သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CNN ကို အင္တာဗ်ဴးေပးလို႔ အဖမ္းခံရသူတခ်ိဳ႕ ျပန္လြတ္


ပုံစာ - CNN သတင္းေထာက္ Clarissa Ward ေဒသခံတဦးကို အင္တာဗ်ဴး လုပ္ေနစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံကုိေရာက္ေနတဲ့ CNN သတင္းေထာက္နဲ႔ လမ္းေပၚမွာ ေတြ႔ဆုံေမးျမန္းမိလို႔ အဖမ္းခံခဲ့ရသူ အေတာ္မ်ားမ်ားကို အာဏာပုိင္ေတြက ျပန္လႊတ္ေပးလိုက္ပါၿပီ။ ဒါေပမဲ့ လြတ္ေျမာက္လာသူေတြကေတာ့ သတင္းမီဒီယာေတြနဲ႔ ေနာက္ထပ္ေျဖၾကားဖို႔ တြန္႔ဆုတ္ေနၾကပါတယ္။ ဆက္သြယ္စုံစမ္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က အေၾကာင္းစုံကို ေျပာျပမွာပါ။

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဖိတ္ၾကားခ်က္အရ လက္ရွိ ျမန္မာႏိုင္ငံ အေျခအေနကို သတင္းယူဖို႔ေရာက္ေနတဲ့ CNN ႏုိင္ငံတကာေရးရာ သတင္းေထာက္ခ်ဳပ္ Clarissa Ward ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က မဂၤလာဒုံေစ်းနဲ႔ (၁၀)မိုင္ေစ်းေတြမွာ ေလ့လာ သတင္းယူေနတုန္း Clarissa နဲ႔ ေတြ႔ဆုံ အင္တာဗ်ဴးလုပ္မိသူ (၁၁)ဦးေလာက္ အဖမ္း ခံလိုက္ရတာပါ။ ၃ ရက္ၾကာၿပီးေနာက္ ဧၿပီ(၅)ရက္ တနလၤာ ေန႔လည္ပိုင္းမွာ သူတို႔(၁၁)ဦးထဲက (၈)ဦးကို ျပန္လႊတ္ေပးလုိက္တာ ျဖစ္ပါတယ္။

မဂၤလာဒုံေစ်းမွာ CNN သတင္းေထာက္နဲ႔ စကားေျပာဆိုမိလို႔ အဖမ္းခံခဲ့ရသူ ( မေနဇာျခည္ရႈိင္း၊ ကိုစည္သူၿဖဳိး၊ မရႈိင္းရတနာၿဖဳိး) ေမာင္ႏွမ(၃)ဦးစလုံး ေရႊျပည္သာ စစ္ေၾကာေရးစခန္းကေန ျပန္လြတ္လာၿပီလို႔ ေဆြမ်ဳိးေတာ္စပ္သူ မခ်ဳိက VOA ကို ေျပာပါတယ္။

“ကေလး ၃ ေယာက္လံုးေတာ့ အျပင္ေရာက္လာၿပီေပ့ါေနာ္ ၊ ကေလး ၃ ေယာက္ဆိုတာ က်မတို႔ ေျပာထားတဲ့ ကိုစည္သူၿဖဳိး၊ မေနဇာျခည္ရႈိင္း၊ မရႈိင္းရတနာၿဖဳိး သူတို႕ ၃ ေယာက္ရွင့္ ။ သူတို႔ တျခား လံုၿခံဳတဲ့ တအိမ္အိမ္မွာပဲ သြားေနၾကမယ္ထင္တယ္ရွင့္။ တျခားလူေတြလည္း လြတ္တယ္လို႔ေတာ့ ၾကားတယ္ရွင့္။ ဒါေပမယ့္ က်မတို႔ ဘယ္ ႏွစ္ဦး ၊ ဘယ္ႏွစ္ေယာက္ အတိအက် မသိရဘူး။”

အဲဒီ မဂၤလာဒုံေစ်းမွာပဲ CNN သတင္းေထာက္နဲ႔ အင္တာဗ်ဴးမိတဲ့ မယဥ္သက္တင္လည္း ေရႊျပည္သာ စစ္ေၾကာေရးကေန ျပန္လြတ္လာၿပီလို႔ ဖခင္ျဖစ္သူ ဦးတင္စုိးက ေျပာပါတယ္။

“အဲဒီ ေသာၾကာေန႔က သူတို႔ အဲဒီ မဂၤလာဒုံေစ်း ရွမ္းေမတၱာ ရွမ္းဆိုင္နားမွာ သူတို႔ ေခါက္ဆြဲေျခာက္ေတြ ၀ယ္ေနရင္းနဲ႔ အဲဒီနားမွာ ေျဖမိတာေပါ့။ သူကလည္း အဂၤလိပ္လိုေမး၊ အဂၤလိပ္လိုေျဖေတာ့ ၊ ေျဖတာက နည္းနည္းၾကာသြားတယ္ အေဖတဲ့။ အဲဒါ သူတို႔ ပါသြားတယ္။ ပါသြားေတာ့ ေရႊျပည္သာ စစ္ေၾကာေရးစခန္းကို ပို႔တယ္ေျပာတယ္။ စစ္ေၾကာေရးမွာ သူတို႔ ၃ ည အိပ္ခဲ့ရတယ္ ။ အိပ္ၿပီးေတာ့မွ ျပန္ေရာက္လာတာေပါ့ ေန႔လည္ ၁၂ နာရီေလာက္ သူတို႔ လိုက္ပို႔ေပးတယ္။”

ျပန္လည္လြတ္ေျမာက္လာတဲ့ ကာယကံရွင္ေတြနဲ႔ တိုက္ရိုက္ေျပာဆိုခြင့္ရဖို႔ VOA က ႀကဳိးစားေပမယ့္ ခုခ်ိန္မွာ မေျပာဆိုလိုေသးေၾကာင္း ျငင္းဆိုၾကပါတယ္။

ပုံစာ - - CNN သတင္းေထာက္နဲ႔ အင္တာဗ်ဴးလုပ္ခဲ့သူေတြကို ကားေပၚကဆဲြခ် ဖမ္းဆီးေနစဥ္
ပုံစာ - - CNN သတင္းေထာက္နဲ႔ အင္တာဗ်ဴးလုပ္ခဲ့သူေတြကို ကားေပၚကဆဲြခ် ဖမ္းဆီးေနစဥ္

ျမန္မာစံေတာ္ခ်ိန္ တနလၤာေန႔ ညေန ၆ နာရီခဲြအခ်ိန္ CNN အေမရိကန္ ဌာနခ်ဳပ္နဲ႔ ရန္ကုန္မွာရွိေနေသးတဲ့ သတင္းေထာက္ Clarissa Ward တို႔ တိုက္ရိုက္ ေမးျမန္းထုတ္လႊင့္ခ်က္ထဲမွာေတာ့ CNN နဲ႔ စကားေျပာမိလို႔ အဖမ္းခံရသူ (၁၁)ဦးအနက္ (၈)ဦး ဧၿပီ(၅)ရက္ တနလၤာေန႔မွာ ျပန္လြတ္လာၿပီဆိုတာကို CNN က အတည္ျပဳႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကုိ CNN က လူေတြ႔ ေမးျမန္းခြင့္ရခဲ့ၿပီး ဘာေၾကာင့္ အခုလို ဖမ္းဆီးရတာလဲ၊ သူတို႔မွာ ဘယ္လိုရာဇဝတ္မႈမ်ဳိး က်ဴးလြန္ထားတာ ရွိသလဲလို႔ Clarissa က ေမးျမန္းရာမွာေတာ့ ျပစ္မႈက်ဴးလြန္ထားတာ မရွိဘူး ... ေစ်းထဲမွာ ဆူပူအုံၾကြမႈ ဖန္တီးမွာစိုးလို႔ ဖမ္းခဲ့ရတာပါလို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ျပန္ေျဖခဲ့တာပါ။

အဖမ္းဆီးခံရသူေတြ ျပန္လြတ္လာခဲ့ေပမယ့္ မိသားစုဝင္အခ်င္းခ်င္း အက်ဳိးအေၾကာင္း ပြင့္လင္းစြာ ေျပာျပဖုိ႔ ေၾကာက္ရြံ႕ေနပုံ ရတယ္လို႔ မခ်ဳိက ဆုိပါတယ္။

“က်မလည္း သိခ်င္လို႔ေတာ့ေမးတယ္ ဒါေပမယ့္ ကေလးေတြမွာ ေျပာခ်င္တဲ့ စိတ္ဆႏၵ ရွိပံုမေပၚဘူးျဖစ္ေနတယ္။ ကေလးေတြကေလ အဲဒါေတြကို သူတို႔ လွ်ိဴ႕၀ွက္ထားခ်င္ပံုေပၚတယ္။ က်မတို႔ ဖုန္းဆက္ေမးေတာ့ အရမ္းေၾကာက္ေနတယ္။ က်မကိုယ္တိုင္ ဖုန္းဆက္တဲ့အခ်ိန္မွာ တိုးတိုးေလးပဲ ေျပာတယ္။ သမီးတို႔ အျပင္ေရာက္ၿပီ Safe ျဖစ္မယ့္ေနရာမွာ သြားေနမယ္ေပါ့ေနာ္၊ အိမ္မျပန္ဘူးဆိုၿပီး ဖုန္းခ်သြားတယ္။ အခုေတာ့ ကိုယ့္ကေလးေတြ အျပင္ေရာက္လာတယ္ဆိုေတာ့ က်မအေနနဲ႔ ကေလးေတြ အျပင္မွာ လံုၿခံဳရၿပီဆိုေတာ့ ၀မ္းသာၾကတာေပါ့ေနာ္။”

ေရႊျပည္သာ စစ္ေၾကာေရး စခန္းမွာ ၃-၄ ႀကိမ္ အစစ္ခံရတဲ့ သမီးျဖစ္သူ မယဥ္သက္တင္ရဲ႕ အေတြ႔အႀကဳံကို ေမးေပမယ့္ ခုထိအေသးစိတ္ ေျဖၾကားတာ မရွိေသးဘူးလို႔ ဖခင္ျဖစ္သူ ဦးတင္စုိးက VOA ကို ေျပာပါတယ္။

“ေရႊျပည္သာက စစ္ေၾကာေရး စခန္းမွာ ေမးတာျပဳတာကေတာ့ ၃-၄ ႀကိမ္ေလာက္ ေမးတယ္ထင္ပါတယ္။ သူေျဖခဲ့တာကေတာ့ သူေျပာတဲ့အတိုင္း ေျဖခဲ့တယ္လို႔ ေျပာတာပါပဲ။ ဘာေတြေျဖသလဲဆိုေတာ့ မသိပါဘူးတဲ့ ၊ သိပ္မမွတ္မိဘူးတဲ့ က်ေနာ့္ကိုေတာ့ အဲလိုေျပာတယ္။ ေနာက္ေတာ့ အကုန္ေျပာျပပါမယ္တဲ့ ။ အဲလို ေသေသခ်ာခ်ာေမးလို႔ကို မရေသးဘူး ။ ညေတြ ဘာေတြေရာ အိပ္ရသလားလို႔ ေမးေတာ့ အိပ္ရပါတယ္တဲ့။ အစားအေသာက္လည္း အေကာင္းႀကီးမဟုတ္ေပမယ့္ မဆိုးဘူး စားႏိုင္တယ္တဲ့ အဲလိုေျပာတယ္။ က်ေနာ္တို႔လည္း စိတ္ပူေနတာေပါ့ေနာ္၊ ေတြ႔လို႔လည္းမရ ျပဳလို႔လည္းမရဆိုေတာ့၊ သူ႔အေမကေတာ့ မ်က္ရည္မ်က္ခြက္ေပါ့။ ဘာမွန္းမွ မသိတာကို ဒါေပမယ့္ မေကာင္းဘူးေပါ့ေနာ္ ၊ ဒီလိုမ်ဳိး ေမးလို႔ေျဖတာကို ဒီလိုျဖစ္သြားတာ စိတ္ေတာ့ မေကာင္းဘူးေပါ့။”

အာဏာသိမ္းေကာင္စီရဲ႕ စစ္ေၾကာေရးစခန္းေတြမွာ ညွဥ္းပမ္းႏွိပ္စက္မႈေတြ ရွိတယ္ဆိုတာကို ေလ့လာသိရွိရေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕တြဲဖက္ အတြင္းေရးမွဴး ဦးဘိုၾကည္က ေျပာပါတယ္။

“အခု က်ေနာ္တို႔ သိရသေလာက္ကေတာ့ ဒီျပန္လြတ္လာတဲ့ သူေတြက စစ္ေၾကာေရးမွာ သူတို႔ကို ဘယ္လိုပံုစံမ်ိဳးနဲ႔ စစ္ေဆးတယ္ ဘာေတြ စစ္ေဆးသလဲဆိုတာကို ျပန္ေျပာဖို႔ေတာင္မွ အေတာ္ေလးကို မေျပာရဲတဲ့ပံုစံ မ်ိဳးျဖစ္ေနတယ္လို႔ က်ေန္ာတို႔ ၾကားသိရပါတယ္။ ဒါေပမယ့္ တျခားစစ္ေၾကာခံရတဲ့ သူေတြကေတာ့ စစ္ေၾကာေရးမွာ ေတာ္ေတာ္ေလးကို ညွဥ္းပမ္းႏွိပ္စက္ ခံရတာမ်ိဳး ေတာ္ေတာ္ေလး သတင္းေတြအရ ၾကားေနရတာေတြရွိပါတယ္။ သတင္းဌာနနဲ႔ ေတြ႔ရံုနဲ႔ ဖမ္းတယ္ဆိုတာက ဒီစစ္အုပ္စုရဲ႕ မတရားမႈ၊ မရိုးသားမႈက အဲဒီမွာတင္ သြားၿပီးေတာ့ ေပၚလြင္ေနပါတယ္။ တကယ္တမ္း ျမန္မာႏိုင္ငံမွာ သတင္လြတ္လပ္ခြင့္ ရွိတယ္ဆိုတာကို ျပခ်င္ရင္ ျမန္မာႏိုင္ငံထဲမွာရွိေနတဲ့ သတင္းသမားေတြကို လြတ္လြတ္လပ္လပ္ သတင္းယူခြင့္ေပးဖို႔လိုတယ္၊ အဲဒီလို ႏိုင္ငံသူ ႏိုင္ငံသားေတြကိုလည္း မည္သည့္ သတင္းဌာနနဲ႔မဆို လြတ္လပ္စြာ ေျဖဆိုခြင့္ အဲဒါေတြကို ေပးဖို႔ လိုတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ အခုခ်ိန္ထိ (၆၄)ရက္တာ ကာလအတြင္း ဖမ္းဆီးခဲ့သူေပါင္း (၃၄၄၃)ဦးရွိၿပီး ၊ အဲဒီထဲက (၂၇၂၈)ဦးကေတာ့ ခ်ဳပ္ေႏွာင္ခံေနရဆဲျဖစ္ပါတယ္။ စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ လူ(၅၇၀) ေသဆုံးခဲ့ၿပီျဖစ္တယ္လို႔ AAPP က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

CNN ကို အင်တာဗျူးပေးလို့ အဖမ်းခံရသူတချို့ ပြန်လွတ်

(Unicode)

မြန်မာနိုင်ငံကိုရောက်နေတဲ့ CNN သတင်းထောက်နဲ့ လမ်းပေါ်မှာ တွေ့ဆုံမေးမြန်းမိလို့ အဖမ်းခံခဲ့ရသူ အတော်များများကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါပြီ။ ဒါပေမဲ့ လွတ်မြောက်လာသူတွေကတော့ သတင်းမီဒီယာတွေနဲ့ နောက်ထပ်ဖြေကြားဖို့ တွန့်ဆုတ်နေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံကို ပြောပြမှာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို သတင်းယူဖို့ရောက်နေတဲ့ CNN နိုင်ငံတကာရေးရာ သတင်းထောက်ချုပ် Clarissa Ward ဟာ ပြီးခဲ့တဲ့သောကြာနေ့က မင်္ဂလာဒုံဈေးနဲ့ (၁၀)မိုင်ဈေးတွေမှာ လေ့လာ သတင်းယူနေတုန်း Clarissa နဲ့ တွေ့ဆုံ အင်တာဗျူးလုပ်မိသူ (၁၁)ဦးလောက် အဖမ်း ခံလိုက်ရတာပါ။ ၃ ရက်ကြာပြီးနောက် ဧပြီ(၅)ရက် တနင်္လာ နေ့လည်ပိုင်းမှာ သူတို့(၁၁)ဦးထဲက (၈)ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာဒုံဈေးမှာ CNN သတင်းထောက်နဲ့ စကားပြောဆိုမိလို့ အဖမ်းခံခဲ့ရသူ ( မနေဇာခြည်ရှိုင်း၊ ကိုစည်သူဖြိုး၊ မရှိုင်းရတနာဖြိုး) မောင်နှမ(၃)ဦးစလုံး ရွှေပြည်သာ စစ်ကြောရေးစခန်းကနေ ပြန်လွတ်လာပြီလို့ ဆွေမျိုးတော်စပ်သူ မချိုက VOA ကို ပြောပါတယ်။

“ကလေး ၃ ယောက်လုံးတော့ အပြင်ရောက်လာပြီပေ့ါနော် ၊ ကလေး ၃ ယောက်ဆိုတာ ကျမတို့ ပြောထားတဲ့ ကိုစည်သူဖြိုး၊ မနေဇာခြည်ရှိုင်း၊ မရှိုင်းရတနာဖြိုး သူတို့ ၃ ယောက်ရှင့် ။ သူတို့ တခြား လုံခြုံတဲ့ တအိမ်အိမ်မှာပဲ သွားနေကြမယ်ထင်တယ်ရှင့်။ တခြားလူတွေလည်း လွတ်တယ်လို့တော့ ကြားတယ်ရှင့်။ ဒါပေမယ့် ကျမတို့ ဘယ် နှစ်ဦး ၊ ဘယ်နှစ်ယောက် အတိအကျ မသိရဘူး။”

အဲဒီ မင်္ဂလာဒုံဈေးမှာပဲ CNN သတင်းထောက်နဲ့ အင်တာဗျူးမိတဲ့ မယဉ်သက်တင်လည်း ရွှေပြည်သာ စစ်ကြောရေးကနေ ပြန်လွတ်လာပြီလို့ ဖခင်ဖြစ်သူ ဦးတင်စိုးက ပြောပါတယ်။

“အဲဒီ သောကြာနေ့က သူတို့ အဲဒီ မင်္ဂလာဒုံဈေး ရှမ်းမေတ္တာ ရှမ်းဆိုင်နားမှာ သူတို့ ခေါက်ဆွဲခြောက်တွေ ဝယ်နေရင်းနဲ့ အဲဒီနားမှာ ဖြေမိတာပေါ့။ သူကလည်း အင်္ဂလိပ်လိုမေး၊ အင်္ဂလိပ်လိုဖြေတော့ ၊ ဖြေတာက နည်းနည်းကြာသွားတယ် အဖေတဲ့။ အဲဒါ သူတို့ ပါသွားတယ်။ ပါသွားတော့ ရွှေပြည်သာ စစ်ကြောရေးစခန်းကို ပို့တယ်ပြောတယ်။ စစ်ကြောရေးမှာ သူတို့ ၃ ည အိပ်ခဲ့ရတယ် ။ အိပ်ပြီးတော့မှ ပြန်ရောက်လာတာပေါ့ နေ့လည် ၁၂ နာရီလောက် သူတို့ လိုက်ပို့ပေးတယ်။”

ပြန်လည်လွတ်မြောက်လာတဲ့ ကာယကံရှင်တွေနဲ့ တိုက်ရိုက်ပြောဆိုခွင့်ရဖို့ VOA က ကြိုးစားပေမယ့် ခုချိန်မှာ မပြောဆိုလိုသေးကြောင်း ငြင်းဆိုကြပါတယ်။

မြန်မာစံတော်ချိန် တနင်္လာနေ့ ညနေ ၆ နာရီခွဲအချိန် CNN အမေရိကန် ဌာနချုပ်နဲ့ ရန်ကုန်မှာရှိနေသေးတဲ့ သတင်းထောက် Clarissa Ward တို့ တိုက်ရိုက် မေးမြန်းထုတ်လွှင့်ချက်ထဲမှာတော့ CNN နဲ့ စကားပြောမိလို့ အဖမ်းခံရသူ (၁၁)ဦးအနက် (၈)ဦး ဧပြီ(၅)ရက် တနင်္လာနေ့မှာ ပြန်လွတ်လာပြီဆိုတာကို CNN က အတည်ပြုနိုင်ခဲ့ကြောင်း ပြောပါတယ်။ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို CNN က လူတွေ့ မေးမြန်းခွင့်ရခဲ့ပြီး ဘာကြောင့် အခုလို ဖမ်းဆီးရတာလဲ၊ သူတို့မှာ ဘယ်လိုရာဇဝတ်မှုမျိုး ကျူးလွန်ထားတာ ရှိသလဲလို့ Clarissa က မေးမြန်းရာမှာတော့ ပြစ်မှုကျူးလွန်ထားတာ မရှိဘူး ... ဈေးထဲမှာ ဆူပူအုံကြွမှု ဖန်တီးမှာစိုးလို့ ဖမ်းခဲ့ရတာပါလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်ဖြေခဲ့တာပါ။

အဖမ်းဆီးခံရသူတွေ ပြန်လွတ်လာခဲ့ပေမယ့် မိသားစုဝင်အချင်းချင်း အကျိုးအကြောင်း ပွင့်လင်းစွာ ပြောပြဖို့ ကြောက်ရွံ့နေပုံ ရတယ်လို့ မချိုက ဆိုပါတယ်။

“ကျမလည်း သိချင်လို့တော့မေးတယ် ဒါပေမယ့် ကလေးတွေမှာ ပြောချင်တဲ့ စိတ်ဆန္ဒ ရှိပုံမပေါ်ဘူးဖြစ်နေတယ်။ ကလေးတွေကလေ အဲဒါတွေကို သူတို့ လျှိူ့ဝှက်ထားချင်ပုံပေါ်တယ်။ ကျမတို့ ဖုန်းဆက်မေးတော့ အရမ်းကြောက်နေတယ်။ ကျမကိုယ်တိုင် ဖုန်းဆက်တဲ့အချိန်မှာ တိုးတိုးလေးပဲ ပြောတယ်။ သမီးတို့ အပြင်ရောက်ပြီ Safe ဖြစ်မယ့်နေရာမှာ သွားနေမယ်ပေါ့နော်၊ အိမ်မပြန်ဘူးဆိုပြီး ဖုန်းချသွားတယ်။ အခုတော့ ကိုယ့်ကလေးတွေ အပြင်ရောက်လာတယ်ဆိုတော့ ကျမအနေနဲ့ ကလေးတွေ အပြင်မှာ လုံခြုံရပြီဆိုတော့ ဝမ်းသာကြတာပေါ့နော်။”

ရွှေပြည်သာ စစ်ကြောရေး စခန်းမှာ ၃-၄ ကြိမ် အစစ်ခံရတဲ့ သမီးဖြစ်သူ မယဉ်သက်တင်ရဲ့ အတွေ့အကြုံကို မေးပေမယ့် ခုထိအသေးစိတ် ဖြေကြားတာ မရှိသေးဘူးလို့ ဖခင်ဖြစ်သူ ဦးတင်စိုးက VOA ကို ပြောပါတယ်။

“ရွှေပြည်သာက စစ်ကြောရေး စခန်းမှာ မေးတာပြုတာကတော့ ၃-၄ ကြိမ်လောက် မေးတယ်ထင်ပါတယ်။ သူဖြေခဲ့တာကတော့ သူပြောတဲ့အတိုင်း ဖြေခဲ့တယ်လို့ ပြောတာပါပဲ။ ဘာတွေဖြေသလဲဆိုတော့ မသိပါဘူးတဲ့ ၊ သိပ်မမှတ်မိဘူးတဲ့ ကျနော့်ကိုတော့ အဲလိုပြောတယ်။ နောက်တော့ အကုန်ပြောပြပါမယ်တဲ့ ။ အဲလို သေသေချာချာမေးလို့ကို မရသေးဘူး ။ ညတွေ ဘာတွေရော အိပ်ရသလားလို့ မေးတော့ အိပ်ရပါတယ်တဲ့။ အစားအသောက်လည်း အကောင်းကြီးမဟုတ်ပေမယ့် မဆိုးဘူး စားနိုင်တယ်တဲ့ အဲလိုပြောတယ်။ ကျနော်တို့လည်း စိတ်ပူနေတာပေါ့နော်၊ တွေ့လို့လည်းမရ ပြုလို့လည်းမရဆိုတော့၊ သူ့အမေကတော့ မျက်ရည်မျက်ခွက်ပေါ့။ ဘာမှန်းမှ မသိတာကို ဒါပေမယ့် မကောင်းဘူးပေါ့နော် ၊ ဒီလိုမျိုး မေးလို့ဖြေတာကို ဒီလိုဖြစ်သွားတာ စိတ်တော့ မကောင်းဘူးပေါ့။”

အာဏာသိမ်းကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတာကို လေ့လာသိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“အခု ကျနော်တို့ သိရသလောက်ကတော့ ဒီပြန်လွတ်လာတဲ့ သူတွေက စစ်ကြောရေးမှာ သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးတယ် ဘာတွေ စစ်ဆေးသလဲဆိုတာကို ပြန်ပြောဖို့တောင်မှ အတော်လေးကို မပြောရဲတဲ့ပုံစံ မျိုးဖြစ်နေတယ်လို့ ကျနေ်ာတို့ ကြားသိရပါတယ်။ ဒါပေမယ့် တခြားစစ်ကြောခံရတဲ့ သူတွေကတော့ စစ်ကြောရေးမှာ တော်တော်လေးကို ညှဉ်းပမ်းနှိပ်စက် ခံရတာမျိုး တော်တော်လေး သတင်းတွေအရ ကြားနေရတာတွေရှိပါတယ်။ သတင်းဌာနနဲ့ တွေ့ရုံနဲ့ ဖမ်းတယ်ဆိုတာက ဒီစစ်အုပ်စုရဲ့ မတရားမှု၊ မရိုးသားမှုက အဲဒီမှာတင် သွားပြီးတော့ ပေါ်လွင်နေပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ သတင်လွတ်လပ်ခွင့် ရှိတယ်ဆိုတာကို ပြချင်ရင် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့လိုတယ်၊ အဲဒီလို နိုင်ငံသူ နိုင်ငံသားတွေကိုလည်း မည်သည့် သတင်းဌာနနဲ့မဆို လွတ်လပ်စွာ ဖြေဆိုခွင့် အဲဒါတွေကို ပေးဖို့ လိုတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အခုချိန်ထိ (၆၄)ရက်တာ ကာလအတွင်း ဖမ်းဆီးခဲ့သူပေါင်း (၃၄၄၃)ဦးရှိပြီး ၊ အဲဒီထဲက (၂၇၂၈)ဦးကတော့ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူ(၅၇၀) သေဆုံးခဲ့ပြီဖြစ်တယ်လို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG