သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ၿဖိဳခြဲမႈေတြေၾကာင့္ ပဲခူးမွာ ႏွစ္ဦး၊ တန္႔ဆည္မွာ တစ္ဦး ေသဆံုး


ထားဝယ္ၿမိဳ႕က စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲ ၊ ဧၿပီ ၇ ၊ ၂ဝ၂၁ (ဓါတ္ပုံDawei Watch/AFP)

{{Zawgyi/Unicode}}

ပဲခူးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပပြဲကို ပစ္ခတ္ၿဖိဳခြဲလို႔ ၂ ဦးထက္မနည္း ေသဆံုးခဲ့သလို တန္႔ဆည္သပိတ္ကိုလည္း ဝင္ၿဖိဳခြဲတာေၾကာင့္ တစ္ဦးေသဆံုးခဲ့ပါတယ္။ ထားဝယ္ၿမိဳ႕ သပိတ္စစ္ေၾကာင္းကိုလည္း အၾကမ္းဖက္ၿဖိဳခြဲတာေၾကာင့္ ဒဏ္ရာရသူ ဖမ္းဆီးခံရသူေတြ ရွိခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီအေျခအေနအျပည့္အစံုကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

ဒီကေန႔ ဧၿပီ ၇ ရက္ ျမန္မာႏိုင္ငံတဝန္းမွာ စစ္ေကာင္စီကို ဆန႔္က်င္ ဆႏၵျပတာေတြ အရွိန္မျပတ္ ပုံစံမ်ိဳးစုံနဲ႔ ျပဳလုပ္ေနၾကတာကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ၿဖိဳခြင္းမႈေတြ ဆက္လက္ျပဳလုပ္ေနတာပါ။

ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕မွာ ဒီကေန႔ မနက္ပိုင္း ၂ ဦးေသဆုံးၿပီး ၅ ဦး က်ည္ဆံထိမွန္ ဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒီအေျခအေနကို မ်က္ျမင္ေတြ႕ရွိသူ ပဲခူးၿမိဳ႕ခံတဦးက ဗြီအိုေအကို အခုလိုေျပာျပပါတယ္။

“ပစ္ခတ္မႈက မနက္က ကြၽန္ေတာ္တို႔ ၈ နာရီ ၁၅ ေလာက္ေပါ့ေနာ္။ ႐ြာသစ္ရဲ႕ ၾကက္ခတ္ဝိုင္းေက်ာင္းေရွ႕ကရယ္ ေက်ာက္ႀကီးစုဘက္ကရယ္ ညႇပ္ၿပီးေတာ့ပစ္ၿပီးေတာ့ ဝင္တယ္ခင္ဗ်။ ပစ္တဲ့အခ်ိန္မွာ ကေလး ၂ ေယာက္ ထိသြားတယ္ေပါ့ေနာ္။ ေမာင္ၿငိမ္းခ်မ္းဆိုတဲ့ ကေလးတေယာက္ရယ္ ေမာင္သက္ ဆိုတဲ့ ကေလးတေယာက္ရယ္ ထိသြားတယ္။ တေယာက္က ေခါင္းထိတယ္။ တေယာက္က ရင္ဘတ္ ထိတယ္ေပါ့ဗ်ာ။ က်န္တဲ့ ဒဏ္ရာရတဲ့သူကေတာ့ ၅ ေယာက္ေပါ့။ ၅ ေယာက္ဒဏ္ရာရတဲ့ထဲမွာ စိုးရိမ္ရတဲ့အေနအထားက ၁ ေယာက္ပဲရွိတယ္။ က်န္တဲ့သူေတြက ေပါင္ထိတာေတြ လက္ထိတာေတြေပါ့။”

စစ္ကိုင္းတိုင္းေဒသႀကီးရဲ႕ အင္အားအႀကီးဆုံး သပိတ္ျဖစ္တဲ့ တန႔္ဆည္ၿမိဳ႕မွာေတာ့ ဒီကေန႔ ဧၿပီ ၇ ရက္ ညေနပိုင္းမွာ စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ ၁ ဦးေသဆုံးၿပီး ၇ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ၿမိဳ႕ခံ ၁ ဦးကေျပာပါတယ္။

“က်ေနာ္တို႔ ညေန ၃ နာရီေလာက္က စစ္သား ၁၀၀ ေလာက္ဝင္လာတယ္။ ဝင္လာေတာ့လမ္းမွာ တခ်ိဳ႕႐ြာေတြက သစ္ပင္ေတြလွဲထားေတာ့ သူတို႔ အခ်ိန္ၾကာသြားတာေပါ့။ ကုန္သြားေတာ့သူတို႔ တန္႔ဆည္ဝင္ခါနီးက်ေတာ့ၿမိဳ႕ကအဝင္မခံေတာ့ဘူး ဝင္ခါနီးမွာဝိုင္းထားၿပီး ျဖစ္ၾကတာေပါ့။ ျဖစ္ေတာ့ သူတို႔ဘက္ကေတာ့ အျဖစ္နာတယ္။ ဘယ္ေလာက္ထိလဲ က်ေနာ္တို႔မသိဘူး က်ေနာ္တို႔ဘက္က ၆ ေယာက္ ၇ ေယာက္ထိတယ္။ တေယာက္ကေတာ့ဆုံးသြားၿပီ။ ေနာက္တေယာက္ကလည္းစိုးရိမ္ရတယ္။ ခုကေတာ့ သူတို႔က ေ႐ႊဘိုနဲ႔ မုံ႐ြာဘက္က စစ္ကူေတာင္းထားတယ္ၾကားတယ္။ ေရဦးဘက္ကလည္း လမ္းေတြကို ပိတ္ၿပီးအက်ပ္ကိုင္မယ္။ ဘယ္လိုဆက္ျဖစ္မယ္မသိဘူး။ သူတို႔ဘက္က တပန္းသာတာ သူတို႔က စႏိုက္ပါဆိုေတာ့ တပန္းသာတယ္။ က်ေနာ္တို႔က တူမီးနဲ႔ပစ္ရတာ။ ေတာပစ္ေသနတ္ေပါ့ နီးပစ္မွ ရတယ္။ နီးရင္ေတာ့ ပြင့္တာေပါ့။ အေဝးေတာ့မရဘူး။"

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕မွာလည္း အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္းကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က အင္အားသုံးၿပီး ၿဖိဳခြင္းခဲ့လို႔ တေယာက္ က်ည္ဆံထိမွန္ ဒဏ္ရာရရွိခဲ့ၿပီး ၉ ေယာက္ကို ဖမ္းဆီးသြားတယ္လို႔ ထားဝယ္ ၿမိဳ႕ခံ ၁ ဦးက ေျပာပါတယ္။

“မနက္က ၁၂ နာရီေလာက္မွာ ထားဝယ္မွာ အင္ဂ်င္နီယာစစ္ေၾကာင္းက သပိတ္ထြက္တယ္ေပါ့ေနာ္။ သပိတ္ထြက္ၿပီး သိပ္မၾကာခင္မွာပဲ စစ္ကား ၂ စီးနဲ႔ ရပ္ကြက္ထဲေရာက္လာတယ္။ ထြက္ေနတဲ့ စစ္ေၾကာင္းနားကို ေရာက္လာတဲ့အခါက်ေတာ့ ပိတ္မိသြားသလို ျဖစ္သြားတာေပါ့ေနာ္။ ၿပီးေတာ့ စစ္ကားေတြက ေတာက္ေလွ်ာက္ ေရာက္လာၿပီး စုစုေပါင္းဆိုရင္ ၈ စီးေလာက္ ေရာက္လာတဲ့ အေနအထား ျဖစ္သြားတာေပါ့ေနာ္။ ကားေတြက ဒလေဟာဆင္းလာၿပီးေတာ့ ကားေတြေပၚ လူေတြအျပည့္ပါလာတယ္။ စစ္သားေတြ ရဲေတြအျပည့္ပါလာၿပီးေတာ့ ရပ္ကြက္ေတြထဲမွာရွိတဲ့ တလမ္းဝင္တလမ္းထြက္ လုပ္တဲ့အခါမွာ ပစ္ခတ္မႈေတြ ျဖစ္တယ္။ ပစ္ခတ္မႈေတြျဖစ္ေတာ့ ေသနတ္အစစ္နဲ႔ပစ္တဲ့ လက္မွာ ဒဏ္ရာရသြားတယ္။ ဒီ့အျပင္ ၉ ေယာက္ကိုေတာ့ ကားေပၚတင္ၿပီး ဖမ္းေခၚသြားတယ္။”

ဒါ့အျပင္ ရွမ္းျပည္နယ္ ေညာင္ေ႐ႊၿမိဳ႕မွာ ဧၿပီ ၆ ရက္ေန႔ ညပိုင္းက စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ၿမိဳ႕ထဲရွိ စားေသာက္ဆိုင္တဆိုင္ကို သံပုံးတီးလို႔ ဝင္ေရာက္ဖ်က္ဆီးသြားၿပီး ၿမိဳ႕ခံေတြက လာေရာက္ ေျဖရွင္းေပးဖို႔ ေတာင္းဆိုေပမယ့္ မေျဖရွင္းေပးလို႔ ၿမိဳ႕ခံေတြက ေညာင္ေ႐ႊရဲစခန္းကို သြားေရာက္ရာကေန ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ခံ ၁ ဦး ေသဆုံးခဲ့တယ္လုိ႔ ေညာင္ေ႐ႊၿမိဳ႕ခံ ၁ ဦးက ေျပာပါတယ္။

“စားေသာက္ဆိုင္တဆိုင္ကို သူတို႔က ဝင္ၿပီးေတာ့ ေသာင္းက်န္းသြားတယ္။ တံခါးေတြလည္း ေဆာင့္ကန္သြာ တယ္ဆိုေတာ့ ၿမိဳ႕ကလူက ၾကားသြားၿပီးေတာ့ ျပန္ေဆာ္ခ်င္ေတာ့ ထိန္းမရဘူး။ သူတို႔ကို လာေဆြးေႏြးဖို႔ ေခၚတယ္ မလာဘူး။ မလာေတာ့ စခန္းသြားၾကတယ္။ သြားေတာ့ စပစ္တာ ေလးဂြနဲ႔စပစ္တယ္။ ပစ္ေတာ့ ေသနတ္နဲ႔ ျပန္ပစ္ၿပီး ခ်ၾကတာေပါ့။ တေယာက္က ေခါင္းထိၿပီးေတာ့ ဆုံးသြားတယ္ခင္ဗ်။ ဒဏ္ရာရတာက ကြၽန္ေတာ္သိသေလာက္ လက္ေမာင္းေပါက္ထြက္သြားတယ္။”

အာဏာသိမ္းတာ ၂ လေက်ာ္အတြင္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ႏိုင္ငံတဝန္းမွာ ေသဆံုးသူ ၆၀၀ နီးပါး ရွိၿပီျဖစ္ၿပီး အမ်ားစုက အသက္ ၂၀ ေက်ာ္အ႐ြယ္ေတြျဖစ္သလို က်ည္ဆံထိမွန္ ေသဆုံးတဲ့အထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးေတြလည္း ပါဝင္ေနပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ပဲခူးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲလို့ ၂ ဦးထက်မနည်း သေဆုံးခဲ့သလို တန့်ဆည်သပိတ်ကိုလည်း ဝင်ဖြိုခွဲတာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ ထားဝယ်မြို့ သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် ဒဏ်ရာရသူ ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအခြေအနေအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

ဒီကနေ့ ဧပြီ ၇ ရက် မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြတာတွေ အရှိန်မပြတ် ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတာကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်ပြုလုပ်နေတာပါ။

ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ ဒီကနေ့ မနက်ပိုင်း ၂ ဦးသေဆုံးပြီး ၅ ဦး ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအခြေအနေကို မျက်မြင်တွေ့ရှိသူ ပဲခူးမြို့ခံတဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ပစ်ခတ်မှုက မနက်က ကျွန်တော်တို့ ၈ နာရီ ၁၅ လောက်ပေါ့နော်။ ရွာသစ်ရဲ့ ကြက်ခတ်ဝိုင်းကျောင်းရှေ့ကရယ် ကျောက်ကြီးစုဘက်ကရယ် ညှပ်ပြီးတော့ပစ်ပြီးတော့ ဝင်တယ်ခင်ဗျ။ ပစ်တဲ့အချိန်မှာ ကလေး ၂ ယောက် ထိသွားတယ်ပေါ့နော်။ မောင်ငြိမ်းချမ်းဆိုတဲ့ ကလေးတယောက်ရယ် မောင်သက် ဆိုတဲ့ ကလေးတယောက်ရယ် ထိသွားတယ်။ တယောက်က ခေါင်းထိတယ်။ တယောက်က ရင်ဘတ် ထိတယ်ပေါ့ဗျာ။ ကျန်တဲ့ ဒဏ်ရာရတဲ့သူကတော့ ၅ ယောက်ပေါ့။ ၅ ယောက်ဒဏ်ရာရတဲ့ထဲမှာ စိုးရိမ်ရတဲ့အနေအထားက ၁ ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက ပေါင်ထိတာတွေ လက်ထိတာတွေပေါ့။”

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အင်အားအကြီးဆုံး သပိတ်ဖြစ်တဲ့ တန့်ဆည်မြို့မှာတော့ ဒီကနေ့ ဧပြီ ၇ ရက် ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံ ၁ ဦးကပြောပါတယ်။

“ကျနော်တို့ ညနေ ၃ နာရီလောက်က စစ်သား ၁၀၀ လောက်ဝင်လာတယ်။ ဝင်လာတော့လမ်းမှာ တချို့ရွာတွေက သစ်ပင်တွေလှဲထားတော့ သူတို့ အချိန်ကြာသွားတာပေါ့။ ကုန်သွားတော့သူတို့ တန့်ဆည်ဝင်ခါနီးကျတော့မြို့ကအဝင်မခံတော့ဘူး ဝင်ခါနီးမှာဝိုင်းထားပြီး ဖြစ်ကြတာပေါ့။ ဖြစ်တော့ သူတို့ဘက်ကတော့ အဖြစ်နာတယ်။ ဘယ်လောက်ထိလဲ ကျနော်တို့မသိဘူး ကျနော်တို့ဘက်က ၆ ယောက် ၇ ယောက်ထိတယ်။ တယောက်ကတော့ဆုံးသွားပြီ။ နောက်တယောက်ကလည်းစိုးရိမ်ရတယ်။ ခုကတော့ သူတို့က ရွှေဘိုနဲ့ မုံရွာဘက်က စစ်ကူတောင်းထားတယ်ကြားတယ်။ ရေဦးဘက်ကလည်း လမ်းတွေကို ပိတ်ပြီးအကျပ်ကိုင်မယ်။ ဘယ်လိုဆက်ဖြစ်မယ်မသိဘူး။ သူတို့ဘက်က တပန်းသာတာ သူတို့က စနိုက်ပါဆိုတော့ တပန်းသာတယ်။ ကျနော်တို့က တူမီးနဲ့ပစ်ရတာ။ တောပစ်သေနတ်ပေါ့ နီးပစ်မှ ရတယ်။ နီးရင်တော့ ပွင့်တာပေါ့။ အဝေးတော့မရဘူး။"

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာလည်း အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဖြိုခွင်းခဲ့လို့ တယောက် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၉ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ထားဝယ် မြို့ခံ ၁ ဦးက ပြောပါတယ်။

“မနက်က ၁၂ နာရီလောက်မှာ ထားဝယ်မှာ အင်ဂျင်နီယာစစ်ကြောင်းက သပိတ်ထွက်တယ်ပေါ့နော်။ သပိတ်ထွက်ပြီး သိပ်မကြာခင်မှာပဲ စစ်ကား ၂ စီးနဲ့ ရပ်ကွက်ထဲရောက်လာတယ်။ ထွက်နေတဲ့ စစ်ကြောင်းနားကို ရောက်လာတဲ့အခါကျတော့ ပိတ်မိသွားသလို ဖြစ်သွားတာပေါ့နော်။ ပြီးတော့ စစ်ကားတွေက တောက်လျှောက် ရောက်လာပြီး စုစုပေါင်းဆိုရင် ၈ စီးလောက် ရောက်လာတဲ့ အနေအထား ဖြစ်သွားတာပေါ့နော်။ ကားတွေက ဒလဟောဆင်းလာပြီးတော့ ကားတွေပေါ် လူတွေအပြည့်ပါလာတယ်။ စစ်သားတွေ ရဲတွေအပြည့်ပါလာပြီးတော့ ရပ်ကွက်တွေထဲမှာရှိတဲ့ တလမ်းဝင်တလမ်းထွက် လုပ်တဲ့အခါမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ပစ်ခတ်မှုတွေဖြစ်တော့ သေနတ်အစစ်နဲ့ပစ်တဲ့ လက်မှာ ဒဏ်ရာရသွားတယ်။ ဒီ့အပြင် ၉ ယောက်ကိုတော့ ကားပေါ်တင်ပြီး ဖမ်းခေါ်သွားတယ်။”

ဒါ့အပြင် ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာ ဧပြီ ၆ ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့က မြို့ထဲရှိ စားသောက်ဆိုင်တဆိုင်ကို သံပုံးတီးလို့ ဝင်ရောက်ဖျက်ဆီးသွားပြီး မြို့ခံတွေက လာရောက် ဖြေရှင်းပေးဖို့ တောင်းဆိုပေမယ့် မဖြေရှင်းပေးလို့ မြို့ခံတွေက ညောင်ရွှေရဲစခန်းကို သွားရောက်ရာကနေ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး မြို့ခံ ၁ ဦး သေဆုံးခဲ့တယ်လို့ ညောင်ရွှေမြို့ခံ ၁ ဦးက ပြောပါတယ်။

“စားသောက်ဆိုင်တဆိုင်ကို သူတို့က ဝင်ပြီးတော့ သောင်းကျန်းသွားတယ်။ တံခါးတွေလည်း ဆောင့်ကန်သွာ တယ်ဆိုတော့ မြို့ကလူက ကြားသွားပြီးတော့ ပြန်ဆော်ချင်တော့ ထိန်းမရဘူး။ သူတို့ကို လာဆွေးနွေးဖို့ ခေါ်တယ် မလာဘူး။ မလာတော့ စခန်းသွားကြတယ်။ သွားတော့ စပစ်တာ လေးဂွနဲ့စပစ်တယ်။ ပစ်တော့ သေနတ်နဲ့ ပြန်ပစ်ပြီး ချကြတာပေါ့။ တယောက်က ခေါင်းထိပြီးတော့ ဆုံးသွားတယ်ခင်ဗျ။ ဒဏ်ရာရတာက ကျွန်တော်သိသလောက် လက်မောင်းပေါက်ထွက်သွားတယ်။”

အာဏာသိမ်းတာ ၂ လကျော်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၆၀၀ နီးပါး ရှိပြီဖြစ်ပြီး အများစုက အသက် ၂၀ ကျော်အရွယ်တွေဖြစ်သလို ကျည်ဆံထိမှန် သေဆုံးတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG