖိဳခြင္းခဲ့တာေၾကာင့္ ၅ ဦးေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။ ဆႏၵျပသူေတြဘက္ကလည္း ရရာတူးမီးေသနတ္ ေလေသနတ္ေတြနဲ႕ ခုခံကာကြယ္ခဲ့ၾကပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြခဲ့ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ သပိတ်ခံတပ်ကို ဒီကနေ့မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးဒဏ်ရာရ ဖမ်းဆီးခံကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကလေးမြို့အနောက်ဖက် ဗိုလ်ချုပ်လမ်းမပေါ်က ပင်မသပိတ်စခန်းဖြစ်တဲ့ တာဟန်းသပိတ်ခံတပ်ကို လုံခြုံရေးတပ်ဖွဲ့ တွေကနေ ဒီမနက်ပိုင်းမှာ အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သပိတ်ဦးဆောင်တဦးကပြောပါတယ်။

“မနက်(၅)နာရီ(၂၀)မှာစဖြစ်တာ။ လက်နက်ကြီးတွေရော ဗုံးတွေရော အသံအကျယ်ကြီးကျွန်တော်တို့ကြားနေရတယ်။ သေနတ်သံတွေကတော့ဆက်တိုက်ဘဲ။ ခုခံလို့မရတဲ့အခြေအနေဖြစ်သွားတော့ အားလုံးနောက်ဆုတ်သွားကြတာ။ တဖြေး ဖြေးနဲ့သူတို့ကသိမ်းလာတာ။ သူတို့ကခံတပ်ရဲ့ဘေးကဝင်လာတော့ သပိတ်အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ တချို့ က ဆုတ်နိုင် သလောက်ဆုတ်တယ်။ ဆုတ် ဆုတ် ဆုတ်ရင်းနဲ့ မနိုင်တော့လို့ ထွက်ပြေးကုန်ကြတာ။ ကျွန်တော်တို့ခံတပ် ပေါ့နော်။ သပိတ်စခန်းအနောက်ပိတ်ထားတဲ့ဟာနဲ့ အရှေ့ကပိတ်ထားတဲ့ဟာ အကုန်လုံးသူတို့သိမ်းပိုက်လိုက်ကြပြီး။ သိမ်းလိုက်ပြီးတော့မှ ခံတပ်ထဲမှာရှိတဲ့ လမ်းကြိုလမ်းကြားတွေလိုက်ပစ်နေတယ်။”

ဒီလိုလုံခြုံရေးတပ်ဖွဲ့တွေကနေသပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွင်းတာမှာ ၁၁ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ သပိတ်ဦးဆောင်တဦးကဆက်ပြောပါတယ်။
“ဆုံးသွားတာ(၁၁)ဦးရှိပြီး။ (၁၁)ဦးအထိအတည်ပြုလို့ရတယ်။ ဖမ်းဆီးခံရတဲ့လူတွေကတော့ အတိကျပြောလို့ မရသေးဘူး။ (၁၅)ဦးလောက်တော့ အနဲဆုံးရှိမယ်ထင်တယ်။ (၁၅)ဦးအထက်မှာဘဲရှိမှာ။ ဒဏ်ရာရတာ (၅)ဦးနဲ့(၁၀)ဦး ကြားမှာဘဲမှန်းတာ။ တချို့လူတွေကဆေးရုံတက်ခွင့်မရဘဲနဲ့ သူတို့ဘာသာသူ အဆင်ပြေတဲ့နေရာကုတဲ့လူလဲရှိတယ်။ ဒီအနောက်ခံတပ်နား မှာရှိတဲ့ရပ်ကွက်ထဲက အိမ်တအိမ်သူတို့ဝင်ပြီးတော့ ဆိုင်တဆိုင်ပေါ့နော် အိမ်လင်မယား ကိုကြိုးတုတ်ပြီးတော့ သူတို့ပိုက်ဆံ သိန်း(၇၀)လောက်နဲ့ တချို့ပစ္စည်းကိုခိုးသွားတယ်လို့ပြောတယ်။”

ဒီမနက်လုံခြုံရေးအဖွဲ့ရဲ့ဖြိုခွင်းမှုကြောင့် တာဟန်းသပိတ်ခံတပ်ကနေ ဆုတ်လာရတဲ့အခြေအနေကိုတော့ သပိတ် မှောက်လူငယ် တဦး ကအခုလိုပြောပါတယ်။

“ဟုတ်တယ်ပိတ်ဆို့ပြီးတော့မှ ပစ်ခတ်တာပေါ့နော်။ မနက်ပိုင်းတော့လက်နက်ကြီးတွေပါတယ်လို့ ကျွန်တော်တို့သိရ တယ်ဗျ။ အချက်(၂၀)(၃၀)ထိအောင်အသံကြားတယ်။ ပိုက်စိပ်တိုက်ပစ်ခတ်တာမျိုး လမ်းကြိုလမ်းကြားထဲဝင်ပစ်တာတွေ ပြုလုပ် ထားတယ်ပေါ့နော်။ ကျွန်တော်တို့ဒီဖက်ခံတပ်ကတော့အများအားဖြင့်တော့ သဲအိတ်ပါဘဲ။ အဲတာပြီးတော့မှ ကား တာယာတွေရှိမယ်။ သဲအိတ်နဲ့ကားတာယာပါဘဲ။ အခုတော့ခံစစ်စည်း(၂)ခုလုံးလဲပြိုသွားပြီး။”

ဒီသပိတ်ဖြိုခွင်းခံရပြီး ဆန္ဒပြသူတွေအထဲက တချို့ဆိုရင် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ တူမီးသေနတ်တွေနဲ့အတူ အဖမ်း ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

ကလေးမြို့ပစ်ခတ်မှုမှာ ရဲနဲ့စစ်သား အင်အားအများအပြားနဲ့ တစ်မြို့လုံး ဖြန့်ကျန့်နေရာယူထားလို့ ဒဏ်ရာရသူတွေ အပါဝင် ထိခိုက်မိသူတွေကို ကူညီဆောင်ရွက်ပေးဖို့ လူနာတင်ကားတွေသွားလာလို့ မရသေးဘူးလို့လဲမြို့ခံတွေက ပြောပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေနေ့စဉ်လိုလိုရှိခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့တုန်း ကလဲ ကလေးမြို့ တာဟန်းခံတပ်က သပိတ်စခန်းကို လုံခြုံရေးအဖွဲ့တွေကဖြိုခွင်းခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကလည်း ရရာတူးမီးသေနတ် လေသေနတ်တွေနဲ့ ခုခံကာကွယ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG