သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္က ေသြးမတိတ္တဲ့ ေဆးသပိတ္


ရန္ကုန္ၿမိဳ႕က လက္ သံုးေခ်ာင္းေထာင္ ေဆးသပိတ္ ျမင္ကြင္း။ (ဧၿပီ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပလႈပ္ရွားသူေတြဟာ ဒီကေန႔မွာေတာ့ လမ္းမေတြေပၚမွာ ေဆးသပိတ္ကို ဆင္ႏႊဲခဲ့ၾကပါတယ္။ စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္ေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ က်ဆုံးသြားသူေတြကို ရည္စူးၿပီး ေသြးမတိတ္ ေဆးသပိတ္ကို ျပဳလုပ္ခဲ့တာပါ။ အခ်ိန္ကာလ ၂ လေက်ာ္လာခ်ိန္အထိ စစ္အုပ္ခ်ဳပ္ေရးကို လက္မခံဘဲ ပုံစံမ်ိဳးစုံနဲ႔ ကန႔္ကြက္ဆႏၵျပေနၾကတဲ့ ရန္ကုန္က လာတဲ့သတင္းကိုေတာ့ မဆုမြန္က တင္ျပေပးပါမယ္။

ဒီမိုကေရစီ အေရးေတာ္ပုံအတြင္း က်ဆုံးခဲ့ၾကတဲ့ အာဇာနည္သူရဲေကာင္းေတြကို ရည္စူးၿပီး တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဒီကေန႔မွာ ေဆးသပိတ္ကိုဆင္ႏႊဲဖို႔ လူငယ္ေတြက တိုက္တြန္းခဲ့ၾကတာပါ။ ေသြးမတိတ္ ေဆးသပိတ္လို႔ အမည္ေပးထားတဲ့ ဒီလႈပ္ရွားမႈကို လမ္းမေတြေပၚမွာ ေဆးအနီေရာင္ ပက္ဖ်န္းၿပီး ေသြးစြန္းၿပီး ေသခဲ့ရသူေတြအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ အပါအဝင္ သူတို႔ကို ပစ္ခတ္ခဲ့ၾကတဲ့ စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္သူေတြပါ ေျခာက္ျခားေစဖို႔ ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့တာပါ။ အာဏာရွင္ေတာ္လွန္ေရးအတြက္ ပုံစံမ်ိဳးစုံနဲ႔ ဆႏၵျပသပိတ္ေတြ ျပဳလုပ္ေနၾကတဲ့ အင္ဂ်င္နီယာသပိတ္စစ္ေၾကာင္းဟာလည္း ဒီကေန႔မွာ အခက္အခဲေတြၾကားထဲက ေဆးသပိတ္ကို ျပဳလုပ္ခဲ့ပါတယ္။

"စီစဥ္ထားတာကေတာ့ မနက္ေစာေစာ ထလုပ္မယ္ေပါ့ေနာ္။ မနက္ေစာေစာလုပ္မွာက နည္းနည္းပဲလုပ္ျဖစ္ၿပီး ၾကာသြားတာ ဘာျဖစ္လို႔လဲဆိုေတာ့ မေန႔က ညေနကတည္းက က်ေနာ္တို႔ဝယ္သြားလိုက္တဲ့ ေဆးေတြက၊ ဆိုင္က မွားၿပီး ထည့္ေပးလိုက္တာ အေရာင္ေတြက လြဲေနတာ။ အဲဒါနဲ႔ သူတို႔ဆိုင္ဖြင့္တဲ့အခ်ိန္အထိ ျပန္ေစာင့္ၿပီးေတာ့မွ မိုးေတြကလည္း ႐ြာေနေသးတာကို။ ေဆးအေရာင္မွန္တဲ့ အဖြဲ႕ကေတာ့ မနက္ပိုင္း ဆက္လုပ္တယ္ဗ်ာ။ မမွန္ေသးတဲ့ သူေတြကေတာ့ အဲဒီဆိုင္ဖြင့္တဲ့ အခ်ိန္ကိုေစာင့္ၿပီးေတာ့ လဲၿပီးေတာ့မွ ေန႔ခင္းေၾကာတေလွ်ာက္ တခ်က္ဆက္လုပ္တယ္ေပါ့ေနာ္။"

စစ္တပ္က အာဏာသိမ္းတာ ရက္ေပါင္း ၆၀ ေက်ာ္လာခ်ိန္အထိ ဆန႔္က်င္ေတာ္လွန္ေရးမွာ ပါဝင္ေနၾကသူေတြဟာ အၾကမ္းဖက္ၿဖိဳခြဲမႈေတြၾကားကေန ရရာပုံစံနဲ႔ ဆႏၵျပေနၾကတာပါ။ အင္ဂ်င္နီယာသပိတ္ စစ္ေၾကာင္းအေနနဲ႔လည္း လုံၿခဳံေရးအခက္အခဲ၊ ေငြေၾကးအခက္အခဲေတြ ရွိလာေနေပမဲ့ အာဏာရွင္ကို ဆက္ၿပီးဆန႔္က်င္သြားမယ္လို႔ သပိတ္မွာပါဝင္သူေတြက ေျပာပါတယ္။

ဆႏၵျပသူေတြအေပၚစစ္တပ္နဲ႔ရဲေတြက လက္နက္ေတြသုံး အၾကမ္းဖက္ပစ္ခတ္လို႔ ေသဆုံးသူ ၅၇၀ ဦးရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ ဧၿပီလ ၅ရက္အထိ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီအေရအတြက္ဟာ AAPPB က ေကာက္ယူရရွိထားတဲ့ ေသဆုံးသူအေရအတြက္ ျဖစ္ၿပီး၊ စစ္တပ္နဲ႔ရဲေတြရဲ႕ အင္အားသုံးအၾကမ္းဖက္လို႔ ေသဆုံးခဲ့ရသူေတြဟာ ဒီထက္မက ရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။ ေသဆုံးသူေတြထဲမွာ ကေလးသူငယ္ေတြနဲ႔ ေက်ာင္းသားလူငယ္ေတြလည္း ပါဝင္ေနပါတယ္။

ဆႏၵျပလူငယ္ေတြဟာ အၾကမ္းဖက္ၿဖိဳခြဲခံရမယ့္ဒဏ္ကို ကာကြယ္ႏိုင္ဖို႔အတြက္ ခံတပ္ေတြေဆာက္ၿပီး ခုခံေတာ္လွန္ခဲ့ၾကေပမဲ့ က်ဆုံး သူမ်ားလာတဲ့ေနာက္မွာေတာ့ လက္နက္ကိုင္ေတြနဲ႔ ထိပ္တိုက္မေတြ႕ေတာ့ဘဲ ပုံစံေျပာင္းဆန႔္က်င္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္လာၾကပါတယ္။

"က်ေနာ္တို႔ အခုက ကာကြယ္ေရးနဲ႔ တိုက္ခိုက္ေရးအပိုင္း ျဖစ္သြားၿပီဗ်။ ဆႏၵျပတဲ့အပိုင္း မဟုတ္ေတာ့ဘူးေပါ့ေနာ္။ တကယ္လို႔ ဆႏၵျပတဲ့သူေတြကို သူတို႔ၿဖိဳခြဲမယ္ဆိုတဲ့ သတင္းၾကားရင္ က်ေနာ္တို႔ ကာကြယ္ေပးမယ္၊ ထြက္ေပးမယ္ ... ဒါမ်ိဳးပဲရွိေတာ့မယ္။ ရပ္ကြက္ေတြထဲမွာ ဆႏၵျပတာေတြကေတာ့ လုပ္တယ္ခင္ဗ်။ က်ေနာ္တို႔ သိရသေလာက္ေတာ့ တခ်ိဳ႕ရပ္ကြက္ေတြ လူနည္းစုေပါ့ေနာ္၊ အေယာက္ ၂၀ - ၃၀ ေလာက္ ထြက္ၿပီးေတာ့ ဆႏၵျပတာေတာ့ ရွိတယ္ခင္ဗ်။ ဆႏၵျပတာနဲ႔ သူတို႔ကေရာက္လာ၊ ေရာက္လာတာနဲ႔ ၿဖိဳခြဲမယ္ဆိုတာမ်ိဳးႀကီး ျဖစ္ေနေတာ့ က်ေနာ္တို႔မွာက လက္ရွိမွာ အင္အားက မမွ်ေသးတဲ့အတြက္ နည္းနည္းေလး ၿငိမ္ေနတယ္ခင္ဗ်။ ၿငိမ္ေနေတာ့ ျပည္သူကလည္း ၿမိဳ႕နယ္စုံအုံႂကြလို႔ ရွိရင္ေတာ့ က်ေနာ္တို႔လည္း ထြက္လာၿပီးေတာ့ ျပန္ၿပီးေတာ့ ကာကြယ္ဖို႔ပဲ ရွိေတာ့တယ္ခင္ဗ်။"

ဆႏၵျပသပိတ္ေတြ ၿဖိဳခြဲခံရတဲ့အထဲ က်ဆုံးသူအမ်ားဆုံးရွိခဲ့တဲ့ ေျမာက္ဥကၠလာၿမိဳ႕နယ္မွာေတာ့ လမ္းမေတြေပၚမွာ ဆႏၵျပသပိတ္ေတြမရွိေတာ့ေပမဲ့ ၿခိမ္းေျခာက္မႈေတြၾကားထဲကေန အာဏာရွင္ကို ဆန႔္က်င္ေနၾကတုန္းပါ။

"လမ္းၾကားထဲေတြမွာပဲ နည္းနည္းခ်င္းလုပ္လို႔ရတာ။ ထြက္တာနဲ႔ပစ္တာဆိုေတာ့ ဘယ္သူမွလမ္းေပၚမေရာက္ဘူး ျဖစ္ေနတာ။ သူတို႔ကားေတြ ခ်ထားတာလည္း အမ်ားႀကီးပဲ။ ေျခာက္ေကြ႕ရယ္၊ ကန္သာယာရယ္၊ အဝိုင္းက်ေတာ့ ၿမိဳ႕နယ္ခန္းမမွာ။"

အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး အာဏာသိမ္းထားတဲ့ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြအေပၚနည္းအမ်ိဳးမ်ိဳးနဲ႔ ဆန႔္က်င္ေနသူေတြထဲက နာမည္ေက်ာ္ လူသိမ်ားသူေတြကို ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (က) နဲ႔ အေရးယူတာေတြလည္း ရွိလာပါတယ္။ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသူေတြထဲကလူ႐ႊင္ေတာ္ ဇာဂနာ (ခ) ဦးသူရကိုလည္း ဒီကေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီကဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။ နယ္ပယ္အသီးသီးမွာ လူသိမ်ားသူေတြကို ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့အထဲ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လူမင္းနဲ႔ ရဲတိုက္တို႔ကိုလည္း စစ္ေကာင္စီက ဖမ္းဆီးထားပါတယ္။

စစ္ေကာင္စီရဲ႕ အာဏာသိမ္းတဲ့လုပ္ရပ္အေပၚကန႔္ကြက္ဆန႔္က်င္ေနတဲ့အခ်ိန္မွာဘဲ မၾကာခင္ ေရာက္လာေတာ့မယ့္ အတာသၾကၤန္နဲ႔ ႏွစ္သစ္ကူးပြဲေတာ္ကိုလည္း မဆင္ႏႊဲဖို႔နဲ႔ သၾကၤန္ရက္ေတြမွာ အိမ္ျပင္မထြက္ဘဲ သပိတ္ဆင္ႏႊဲေပးဖို႔ကို ၿမိဳ႕နယ္အသီးသီးက လူငယ္ေတြက ေတာင္းဆိုထားၾကပါတယ္။

ရန္ကုန္က ေသြးမတိတ္တဲ့ ေဆးသပိတ္
please wait

No media source currently available

0:00 0:04:21 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်က သွေးမတိတ်တဲ့ ဆေးသပိတ်

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေဟာ ဒီကနေ့မှာတော့ လမ်းမတွေပေါ်မှာ ဆေးသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသူတွေကို ရည်စူးပြီး သွေးမတိတ် ဆေးသပိတ်ကို ပြုလုပ်ခဲ့တာပါ။ အချိန်ကာလ ၂ လကျော်လာချိန်အထိ စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ပုံစံမျိုးစုံနဲ့ ကန့်ကွက်ဆန္ဒပြနေကြတဲ့ ရန်ကုန်က လာတဲ့သတင်းကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ရည်စူးပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့မှာ ဆေးသပိတ်ကိုဆင်နွှဲဖို့ လူငယ်တွေက တိုက်တွန်းခဲ့ကြတာပါ။ သွေးမတိတ် ဆေးသပိတ်လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို လမ်းမတွေပေါ်မှာ ဆေးအနီရောင် ပက်ဖျန်းပြီး သွေးစွန်းပြီး သေခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အပါအဝင် သူတို့ကို ပစ်ခတ်ခဲ့ကြတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်သူတွေပါ ခြောက်ခြားစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ အာဏာရှင်တော်လှန်ရေးအတွက် ပုံစံမျိုးစုံနဲ့ ဆန္ဒပြသပိတ်တွေ ပြုလုပ်နေကြတဲ့ အင်ဂျင်နီယာသပိတ်စစ်ကြောင်းဟာလည်း ဒီကနေ့မှာ အခက်အခဲတွေကြားထဲက ဆေးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

"စီစဉ်ထားတာကတော့ မနက်စောစော ထလုပ်မယ်ပေါ့နော်။ မနက်စောစောလုပ်မှာက နည်းနည်းပဲလုပ်ဖြစ်ပြီး ကြာသွားတာ ဘာဖြစ်လို့လဲဆိုတော့ မနေ့က ညနေကတည်းက ကျနော်တို့ဝယ်သွားလိုက်တဲ့ ဆေးတွေက၊ ဆိုင်က မှားပြီး ထည့်ပေးလိုက်တာ အရောင်တွေက လွဲနေတာ။ အဲဒါနဲ့ သူတို့ဆိုင်ဖွင့်တဲ့အချိန်အထိ ပြန်စောင့်ပြီးတော့မှ မိုးတွေကလည်း ရွာနေသေးတာကို။ ဆေးအရောင်မှန်တဲ့ အဖွဲ့ကတော့ မနက်ပိုင်း ဆက်လုပ်တယ်ဗျာ။ မမှန်သေးတဲ့ သူတွေကတော့ အဲဒီဆိုင်ဖွင့်တဲ့ အချိန်ကိုစောင့်ပြီးတော့ လဲပြီးတော့မှ နေ့ခင်းကြောတလျှောက် တချက်ဆက်လုပ်တယ်ပေါ့နော်။"

စစ်တပ်က အာဏာသိမ်းတာ ရက်ပေါင်း ၆၀ ကျော်လာချိန်အထိ ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်နေကြသူတွေဟာ အကြမ်းဖက်ဖြိုခွဲမှုတွေကြားကနေ ရရာပုံစံနဲ့ ဆန္ဒပြနေကြတာပါ။ အင်ဂျင်နီယာသပိတ် စစ်ကြောင်းအနေနဲ့လည်း လုံခြုံရေးအခက်အခဲ၊ ငွေကြေးအခက်အခဲတွေ ရှိလာနေပေမဲ့ အာဏာရှင်ကို ဆက်ပြီးဆန့်ကျင်သွားမယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲတွေက လက်နက်တွေသုံး အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၅၇၀ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ဧပြီလ ၅ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက် ဖြစ်ပြီး၊ စစ်တပ်နဲ့ရဲတွေရဲ့ အင်အားသုံးအကြမ်းဖက်လို့ သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ ကျောင်းသားလူငယ်တွေလည်း ပါဝင်နေပါတယ်။

ဆန္ဒပြလူငယ်တွေဟာ အကြမ်းဖက်ဖြိုခွဲခံရမယ့်ဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ခံတပ်တွေဆောက်ပြီး ခုခံတော်လှန်ခဲ့ကြပေမဲ့ ကျဆုံး သူများလာတဲ့နောက်မှာတော့ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပုံစံပြောင်းဆန့်ကျင်နိုင်ဖို့အတွက် ဆောင်ရွက်လာကြပါတယ်။

"ကျနော်တို့ အခုက ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးအပိုင်း ဖြစ်သွားပြီဗျ။ ဆန္ဒပြတဲ့အပိုင်း မဟုတ်တော့ဘူးပေါ့နော်။ တကယ်လို့ ဆန္ဒပြတဲ့သူတွေကို သူတို့ဖြိုခွဲမယ်ဆိုတဲ့ သတင်းကြားရင် ကျနော်တို့ ကာကွယ်ပေးမယ်၊ ထွက်ပေးမယ် ... ဒါမျိုးပဲရှိတော့မယ်။ ရပ်ကွက်တွေထဲမှာ ဆန္ဒပြတာတွေကတော့ လုပ်တယ်ခင်ဗျ။ ကျနော်တို့ သိရသလောက်တော့ တချို့ရပ်ကွက်တွေ လူနည်းစုပေါ့နော်၊ အယောက် ၂၀ - ၃၀ လောက် ထွက်ပြီးတော့ ဆန္ဒပြတာတော့ ရှိတယ်ခင်ဗျ။ ဆန္ဒပြတာနဲ့ သူတို့ကရောက်လာ၊ ရောက်လာတာနဲ့ ဖြိုခွဲမယ်ဆိုတာမျိုးကြီး ဖြစ်နေတော့ ကျနော်တို့မှာက လက်ရှိမှာ အင်အားက မမျှသေးတဲ့အတွက် နည်းနည်းလေး ငြိမ်နေတယ်ခင်ဗျ။ ငြိမ်နေတော့ ပြည်သူကလည်း မြို့နယ်စုံအုံကြွလို့ ရှိရင်တော့ ကျနော်တို့လည်း ထွက်လာပြီးတော့ ပြန်ပြီးတော့ ကာကွယ်ဖို့ပဲ ရှိတော့တယ်ခင်ဗျ။"

ဆန္ဒပြသပိတ်တွေ ဖြိုခွဲခံရတဲ့အထဲ ကျဆုံးသူအများဆုံးရှိခဲ့တဲ့ မြောက်ဥက္ကလာမြို့နယ်မှာတော့ လမ်းမတွေပေါ်မှာ ဆန္ဒပြသပိတ်တွေမရှိတော့ပေမဲ့ ခြိမ်းခြောက်မှုတွေကြားထဲကနေ အာဏာရှင်ကို ဆန့်ကျင်နေကြတုန်းပါ။

"လမ်းကြားထဲတွေမှာပဲ နည်းနည်းချင်းလုပ်လို့ရတာ။ ထွက်တာနဲ့ပစ်တာဆိုတော့ ဘယ်သူမှလမ်းပေါ်မရောက်ဘူး ဖြစ်နေတာ။ သူတို့ကားတွေ ချထားတာလည်း အများကြီးပဲ။ ခြောက်ကွေ့ရယ်၊ ကန်သာယာရယ်၊ အဝိုင်းကျတော့ မြို့နယ်ခန်းမမှာ။"

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေသူတွေထဲက နာမည်ကျော် လူသိများသူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူတာတွေလည်း ရှိလာပါတယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေထဲကလူရွှင်တော် ဇာဂနာ (ခ) ဦးသူရကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီကဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ နယ်ပယ်အသီးသီးမှာ လူသိများသူတွေကို ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အထဲ ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်အပေါ်ကန့်ကွက်ဆန့်ကျင်နေတဲ့အချိန်မှာဘဲ မကြာခင် ရောက်လာတော့မယ့် အတာသင်္ကြန်နဲ့ နှစ်သစ်ကူးပွဲတော်ကိုလည်း မဆင်နွှဲဖို့နဲ့ သင်္ကြန်ရက်တွေမှာ အိမ်ပြင်မထွက်ဘဲ သပိတ်ဆင်နွှဲပေးဖို့ကို မြို့နယ်အသီးသီးက လူငယ်တွေက တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG