သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္မဲၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္ ေပါက္ကြဲမႈ ၃ ဦး ဒဏ္ရာရ


ေက်ာက္မဲၿမိဳ႕ အဝင္ဂိတ္ ေပါက္ကဲြမႈအၿပီး ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၲေလး-လားရႈိးလမ္းက ေက်ာက္မဲၿမိဳ႕အဝင္ဂိတ္မွာ တနလၤာေန႔ ညေနပိုင္းက ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး လူ သံုး ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီေပါက္ကြဲမႈဟာ ဆိုင္ကယ္နဲ႔ လာပစ္သြားတဲ့ လက္လုပ္မိုင္းအျဖစ္လည္း ယူဆတာေတြ ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။

ေက်ာက္မဲၿမိဳ႕ အဝင္ဂိတ္ ေပါက္ကဲြမႈအၿပီး ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၀၅၊ ၂၀၂၁)
ေက်ာက္မဲၿမိဳ႕ အဝင္ဂိတ္ ေပါက္ကဲြမႈအၿပီး ျမင္ကြင္း။ (ဓာတ္ပံု - ဧၿပီ ၀၅၊ ၂၀၂၁)

တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္းအၾကားနဲ႔ တိုင္းရင္းသား လက္နက္ကိုင္နဲ႔ တပ္မေတာ္အၾကား မၾကာခဏ တိုက္ပြဲျဖစ္ပြားေနတဲ့ ေက်ာက္မဲေဒသမွာ တနလၤာေန႔ညေန ၇ နာရီအေက်ာ္က ေပါက္ကြဲမႈျဖစ္ခဲ့တာပါ။

ဒီေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့အေျခအေနကို ေဒသခံတစ္ဦးက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“မေန႔က ျဖစ္စဥ္ကေတာ့ ၇ နာရီ ၁၅ ေလာက္မွာ ေပါက္ကြဲမႈ တခု ျဖစ္တယ္ေပါ့ေနာ္။ ေတာ္ေတာ္ႀကီးကို အသံက်ယ္ပါတယ္။ တုန္လႈပ္တယ္ေပါ့ေနာ္။ CCTV ကို ျပန္ၾကည့္တဲ့အခါမွာ ဆိုင္ကယ္စီးသြားတဲ့ လူႏွစ္ေယာက္ေပါ့ေနာ္။ လူငယ္ႏွစ္ေယာက္ကေန ပစ္ထုတ္လိုက္တာပါ။ အဲဒီပစ္ထုတ္လိုက္တာလည္း လက္လုပ္ဗုံးလိုဟာလို႔ ယူဆပါတယ္။ အဲဒီျဖစ္စဥ္ျဖစ္ၿပီးေတာ့ အဲဒီ ဝန္ထမ္း သံုး ေယာက္က မစိုးရိမ္ရတဲ့ဒဏ္ရာ ရတယ္လို႔ ေျပာပါတယ္။ မေန႔ကတည္းက ျဖစ္ကတည္းက စစ္ေဆးဆြယ္ကို ေခၚသြားပါတယ္ခင္ဗ်။ စစ္တပ္က ေဆးဆြယ္မွဴး ရွိပါတယ္ ဒီမွာ။ အဲဒီမွာပဲ ကုသေပးေနပါတယ္။”

လက္ရွိအေျခအေနမွာေတာ့ ဗုံးပစ္သူ တရားခံကို ဖမ္းဆီးရမိေၾကာင္း မၾကားသိရေသးသလို မႏၲေလး-လားရႈိးလမ္းမွာ ကားအသြားအလာေတြ ရပ္ဆိုင္းတယ္ဆိုတာလည္း မၾကားရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေက်ာက္မဲေဒသဟာ လက္နက္ကိုင္အဖြဲ႕မ်ိဳးစုံ လႈပ္ရွားေနသလို ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္တာ၊ ဗုံးေပါက္ကြဲတာေတြ မၾကာခဏ ျဖစ္ပြားေနၿပီး လုံၿခဳံေရးအေျခအေနမွာေတာ့ အဆင့္ သုညေလာက္သာ ရွိေနတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္က ေ႐ြးေကာက္ခံ ျပည္နယ္လႊတ္ေတာ္ ဦးစိုင္းထြန္းဉာဏ္က သုံးသပ္ပါတယ္။

“က်ေနာ္တို႔ ရွမ္းေျမာက္ကေတာ့ ဟိုယခင္ကတည္းကေတာ့ လုံၿခဳံတဲ့ေဒသ မဟုတ္ဘူးေလေနာ္။ လက္နက္ကိုင္အဖြဲ႕အစည္းေတြ မ်ားတယ္။ ပစ္တာခတ္တာ ရွိတယ္ေပါ့။ ခုဆို ပိုဆိုးတာေပါ့။ ၿမိဳ႕ထဲလည္း မလုံၿခဳံၾကပါဘူး။ လုံၿခဳံေရးကေတာ့ အဆင့္ zero ေလာက္ရွိတာေပါ့ဗ်ာ။ အခုတေလာ ေက်ာက္မဲ၊ သီေပါတဝိုက္မွာလည္း ေန႔တိုင္း နီးပါးလို တိုက္ပြဲေတြ ျဖစ္ေနတာေလ။ အဓိက လက္နက္ကိုင္ ၄ ဖြဲ႕ေပါ့။ အစိုးရစစ္တပ္ရွိမယ္၊ SSPP ရွိမယ္၊ TNLA ရွိမယ္၊ RCSS ရွိမယ္။ ေနရာကြက္ၾကား၊ ကြက္ၾကားေတြေတာ့ ဆက္တိုက္ တိုက္ပြဲျဖစ္ေနတာပဲ။ မေန႔က ေပါက္ကြဲတဲ့ေနရာကလည္း အမွန္ကေတာ့ အၿမဲတမ္း ရဲတို႔၊ တပ္မေတာ္တို႔ အၿမဲတမ္း ေစာင့္ၾကည့္ေနတဲ့ေနရာပဲေလ။”

မူဆယ္ၿမိဳ႕နယ္၊ ဖုိင္ေကာင္းေက်းရြာအုပ္စုမွာလည္း မေန႔ညေန ၁၀ နာရီေလာက္က ဗံုးတလံုးေပါက္ကဲြခဲ့ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီးကာလမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ ေက်ာက္မဲခ႐ိုင္အမွတ္ (၁) က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ထိုက္ဟာ ေနအိမ္မွာပဲ ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရပါတယ္။

၂၀၁၈ ခုႏွစ္ တပ္မေတာ္ေန႔ မတိုင္မီ မတ္လ ၂၆ ရက္ေန႔ကလည္း ေက်ာက္မဲၿမိဳ႕ အဝင္ဂိတ္မွာ ဗုံး ႏွစ္ လုံးေပါက္ကြဲခဲ့ဖူးပါတယ္။

ဒီလ ၅ ရက္ေန႔ကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္းမွာ SSPP ရွမ္းေျမာက္နဲ႔ TNLA တအန္း(ပေလာင္) ပူးေပါင္းတပ္နဲ႔ RCSS ရွမ္းေတာင္တပ္ေတြအၾကားမွာ တိုက္ပြဲျဖစ္ပြားေနသလို ၄ ရက္ေန႔ကေတာ့ လားရႈိးၿမိဳ႕နယ္ မိုင္းေယာ္ေက်း႐ြာအုပ္စုမွာ တပ္မေတာ္နဲ႔ KIA ကခ်င္တပ္ဖြဲ႕အၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ေက်ာက္မဲ၊ သီေပါ၊ နမၼတူၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့တိုက္ပြဲေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြဟာ ေနရပ္စြန႔္ခြာၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းက ကျောက်မဲမြို့အဝင်ဂိတ်မှာ တနင်္လာနေ့ ညနေပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ သုံး ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဆိုင်ကယ်နဲ့ လာပစ်သွားတဲ့ လက်လုပ်မိုင်းအဖြစ်လည်း ယူဆတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြားနဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်မဲဒေသမှာ တနင်္လာနေ့ညနေ ၇ နာရီအကျော်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အခြေအနေကို ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့က ဖြစ်စဉ်ကတော့ ၇ နာရီ ၁၅ လောက်မှာ ပေါက်ကွဲမှု တခု ဖြစ်တယ်ပေါ့နော်။ တော်တော်ကြီးကို အသံကျယ်ပါတယ်။ တုန်လှုပ်တယ်ပေါ့နော်။ CCTV ကို ပြန်ကြည့်တဲ့အခါမှာ ဆိုင်ကယ်စီးသွားတဲ့ လူနှစ်ယောက်ပေါ့နော်။ လူငယ်နှစ်ယောက်ကနေ ပစ်ထုတ်လိုက်တာပါ။ အဲဒီပစ်ထုတ်လိုက်တာလည်း လက်လုပ်ဗုံးလိုဟာလို့ ယူဆပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ အဲဒီ ဝန်ထမ်း သုံး ယောက်က မစိုးရိမ်ရတဲ့ဒဏ်ရာ ရတယ်လို့ ပြောပါတယ်။ မနေ့ကတည်းက ဖြစ်ကတည်းက စစ်ဆေးဆွယ်ကို ခေါ်သွားပါတယ်ခင်ဗျ။ စစ်တပ်က ဆေးဆွယ်မှူး ရှိပါတယ် ဒီမှာ။ အဲဒီမှာပဲ ကုသပေးနေပါတယ်။”

လက်ရှိအခြေအနေမှာတော့ ဗုံးပစ်သူ တရားခံကို ဖမ်းဆီးရမိကြောင်း မကြားသိရသေးသလို မန္တလေး-လားရှိုးလမ်းမှာ ကားအသွားအလာတွေ ရပ်ဆိုင်းတယ်ဆိုတာလည်း မကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲဒေသဟာ လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေသလို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေမှာတော့ အဆင့် သုညလောက်သာ ရှိနေတယ်လို့ ကျောက်မဲမြို့နယ်က ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ဦးစိုင်းထွန်းဉာဏ်က သုံးသပ်ပါတယ်။

“ကျနော်တို့ ရှမ်းမြောက်ကတော့ ဟိုယခင်ကတည်းကတော့ လုံခြုံတဲ့ဒေသ မဟုတ်ဘူးလေနော်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ များတယ်။ ပစ်တာခတ်တာ ရှိတယ်ပေါ့။ ခုဆို ပိုဆိုးတာပေါ့။ မြို့ထဲလည်း မလုံခြုံကြပါဘူး။ လုံခြုံရေးကတော့ အဆင့် zero လောက်ရှိတာပေါ့ဗျာ။ အခုတလော ကျောက်မဲ၊ သီပေါတဝိုက်မှာလည်း နေ့တိုင်း နီးပါးလို တိုက်ပွဲတွေ ဖြစ်နေတာလေ။ အဓိက လက်နက်ကိုင် ၄ ဖွဲ့ပေါ့။ အစိုးရစစ်တပ်ရှိမယ်၊ SSPP ရှိမယ်၊ TNLA ရှိမယ်၊ RCSS ရှိမယ်။ နေရာကွက်ကြား၊ ကွက်ကြားတွေတော့ ဆက်တိုက် တိုက်ပွဲဖြစ်နေတာပဲ။ မနေ့က ပေါက်ကွဲတဲ့နေရာကလည်း အမှန်ကတော့ အမြဲတမ်း ရဲတို့၊ တပ်မတော်တို့ အမြဲတမ်း စောင့်ကြည့်နေတဲ့နေရာပဲလေ။”

မူဆယ်မြို့နယ်၊ ဖိုင်ကောင်းကျေးရွာအုပ်စုမှာလည်း မနေ့ညနေ ၁၀ နာရီလောက်က ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကျောက်မဲခရိုင်အမှတ် (၁) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထိုက်ဟာ နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် တပ်မတော်နေ့ မတိုင်မီ မတ်လ ၂၆ ရက်နေ့ကလည်း ကျောက်မဲမြို့ အဝင်ဂိတ်မှာ ဗုံး နှစ် လုံးပေါက်ကွဲခဲ့ဖူးပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ SSPP ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်နဲ့ RCSS ရှမ်းတောင်တပ်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေသလို ၄ ရက်နေ့ကတော့ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုမှာ တပ်မတော်နဲ့ KIA ကချင်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG