သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ ျပင္းထန္တဲ့ဖိႏွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရ


မႏၱေလးၿမိဳ႕က CDM လႈပ္ရွားမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြကို အာဏာပိုင္ေတြဘက္ကေန ျပင္းျပင္းထန္ထန္ ဖိႏွိပ္မႈေတြနဲ႔ ၿဖိဳခြင္းတာေတြရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကိုေတာ့ မဆုမြန္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စၿပီး စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း တပ္မေတာ္ဘက္က စစ္အုပ္ခ်ဳပ္ေရးေကာင္စီဖြဲ႔ၿပီး ႏိုင္ငံကို စီမံအုပ္ခ်ဳပ္ဖို႔ ႀကိဳးစားတာမွာေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီအုပ္ခ်ဳပ္မႈကို လက္မခံႏိုင္တဲ့ ႏိုင္ငံဝန္ထမ္းေတြဘက္က အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈေတြ လုပ္ခဲ့တာပါ။

အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ႐ုံးမတက္ဘဲ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လုပ္ေနၾကသူေတြကို စစ္ေကာင္စီ ဘက္က စစ္ေဆး ေမးျမန္းတာ၊ ပုဒ္မတပ္ ဖမ္းဆီး အေရးယူတာေတြအျပင္ ျပင္းျပင္းထန္ထန္ ဖိႏွိပ္တာေတြ လုပ္ေဆာင္သလို CDM လုပ္ေအာင္ အားေပးေနတယ္ဆိုတဲ့ သံသယနဲ႔ စစ္ေၾကာေရးမွာ ေခၚယူစစ္ေဆးခံေနရသူေတြလည္းရွိေနပါတယ္။

CDM မွာပါ၀င္တဲ့ ဆရာဝန္ေတြကို ေတြ႕တဲ့ေနရာမွာ တရားမဲ့ဖမ္းဆီးမႈေတြ လုပ္တာေတြအျပင္ ေဆးကုသခြင့္လိုင္စင္ပါ ပိတ္သိမ္းတဲ့အထိ ျပင္းျပင္းထန္ထန္ အေရးယူတာေတြ လုပ္ေဆာင္ေနတယ္လို႔ CDM လုပ္ေနတဲ့ ဆရာဝန္တဦးကေျပာပါတယ္။

"နံပတ္ ၁ ကေတာ့ က်ေနာ္တို႔ကို ဆရာဝန္ျဖစ္ေနတာ့ အျပင္မွာ ဆရာဝန္အျဖစ္နဲ႔ လုပ္လို႔မရေအာင္တားဆီးတာေတြေတာ့ ရွိတာေပါ့ေနာ္။ ေဆးခန္းေတြမွာဆိုလို႔ရွိရင္လည္း ဒီအခ်ိန္၊ ဒီအခ်ိန္ေတြမွာ ဒီဆရာဝန္ေတြ ထိုင္ေနသလား၊ ဒီဆရာဝန္ေတြကို လက္မခံရဘူး... အဲဒီလိုမ်ိဳးေတြေပါ့ေနာ္.... ဖိအားေပးတာေပါ့။ ဆရာဝန္အေနနဲ႔ အျပင္မွာ ေဆးခန္း ထိုင္မယ္ဆိုရင္လည္း ေဆးခန္းေတြကို ဖိအားေပးၿပီးေတာ့ ေဆးခန္းထိုင္လို႔ မရေအာင္ တားဆီးတာေတြရွိတယ္ေပါ့ေနာ္... ဒါက တပိုင္းေပါ့။ ဒါက ေဆးခန္းထိုင္တယ္ဆိုရင္တာေတာင္မွ အခေၾကးေငြယူၿပီး ထိုင္တဲ့ေဆးခန္းကိုေျပာတာေနာ္။ ဒါေပမဲ့ က်ေနာ္တို႔ CDM ဆရာဝန္ေတြက မ်ားေသာအားျဖင့္ေတာ့ က်ေနာ္ကိုယ္တိုင္ေရာပဲ အခေၾကးေငြ မယူဘဲနဲ႔ အလကားထိုင္တာ။ ခဲြစိတ္ခတို႔၊ စမ္းသပ္ခတို႔ ဘာမွမယူဘဲနဲ႔ ထိုင္ေပးတာေတြလည္းရွိတယ္။ ဒါေပမဲ့ အဲဒီဟာေတြကိုလည္းပဲ ဆက္ၿပီးေတာ့ ကုသမႈေတြေပးလို႔ မရေအာင္ ေဆးခန္းေတြမွာ လိုက္လိုက္ၿပီးေတာ့ ဖမ္းတာမ်ိဳး၊ ေဆးခန္းေရွ႕မွာ မၾကခဏ စစ္ေဆးတာမ်ိဳး၊ ဆရာဝန္ေတြကို ေဆးခန္းကေန လာေခၚသြားတာမ်ိဳး... အဲဒါမ်ိဳးေတြ ရွိတယ္။ ဒါေပမဲ့ အခုေခတ္က စစ္အုပ္ခ်ဳပ္ေရး ေျပာင္းေတာ့ ဥပေဒဆိုတာ မရွိေတာ့ဘူး၊ သူတို႔ထုတ္တဲ့ အမိန္႔ပဲ ရွိေတာ့တယ္ဆိုတဲ့ သေဘာမ်ိဳး ျဖစ္သြားတယ္။ က်ေနာ္တို႔ကို စစ္ေျမျပင္တခုလို တိုက္ခိုက္ႏွိမ္နင္းေနတဲ့ သေဘာေတာ့ ရွိတာေပါ့ေနာ္။"

CDM လႈပ္ရွားမႈမွာ ဘဏ္ဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ အင္ဂ်င္နီယာေတြ၊ အေကာက္ခြန္အရာရွိေတြ၊ သေဘၤာက်င္း အလုပ္သမားေတြ၊ ရထားပို႔ေဆာင္ေရးက ဝန္ထမ္းေတြအျပင္ အထည္ခ်ဳပ္စက္႐ုံက အလုပ္သမားေတြလို လုပ္ငန္းခြင္ေပါင္းစံု၊ က႑မ်ိဳးစုံမွာ တာဝန္ထမ္းေဆာင္ေနသူေတြ ပါဝင္ေနၾကတာ ျဖစ္ပါတယ္။

CDM မွာပါဝင္တဲ့ ဝန္ထမ္းေတြကို အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးတာ၊ အလုပ္ကေန ထုတ္ပစ္တာ၊ ႐ုံးျပန္တက္ၾကဖို႔ စာထုတ္ဖိအားေပးတာ၊ ဝန္ထမ္းအိမ္ရာေတြကေန ေျပာင္းေ႐ႊ႕ဖို႔ ဖိအားေပးတာစတဲ့ နည္းအမ်ိဳးမ်ိဳးနဲ႔ ၿခိမ္းေျခာက္ေနပါတယ္။ CDM လုပ္တာေၾကာင့္ အလုပ္တာဝန္ကေန ထုတ္ပယ္ခံရေပမဲ့ အာဏာရွင္ျပဳတ္က်တဲ့ အထိဆက္ၿပီး တိုက္မယ္လို႔ ဆိုလာသူကေတာ့ ျဖဴးၿမိဳ႕နယ္ စိုက္ပ်ိဳးေရးအရာရွိ တဦး ျဖစ္ပါတယ္။

"က်မကေတာ့ ဒါကိုေအာင္ပြဲရတဲ့ အထိလုပ္မွာပဲ။ က်မတို႔ကေနာက္မဆုတ္တာ၊ ေနာက္မဆုတ္ဘူး ၿပီးတဲ့ အထိတိုက္မယ္။ ကိုယ့္ရာထူးစေတးရဲတယ္။ အလုပ္ကို စေတးရဲတယ္။ ၿပီးတဲ့ထိ CDM အေနနဲ႔ တိုက္ခိုက္သြားမယ္။"

သူမကို အေရးယူတဲ့ ပုဒ္မ ၃ ခုကေတာ့ ဝန္ထမ္းက်င့္ဝတ္ေဖာက္ဖ်က္တာအတြက္ ႏိုင္ငံဝန္ထမ္း ဥပေဒ ပုဒ္မ ၁၆၀၊ ခြင့္စည္းကမ္းမ်ားကို ေဖာက္ဖ်က္ၿပီး ခြင့္မဲ့ပ်က္ကြက္တဲ့အတြက္ ႏိုင္ငံဝန္ထမ္း ဥပေဒ ပုဒ္မ ၁၆၁- ဃ၊ ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစတဲ့ လႈပ္ရွားမႈတြင္ ပါဝင္လႈံ႕ေဆာ္အားေပးကူညီတဲ့အတြက္ဆိုၿပီး ဥပေဒပုဒ္မ ၁၆၃ -ဖ စတဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုထားပါတယ္။ အမႈစြဲထားတာကိုစာပို႔ အေၾကာင္းၾကားလို႔ သိခဲ့ရေပမဲ့ အမႈကို ဘယ္လိုစစ္ေဆးေနသလဲဆိုတာ မသိရသလို မက်ဴးလြန္ခဲ့တဲ့ တပ္ထားတဲ့ ပုဒ္မေတြကိုလည္း ကာယကံရွင္အေနနဲ႔ ခုခံေခ်ပခြင့္မရဘူးလို႔ ေျပာပါတယ္။

တည္ဆဲ ႏိုင္ငံဝန္ထမ္း ဥပေဒမွာ စြပ္စြဲခံရတဲ့ ဝန္ထမ္းရဲ႕ အမႈကို ၾကားနာစစ္ေဆးတာမွာစြပ္စြဲခံရတဲ့ ဝန္ထမ္းမ်က္ကြယ္မွာ စစ္ေဆးၾကားနာတာ မလုပ္ဖို႔ အျပင္ စြပ္စြဲခံရသူ ဝန္ထမ္းအေနနဲ႔ စြပ္စြဲမႈကို ခုခံေခ်ပခြင့္ရွိတယ္လို႔ အတိအလင္းေဖာ္ျပထားပါတယ္။

စစ္ေကာင္စီရဲ႕ ေနာက္ထပ္ ဖိႏွိပ္တဲ့ လုပ္ေဆာင္ခ်က္တခ်က္ကေတာ့ CDM လႈပ္ရွားသူေတြကို ဝန္ထမ္းအိမ္ယာေတြကေန အတင္းအဓမၼ ေျပာင္းေ႐ႊ႕ခိုင္းတာပါ။ အဲဒီလို လုပ္ေဆာင္တဲ့ေနရာမွာ အၾကမ္းဖက္ ဖယ္ရွားခိုင္းတာေတြလည္း ရွိပါတယ္။ မီးရထားဝန္ထမ္းေတြ ေနတဲ့ေနရာေတြဆို ညဘက္ေတြမွာ လုံၿခဳံေရး တပ္ဖြဲ႕ေတြက ေလးခြနဲ႔ လာပစ္တာ၊ အၾကမ္း ဖက္ၿဖိဳခြဲ တာေတြလုပ္ခဲ့တာေတြ ရွိပါတယ္။

လစာမရၾကတဲ့အတြက္ စားဝတ္ေနေရးလည္း အခက္အခဲရွိၾကတဲ့ အျပင္ ညတိုင္း လာေရာက္ဖမ္းဆီးတာ ေတြလုပ္ တာေၾကာင့္ လုံၿခဳံမႈမဲ့ က်ီးလန႔္စာစားရတဲ့ ဘဝနဲ႔ ရင္ဆိုင္ေနရတယ္လို႔ မလႊကုန္း မီးရထားဝန္ထမ္းတဦးက ေျပာပါတယ္။

"အခက္အခဲကေတာ့ အမေရ... ပြင့္ပြင့္လင္းလင္းေျပာရရင္ အကုန္လံုးက CDM လုပ္ေနၾကတဲ့အတြက္ ညီမတို႔ ရပ္ကြက္ထဲ ေနလို႔မရဘူး။ ညီမတို႔က ေရွာင္ရွားၿပီးေနရ တာေပါ့ေနာ္။ ေရွာင္ရွားေနရေတာ့ ေငြေရးေၾကးေရး အခက္အခဲရွိတာေပါ့။ လစာလည္း မထုတ္ၾကဘူးဆိုေတာ့ေလ။ အခက္အခဲကမ်ားႀကီးရွိတာေပါ့ ညညက်ရင္ ညီမတို႔မွာ က်ီးလန႔္စာစားေနရတာေပါ့။ ညေရးညတာ ပိုေၾကာက္ရတာေပါ့။ ညီမတို႔ကေတာ့ CDM ပဲ ဆက္လုပ္မယ္။ မေအာင္ျမင္မခ်င္းတိုက္မွာ။ ေနာက္ဆုံးပိတ္ ညီမအလုပ္ျပဳတ္သြားလည္း မမႈေတာ့ဘူး။ CDM လုပ္လို႔ အသက္ေပးရသူေတြကိုလည္း ၾကည့္ရဦးမယ္။ အဆုံးထိညီမတို႔တိုက္မွာပါ။"

အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔တို႔ရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ အခုခ်ိန္ အထိ ေသဆုံးခဲ့ရသူ ၅၅၀ ေက်ာ္ထဲမွာ CDM လုပ္ေနတဲ့ ဝန္ထမ္းေတြလည္း ပါဝင္ေနသလို တခ်ိဳ႕လည္း ဖမ္းဆီး ထိန္းသိမ္းခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ ပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အာဏာပိုင်တွေဘက်ကနေ ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေနဲ့ ဖြိုခွင်းတာတွေရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တပ်မတော်ဘက်က စစ်အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီး နိုင်ငံကို စီမံအုပ်ချုပ်ဖို့ ကြိုးစားတာမှာတော့ စစ်အုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုကို လက်မခံနိုင်တဲ့ နိုင်ငံဝန်ထမ်းတွေဘက်က အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေ လုပ်ခဲ့တာပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ရုံးမတက်ဘဲ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လုပ်နေကြသူတွေကို စစ်ကောင်စီ ဘက်က စစ်ဆေး မေးမြန်းတာ၊ ပုဒ်မတပ် ဖမ်းဆီး အရေးယူတာတွေအပြင် ပြင်းပြင်းထန်ထန် ဖိနှိပ်တာတွေ လုပ်ဆောင်သလို CDM လုပ်အောင် အားပေးနေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကြောရေးမှာ ခေါ်ယူစစ်ဆေးခံနေရသူတွေလည်းရှိနေပါတယ်။

CDM မှာပါဝင်တဲ့ ဆရာဝန်တွေကို တွေ့တဲ့နေရာမှာ တရားမဲ့ဖမ်းဆီးမှုတွေ လုပ်တာတွေအပြင် ဆေးကုသခွင့်လိုင်စင်ပါ ပိတ်သိမ်းတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ CDM လုပ်နေတဲ့ ဆရာဝန်တဦးကပြောပါတယ်။

"နံပတ် ၁ ကတော့ ကျနော်တို့ကို ဆရာဝန်ဖြစ်နေတာ့ အပြင်မှာ ဆရာဝန်အဖြစ်နဲ့ လုပ်လို့မရအောင်တားဆီးတာတွေတော့ ရှိတာပေါ့နော်။ ဆေးခန်းတွေမှာဆိုလို့ရှိရင်လည်း ဒီအချိန်၊ ဒီအချိန်တွေမှာ ဒီဆရာဝန်တွေ ထိုင်နေသလား၊ ဒီဆရာဝန်တွေကို လက်မခံရဘူး... အဲဒီလိုမျိုးတွေပေါ့နော်.... ဖိအားပေးတာပေါ့။ ဆရာဝန်အနေနဲ့ အပြင်မှာ ဆေးခန်း ထိုင်မယ်ဆိုရင်လည်း ဆေးခန်းတွေကို ဖိအားပေးပြီးတော့ ဆေးခန်းထိုင်လို့ မရအောင် တားဆီးတာတွေရှိတယ်ပေါ့နော်... ဒါက တပိုင်းပေါ့။ ဒါက ဆေးခန်းထိုင်တယ်ဆိုရင်တာတောင်မှ အခကြေးငွေယူပြီး ထိုင်တဲ့ဆေးခန်းကိုပြောတာနော်။ ဒါပေမဲ့ ကျနော်တို့ CDM ဆရာဝန်တွေက များသောအားဖြင့်တော့ ကျနော်ကိုယ်တိုင်ရောပဲ အခကြေးငွေ မယူဘဲနဲ့ အလကားထိုင်တာ။ ခွဲစိတ်ခတို့၊ စမ်းသပ်ခတို့ ဘာမှမယူဘဲနဲ့ ထိုင်ပေးတာတွေလည်းရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေကိုလည်းပဲ ဆက်ပြီးတော့ ကုသမှုတွေပေးလို့ မရအောင် ဆေးခန်းတွေမှာ လိုက်လိုက်ပြီးတော့ ဖမ်းတာမျိုး၊ ဆေးခန်းရှေ့မှာ မကြခဏ စစ်ဆေးတာမျိုး၊ ဆရာဝန်တွေကို ဆေးခန်းကနေ လာခေါ်သွားတာမျိုး... အဲဒါမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခုခေတ်က စစ်အုပ်ချုပ်ရေး ပြောင်းတော့ ဥပဒေဆိုတာ မရှိတော့ဘူး၊ သူတို့ထုတ်တဲ့ အမိန့်ပဲ ရှိတော့တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ ကျနော်တို့ကို စစ်မြေပြင်တခုလို တိုက်ခိုက်နှိမ်နင်းနေတဲ့ သဘောတော့ ရှိတာပေါ့နော်။"

CDM လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အကောက်ခွန်အရာရှိတွေ၊ သင်္ဘောကျင်း အလုပ်သမားတွေ၊ ရထားပို့ဆောင်ရေးက ဝန်ထမ်းတွေအပြင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေလို လုပ်ငန်းခွင်ပေါင်းစုံ၊ ကဏ္ဍမျိုးစုံမှာ တာဝန်ထမ်းဆောင်နေသူတွေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတာ၊ အလုပ်ကနေ ထုတ်ပစ်တာ၊ ရုံးပြန်တက်ကြဖို့ စာထုတ်ဖိအားပေးတာ၊ ဝန်ထမ်းအိမ်ရာတွေကနေ ပြောင်းရွှေ့ဖို့ ဖိအားပေးတာစတဲ့ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နေပါတယ်။ CDM လုပ်တာကြောင့် အလုပ်တာဝန်ကနေ ထုတ်ပယ်ခံရပေမဲ့ အာဏာရှင်ပြုတ်ကျတဲ့ အထိဆက်ပြီး တိုက်မယ်လို့ ဆိုလာသူကတော့ ဖြူးမြို့နယ် စိုက်ပျိုးရေးအရာရှိ တဦး ဖြစ်ပါတယ်။

"ကျမကတော့ ဒါကိုအောင်ပွဲရတဲ့ အထိလုပ်မှာပဲ။ ကျမတို့ကနောက်မဆုတ်တာ၊ နောက်မဆုတ်ဘူး ပြီးတဲ့ အထိတိုက်မယ်။ ကိုယ့်ရာထူးစတေးရဲတယ်။ အလုပ်ကို စတေးရဲတယ်။ ပြီးတဲ့ထိ CDM အနေနဲ့ တိုက်ခိုက်သွားမယ်။"

သူမကို အရေးယူတဲ့ ပုဒ်မ ၃ ခုကတော့ ဝန်ထမ်းကျင့်ဝတ်ဖောက်ဖျက်တာအတွက် နိုင်ငံဝန်ထမ်း ဥပဒေ ပုဒ်မ ၁၆၀၊ ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တဲ့အတွက် နိုင်ငံဝန်ထမ်း ဥပဒေ ပုဒ်မ ၁၆၁- ဃ၊ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွင် ပါဝင်လှုံ့ဆော်အားပေးကူညီတဲ့အတွက်ဆိုပြီး ဥပဒေပုဒ်မ ၁၆၃ -ဖ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။ အမှုစွဲထားတာကိုစာပို့ အကြောင်းကြားလို့ သိခဲ့ရပေမဲ့ အမှုကို ဘယ်လိုစစ်ဆေးနေသလဲဆိုတာ မသိရသလို မကျူးလွန်ခဲ့တဲ့ တပ်ထားတဲ့ ပုဒ်မတွေကိုလည်း ကာယကံရှင်အနေနဲ့ ခုခံချေပခွင့်မရဘူးလို့ ပြောပါတယ်။

တည်ဆဲ နိုင်ငံဝန်ထမ်း ဥပဒေမှာ စွပ်စွဲခံရတဲ့ ဝန်ထမ်းရဲ့ အမှုကို ကြားနာစစ်ဆေးတာမှာစွပ်စွဲခံရတဲ့ ဝန်ထမ်းမျက်ကွယ်မှာ စစ်ဆေးကြားနာတာ မလုပ်ဖို့ အပြင် စွပ်စွဲခံရသူ ဝန်ထမ်းအနေနဲ့ စွပ်စွဲမှုကို ခုခံချေပခွင့်ရှိတယ်လို့ အတိအလင်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ နောက်ထပ် ဖိနှိပ်တဲ့ လုပ်ဆောင်ချက်တချက်ကတော့ CDM လှုပ်ရှားသူတွေကို ဝန်ထမ်းအိမ်ယာတွေကနေ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာပါ။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အကြမ်းဖက် ဖယ်ရှားခိုင်းတာတွေလည်း ရှိပါတယ်။ မီးရထားဝန်ထမ်းတွေ နေတဲ့နေရာတွေဆို ညဘက်တွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက လေးခွနဲ့ လာပစ်တာ၊ အကြမ်း ဖက်ဖြိုခွဲ တာတွေလုပ်ခဲ့တာတွေ ရှိပါတယ်။

လစာမရကြတဲ့အတွက် စားဝတ်နေရေးလည်း အခက်အခဲရှိကြတဲ့ အပြင် ညတိုင်း လာရောက်ဖမ်းဆီးတာ တွေလုပ် တာကြောင့် လုံခြုံမှုမဲ့ ကျီးလန့်စာစားရတဲ့ ဘဝနဲ့ ရင်ဆိုင်နေရတယ်လို့ မလွှကုန်း မီးရထားဝန်ထမ်းတဦးက ပြောပါတယ်။

"အခက်အခဲကတော့ အမရေ... ပွင့်ပွင့်လင်းလင်းပြောရရင် အကုန်လုံးက CDM လုပ်နေကြတဲ့အတွက် ညီမတို့ ရပ်ကွက်ထဲ နေလို့မရဘူး။ ညီမတို့က ရှောင်ရှားပြီးနေရ တာပေါ့နော်။ ရှောင်ရှားနေရတော့ ငွေရေးကြေးရေး အခက်အခဲရှိတာပေါ့။ လစာလည်း မထုတ်ကြဘူးဆိုတော့လေ။ အခက်အခဲကများကြီးရှိတာပေါ့ ညညကျရင် ညီမတို့မှာ ကျီးလန့်စာစားနေရတာပေါ့။ ညရေးညတာ ပိုကြောက်ရတာပေါ့။ ညီမတို့ကတော့ CDM ပဲ ဆက်လုပ်မယ်။ မအောင်မြင်မချင်းတိုက်မှာ။ နောက်ဆုံးပိတ် ညီမအလုပ်ပြုတ်သွားလည်း မမှုတော့ဘူး။ CDM လုပ်လို့ အသက်ပေးရသူတွေကိုလည်း ကြည့်ရဦးမယ်။ အဆုံးထိညီမတို့တိုက်မှာပါ။"

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အခုချိန် အထိ သေဆုံးခဲ့ရသူ ၅၅၀ ကျော်ထဲမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေသလို တချို့လည်း ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG