သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမန္မာနဲ႔ ပတ္သက္တဲ႔ ဆံုးျဖတ္ခ်က္ အေထြေထြညီလာခံက ခ်မွတ္လာႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိ (သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း)


နယူးေယာက္ ျမန္မာကုလကိုယ္စားလွယ္သစ္ ကုလအၿမဲတမ္းကိုယ္စားလွယ္တာ၀န္ယူခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ကုလသမဂၢဆိုင္ရာ ျမန္မာ အျမဲတမ္းကိုယ္စားလွယ္အျဖစ္ သူကို ကုလသမဂၢ က အသိအမွတ္ျပဳထားဆဲျဖစ္ေၾကာင္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက VOA ကိုေျပာပါတယ္။

ကုလသမဂၢမွာ လက္ရွိ စစ္ေကာင္စီနဲ အၿပိဳင္ ရင္ဆိုင္ေနရတဲ့ သံခင္းတမန္ခင္း၊ ျမန္မာ့အေရး ကုလအေထြေထြညီလာခံမွာ အေရးေပၚအစည္းအေ၀း ေခၚယူနုိင္ေျခရွိမရွိ စတာေတြကို မအင္ၾကင္းနိုင္က သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းနိုင္။ ။ သံအမတ္ႀကီး အခု ကုလသမဂၢမွာ လုပ္ေဆာင္ေနတဲ့ ေနာက္ဆံုးအေျခအေနကို ေျပာျပပါဦးရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ က်ေနာ္တို႔အေနနဲ႔ လံုၿခံဳေရးေကာင္စီကေနၿပီးေတာ့ Press Statement ထုတ္ထားတာေတြ႔ပါမယ္။ အဲဒီမွာေတာ့ Press Statement ပဲ ျဖစ္တာေပါ့ေနာ္။ ၿပီးခဲ့တဲ့ မတ္လတုန္းက Presidential Statement ထုတ္ႏိုင္ခဲ့တယ္။ အခု ဒီ ၁ ရက္ေန႔မွာေတာ့ Press Statement ထုတ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ Press Statement ကလည္း လံုၿခံဳေရးေကာင္စီအဖြဲ႔၀င္ ၁၅ ႏိုင္ငံရဲ႕ သေဘာတူညီခ်က္နဲ႔မွ ထုတ္လို႔ရတဲ့ အပိုင္းေတြေတာ့ ရွိတာေပါ့ေနာ္။ အဲဒီ Press Statement မွာ တခ်ိဳ႕အေရးႀကီးတဲ့ အခ်က္အလက္ေလးေတြ ပါတာလာလည္း ေတြ႔ရပါတယ္။ အထူးသျဖင့္က်ေနာ္တို႔ Humanitarian access နဲ႔ပတ္သက္ၿပီးေတာ့ ထည့္သြင္းေဖာ္ျပထားတဲ့ ဟာေတြေပါ့ေနာ္ ရွိတာေတာ့ ေတြ႔ရပါတယ္။ အဲဒါလည္း ဘာပဲေျပာေျပာ က်ေန္ာတို႔ လက္ရွိ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အေျခအေနအတြက္ေတာ့ အေထာက္အကူျဖစ္ေစတဲ့ အခ်က္အလက္ေလးေတြလို႔ က်ေနာ္သံုးသပ္ပါတယ္။ အဲဒါကေတာ့ လံုၿခံဳေရးေကာင္စီအပိုင္းေပါ့ေနာ္။ ဒီဘက္မွာလည္း အခုေတာ့ ႏိုင္ငံအခ်ိဳ႕ကေနၿပီးေတာ့ ျမန္မာႏိုင္ငံကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးတယ္၊ ရိုးရိုးေနာ္ special section ေျပာတာမဟုတ္ဘူး။ ေဆြးေႏြးမႈတခုရဖို႔ေတာ့ သူတို႔ ေဆာင္ရြက္ေနပါတယ္။ ေဆြးေႏြးမႈကေနၿပီးေတာ့ ဆံုးျဖတ္ခ်က္ တခုခု က်ႏိုင္ဖို႔အတြက္ကုိ ေဆာင္ရြက္ေနတာေတြရွိပါတယ္။ ဘယ္ေန႔၊ ဘယ္ရက္ လဲဆိုတာကေတာ့ Confirm ေတာ့ မျဖစ္ေသးပါဘူး။ အေထြေထြညီလာခံရဲ႕ ဆံုးျဖတ္ခ်က္ဆိုတာကေတာ့ ပံုမွန္ကေတာ့ တတိယေကာ္မတီမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ခ်တာ ရွိတာေပါ့ေနာ္။ ဒါကေတာ့ အခုဒီမွာ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အေနအထားအေပၚ အေျချပဳၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့ ခ်မယ့္ ဆံုးျဖတ္ခ်က္တခု ျဖစ္တယ္လို႔ေတာ့ က်ေနာ္သံုးသပ္ပါတယ္။ ဒါေၾကာင့္ ဒါကေတာ့ အခု လုပ္ကိုင္ေနစဲ အေျခအေနပဲ ရွိပါေသးတယ္။ အခ်ိဳ႕ ဒါကို Initiate လုပ္တဲ့ ႏိုင္ငံေတြကေတာ ့ အဖြဲ႔၀င္ႏိုင္ငံေတြၾကားမွာေတာ့ စည္းရံုးေရး လုပ္ေနတဲ့ အေနအထားမ်ိဳး ရွိပါတယ္။

မအင္ၾကင္းနိုင္။ ။ အဲဒီေတာ့ သံတမန္ေရးအခင္းအက်င္းမွာေရာ အခုဆိုရင္ ရက္ေပါင္း ၆၀ ေက်ာ္သြားၿပီ စစ္ေကာင္စီက အာဏာသိမ္းၿပီးတာေပါ့ေနာ္။ ဒါေပမယ့္ သူတို႔ကို ႏိုင္ငံတကာမွာ တရား၀င္ အစိုးရအေနနဲ႔ တရား၀င္ အသိအမွတ္ျပဳၿပီး ဆက္ဆံတဲ့အေနအထားမ်ိဳးေပါေ့လ၊ သံတမန္ေရးအရ အဲလိုမ်ိဳး ေရာ သံအမတ္ႀကီးအေနနဲ႔ ဘယ္လိုသံုးသပ္သလဲရွင့္။ သံအမတ္ႀကီးတို႔ဘက္က သံေရး တမန္ေရးမွာေရာ အားသာေနတဲ့ အေနအထားရွိလားရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ဟုတ္ကဲ့ အခုေပါ့ေနာ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က စၿပီးေတာ့ေပါ့ေနာ္ အခုအထိေပါ့ေနာ္ ရက္ ၆၀ ေက်ာ္မွာ သူတို႔ ဒီေလာက္ ဆိုးရြာစြာ ျပည္သူေတြကို မတရားႏွိတ္စက္ ညွဥ္းပမ္း သတ္ျဖတ္ေနတာ ကိုေတာ့ ဘယ္ႏုိင္ငံမွလည္း ၾကည့္ႏိုင္မွ မဟုတ္ဘူး ။ဒါေၾကာင့္မို႔ အခုအထိ Recognize (အသိအမွတ္ျပဳ) မလုပ္ေသးတာ ဆိုတဲ့ ဟာမ်ိဳးကိုေတာ့ေတြ႔ေနမွာေပါ့ေနာ္။ ဒီ Recognize လုပ္ခဲ့တဲ့ ႏိုင္ငံကိုလည္း ေတာ္ေတာ္အံၾသဖို႔ေကာင္းတယ္လို႔ေတာ့ က်ေနာ္သံုးသပ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာေတာ့ စစ္ေကာင္စီအေနနဲ႔ေတာ့ သံေရး တမန္ေရးမွာေတာ့ အမ်ားႀကီး က်ဆံုးေနတယ္လို႔ ေျပာရမွာေပါ့ေနာ္ အဲလိုမ်ိဳး အေျခအေနရွိတယ္လို႔ ေျပာရမွာခင္ဗ်။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ က်ေနာ္တို႔ဘက္အေနနဲ႔ ႏိုင္ငံတကာရဲ႕ ေထာက္ခံမႈ ရရွိဖို႔အတြက္ကို ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္သြားဖို႔ေတာ့ လိုပါမယ္။

မအင္ၾကင္းနိုင္။ ။ သံအမတ္ႀကီးဆိုရင္ ၿပီးခဲ့တဲ့ လေလာက္ကဆိုရင္ အေထြေထြညီလာခံ ဥကၠဌနဲ႔ ေတြ႔တာရွိတယ္။ ေနာက္သက္ဆုိင္ရာ သံအမတ္ႀကီးေတြနဲ႔ေပါ့ေနာ္ ႏုိင္ငံအလိုက္ သံအမတ္ႀကီးေတြ႔ဆံုတာလည္းရွိတယ္ ဆိုတဲ့အခါက်ေတာ့ အခု ကုလသမဂၢက သံအမတ္ႀကီးကို လက္ခံထားတဲ့အေနအထားေပါ့ေနာ္ သူတို႔ဘယ္လို သံအမတ္ႀကီးကို သတ္မွတ္ထားသလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ေက်းဇူးပါခင္ဗ် က်ေနာ္ေတာ့ ဒီမွာ အားလံုးေပါ့ေနာ္ ၊ ဒီမွာ လုပ္ေဖာ္ကိုင္ဖက္ေတြေပါေ့နာ္ က်ေနာ့္ counterpart ေတြကို အရမ္းေက်းဇူးတင္ပါတယ္။ သူတို႔အေနနဲ႔ က်ေနာ့္ကို ဆက္ၿပီးေတာ့ ေထာက္ခံေနတယ္ ၊ ေနာက္ၿပီးေတာ့ က်ေနာ့္အေနနဲ႕ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္အေနနဲ႔ ဆက္ၿပီးေတာ့ အသိအမွတ္ျပဳေနတယ္။ အဲဒီလို အသိအမွတ္ျပဳတဲ့အတိုင္း ဆက္ၿပီးေတာ့ ျမန္မာအျမဲတမ္းကိုယ္စားလွယ္တဦးအေနနဲ႔ ထိေတြ႔ဆက္ဆံတဲ့ဟာေပါ့ေနာ္ အဲဒါကို ၾကည့္ခ်င္းအားျဖင့္ က်ေနာ့္အေနနဲ႔ ျပည္သူေရြးခ်ယ္တဲ့ အစိုးရက ခန္႔အပ္တဲ့ သံအမတ္ႀကီးအျမဲတမ္းကိုယ္စားလွယ္တဦးအေနနဲ႔ ဆက္လက္ၿပီးေတာ့ လုပ္ငန္းေတြကို က်ေနာ္ ဆက္လက္ ေဆာင္ရြက္ေနတယ္ေပါ့ေနာ္။ အခုလုပ္ငန္းေတြကို အဓိက ေဆာင္ရြက္တဲ့ ဥစၥာကေတာ့ က်ေနာ္တုိ႔ စစ္အာဏာရွင္ က်ဆံုးေရး ၊ ဒီမိုကေရစီ ျပန္လည္ရရွိေရး နဲ႔ မတရားဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ က်ေနာ္တို႔ ေခါင္းေဆာင္ေတြနဲ႔ တျခား အထိန္းသိမ္းခံထားရသူေတြ လြတ္ေျမာက္ေရးအတြက္ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္အေနနဲ႔ ေဆာင္ရြက္ေနတဲ့ အေနအထားရွိေနပါတယ္ခင္ဗ်။

မအင္ၾကင္းနိုင္။ ။ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာ့အေရး အေရးေပၚအစည္းအေ၀းေခၚဖို႔ ဆိုၿပီးေတာ့ ေတာင္းဆိုခ်က္ေတြေပါ့ေနာ္ အဲဒါေတြကေရာ ဘယ္ေလာက္အထိ အလားအလာ ဘယ္လို ျဖစ္လာႏိုင္ပါသလဲ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ဒါကေတာ့ ခုန Resolution377 ေအာက္ကေနၿပီးေတာ့ အထူးအစည္းအေ၀းေခၚဖို႔။ ဒါေတြကေတာ့ လူေတြကေနၿပီးေတာ့ စၿပီး Float လုပ္လာတယ္လို႔ က်ေနာ္ သံုးသပ္ပါတယ္ခင္ဗ်။ ဒါနဲ႔ ပတ္သက္လို႔ က်ေနာ္တုိ႔ အသိုင္းအ၀ိုင္းၾကားထဲမွာေတာ့ ေျပာဆိုသံကေတာ့ အခုအထိ မရွိေသးပါဘူး။ ခုန က်ေနာ္ ေျပာသလို အခုလုပ္ေနဟာ အခုသြားေနတဲ့ ပံုမွန္ အေထြေထြညီလာခံ အစည္းအေ၀း ေအာက္ကေနၿပီးေတာ့ ေခါင္းစဥ္တခု ေအာက္ကေနၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့ ဒီ ဆံုးျဖတ္ခ်က္တခု ခ်ႏိုင္ဖို႔အတြက္ကို ေဆာင္ရြက္ေနတဲ့ဥစၥာေပါ့ေနာ္ ။ အထူး အစည္းအေ၀းေခၚတာေတာ့ မဟုတ္ပါဘူးခင္ဗ်။

မအင္ၾကင္းနိုင္။ ။ ဒီလို လက္ရွိသြားေနတဲ့ အခု အေထြေထြညီလာခံ ပံုမွန္အစည္းအေ၀း သေဘာမ်ိဳးကေနၿပီးေတာ့ ျမန္မာ့အေရး တကယ္လို႔ ဆံုးျဖတ္ခ်က္ ခ်မယ္ဆိုရင္ေရာ အဲဒါကေရာ ထိေရာက္မႈရွိလာႏိုင္မလား။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ဘာေျပာေျပာေလ က်ေနာ္တို႔ ကုလသမဂၢ အေထြေထြညီလာခံက ခ်လိုက္တဲ့ ဆံုးျဖတ္ခ်က္ေတြကေတာ့ Moral obligation ေတာ့ အကုန္လံုးရွိၾကပါတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳး ဆံုးျဖတ္ခ်က္တခု ခ်ႏိုင္တယ္ဆိုရင္ စစ္ေကာင္စီအေပၚ ဖိအားေပးတဲ့ဟာတခု ထပ္မံရရွိတယ္လို႔ေတာ့ က်ေနာ္တို႔ သံုးသပ္လို႔ ရပါတယ္။ ဒါလည္း ဘာပဲေျပာေျပာ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ေရာ က်ေနာ္တုိ႔ သံတမန္အသိုင္းအ၀ိုင္းမွာ လုပ္ေနတဲ့သူနဲ႔ေရာ ၊ CSO တို႔ INGO တို႔ေတြကေရာ ဒါကို အကိုးအကားတခု ထပ္သံုးၿပီးေတာ့ စစ္ေကာင္စီကို ပိုၿပီးေတာ့ ဖိအားေပးႏိုင္မယ့္ စာရြက္စာတန္းတခုေတာ့ ရလာမယ္လို႔ေတာ့ က်ေနာ္ျမင္ပါတယ္ခင္ဗ်။ ဘာပဲေျပာေျပာ မရွိတာထက္စာရင္ ရွိတာေလးတခုကေတာ့ ထိေရာက္မႈ ရွိတယ္လို႔ က်ေနာ္သံုးသပ္ပါတယ္ခင္ဗ်။

..............

မြန်မာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အထွေထွေညီလာခံက ချမှတ်လာနိုင်ရေး ကြိုးပမ်းလျက်ရှိ (သံအမတ်ကြီးဦးကျော်မိုးထွန်း)

(Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သူကို ကုလသမဂ္ဂ က အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။

ကုလသမဂ္ဂမှာ လက်ရှိ စစ်ကောင်စီနဲ အပြိုင် ရင်ဆိုင်နေရတဲ့ သံခင်းတမန်ခင်း၊ မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူနိုင်ခြေရှိမရှိ စတာတွေကို မအင်ကြင်းနိုင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီး အခု ကုလသမဂ္ဂမှာ လုပ်ဆောင်နေတဲ့ နောက်ဆုံးအခြေအနေကို ပြောပြပါဦးရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ကျနော်တို့အနေနဲ့ လုံခြုံရေးကောင်စီကနေပြီးတော့ Press Statement ထုတ်ထားတာတွေ့ပါမယ်။ အဲဒီမှာတော့ Press Statement ပဲ ဖြစ်တာပေါ့နော်။ ပြီးခဲ့တဲ့ မတ်လတုန်းက Presidential Statement ထုတ်နိုင်ခဲ့တယ်။ အခု ဒီ ၁ ရက်နေ့မှာတော့ Press Statement ထုတ်နိုင်ခဲ့တယ်။ ဒါပေမယ့် Press Statement ကလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ သဘောတူညီချက်နဲ့မှ ထုတ်လို့ရတဲ့ အပိုင်းတွေတော့ ရှိတာပေါ့နော်။ အဲဒီ Press Statement မှာ တချို့အရေးကြီးတဲ့ အချက်အလက်လေးတွေ ပါတာလာလည်း တွေ့ရပါတယ်။ အထူးသဖြင့်ကျနော်တို့ Humanitarian access နဲ့ပတ်သက်ပြီးတော့ ထည့်သွင်းဖော်ပြထားတဲ့ ဟာတွေပေါ့နော် ရှိတာတော့ တွေ့ရပါတယ်။ အဲဒါလည်း ဘာပဲပြောပြော ကျနေ်ာတို့ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေအတွက်တော့ အထောက်အကူဖြစ်စေတဲ့ အချက်အလက်လေးတွေလို့ ကျနော်သုံးသပ်ပါတယ်။ အဲဒါကတော့ လုံခြုံရေးကောင်စီအပိုင်းပေါ့နော်။ ဒီဘက်မှာလည်း အခုတော့ နိုင်ငံအချို့ကနေပြီးတော့ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်၊ ရိုးရိုးနော် special section ပြောတာမဟုတ်ဘူး။ ဆွေးနွေးမှုတခုရဖို့တော့ သူတို့ ဆောင်ရွက်နေပါတယ်။ ဆွေးနွေးမှုကနေပြီးတော့ ဆုံးဖြတ်ချက် တခုခု ကျနိုင်ဖို့အတွက်ကို ဆောင်ရွက်နေတာတွေရှိပါတယ်။ ဘယ်နေ့၊ ဘယ်ရက် လဲဆိုတာကတော့ Confirm တော့ မဖြစ်သေးပါဘူး။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဆိုတာကတော့ ပုံမှန်ကတော့ တတိယကော်မတီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချတာ ရှိတာပေါ့နော်။ ဒါကတော့ အခုဒီမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အနေအထားအပေါ် အခြေပြုပြီးတော့ ဆွေးနွေးပြီးတော့ ချမယ့် ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့တော့ ကျနော်သုံးသပ်ပါတယ်။ ဒါကြောင့် ဒါကတော့ အခု လုပ်ကိုင်နေစဲ အခြေအနေပဲ ရှိပါသေးတယ်။ အချို့ ဒါကို Initiate လုပ်တဲ့ နိုင်ငံတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာတော့ စည်းရုံးရေး လုပ်နေတဲ့ အနေအထားမျိုး ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ သံတမန်ရေးအခင်းအကျင်းမှာရော အခုဆိုရင် ရက်ပေါင်း ၆၀ ကျော်သွားပြီ စစ်ကောင်စီက အာဏာသိမ်းပြီးတာပေါ့နော်။ ဒါပေမယ့် သူတို့ကို နိုင်ငံတကာမှာ တရားဝင် အစိုးရအနေနဲ့ တရားဝင် အသိအမှတ်ပြုပြီး ဆက်ဆံတဲ့အနေအထားမျိုးပေါေ့လ၊ သံတမန်ရေးအရ အဲလိုမျိုး ရော သံအမတ်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်သလဲရှင့်။ သံအမတ်ကြီးတို့ဘက်က သံရေး တမန်ရေးမှာရော အားသာနေတဲ့ အနေအထားရှိလားရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့ အခုပေါ့နော် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီးတော့ပေါ့နော် အခုအထိပေါ့နော် ရက် ၆၀ ကျော်မှာ သူတို့ ဒီလောက် ဆိုးရွာစွာ ပြည်သူတွေကို မတရားနှိတ်စက် ညှဉ်းပမ်း သတ်ဖြတ်နေတာ ကိုတော့ ဘယ်နိုင်ငံမှလည်း ကြည့်နိုင်မှ မဟုတ်ဘူး ။ဒါကြောင့်မို့ အခုအထိ Recognize (အသိအမှတ်ပြု) မလုပ်သေးတာ ဆိုတဲ့ ဟာမျိုးကိုတော့တွေ့နေမှာပေါ့နော်။ ဒီ Recognize လုပ်ခဲ့တဲ့ နိုင်ငံကိုလည်း တော်တော်အံသြဖို့ကောင်းတယ်လို့တော့ ကျနော်သုံးသပ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာတော့ စစ်ကောင်စီအနေနဲ့တော့ သံရေး တမန်ရေးမှာတော့ အများကြီး ကျဆုံးနေတယ်လို့ ပြောရမှာပေါ့နော် အဲလိုမျိုး အခြေအနေရှိတယ်လို့ ပြောရမှာခင်ဗျ။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ဘက်အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိဖို့အတွက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့တော့ လိုပါမယ်။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီးဆိုရင် ပြီးခဲ့တဲ့ လလောက်ကဆိုရင် အထွေထွေညီလာခံ ဥက္ကဌနဲ့ တွေ့တာရှိတယ်။ နောက်သက်ဆိုင်ရာ သံအမတ်ကြီးတွေနဲ့ပေါ့နော် နိုင်ငံအလိုက် သံအမတ်ကြီးတွေ့ဆုံတာလည်းရှိတယ် ဆိုတဲ့အခါကျတော့ အခု ကုလသမဂ္ဂက သံအမတ်ကြီးကို လက်ခံထားတဲ့အနေအထားပေါ့နော် သူတို့ဘယ်လို သံအမတ်ကြီးကို သတ်မှတ်ထားသလဲရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ကျေးဇူးပါခင်ဗျ ကျနော်တော့ ဒီမှာ အားလုံးပေါ့နော် ၊ ဒီမှာ လုပ်ဖော်ကိုင်ဖက်တွေပေါေ့နာ် ကျနော့် counterpart တွေကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့အနေနဲ့ ကျနော့်ကို ဆက်ပြီးတော့ ထောက်ခံနေတယ် ၊ နောက်ပြီးတော့ ကျနော့်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဆက်ပြီးတော့ အသိအမှတ်ပြုနေတယ်။ အဲဒီလို အသိအမှတ်ပြုတဲ့အတိုင်း ဆက်ပြီးတော့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တဦးအနေနဲ့ ထိတွေ့ဆက်ဆံတဲ့ဟာပေါ့နော် အဲဒါကို ကြည့်ချင်းအားဖြင့် ကျနော့်အနေနဲ့ ပြည်သူရွေးချယ်တဲ့ အစိုးရက ခန့်အပ်တဲ့ သံအမတ်ကြီးအမြဲတမ်းကိုယ်စားလှယ်တဦးအနေနဲ့ ဆက်လက်ပြီးတော့ လုပ်ငန်းတွေကို ကျနော် ဆက်လက် ဆောင်ရွက်နေတယ်ပေါ့နော်။ အခုလုပ်ငန်းတွေကို အဓိက ဆောင်ရွက်တဲ့ ဥစ္စာကတော့ ကျနော်တို့ စစ်အာဏာရှင် ကျဆုံးရေး ၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ တခြား အထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်နေတဲ့ အနေအထားရှိနေပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အရေးပေါ်အစည်းအဝေးခေါ်ဖို့ ဆိုပြီးတော့ တောင်းဆိုချက်တွေပေါ့နော် အဲဒါတွေကရော ဘယ်လောက်အထိ အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ဒါကတော့ ခုန Resolution377 အောက်ကနေပြီးတော့ အထူးအစည်းအဝေးခေါ်ဖို့။ ဒါတွေကတော့ လူတွေကနေပြီးတော့ စပြီး Float လုပ်လာတယ်လို့ ကျနော် သုံးသပ်ပါတယ်ခင်ဗျ။ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ အသိုင်းအဝိုင်းကြားထဲမှာတော့ ပြောဆိုသံကတော့ အခုအထိ မရှိသေးပါဘူး။ ခုန ကျနော် ပြောသလို အခုလုပ်နေဟာ အခုသွားနေတဲ့ ပုံမှန် အထွေထွေညီလာခံ အစည်းအဝေး အောက်ကနေပြီးတော့ ခေါင်းစဉ်တခု အောက်ကနေပြီးတော့ ဆွေးနွေးပြီးတော့ ဒီ ဆုံးဖြတ်ချက်တခု ချနိုင်ဖို့အတွက်ကို ဆောင်ရွက်နေတဲ့ဥစ္စာပေါ့နော် ။ အထူး အစည်းအဝေးခေါ်တာတော့ မဟုတ်ပါဘူးခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဒီလို လက်ရှိသွားနေတဲ့ အခု အထွေထွေညီလာခံ ပုံမှန်အစည်းအဝေး သဘောမျိုးကနေပြီးတော့ မြန်မာ့အရေး တကယ်လို့ ဆုံးဖြတ်ချက် ချမယ်ဆိုရင်ရော အဲဒါကရော ထိရောက်မှုရှိလာနိုင်မလား။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ဘာပြောပြောလေ ကျနော်တို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကတော့ Moral obligation တော့ အကုန်လုံးရှိကြပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဆုံးဖြတ်ချက်တခု ချနိုင်တယ်ဆိုရင် စစ်ကောင်စီအပေါ် ဖိအားပေးတဲ့ဟာတခု ထပ်မံရရှိတယ်လို့တော့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။ ဒါလည်း ဘာပဲပြောပြော နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ရော ကျနော်တို့ သံတမန်အသိုင်းအဝိုင်းမှာ လုပ်နေတဲ့သူနဲ့ရော ၊ CSO တို့ INGO တို့တွေကရော ဒါကို အကိုးအကားတခု ထပ်သုံးပြီးတော့ စစ်ကောင်စီကို ပိုပြီးတော့ ဖိအားပေးနိုင်မယ့် စာရွက်စာတန်းတခုတော့ ရလာမယ်လို့တော့ ကျနော်မြင်ပါတယ်ခင်ဗျ။ ဘာပဲပြောပြော မရှိတာထက်စာရင် ရှိတာလေးတခုကတော့ ထိရောက်မှု ရှိတယ်လို့ ကျနော်သုံးသပ်ပါတယ်ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG