သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM ေၾကာင္႔ အေရးယူခံရတဲ႔ တကၠသိုလ္ဆရာဆရာမမ်ား


[Zawgyi/Unicode]

အၾကမ္းမဖက္ စစ္အာဏာ႐ွင္ဆန္႔က်င္တဲ့ CDM လႈပ္႐ွားမႈမွာ ဆရာ၊ ဆရာမအမ်ားအျပား ပါဝင္ခဲ့ၿပီးေနာက္ တကၠသိုလ္ဆရာ၊ ဆရာမေတြကို နယ္အေျပာင္းအေ႐ႊ႕နဲ႔ တာဝန္က ရပ္ဆိုင္းတာေတြကို အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ န.စ.က စစ္ေကာင္စီက ဆက္တိုက္ လုပ္ေဆာင္ေနပါတယ္။ တခ်ဳိ႕ကို အမည္မည္း Black list စာရင္းထဲပါ တင္သြင္းဖို႔အထိ လုပ္လာတဲ့အေပၚ ပညာေရးဝန္ထမ္း အသိုင္းအဝန္းက ရႈတ္ခ်လိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအသတင္းေထာက္ မစုျမတ္မြန္ က ေျပာျပေပးမွာပါ။

အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္က ခြင့္မဲ့ပ်က္ကြက္ေနတဲ့ တကၠသိုလ္ဆရာေတြရဲ႕ နာမည္စာရင္းကို ဧၿပီလ ၇ ရက္မွာ ေနာက္ဆုံးထားေပးပို႔ဖို႔ နစက စစ္ေကာင္စီရဲ႕ အလုပ္သမားဝန္ႀကီးဌာနက ပညာေရးဝန္ႀကီးဌာနကုိ ေတာင္းဆိုထားပါတယ္။ ဒီေတာင္းခံစာမွာေတာ့ အေၾကာင္းမဲ့ ပ်က္ကြက္ေနတဲ့ ပညာေရးဝန္ထမ္းေတြကို အမည္မည္းစာရင္း တင္သြင္းဖို႔ျဖစ္ေၾကာင္း ေရးသားထားတာပါ။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ CDM လႈပ္႐ွားမႈမွာ ပါဝင္ဆႏၵျပတဲ့ တကၠသိုလ္ဆရာေတြကို အလုပ္က ယာယီရပ္စဲတာ၊ အစိုးရ အိမ္ယာေတြကေန ဖယ္ခိုင္းတာ၊ အလုပ္အၿပီးထုတ္တာ၊ တပ္မေတာ္ၿပိဳကဲြေအာင္ လုပ္ေဆာင္မႈ၊ လႈံ႔ေဆာ္မႈ ရာဇသတ္ႀကီး ဥပေဒ ၅၀၅- က နဲ႔ တရားစြဲတာအျပင္ အခုေနာက္ဆုံး အမည္မည္းစာရင္း တင္သြင္းဖို႔အထိ လုပ္ေဆာင္လာတာပါ။

တကၠသိုလ္ဆရာေတြ အလုပ္မဆင္းဘူးဆိုရင္ ႏိုင္ငံ့ဝန္ထမ္း ဥပေဒအတိုင္း ခြင့္မဲ့ အျဖစ္သတ္မွတ္ၿပီး လစာနဲ႔ လုပ္သက္ေလွ်ာ့တာ ၿပီးေတာ့ ဌာနအတြင္း စုံစမ္းေမးျမန္းတာေတြ အဆင့္ဆင့္ၿပီးမွ အလုပ္က ထုတ္ခြင့္ရွိတာပါ။ အခုလို ႏိုင္ငံေရး ပုဒ္မေတြတပ္ တိုက္႐ိုက္ အေရးယူေနတာက ႏိုင္ငံ့ဝန္ထမ္းေတြကို ၿခိမ္းေျခာက္လိုက္တာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ တကၠသိုလ္ ဆရာ၊ ဆရာမမ်ား သမဂၢက ကထိက ေဒါက္တာျမသဇင္က ေျပာပါတယ္။

“ယာယီရပ္ဆိုင္းစဥ္ကာလ ဝန္ထမ္းဘဝက ထုတ္ပယ္တာ မဟုတ္ေသးတဲ့အတြက္ ေနအိမ္ကေန ဖယ္ခြင့္မရွိဘူးလို႔ နားလည္တယ္။ ဒါေပမဲ့ ကေလးေတြလို ျဖစ္ေနတယ္။ ငါနဲ႔ မေခၚ ငါ့အိုးပုတ္ ျပန္ေပးပဲ၊ အခုခ်က္ခ်င္း ဆင္းစမ္းကြာဆိုၿပီး။ ဒါသက္သက္ကို တိုင္းျပည္အေပၚ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ႏိုင္ငံ့ဝန္ထမ္းေတြအေပၚမွာ စာနာေထာက္ထားမႈမဲ့စြာ ေဆာင္႐ြက္တာပဲလို႔ ေျပာလို႔ရပါတယ္။”

ပါေမာကၡ၊ တြဲဖက္ပါေမာကၡနဲ႔ ကတိထ ၁၄ ေယာက္ကို လုံၿခဳံေရးနဲ႔ တရားဥပေဒ စိုးမိုးေရးကို ထိခိုက္ေစတဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္တယ္ဆိုၿပီး တာဝန္က ယာယီရပ္ဆိုင္း လိုက္တယ္လို႔ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ခ်ဳပ္ ေဒါက္တာသိန္းဝင္းက မတ္လ ၁၉ မွာ ေၾကညာပါတယ္။ ဒီ ၁၄ ေယာက္ဟာ လက္ရွိမွာ ဖမ္းဝရမ္း ထုတ္ခံထားရတာလည္း ျဖစ္ပါတယ္။ ဒါတင္မက အဆင့္ျမင့္ပညာဦးစီးဌာန ႐ုံးခ်ဳပ္က ႐ုံးဝန္ထမ္း ၈၀ ကိုလည္း တာဝန္က ယာယီ ရပ္ဆိုင္းလိုက္ေၾကာင္းလည္း အာဏာပိုင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။

ရန္ကုန္အေဝးသင္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာဥမၼာေက်ာ္ကိုလည္း ဆႏၵအေလ်ာက္ ဥပေဒနဲ႔အညီ ႏွစ္ျပည့္ပင္စင္ ခံစားခြင့္ေပးလိုက္ေၾကာင္း ပညာေရးဝန္ႀကီး ေဒါက္တာၫြန႔္ေဖက မတ္လ ၂၂ ရက္မွာ စာထုတ္ျပန္ပါတယ္။ ရန္ကုန္စီးပြားေရး တကၠသိုလ္က ပါေမာကၡ (ဌာနမႉး) အဆင့္ အပါအဝင္ ကထိကရာထူးအထိ စုစုေပါင္း အေယာက္ ၁၀၀ ေက်ာ္ကိုလည္း အလုပ္မဆင္းတဲ့ ရက္ေတြကို လစာမဲ့ခြင့္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ အလားတူအေျခခံပညာ ဦးစီးဌာန ႐ုံးခ်ဳပ္က စီမံဝန္ထမ္း ၄၀ ေက်ာ္ကိုလည္း တာဝန္ကေန ယာယီရပ္ဆိုင္းခ့ဲပါတယ္။

ခြင့္စည္းကမ္းကို ေဖာက္ဖ်က္ၿပီး အလုပ္မဝင္ေသးတဲ့ ပညာေရးဝန္ထမ္းေတြ မတ္လ ၂၂ ရက္ကစၿပီး တာဝန္ျပန္ထမ္းေဆာင္ဖို႔ ပ်က္ကြက္ရင္ တာဝန္က ယာယီရပ္နားဖုိ႔အတြက္ နစက ပညာေရးဝန္ႀကီးဌာနက မတ္လ ၂၃ ရက္ေန႔ထဲက စတင္ေဆာင္႐ြက္ေနပါတယ္။ တကၠသိုလ္ ဆရာ၊ ဆရာမေတြကိုလည္း ေက်ာင္းေျပာင္းေ႐ႊ႕တာဝန္ေပးမႈေတြကို မတ္လအေစာပိုင္းကစၿပီး ဆက္တိုက္ လုပ္ေနပါတယ္။

ရန္ကုန္တကၠသိုလ္ အေရွ႕တိုင္းပညာဌာန ပါေမာကၡ ေဒါက္တာအာကာမိုးသူကိုေတာ့ CDM လႈပ္ရွားမႈကို ဦးေဆာင္တယ္လို႔ န.စ.က စစ္ေကာင္စီက စြပ္စြဲၿပီး မတ္လ အေစာပိုင္းကတည္းက ဖမ္းဆီးထားတာပါ။ ရန္ပုံေငြရွာေရး၊ သယ္ယူေထာက္ပံ့ေရး၊ သတင္းျပန္ၾကားေရး၊ နည္းပညာနဲ႔ ဥပေဒအႀကံေပး ဒါေတြကို ေဒါက္တာ အာကာမိုးသူဦးေဆာင္တဲ့ CDM ေထာက္ပံ့ေရး ေကာ္မတီက ရန္ကုန္တကၠသိုလ္ငါးခုက ပါေမာကၡ၊ ကထိက ၁၅ ေယာက္နဲ႔ ခ်ိတ္ဆက္ လႈပ္ရွားခဲ့ေၾကာင္း စစ္ေကာင္စီရဲ႕ ျမဝတီသတင္းဌာနက မတ္လ ၈ ရက္မွာ ထုတ္လႊင့္ခဲ့ပါတယ္။

CDM ေထာက္ပံ့သူေတြကို ဖမ္းဆီးတရားစြဲေနတာ မလုပ္သင့္ဘူးလုိ႔ ကထိက ေဒါက္တာျမသဇင္က ေျပာပါတယ္။

“အခက္အခဲျဖစ္ေနသူကို တေယာက္ကေန တေယာက္ေပးတယ္ဆိုတာဟာ ျမန္မာ့႐ိုးရာ ဓေလ့ပဲေလ။ ဥပမာ CDM လုပ္တဲ့ ဝန္ထမ္းေတြ လစာမရမွာ စိုးလို႔ အခက္မျဖစ္ေအာင္ တေယာက္ကေန တေယာက္ ေငြေၾကးေထာက္ပံ့တယ္။ ဒါကို ပုန္ကန္မႈအတြက္ ေထာက္ပံ့တယ္လို႔ ေခါင္းစဥ္လႊဲတပ္တာေတာ့ သဘာဝ မက်ဘူး။”

ဆရာ၊ ဆရာမေတာ္ေတာ္မ်ားမ်ား CDM လႈပ္႐ွားမႈ လုပ္ေနၾကေပမဲ့ တခ်ိဳ႕တကၠသိုလ္ ဆရာ ဆရာမေတြကေတာ့ မၿပီးသတ္ေသးတဲ့ ပညာေရးရပ္ဆိုင္ရာ အလုပ္ေတြေၾကာင့္ CDM လုပ္ဖို႔ ခက္ခဲေၾကာင္း ႏိုင္ငံေရးသိပၸံဌာန တခုက ပါေမာကၡ ေဒါက္တာၾကည္ႏိုင္ကေျပာပါတယ္။

“CDM သမားေတြအေနနဲ႔ ဒါက အနစ္နာခံၿပီး အလုပ္ျပဳတ္မယ္ဆိုတာ သိသိႀကီးနဲ႔ သူတို႔ေတြ လုပ္ၾကတာေပါ့။ Non-CDM သမားေတြဘက္က ၾကည့္မယ္ဆိုရင္လည္း သူတို႔က က်ေနာ္တို႔ သိရသေလာက္ အမ်ားစုက ေလာေလာဆယ္ international project ေတြ လုပ္ေနတဲ့သူလည္း ရွိတယ္။ အဲဒီလို ယႏၲရားႀကီးက ဆက္ရွိေနေသးတဲ့ အတြက္ေၾကာင့္မို႔ non- CDM ပုံမ်ိဳးနဲ႔ေပါ့။ CDM က အရမ္းႀကီး effective မျဖစ္ဘူးဆိုရင္ non- CDM သမားေတြက က်ေနာ္တို႔ စကားနဲ႔ေျပာရင္ အတြင္းဝင္ ကစားၾကမွာေပါ့ဗ်ာ။ အဲဒီလိုပုံစံမ်ိဳးေပါ့။”

န.စ.က ပညာေရးဝန္ႀကီးဌာနရဲ႕ ပါရဂူဘြဲ႕ (က်မ္းျပဳ) ပထမႏွစ္ကေန စတုတၳႏွစ္အထိ သင္တန္းေတြကို ဧၿပီလ ၁ ရက္မွာ စဖြင့္သြားမယ္လို႔ ေၾကညာထားပါတယ္။ တခ်ိန္ထဲမွာပဲ ဗဟိုခ်ဳပ္ကိုင္မႈ မရွိတဲ့ ပညာေရးစနစ္အတြက္ အခ်က္ ၉ ခုပါတဲ့ အနာဂတ္ပညာေရး ကတိျပဳလႊာကို တကၠသိုလ္ေပါင္း ၁၂၀ ေက်ာ္က ေက်ာင္းသားသမဂၢေတြက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကို ဧၿပီလ ၄ ရက္က ေပးပို႔ခဲ့ၾကပါတယ္။ ဒါကိုႀကိဳဆို ေထာက္ခံေၾကာင္း ပညာေရး၊ က်န္းမာေရး၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဌာန ေခတၱျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက မတ္လ ၅ ရက္ လူမႈကြန္ရက္ေပၚမွာ ေရးသား တုံ႔ျပန္ခဲ့ပါတယ္။

CDM ေၾကာင္႔ အေရးယူခံရတဲ႔ တကၠသိုလ္ဆရာဆရာမမ်ား
please wait

No media source currently available

0:00 0:04:53 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

CDM ကြောင့် အရေးယူခံရတဲ့ တက္ကသိုလ်ဆရာဆရာမများ

အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဆရာ၊ ဆရာမအများအပြား ပါဝင်ခဲ့ပြီးနောက် တက္ကသိုလ်ဆရာ၊ ဆရာမတွေကို နယ်အပြောင်းအရွှေ့နဲ့ တာဝန်က ရပ်ဆိုင်းတာတွေကို အာဏာသိမ်းအုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီက ဆက်တိုက် လုပ်ဆောင်နေပါတယ်။ တချို့ကို အမည်မည်း Black list စာရင်းထဲပါ တင်သွင်းဖို့အထိ လုပ်လာတဲ့အပေါ် ပညာရေးဝန်ထမ်း အသိုင်းအဝန်းက ရှုတ်ချလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မစုမြတ်မွန် က ပြောပြပေးမှာပါ။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်က ခွင့်မဲ့ပျက်ကွက်နေတဲ့ တက္ကသိုလ်ဆရာတွေရဲ့ နာမည်စာရင်းကို ဧပြီလ ၇ ရက်မှာ နောက်ဆုံးထားပေးပို့ဖို့ နစက စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။ ဒီတောင်းခံစာမှာတော့ အကြောင်းမဲ့ ပျက်ကွက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အမည်မည်းစာရင်း တင်သွင်းဖို့ဖြစ်ကြောင်း ရေးသားထားတာပါ။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြတဲ့ တက္ကသိုလ်ဆရာတွေကို အလုပ်က ယာယီရပ်စဲတာ၊ အစိုးရ အိမ်ယာတွေကနေ ဖယ်ခိုင်းတာ၊ အလုပ်အပြီးထုတ်တာ၊ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ၅၀၅- က နဲ့ တရားစွဲတာအပြင် အခုနောက်ဆုံး အမည်မည်းစာရင်း တင်သွင်းဖို့အထိ လုပ်ဆောင်လာတာပါ။

တက္ကသိုလ်ဆရာတွေ အလုပ်မဆင်းဘူးဆိုရင် နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း ခွင့်မဲ့ အဖြစ်သတ်မှတ်ပြီး လစာနဲ့ လုပ်သက်လျှော့တာ ပြီးတော့ ဌာနအတွင်း စုံစမ်းမေးမြန်းတာတွေ အဆင့်ဆင့်ပြီးမှ အလုပ်က ထုတ်ခွင့်ရှိတာပါ။ အခုလို နိုင်ငံရေး ပုဒ်မတွေတပ် တိုက်ရိုက် အရေးယူနေတာက နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက်လိုက်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂက ကထိက ဒေါက်တာမြသဇင်က ပြောပါတယ်။

“ယာယီရပ်ဆိုင်းစဉ်ကာလ ဝန်ထမ်းဘဝက ထုတ်ပယ်တာ မဟုတ်သေးတဲ့အတွက် နေအိမ်ကနေ ဖယ်ခွင့်မရှိဘူးလို့ နားလည်တယ်။ ဒါပေမဲ့ ကလေးတွေလို ဖြစ်နေတယ်။ ငါနဲ့ မခေါ် ငါ့အိုးပုတ် ပြန်ပေးပဲ၊ အခုချက်ချင်း ဆင်းစမ်းကွာဆိုပြီး။ ဒါသက်သက်ကို တိုင်းပြည်အပေါ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ စာနာထောက်ထားမှုမဲ့စွာ ဆောင်ရွက်တာပဲလို့ ပြောလို့ရပါတယ်။”

ပါမောက္ခ၊ တွဲဖက်ပါမောက္ခနဲ့ ကတိထ ၁၄ ယောက်ကို လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး တာဝန်က ယာယီရပ်ဆိုင်း လိုက်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာသိန်းဝင်းက မတ်လ ၁၉ မှာ ကြေညာပါတယ်။ ဒီ ၁၄ ယောက်ဟာ လက်ရှိမှာ ဖမ်းဝရမ်း ထုတ်ခံထားရတာလည်း ဖြစ်ပါတယ်။ ဒါတင်မက အဆင့်မြင့်ပညာဦးစီးဌာန ရုံးချုပ်က ရုံးဝန်ထမ်း ၈၀ ကိုလည်း တာဝန်က ယာယီ ရပ်ဆိုင်းလိုက်ကြောင်းလည်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်ကိုလည်း ဆန္ဒအလျောက် ဥပဒေနဲ့အညီ နှစ်ပြည့်ပင်စင် ခံစားခွင့်ပေးလိုက်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက မတ်လ ၂၂ ရက်မှာ စာထုတ်ပြန်ပါတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ပါမောက္ခ (ဌာနမှူး) အဆင့် အပါအဝင် ကထိကရာထူးအထိ စုစုပေါင်း အယောက် ၁၀၀ ကျော်ကိုလည်း အလုပ်မဆင်းတဲ့ ရက်တွေကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အလားတူအခြေခံပညာ ဦးစီးဌာန ရုံးချုပ်က စီမံဝန်ထမ်း ၄၀ ကျော်ကိုလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး အလုပ်မဝင်သေးတဲ့ ပညာရေးဝန်ထမ်းတွေ မတ်လ ၂၂ ရက်ကစပြီး တာဝန်ပြန်ထမ်းဆောင်ဖို့ ပျက်ကွက်ရင် တာဝန်က ယာယီရပ်နားဖို့အတွက် နစက ပညာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ထဲက စတင်ဆောင်ရွက်နေပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေကိုလည်း ကျောင်းပြောင်းရွှေ့တာဝန်ပေးမှုတွေကို မတ်လအစောပိုင်းကစပြီး ဆက်တိုက် လုပ်နေပါတယ်။

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခ ဒေါက်တာအာကာမိုးသူကိုတော့ CDM လှုပ်ရှားမှုကို ဦးဆောင်တယ်လို့ န.စ.က စစ်ကောင်စီက စွပ်စွဲပြီး မတ်လ အစောပိုင်းကတည်းက ဖမ်းဆီးထားတာပါ။ ရန်ပုံငွေရှာရေး၊ သယ်ယူထောက်ပံ့ရေး၊ သတင်းပြန်ကြားရေး၊ နည်းပညာနဲ့ ဥပဒေအကြံပေး ဒါတွေကို ဒေါက်တာ အာကာမိုးသူဦးဆောင်တဲ့ CDM ထောက်ပံ့ရေး ကော်မတီက ရန်ကုန်တက္ကသိုလ်ငါးခုက ပါမောက္ခ၊ ကထိက ၁၅ ယောက်နဲ့ ချိတ်ဆက် လှုပ်ရှားခဲ့ကြောင်း စစ်ကောင်စီရဲ့ မြဝတီသတင်းဌာနက မတ်လ ၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

CDM ထောက်ပံ့သူတွေကို ဖမ်းဆီးတရားစွဲနေတာ မလုပ်သင့်ဘူးလို့ ကထိက ဒေါက်တာမြသဇင်က ပြောပါတယ်။

“အခက်အခဲဖြစ်နေသူကို တယောက်ကနေ တယောက်ပေးတယ်ဆိုတာဟာ မြန်မာ့ရိုးရာ ဓလေ့ပဲလေ။ ဥပမာ CDM လုပ်တဲ့ ဝန်ထမ်းတွေ လစာမရမှာ စိုးလို့ အခက်မဖြစ်အောင် တယောက်ကနေ တယောက် ငွေကြေးထောက်ပံ့တယ်။ ဒါကို ပုန်ကန်မှုအတွက် ထောက်ပံ့တယ်လို့ ခေါင်းစဉ်လွှဲတပ်တာတော့ သဘာဝ မကျဘူး။”

ဆရာ၊ ဆရာမတော်တော်များများ CDM လှုပ်ရှားမှု လုပ်နေကြပေမဲ့ တချို့တက္ကသိုလ် ဆရာ ဆရာမတွေကတော့ မပြီးသတ်သေးတဲ့ ပညာရေးရပ်ဆိုင်ရာ အလုပ်တွေကြောင့် CDM လုပ်ဖို့ ခက်ခဲကြောင်း နိုင်ငံရေးသိပ္ပံဌာန တခုက ပါမောက္ခ ဒေါက်တာကြည်နိုင်ကပြောပါတယ်။

“CDM သမားတွေအနေနဲ့ ဒါက အနစ်နာခံပြီး အလုပ်ပြုတ်မယ်ဆိုတာ သိသိကြီးနဲ့ သူတို့တွေ လုပ်ကြတာပေါ့။ Non-CDM သမားတွေဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့က ကျနော်တို့ သိရသလောက် အများစုက လောလောဆယ် international project တွေ လုပ်နေတဲ့သူလည်း ရှိတယ်။ အဲဒီလို ယန္တရားကြီးက ဆက်ရှိနေသေးတဲ့ အတွက်ကြောင့်မို့ non- CDM ပုံမျိုးနဲ့ပေါ့။ CDM က အရမ်းကြီး effective မဖြစ်ဘူးဆိုရင် non- CDM သမားတွေက ကျနော်တို့ စကားနဲ့ပြောရင် အတွင်းဝင် ကစားကြမှာပေါ့ဗျာ။ အဲဒီလိုပုံစံမျိုးပေါ့။”

န.စ.က ပညာရေးဝန်ကြီးဌာနရဲ့ ပါရဂူဘွဲ့ (ကျမ်းပြု) ပထမနှစ်ကနေ စတုတ္ထနှစ်အထိ သင်တန်းတွေကို ဧပြီလ ၁ ရက်မှာ စဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။ တချိန်ထဲမှာပဲ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ပညာရေးစနစ်အတွက် အချက် ၉ ခုပါတဲ့ အနာဂတ်ပညာရေး ကတိပြုလွှာကို တက္ကသိုလ်ပေါင်း ၁၂၀ ကျော်က ကျောင်းသားသမဂ္ဂတွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဧပြီလ ၄ ရက်က ပေးပို့ခဲ့ကြပါတယ်။ ဒါကိုကြိုဆို ထောက်ခံကြောင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မတ်လ ၅ ရက် လူမှုကွန်ရက်ပေါ်မှာ ရေးသား တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG