သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီအေပၚ ဒဏ္ခတ္အေရးယူမႈ ႐ုရွားကန္႔ကြက္


ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုတြင္ ေတြ႔ရတဲ့ ျမန္မာစစ္တပ္တပ္ဖဲြ႔ဝင္မ်ား။ (မတ္ ၃၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာ စစ္အာဏာသိမ္းေကာင္စီအေပၚ ဒဏ္ခတ္အေရးယူမႈ ခ်မွတ္တာကို ကန္႔ကြက္တဲ့အေၾကာင္း ႐ုရွားႏုိ္င္ငံက ဒီကေန႔ေျပာပါတယ္။

"လက္ရွိ ျမန္မာအာဏာပိုင္ေတြအေပၚ ဒဏ္ခတ္အေရးယူတာအပါအဝင္ ၿခိမ္းေျခာက္ဖိအားေပးတာေတြဟာ ထိေရာက္မႈမရွိဘဲ သိပ္ကို အႏၲရာယ္ႀကီးပါတယ္။ ဒါ့အျပင္ ျပည္တြင္းပဋိပကၡႀကီးျဖစ္ေအာင္ တြန္းပို႔သလိုျဖစ္ပါလိမ့္မယ္။" လို႔ ႐ုရွားႏုိင္ငံျခားေရးဌာန ေျပာခြင့္ရတစ္ဦးကို ကိုးကားၿပီး ေမာ္စကိုအေျခစိုက္ Interfax သတင္းဌာနက ေရးထားတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အပါအဝင္ ထိပ္တန္း စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ ရဲတပ္ဖြဲ႔ ထိပ္ပိုင္းတာဝန္ရွိသူေတြကို အေမရိကန္နဲ႔ ၿဗိတိန္အပါအဝင္ အေနာက္ႏုိင္ငံတခ်ဳိ႕က ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားတာပါ။

ဒါ့အျပင္ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းႀကီးေတြျဖစ္တဲ့ ျမန္မာ့ဦးပိုင္လီမိတက္နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔ကိုလည္း ဒဏ္ခတ္အေရးယူထားပါတယ္။

႐ုရွားႏုိ္င္ငံဟာ ျမန္မာစစ္တပ္နဲ႔ ဆက္ဆံေရးအဆင္ေျပၿပီး မတ္လ ၂၇ ရက္ေန႔ စစ္ေရးျပအခမ္းအနားကို ႐ုရွားဒုတိယကာကြယ္ေရးဝန္ႀကီး Alexander Fomin တက္ေရာက္ခဲ့ပါတယ္။ အဲဒီေန႔တရက္ထဲမွာတင္ ႏုိင္ငံတဝန္းဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆံုးခဲ့ရပါတယ္။

အဲဒီစစ္ေရးျပအခမ္းအနားမွာ ႐ုရွားလုပ္ T-72 တင့္ကားေတြ၊ MiG-29 တိုက္ေလယာဥ္ေတြနဲ႔ Mi-24 စစ္သံုးရဟတ္ယာဥ္ေတြ ပါဝင္ခဲ့ပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီ အျမဲတမ္းအဖြဲ႔ဝင္ႏုိင္ငံတစ္ခုျဖစ္တဲ့ ႐ုရွားႏုိင္ငံဟာ ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းေရာင္းခ်ေနတဲ့ အဓိကႏုိင္ငံတစ္ခုျဖစ္ၿပီး စစ္ေကာင္စီကို ဒဏ္ခတ္အေရးယူမယ့္ လံုျခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္ကို တ႐ုတ္နဲ႔အတူ ကန္႔ကြက္ခဲ့တဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှု ရုရှားကန့်ကွက်

မြန်မာ စစ်အာဏာသိမ်းကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်တာကို ကန့်ကွက်တဲ့အကြောင်း ရုရှားနိုင်ငံက ဒီကနေ့ပြောပါတယ်။

"လက်ရှိ မြန်မာအာဏာပိုင်တွေအပေါ် ဒဏ်ခတ်အရေးယူတာအပါအဝင် ခြိမ်းခြောက်ဖိအားပေးတာတွေဟာ ထိရောက်မှုမရှိဘဲ သိပ်ကို အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် ပြည်တွင်းပဋိပက္ခကြီးဖြစ်အောင် တွန်းပို့သလိုဖြစ်ပါလိမ့်မယ်။" လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရတစ်ဦးကို ကိုးကားပြီး မော်စကိုအခြေစိုက် Interfax သတင်းဌာနက ရေးထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ ရဲတပ်ဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတချို့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။

ဒါ့အပြင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုလည်း ဒဏ်ခတ်အရေးယူထားပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအဆင်ပြေပြီး မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားကို ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့တရက်ထဲမှာတင် နိုင်ငံတဝန်းဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အဲဒီစစ်ရေးပြအခမ်းအနားမှာ ရုရှားလုပ် T-72 တင့်ကားတွေ၊ MiG-29 တိုက်လေယာဉ်တွေနဲ့ Mi-24 စစ်သုံးရဟတ်ယာဉ်တွေ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချနေတဲ့ အဓိကနိုင်ငံတစ်ခုဖြစ်ပြီး စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမယ့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်နဲ့အတူ ကန့်ကွက်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG