သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိန္းသိမ္းခံ ဆႏၵျပသူေတြ ဥပေဒေၾကာင္းအခြင့္အေရး ဆံုး႐ႈံးေန


Police arrest people in Yangon on February 27, 2021, as protesters were taking part in a demonstration against the military coup. (Photo by Ye Aung THU / AFP)

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲမွာပါဝင္လို႔ ထိန္းသိမ္းခံရသူေတြထဲမွာ တည္ဆဲဥပေဒနဲ႔အညီ ရသင့္တဲ့ အခြင့္အေရးမရဘဲ ဆုံးရႈံးေနသူေတြရွိသလို ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္ မရသူေတြလည္း ေတာ္ေတာ္မ်ားမ်ား ႐ွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပပါမယ္။

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၂ လ ေက်ာ္သြားခ်ိန္မွာ အာဏာ႐ွုင္စနစ္ ဆန္႔က်င္ ဆႏၵျပလို႔ ဖမ္းဆီးခံရသူ ၂၇၀၀ ထက္မနည္း႐ွိေနပါၿပီ။ ဆႏၵျပပြဲ ဦးေဆာင္သူေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္႐ွားသူေတြကုိ ေသဒဏ္အထိေပးႏိုင္တဲ့ ႏိုင္ငံေတာ္ပုန္ကန္မႈလို ျပစ္မႈမ်ဳိးအထိတပ္ၿပီး ဖမ္းဆီး တရားဆဲြထားပါတယ္။ အဲဒီလို ဖမ္းဆီးခံရသူေတြထဲမွာ တည္ဆဲ ဥပေဒနဲ႔အညီ ရသင့္တဲ့ အခြင့္အေရး ေတြ ဆုံးရႈံးေနသလို ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္ေတြ မရႏိုင္ဘူးျဖစ္ေနတဲ့ အေျခအေနကို အမည္မေဖာ္လိုတဲ့ ေ႐ွ႕ေနတေယာက္က ခုလို ေျပာျပပါတယ္။

" မိဘနဲ႔ဆက္သြယ္ခြင့္ရရမယ့္ဟာေတြ ၿပီးရင္ဥပေဒေၾကာင္းအရ ဥပေဒအခြင့္အေရးရရမယ့္ဟာ ၿပီးေတာ့သူတို႔အေျခအေနေတြေျပာျပႏိုင္ဖို႔ ေနာက္ခ်ဳပ္သင့္တာထက္ပိုခ်ဳပ္တာ မလိုလားအပ္ဘဲ အခ်ိန္ၾကာဖမ္းထားတာ။ တခ်ိဳ႕က်ေတာ့ သို႔ေလာ သို႔ေလာနဲ႔ ပုဒ္မတပ္မွာလား ဘာလုပ္မွာလဲ။ အဲဒါမ်ိဳးေတြႀကဳံေနရတယ္။ လက္ရွိအဲဒါေတြကေတာ့ ႀကဴံေတြ႕ေနရတာပါဘူး"

ဒါကေတာ့ အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေၾကာင့္ဖမ္းခံရသူေတြကို ဥပေဒေၾကာင္းအရ ကူညီေပးေနတဲ့ ေရွ႕ေနတေယာက္က လက္ရွိႀကဳံေနရတဲ့ အေျခအေနအခက္အခဲကို ဗြီအိုေအကို ေျပာျပတာပါ။

ဖမ္းခံရတဲ့အထဲမွာ အသက္ မျပည့္တဲ့ ကေလးေတြလည္းပါဝင္ေနပါတယ္။ တည္ဆဲဥပေဒေတြအ ရဖမ္းဆီးခံရတဲ့ သူတေယာက္ဟာ အသက္ ၁၆ ႏွစ္ မျပည့္ေသးရင္ ရက္ရွည္ခ်ဳပ္ထားပိုင္ခြင့္မရွိသလို ျပစ္မႈေျမာက္တယ္လို႔ ဆုံးျဖတ္ရင္ေတာင္ လူငယ္ထိန္းသိမ္းေရးစခန္းေတြမွာသာ ထိန္းသိမ္းရမွာျဖစ္ပါတယ္။ အသက္မျပည့္ေသးသူေတြ ဖမ္းခံရတဲ့အခါ အခြင့္အေရးဆံုး႐ႈံးေနတဲ့ အေျခအေနကို ေ႐ွ႕ေနက ႐ွင္းျကပါတယ္။

"ကေလးေတြကိုကာကြယ္ေပးရမယ့္အစား အကာအကြယ္မရဘဲ အၾကမ္းဖက္ခံေနရတယ္။ ကေလးေတြဟာ ဖမ္းခံရခ်ိန္မွာ အလြယ္တကူဖမ္းခံရတာရွိတယ္။ ဒီလိုအခ်ိန္မွာ ထုေထာင္း႐ိုက္ႏွက္တာရွိတယ္။ တခ်ိဳ႕ကေလးေတြဆိုရင္ ရာဘာက်ည္နဲ႔ပစ္ခတ္ခံရတာရွိတယ္။ အဲဒါေဆးကုသခြင့္ရဖို႔ၾကာေနတာရွိတယ္။ တခ်ိဳ႕ဆို ေန႔စဥ္အက်ဥ္းေထာင္ထဲ သြားထားတာရွိတယ္။ အဲဒါေတြက ကေလးသူငယ္အခြင့္အေရးကိုယတိျပတ္ခ်ိဳးေဖာက္ခံေနရတာကိုေတြ႕ရတာေပါ့ေလ။ အက်ဥ္းေထာင္ေရာက္ရင္ျဖစ္ႏိုင္သမွ်ကေလးေတြကို မထိန္းသိမ္းဖို႔လို႔လိုတယ္။ ဒါကမလုပ္ရမယ့္ဟာေပါ့ ဒါမယ့္ခုက်ေတာ့ ထိန္းသိမ္းတာခံရတယ္။ ဘယ္သူ႔အေျခအေနနဲ႔ ဆုံးျဖတ္ေနမွန္းမသိဘူး။ အဲဒါေတြကလက္ရွိမွာ ခ်ိဴးေဖာက္ခံရတာေတြ႕ေနရတယ္"

လက္ရွိမွာ အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသူေတြကို အင္းစိန္ အက်ဥ္းေထာင္၊ ေ႐ႊျပည္သာစစ္ေၾကာေရးစခန္းနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္ ရဲစခန္းတို႔မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာပါ။ လက္ရွိမွာ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရးအေနနဲ႔ ေၾကျငာထားတာေၾကာင့္ ဒီေၾကျငာထားတဲ့ ေနရာေတြကေန ဖမ္းဆီးခံရသူ ေတြဟာ စစ္ခုံ႐ုံးတင္စစ္ေဆးခံရမယ့္ အေျခအေနျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ျပင္ပေရွ႕ေနေတြဆီက အကူအညီရယူခြင့္ ခုခံေခ်ပပိုင္ခြင့္လဲမရၾကပါဘူး။ ဒီၿမိဳ႕နယ္ ၆ ခုကဖမ္းခံထားရသူေတြနဲ႔ပတ္သတ္လို႔ ဘယ္ႏွစ္ေယာက္ကို ဘယ္လိုပုဒ္မေတြနဲ႔ အေရးယူမလဲ ယူထားသလဲဆိုတာ မသိရသလို ဘယ္ႏွေယာက္ကို ျပစ္ဒဏ္ခ် အေရးယူၿပီး ၿပီလဲဆိုတာေတာင္ စာရင္းမသိႏိုင္ဘူးလို႔ ဖမ္းဆီးခံရသူေတြကို ကူညီေပးေနတဲ့ ေရွ႕ေနကေျပာပါတယ္။ မ်က္ကြယ္စစ္ေဆးမႈ ေတြနဲ႔ တဖက္သတ္ စီရင္ခ်က္ခ်ခံရမႈေတြကို ခုခံေပးႏိုင္ဖို႔ ကာကြယ္ေပးႏိုင္ဖို႔ အေတာ္ေလးခက္ခဲေနတယ္လို႔ ကူညီေပးေနတဲ့ ေရွ႕ေနကေျပာပါတယ္။

လတ္တေလာမွာ ဖမ္းဆီးခံရသူစာရင္းဟာ ၂၇၀၀ ထက္မနည္းရွိေနေပမယ့္ စာရင္းတိက်ရႏိုင္ဖို႔ အေတာ္ေလးႀကိဳးစား လုပ္ေဆာင္ေနရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖြဲ႕ AAPP-B က ကိုဆန္းမင္းကေျပာပါတယ္။ ေျမျပင္အေျခအေနအရ စာရင္းေကာက္ခံႏိုင္တာ ခက္ခဲေနသလို အင္တာနက္ျဖတ္ေတာက္တာေတြနဲ႔ တျခားဆက္သြယ္ေရးျဖတ္ေတာက္တာေတြေၾကာင့္ နယ္ၿမိဳ႕ေတြဘက္က စာရင္းေကာက္ယူဖို႔ ပိုအခက္ေတြ႕ေနတယ္လို႔ သူကေျပာပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာပါဝင်လို့ ထိန်းသိမ်းခံရသူတွေထဲမှာ တည်ဆဲဥပဒေနဲ့အညီ ရသင့်တဲ့ အခွင့်အရေးမရဘဲ ဆုံးရှုံးနေသူတွေရှိသလို ဥပဒေကြောင်းအရ ခုခံချေပခွင့် မရသူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၂ လ ကျော်သွားချိန်မှာ အာဏာရှုင်စနစ် ဆန့်ကျင် ဆန္ဒပြလို့ ဖမ်းဆီးခံရသူ ၂၇၀၀ ထက်မနည်းရှိနေပါပြီ။ ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားသူတွေကို သေဒဏ်အထိပေးနိုင်တဲ့ နိုင်ငံတော်ပုန်ကန်မှုလို ပြစ်မှုမျိုးအထိတပ်ပြီး ဖမ်းဆီး တရားဆွဲထားပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ တည်ဆဲ ဥပဒေနဲ့အညီ ရသင့်တဲ့ အခွင့်အရေး တွေ ဆုံးရှုံးနေသလို ဥပဒေကြောင်းအရ ခုခံချေပခွင့်တွေ မရနိုင်ဘူးဖြစ်နေတဲ့ အခြေအနေကို အမည်မဖော်လိုတဲ့ ရှေ့နေတယောက်က ခုလို ပြောပြပါတယ်။

" မိဘနဲ့ဆက်သွယ်ခွင့်ရရမယ့်ဟာတွေ ပြီးရင်ဥပဒေကြောင်းအရ ဥပဒေအခွင့်အရေးရရမယ့်ဟာ ပြီးတော့သူတို့အခြေအနေတွေပြောပြနိုင်ဖို့ နောက်ချုပ်သင့်တာထက်ပိုချုပ်တာ မလိုလားအပ်ဘဲ အချိန်ကြာဖမ်းထားတာ။ တချို့ကျတော့ သို့လော သို့လောနဲ့ ပုဒ်မတပ်မှာလား ဘာလုပ်မှာလဲ။ အဲဒါမျိုးတွေကြုံနေရတယ်။ လက်ရှိအဲဒါတွေကတော့ ကြူံတွေ့နေရတာပါဘူး"

ဒါကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့်ဖမ်းခံရသူတွေကို ဥပဒေကြောင်းအရ ကူညီပေးနေတဲ့ ရှေ့နေတယောက်က လက်ရှိကြုံနေရတဲ့ အခြေအနေအခက်အခဲကို ဗွီအိုအေကို ပြောပြတာပါ။

ဖမ်းခံရတဲ့အထဲမှာ အသက် မပြည့်တဲ့ ကလေးတွေလည်းပါဝင်နေပါတယ်။ တည်ဆဲဥပဒေတွေအ ရဖမ်းဆီးခံရတဲ့ သူတယောက်ဟာ အသက် ၁၆ နှစ် မပြည့်သေးရင် ရက်ရှည်ချုပ်ထားပိုင်ခွင့်မရှိသလို ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ်ရင်တောင် လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာသာ ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အသက်မပြည့်သေးသူတွေ ဖမ်းခံရတဲ့အခါ အခွင့်အရေးဆုံးရှုံးနေတဲ့ အခြေအနေကို ရှေ့နေက ရှင်းကြပါတယ်။

"ကလေးတွေကိုကာကွယ်ပေးရမယ့်အစား အကာအကွယ်မရဘဲ အကြမ်းဖက်ခံနေရတယ်။ ကလေးတွေဟာ ဖမ်းခံရချိန်မှာ အလွယ်တကူဖမ်းခံရတာရှိတယ်။ ဒီလိုအချိန်မှာ ထုထောင်းရိုက်နှက်တာရှိတယ်။ တချို့ကလေးတွေဆိုရင် ရာဘာကျည်နဲ့ပစ်ခတ်ခံရတာရှိတယ်။ အဲဒါဆေးကုသခွင့်ရဖို့ကြာနေတာရှိတယ်။ တချို့ဆို နေ့စဉ်အကျဉ်းထောင်ထဲ သွားထားတာရှိတယ်။ အဲဒါတွေက ကလေးသူငယ်အခွင့်အရေးကိုယတိပြတ်ချိုးဖောက်ခံနေရတာကိုတွေ့ရတာပေါ့လေ။ အကျဉ်းထောင်ရောက်ရင်ဖြစ်နိုင်သမျှကလေးတွေကို မထိန်းသိမ်းဖို့လို့လိုတယ်။ ဒါကမလုပ်ရမယ့်ဟာပေါ့ ဒါမယ့်ခုကျတော့ ထိန်းသိမ်းတာခံရတယ်။ ဘယ်သူ့အခြေအနေနဲ့ ဆုံးဖြတ်နေမှန်းမသိဘူး။ အဲဒါတွေကလက်ရှိမှာ ချိူးဖောက်ခံရတာတွေ့နေရတယ်"

လက်ရှိမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အင်းစိန် အကျဉ်းထောင်၊ ရွှေပြည်သာစစ်ကြောရေးစခန်းနဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတို့မှာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအနေနဲ့ ကြေငြာထားတာကြောင့် ဒီကြေငြာထားတဲ့ နေရာတွေကနေ ဖမ်းဆီးခံရသူ တွေဟာ စစ်ခုံရုံးတင်စစ်ဆေးခံရမယ့် အခြေအနေဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြင်ပရှေ့နေတွေဆီက အကူအညီရယူခွင့် ခုခံချေပပိုင်ခွင့်လဲမရကြပါဘူး။ ဒီမြို့နယ် ၆ ခုကဖမ်းခံထားရသူတွေနဲ့ပတ်သတ်လို့ ဘယ်နှစ်ယောက်ကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူမလဲ ယူထားသလဲဆိုတာ မသိရသလို ဘယ်နှယောက်ကို ပြစ်ဒဏ်ချ အရေးယူပြီး ပြီလဲဆိုတာတောင် စာရင်းမသိနိုင်ဘူးလို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ရှေ့နေကပြောပါတယ်။ မျက်ကွယ်စစ်ဆေးမှု တွေနဲ့ တဖက်သတ် စီရင်ချက်ချခံရမှုတွေကို ခုခံပေးနိုင်ဖို့ ကာကွယ်ပေးနိုင်ဖို့ အတော်လေးခက်ခဲနေတယ်လို့ ကူညီပေးနေတဲ့ ရှေ့နေကပြောပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံရသူစာရင်းဟာ ၂၇၀၀ ထက်မနည်းရှိနေပေမယ့် စာရင်းတိကျရနိုင်ဖို့ အတော်လေးကြိုးစား လုပ်ဆောင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B က ကိုဆန်းမင်းကပြောပါတယ်။ မြေပြင်အခြေအနေအရ စာရင်းကောက်ခံနိုင်တာ ခက်ခဲနေသလို အင်တာနက်ဖြတ်တောက်တာတွေနဲ့ တခြားဆက်သွယ်ရေးဖြတ်တောက်တာတွေကြောင့် နယ်မြို့တွေဘက်က စာရင်းကောက်ယူဖို့ ပိုအခက်တွေ့နေတယ်လို့ သူကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG