သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စမ္းေခ်ာင္း ပရဟိတေဆးခန္းက ဆရာဝန္အပါအဝင္ ၉ ဦး ဖမ္းဆီးခံရ


စမ္းေခ်ာင္းျမိဳ႕နယ္ ေညာင္တုန္းလမ္း ဓမၼာရံုက ပရိဟိတလုပ္ေနတဲ့ ေဆးခန္းက ဆရာ၀န္ေတြနဲ႔ လူ ၉ ဦးကုိ လာေရာက္ဖမ္းဆီးသြားတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - CJ - ဧၿပီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေညာင္တုန္းလမ္းမွာ ဧၿပီလ ၅ ရက္ေန႔က ပရဟိတေဆးခန္းတခုကို ၀င္ေရာက္ျပီး ဆရာ၀န္မ်ားအပါအ၀င္လူ ၉ ေယာက္ကုိ ဖမ္းဆီးသြားပါတယ္။ ဒီသတင္းကို ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

စမ္းေခ်ာင္းျမိဳ႕နယ္ ေညာင္တုန္းလမ္း ဓမၼာရံုအနီး ေတြ႔ရတဲ့ စစ္သားမ်ား။ (ဓာတ္ပံု - CJ - ဧၿပီ ၆၊ ၂၀၂၁)
စမ္းေခ်ာင္းျမိဳ႕နယ္ ေညာင္တုန္းလမ္း ဓမၼာရံုအနီး ေတြ႔ရတဲ့ စစ္သားမ်ား။ (ဓာတ္ပံု - CJ - ဧၿပီ ၆၊ ၂၀၂၁)

ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းျပီးတဲ့ေနာက္ တက္ၾကြလႈပ္ရွားသူေတြ ေက်ာင္းသားလူငယ္ေတြ ဆရာ၀န္ေတြနဲ႔ ပရဟိတလုပ္ေနတဲ့ လုပ္ေနသူေတြကုိ ဆက္တုိက္ဖမ္းဆီးမႈေတြ လုပ္ေနတာပါ။ ဧျပီလ ၅ ရက္ေန႔မွာေတာ့ ရန္ကုန္တုိင္း စမ္းေခ်ာင္းျမိဳ႕နယ္ ေညာင္တုန္းလမ္းက ဓမၼာရံုမွာ ပရဟိတ ေဆးခန္းဖြင့္ထားတဲ့ ဆရာ၀န္ေတြ၊ ေဆးဆရာ၊ ဆရာမေတြ အပါအ၀င္လူ ၉ ဦးခန္႔ကုိ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔၀င္အင္အားအမ်ားအျပား သံုးျပီး ၀င္ေရာက္ဖမ္းဆီးသြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႔ရိွသူ စမ္းေခ်ာင္းျမိဳ႕နယ္က ျပည္သူတဦးကေျပာျပပါတယ္။

"ေညာင္တုန္းလမ္း ဓမၼာရံုက ဟုိးတုန္းကတည္းက စျပီးအေရးအခင္းေတြ ျဖစ္တဲ့အခ်ိန္ကတည္းက ေဆးခန္းေတြ ပိတ္တယ္ဆိုေတာ့ ပရဟိတအေနနဲ႔ ေဆးခန္းေလးေတြ ဖြင့္ေပးထားတာ။ ဆရာ၀န္ပါသြားတယ္။ အားလံုးေပါင္း ၉ ေယာက္ပါသြားတယ္။ ေန႔လည္ ၂ နာရီက ၀င္ျပီးေတာ့ ေဆးပစၥည္းေတြ၊ ေဆးပစၥည္းကိရိယာေတြ၊ လမ္းမွာ တပ္တဲ့ CCTV တပ္တယ္ေလ။ အဲဒီပစၥည္းေတြလည္း အကုန္သယ္သြားတယ္။ ေဆးေတြလည္း ယူသြားတယ္။ ဓမၼာရံုက ပုိက္ဆံေတြလည္း ယူသြားတယ္။ အကုန္လည္း ဖ်က္ဆီးသြားတယ္။"

ဖမ္းဆီးသြားသူေတြထဲမွာ ဆရာ၀န္ေဒါက္တာေအာင္ေက်ာ္ဦးနဲ႔ ပရိဟိတေဆးခန္းကုိ လာၾကတဲ့ လူနာေတြကို အကူညီေပးေနသူေတြကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔လည္းဆုိပါတယ္။

ဒီဓမၼာရံုထဲက ပရဟိတလုပ္ေနတဲ့ ဆရာ၀န္နဲ႔ ေဆးဆရာမေတြဟာ ဆႏၵျပလႈပ္ရွားသူေတြကုိ အားေပးမႈေတြ လုပ္ေနေၾကာင္း CDM အၾကမ္းမဖက္အာခံတဲ့ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္မႈေတြရွိတယ္ဆိုျပီး သတင္းေပးသူေတြ ရွိတဲ့အတြက္လာေရာက္ဖမ္းဆီးခဲ့တာလို႔လည္း ဆိုပါတယ္။ စမ္းေခ်ာင္းျမိဳ႕နယ္ထဲက လမ္းေတြကို စစ္တပ္အင္အား၊ ရဲအင္အားေတြနဲ႔ မၾကာခဏဆိုသလို ပိတ္ဆို႔ၿပီး ရာနဲ႔ ခ်ီရွိတဲ့ တက္ၾကြလႈပ္ရွားသူ လူငယ္ေက်ာင္းသားေတြကို ဖမ္းဆီးမႈေတြလုပ္ခဲ့တာပါ။ မၾကာေသးခင္ရက္ပုိင္းကပဲ အသက္ ၁၃ ႏွစ္အရြယ္ ကေလးတဦးဟာ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားခ်ိန္မွာ အျပင္ထြက္တာေၾကာင့္ စစ္သားေတြက ျပင္းျပင္းထန္ထန္ရိုက္ႏွက္တာေတြ ရွိရတယ္လို႔လည္း ေျပာျပပါတယ္။

စမ္းေခ်ာင္းျမိဳ႕နယ္ထဲကုိ တက္ၾကြလႈပ္ရွားသူေတြ လာေနၾကတဲ့အတြက္ေရာ၊ ညဘက္သံပုန္းတီးတဲ့အတြက္ေၾကာင့္ပါ ညေတြမွာ ေသနတ္ေတြနဲ႔ ပစ္ေဖာက္တာေတြ ရွိေနျပီး စမ္းေခ်ာင္းလူထုဟာ ေသနတ္သံေတြေၾကာင့္ စိုးရိမ္ထိတ္လန္႔စြာ ေနထုိင္ေနရတယ္လို႔လည္းေျပာျပႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စမ်းချောင်း ပရဟိတဆေးခန်းက ဆရာဝန်အပါအဝင် ၉ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းမှာ ဧပြီလ ၅ ရက်နေ့က ပရဟိတဆေးခန်းတခုကို ဝင်ရောက်ပြီး ဆရာဝန်များအပါအဝင်လူ ၉ ယောက်ကို ဖမ်းဆီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေ ဆရာဝန်တွေနဲ့ ပရဟိတလုပ်နေတဲ့ လုပ်နေသူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်နေတာပါ။ ဧပြီလ ၅ ရက်နေ့မှာတော့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းက ဓမ္မာရုံမှာ ပရဟိတ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တွေ၊ ဆေးဆရာ၊ ဆရာမတွေ အပါအဝင်လူ ၉ ဦးခန့်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အားအများအပြား သုံးပြီး ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ စမ်းချောင်းမြို့နယ်က ပြည်သူတဦးကပြောပြပါတယ်။

"ညောင်တုန်းလမ်း ဓမ္မာရုံက ဟိုးတုန်းကတည်းက စပြီးအရေးအခင်းတွေ ဖြစ်တဲ့အချိန်ကတည်းက ဆေးခန်းတွေ ပိတ်တယ်ဆိုတော့ ပရဟိတအနေနဲ့ ဆေးခန်းလေးတွေ ဖွင့်ပေးထားတာ။ ဆရာဝန်ပါသွားတယ်။ အားလုံးပေါင်း ၉ ယောက်ပါသွားတယ်။ နေ့လည် ၂ နာရီက ဝင်ပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းမှာ တပ်တဲ့ CCTV တပ်တယ်လေ။ အဲဒီပစ္စည်းတွေလည်း အကုန်သယ်သွားတယ်။ ဆေးတွေလည်း ယူသွားတယ်။ ဓမ္မာရုံက ပိုက်ဆံတွေလည်း ယူသွားတယ်။ အကုန်လည်း ဖျက်ဆီးသွားတယ်။"

ဖမ်းဆီးသွားသူတွေထဲမှာ ဆရာဝန်ဒေါက်တာအောင်ကျော်ဦးနဲ့ ပရိဟိတဆေးခန်းကို လာကြတဲ့ လူနာတွေကို အကူညီပေးနေသူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။

ဒီဓမ္မာရုံထဲက ပရဟိတလုပ်နေတဲ့ ဆရာဝန်နဲ့ ဆေးဆရာမတွေဟာ ဆန္ဒပြလှုပ်ရှားသူတွေကို အားပေးမှုတွေ လုပ်နေကြောင်း CDM အကြမ်းမဖက်အာခံတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်မှုတွေရှိတယ်ဆိုပြီး သတင်းပေးသူတွေ ရှိတဲ့အတွက်လာရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။ စမ်းချောင်းမြို့နယ်ထဲက လမ်းတွေကို စစ်တပ်အင်အား၊ ရဲအင်အားတွေနဲ့ မကြာခဏဆိုသလို ပိတ်ဆို့ပြီး ရာနဲ့ ချီရှိတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တာပါ။ မကြာသေးခင်ရက်ပိုင်းကပဲ အသက် ၁၃ နှစ်အရွယ် ကလေးတဦးဟာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်မှာ အပြင်ထွက်တာကြောင့် စစ်သားတွေက ပြင်းပြင်းထန်ထန်ရိုက်နှက်တာတွေ ရှိရတယ်လို့လည်း ပြောပြပါတယ်။

စမ်းချောင်းမြို့နယ်ထဲကို တက်ကြွလှုပ်ရှားသူတွေ လာနေကြတဲ့အတွက်ရော၊ ညဘက်သံပုန်းတီးတဲ့အတွက်ကြောင့်ပါ ညတွေမှာ သေနတ်တွေနဲ့ ပစ်ဖောက်တာတွေ ရှိနေပြီး စမ်းချောင်းလူထုဟာ သေနတ်သံတွေကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတယ်လို့လည်းပြောပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG