သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီစတာၾကက္ဥေတြေပၚ စာတန္းပုံေဖာ္ၿပီး ရန္ကုန္မွာ စစ္အာဏာသိမ္း ဆန္႔က်င္ေရး ဆႏၵျပ


အီစတာပြဲေတာ္ေန႔ အထိမ္းအမွတ္ ဆင္ႏႊဲခဲ့တဲ့ ၾကက္ဥသပိတ္။ (ဧၿပီ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းလိုက္ခ်ိန္ကစလို႔ ၆၃ ရက္ေျမာက္ ဒီကေန႔မွာလည္း ျမန္မာႏိုင္ငံတဝန္း စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုလႈပ္ရွားမႈ သပိတ္ေတြကို ပုံစံမ်ိဳးစုံနဲ႔ ၿမိဳ႕နယ္အသီးသီးမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ဒီကေန႔ ဧၿပီလ ၄ ရက္ေန႔ တနဂၤေႏြေန႔မွာေတာ့ အထူးအားျဖင့္ ခရစ္ယာန္ဘာသာဝင္ေတြ အေလးအျမတ္ထားရာ EASTER SUNDAY အီစတာပြဲေတာ္ေန႔ အထိမ္းအမွတ္ က်င္းပေနခ်ိန္ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီ ျပန္လည္ရွင္သန္ထေျမာက္လာေစေရးအတြက္ "EASTER EGG STRIKE" ၾကက္ဥေလးတြကို ေဆးေရာင္စုံျခယ္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး စာသားေတြ ေဆာင္ပုဒ္ေတြ ေရးဆြဲၾကတဲ့ ၾကက္ဥသပိတ္ကို ႏိုင္ငံအႏွံ႔က ျပည္သူေတြ ပူးေပါင္းပါဝင္ လႈပ္ရွားၾကပါတယ္။

ေဆးေရာင္စုံနဲ႔ ေရးျခယ္ထားတဲ့ ၾကက္ဥေတြေပၚမွာ Happy Easter၊ ေႏြဦးေတာ္လွန္ေရး၊ we need R2P၊ ငါတို႔ႏိုင္မွာ၊ Support CRPH၊ Save Myanmar၊ စတဲ့စာသားေတြ ေဒၚေအာင္ဆန္းစုၾကည္ပုံ ေဒါက္တာဆာဆာပုံ ျမန္မာႏိုင္ငံေျမပုံ လက္သုံးေခ်ာင္းသေကၤတ စတဲ့ ပုံစံမ်ိဳးစုံပါတဲ့ ၾကက္ဥေလးေတြနဲ႔ ၾကက္ဥသပိတ္ကို ဆင္ႏႊဲၾကၿပီး လူမႈကြန္ရက္မွာလည္း ၾကက္ဥသပိတ္ ဖန္တီးသူေတြက တင္ၿပီး ပါဝင္လႈပ္ရွားၾကပါတယ္။

အီစတာပြဲေတာ္ဆိုတာ အနာဂတ္အတြက္ ရည္ရြယ္က်င္းပၾကတာျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္လည္း ဖက္ဒရယ္ဒီမိုကေရစီ ေပၚထြန္းလာဖို႔ ႀကီးမားတဲ့အနာဂတ္ ရွိတယ္လို႔ CRPH က ခန္႔အပ္ထားတဲ့ ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာဆာဆာက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ဆႏၵျပသူေတြက အေရာင္ျခယ္ၿပီး စာတန္းေတြေရးသားထားတဲ့ ၾကက္ဥေတြကို ကိုင္ၿပီး လမ္းေလွ်ာက္ ဆႏၵျပၾကခဲ့ၾကပါတယ္။ စာတန္းပါ အီစတာၾကက္ဥေတြကို လူငယ္ေတြ လိုက္ေဝေပးေနၾကတဲ့ ပုံေတြကိုလည္း လူမႈကြန္ရက္ေတြမွာ ေတြ႔ရပါတယ္။

ဒီကေန႔မွာ ႏိုင္ငံတဝွန္း ဆႏၵျပပြဲေတြ ရွိေနေသးသလို ညပိုင္းမွာ ဆႏၵျပပြဲေတြအတြင္း ေသဆုံးခဲ့သူေတြအတြက္ ေအာက္ေမ့ဂုဏ္ျပဳ ဖေယာင္းတိုင္ထြန္း ဆုေတာင္းပြဲေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အီစတာကြက်ဥတွေပေါ် စာတန်းပုံဖော်ပြီး ရန်ကုန်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြ

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်ချိန်ကစလို့ ၆၃ ရက်မြောက် ဒီကနေ့မှာလည်း မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်တွေကို ပုံစံမျိုးစုံနဲ့ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ ဧပြီလ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ အထူးအားဖြင့် ခရစ်ယာန်ဘာသာဝင်တွေ အလေးအမြတ်ထားရာ EASTER SUNDAY အီစတာပွဲတော်နေ့ အထိမ်းအမှတ် ကျင်းပနေချိန် မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ထမြောက်လာစေရေးအတွက် "EASTER EGG STRIKE" ကြက်ဥလေးတွကို ဆေးရောင်စုံခြယ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားတွေ ဆောင်ပုဒ်တွေ ရေးဆွဲကြတဲ့ ကြက်ဥသပိတ်ကို နိုင်ငံအနှံ့က ပြည်သူတွေ ပူးပေါင်းပါဝင် လှုပ်ရှားကြပါတယ်။

ဆေးရောင်စုံနဲ့ ရေးခြယ်ထားတဲ့ ကြက်ဥတွေပေါ်မှာ Happy Easter၊ နွေဦးတော်လှန်ရေး၊ we need R2P၊ ငါတို့နိုင်မှာ၊ Support CRPH၊ Save Myanmar၊ စတဲ့စာသားတွေ ဒေါ်အောင်ဆန်းစုကြည်ပုံ ဒေါက်တာဆာဆာပုံ မြန်မာနိုင်ငံမြေပုံ လက်သုံးချောင်းသင်္ကေတ စတဲ့ ပုံစံမျိုးစုံပါတဲ့ ကြက်ဥလေးတွေနဲ့ ကြက်ဥသပိတ်ကို ဆင်နွှဲကြပြီး လူမှုကွန်ရက်မှာလည်း ကြက်ဥသပိတ် ဖန်တီးသူတွေက တင်ပြီး ပါဝင်လှုပ်ရှားကြပါတယ်။

အီစတာပွဲတော်ဆိုတာ အနာဂတ်အတွက် ရည်ရွယ်ကျင်းပကြတာဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ ကြီးမားတဲ့အနာဂတ် ရှိတယ်လို့ CRPH က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဆန္ဒပြသူတွေက အရောင်ခြယ်ပြီး စာတန်းတွေရေးသားထားတဲ့ ကြက်ဥတွေကို ကိုင်ပြီး လမ်းလျှောက် ဆန္ဒပြကြခဲ့ကြပါတယ်။ စာတန်းပါ အီစတာကြက်ဥတွေကို လူငယ်တွေ လိုက်ဝေပေးနေကြတဲ့ ပုံတွေကိုလည်း လူမှုကွန်ရက်တွေမှာ တွေ့ရပါတယ်။

ဒီကနေ့မှာ နိုင်ငံတဝှန်း ဆန္ဒပြပွဲတွေ ရှိနေသေးသလို ညပိုင်းမှာ ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဂုဏ်ပြု ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG