သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ၿဖိဳခြဲမႈေတြရွိေပမဲ့ နယ္ၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈ ကန္႔ကြက္ ဆႏၵျပပြဲေတြ အရွိန္ေကာင္းဆဲ


မႏၱေလးၿမိဳ႕ ဆႏၵျပပဲြျမင္ကြင္း။ (ဧၿပီ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတ၀ွမ္း စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵျပတာေတြကို ဆက္ၿပီး အရွိန္မျပတ္ ျပဳလုပ္ေနၾကသလို တခ်ိဳ႕ေနရာေတြမွာ မ်က္ရည္ယိုဗံုးသံုးၿပီး ပစ္ခတ္ၿဖိဳခြင္းတာေတြ လုပ္ေနသလို မေန႔ည အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ခဲ့တဲ့ ပင္လယ္ဘူး ၿမိဳ႕မွာေတာ့ ေစ်းဆိုင္ေတြလည္း ပိတ္ထားၿပီး ထြက္ေျပး တိမ္းေရွာင္ရသူေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကိုေတာ့ ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။

စစ္ကိုင္းတိုင္း ကသာခရိုင္ ပင္လယ္ဘူးၿမိဳ႕မွာ မေန႔ ဧၿပီ ၅ ရက္က ဆႏၵထုတ္ေဖာ္သူ ႏွစ္ ဦးကို ဖမ္းဆီးသြားၿပီး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုရာကေန စစ္တပ္နဲ႔ ေဒသခံျပည္သူေတြ ညပိုင္းအထိ အျပန္အလွန္ပစ္ခတ္လို႔ ေဒသခံေတြဘက္က သံုး ဦးေသဆံုးခဲ့ၿပီး ဌာနဆိုင္ရာ အေဆာက္အဦးေတြ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသလို ဒီေန႔မွာေတာ့ ၿမိဳ႕ထဲက ေစ်းဆိုင္ေတြ ပိတ္ထားၿပီး တခ်ိဳ႕မွာလည္း ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ပင္လယ္ဘူး ၿမိဳ႕ခံတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“မနက္ပိုင္း ၁ ေယာက္က်တယ္။ အဲ့ဒါၿပီးသြားေတာ့ ဟိုကပစ္လိုက္ဒီကပစ္လိုက္ ညာသံေတြနဲ႔ ေန႔လည္ပိုင္း တခါၿပီးသြားတယ္။ ေန႔လယ္ပိုင္း ၁၂ နာရီေလာက္ကေန ညေန ၃ နာရီေလာက္အထိနား ၃ နာရီေလာက္ကေန ျပန္ပစ္တာ လူေတြစုလာၾကၿပီး ရဲစခန္းကို ၀ိုင္းၾကနဲ႔ေပါ့။ ၀ိုင္းၿပီး ညမိုးခ်ဳပ္တဲ့အထိ ပစ္ေတာ့ မိုးခ်ဳပ္ပိုင္းမွာ ေထြအုပ္ ရံုးမီးေလာင္တယ္ေပါ့။ ေထြအုပ္ရံုး မီးေလာင္သြားတယ္ အဲ့ဒီေဘးမွာရွိတဲ့ စည္ပင္ရံုးမီးေလာင္သြားတယ္။ ဘဏ္ရံုးအေဟာင္းမီးေလာင္သြားတယ္။ အခြန္ရံုးမီးေလာင္တယ္။ ဥပေဒရံုး၊ တရားရံုးမီးေလာင္သြားတယ္။ ေစ်းဆိုင္ေတြပိတ္ထားတယ္။ ၿမိဳ႕ကေန ထြက္ေျပးတိမ္းေရွာင္တာရွိတယ္။ ဘယ္ေလာက္ေတာင္ထြက္ေျပးလည္း ဆိုရင္ ပန္းရံလုပ္တဲ့သူေတာင္ ေၾကာက္လို႔ ထြက္ေျပးေနတယ္။ အရာအားလံုး အကုန္ပိတ္ ေစ်းဆိုင္ေတြအကုန္ပိတ္။ အခုခ်ိန္ကေတာ့ အင္အားမမွ်ေသးေတာ့ ၿငိမ္ေနအံုးမွာပဲ။ ၿငိမ္တယ္ဆိုတာက က်ေနာ္တို႔က ေၾကာက္လို႔မဟုတ္ဘူး။ အင္အားထပ္ျဖည့္ေနမွာပဲ တဘက္ကလည္း အင္အားထပ္ျဖည့္ၾကမွာပဲ။ အင္အားထပ္ျဖည့္တယ္ဆိုတာ လိပ္ခဲတည္းလည္းေပါ့။ ဟိုဘက္က မလႈပ္ရင္ ဒီဘက္ကလည္း မလႈပ္ဘူး။ ဒီလိုပဲ ၿငိမ္သြားမယ့္ သေဘာပါ။"

ဒီကေန႔မွာေတာ့ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ေသဆံုးသူ ၁ ဦးရဲ႕ နာေရးကို က်င္းပခဲ့ၿပီး နာေရးမွာ လက္ ၃ ေခ်ာင္းေထာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကေသးပါတယ္။ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ပင္လယ္ဘူးၿမိဳ႕နဲ႔ နီးတဲ့ ၀န္းသိုၿမိဳ႕ဘက္ကပါ လံုၿခံဳေရး အင္အား ထပ္ျဖည့္ထားၿပီး ဒီကေန႔ ညေနပိုင္းမွာ ပင္လယ္ဘူးၿမိဳ႕ကို ေရာက္ရွိလာတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒါ့အျပင္ ဒီကေန႔မွာေတာ့ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မေစ်းေရွ႕မွာလည္း ဆႏၵထုတ္ေဖာ္သူေတြကို မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ခတ္ၿဖိဳခြင္းခဲ့ၿပီး ေသဆံုးထိခိုက္ဒဏ္ရာရတာေတာ့ မရွိခဲ့ပါဘူး။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ မ်က္ျမင္ေတြ႕ရွိသူ ေက်ာက္မဲေဒသခံတဦးက အခုလိုေျပာပါတယ္။

“ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတာကို ပထမ ၁ ေခါက္ေပါ့ေနာ္ လူစုခြဲခိုင္းတယ္ မခြဲႏိုင္ဘူးေပါ့။ ဆႏၵျပသူေတြက မခြဲႏိုင္ေတာ့ သူတို႔က မ်က္ရည္ယိုဗံုးနဲ႔ ပထတခါ ၆ လံုး၊ ၇ လံုးေလာက္ပစ္တယ္။ ပစ္တဲ့အခါ ၃ လံုး၊ ၄ လံုးက ေရနဲ႔ အုပ္ႏိုင္တယ္။ ေနာက္အလံုးေတြက်ေတာ့ မအုပ္ႏိုင္ေတာ့ ေစ်းေရာင္းတဲ့သူေတြ ေစ်း၀ယ္ေတြက အစ မ်က္ရည္ယိုဗံုးနဲ႔ မ်က္စိေတြအကုန္စပ္ကုန္တာေပါ့။ အဲ့ဒါၿပီးေတာ့ လူစုကို ခြဲခိုင္းတာကို လံုး၀မခြဲဘူး ေနာက္ေတာ့ ဒုတိယအသုတ္ျပန္ပစ္တယ္။ ၄၊ ၅၊ ၆ လံုး၊ ၇ လံုးထပ္ပစ္တယ္။ ၂ ခါၿဖိဳခြင္းတာေပါ့။”

ျမန္မာႏိုင္ငံရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ မႏၱေလးၿမိဳ႕မွာလည္း စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က အတားအဆီးေတြကို လိုက္လံဖယ္ရွားၿပီး လူတခ်ိဳ႕ကို ဖမ္းဆီးသြားပါတယ္။ ဒီလို ဖမ္ဆီး စစ္ေဆးတာေတြရွိေနေပမယ့္ စစ္ေကာင္စီ ဆန္႔က်င္ေရးကို ပံုစံမ်ိဳးစံုနဲ႔ ဆက္လက္လႈပ္ရွားေနသလို တရုတ္ႏိုင္ငံထုတ္ ကုန္ပစၥည္းေတြ မသံုးဖို႔ ႏိႈးေဆာ္တဲ့ လႈပ္ရွားမႈလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

တျခားၿမိဳ႕ႀကီးေတြျဖစ္တဲ့ မံုရြာ၊ ေကာ့ေသာင္း၊ ေတာင္ႀကီး၊ လြိဳင္ေကာ္၊ ျမစ္ႀကီးနား အစရွိတဲ့ ၿမိဳ႕ေတြမွာလည္း မတ္လကုန္ပိုင္းေလာက္က ပစ္ခတ္မႈေတြရွိခဲ့ေပမဲ့ ဒီကေန႔ထိ စစ္ေကာင္စီဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို အရွိန္အဟုန္မပ်က္ ဆိုင္ကယ္သပိတ္၊ လူမဲ့ သပိတ္၊ ညသပိတ္ ဆိုၿပီး ပုစံမ်ိဳးစံုနဲ႔ ဆက္လက္ ျပဳလုပ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ ဆႏၵထုတ္ေဖာ္သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လူေပါင္း ၅၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး အဲဒီထဲမွာ အသက္ ၂၀ ေက်ာ္ အရြယ္ လူငယ္ အမ်ားအျပားပါ၀င္သလို အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ဒါဇင္နဲ႔ခ်ီ ေသဆံုးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်ဖြိုခွဲမှုတွေရှိပေမဲ့ နယ်မြို့တွေမှာ စစ်အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြပွဲတွေ အရှိန်ကောင်းဆဲ

မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြတာတွေကို ဆက်ပြီး အရှိန်မပြတ် ပြုလုပ်နေကြသလို တချို့နေရာတွေမှာ မျက်ရည်ယိုဗုံးသုံးပြီး ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်နေသလို မနေ့ည အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့တဲ့ ပင်လယ်ဘူး မြို့မှာတော့ ဈေးဆိုင်တွေလည်း ပိတ်ထားပြီး ထွက်ပြေး တိမ်းရှောင်ရသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လယ်ဘူးမြို့မှာ မနေ့ ဧပြီ ၅ ရက်က ဆန္ဒထုတ်ဖော်သူ နှစ် ဦးကို ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ စစ်တပ်နဲ့ ဒေသခံပြည်သူတွေ ညပိုင်းအထိ အပြန်အလှန်ပစ်ခတ်လို့ ဒေသခံတွေဘက်က သုံး ဦးသေဆုံးခဲ့ပြီး ဌာနဆိုင်ရာ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒီနေ့မှာတော့ မြို့ထဲက ဈေးဆိုင်တွေ ပိတ်ထားပြီး တချို့မှာလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပင်လယ်ဘူး မြို့ခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မနက်ပိုင်း ၁ ယောက်ကျတယ်။ အဲ့ဒါပြီးသွားတော့ ဟိုကပစ်လိုက်ဒီကပစ်လိုက် ညာသံတွေနဲ့ နေ့လည်ပိုင်း တခါပြီးသွားတယ်။ နေ့လယ်ပိုင်း ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီလောက်အထိနား ၃ နာရီလောက်ကနေ ပြန်ပစ်တာ လူတွေစုလာကြပြီး ရဲစခန်းကို ဝိုင်းကြနဲ့ပေါ့။ ဝိုင်းပြီး ညမိုးချုပ်တဲ့အထိ ပစ်တော့ မိုးချုပ်ပိုင်းမှာ ထွေအုပ် ရုံးမီးလောင်တယ်ပေါ့။ ထွေအုပ်ရုံး မီးလောင်သွားတယ် အဲ့ဒီဘေးမှာရှိတဲ့ စည်ပင်ရုံးမီးလောင်သွားတယ်။ ဘဏ်ရုံးအဟောင်းမီးလောင်သွားတယ်။ အခွန်ရုံးမီးလောင်တယ်။ ဥပဒေရုံး၊ တရားရုံးမီးလောင်သွားတယ်။ ဈေးဆိုင်တွေပိတ်ထားတယ်။ မြို့ကနေ ထွက်ပြေးတိမ်းရှောင်တာရှိတယ်။ ဘယ်လောက်တောင်ထွက်ပြေးလည်း ဆိုရင် ပန်းရံလုပ်တဲ့သူတောင် ကြောက်လို့ ထွက်ပြေးနေတယ်။ အရာအားလုံး အကုန်ပိတ် ဈေးဆိုင်တွေအကုန်ပိတ်။ အခုချိန်ကတော့ အင်အားမမျှသေးတော့ ငြိမ်နေအုံးမှာပဲ။ ငြိမ်တယ်ဆိုတာက ကျနော်တို့က ကြောက်လို့မဟုတ်ဘူး။ အင်အားထပ်ဖြည့်နေမှာပဲ တဘက်ကလည်း အင်အားထပ်ဖြည့်ကြမှာပဲ။ အင်အားထပ်ဖြည့်တယ်ဆိုတာ လိပ်ခဲတည်းလည်းပေါ့ ဟိုဘက်က မလှုပ်ရင် ဒီဘက်ကလည်း မလှုပ်ဘူး။ ဒီလိုပဲ ငြိမ်သွားမယ့် သဘောပါ။"

ဒီကနေ့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ၁ ဦးရဲ့ နာရေးကို ကျင်းပခဲ့ပြီး နာရေးမှာ လက် ၃ ချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသေးပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပင်လယ်ဘူးမြို့နဲ့ နီးတဲ့ ဝန်းသိုမြို့ဘက်ကပါ လုံခြုံရေး အင်အား ထပ်ဖြည့်ထားပြီး ဒီကနေ့ ညနေပိုင်းမှာ ပင်လယ်ဘူးမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာတော့ ရှမ်းပြည်နယ် ကျောက်မဲမြို့ မြို့မဈေးရှေ့မှာလည်း ဆန္ဒထုတ်ဖော်သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိသူ ကျောက်မဲဒေသခံတဦးက အခုလိုပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို ပထမ ၁ ခေါက်ပေါ့နော် လူစုခွဲခိုင်းတယ် မခွဲနိုင်ဘူးပေါ့။ ဆန္ဒပြသူတွေက မခွဲနိုင်တော့ သူတို့က မျက်ရည်ယိုဗုံးနဲ့ ပထတခါ ၆ လုံး၊ ၇ လုံးလောက်ပစ်တယ်။ ပစ်တဲ့အခါ ၃ လုံး၊ ၄ လုံးက ရေနဲ့ အုပ်နိုင်တယ်။ နောက်အလုံးတွေကျတော့ မအုပ်နိုင်တော့ ဈေးရောင်းတဲ့သူတွေ ဈေးဝယ်တွေက အစ မျက်ရည်ယိုဗုံးနဲ့ မျက်စိတွေအကုန်စပ်ကုန်တာပေါ့။ အဲ့ဒါပြီးတော့ လူစုကို ခွဲခိုင်းတာကို လုံးဝမခွဲဘူး နောက်တော့ ဒုတိယအသုတ်ပြန်ပစ်တယ်။ ၄၊ ၅၊ ၆ လုံး၊ ၇ လုံးထပ်ပစ်တယ်။ ၂ ခါဖြိုခွင်းတာပေါ့။”

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့က အတားအဆီးတွေကို လိုက်လံဖယ်ရှားပြီး လူတချို့ကို ဖမ်းဆီးသွားပါတယ်။ ဒီလို ဖမ်ဆီး စစ်ဆေးတာတွေရှိနေပေမယ့် စစ်ကောင်စီ ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ဆက်လက်လှုပ်ရှားနေသလို တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ မသုံးဖို့ နှိုးဆော်တဲ့ လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

တခြားမြို့ကြီးတွေဖြစ်တဲ့ မုံရွာ၊ ကော့သောင်း၊ တောင်ကြီး၊ လွိုင်ကော်၊ မြစ်ကြီးနား အစရှိတဲ့ မြို့တွေမှာလည်း မတ်လကုန်ပိုင်းလောက်က ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ ဒီကနေ့ထိ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ဆိုင်ကယ်သပိတ်၊ လူမဲ့ သပိတ်၊ ညသပိတ် ဆိုပြီး ပုစံမျိုးစုံနဲ့ ဆက်လက် ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၂၀ ကျော် အရွယ် လူငယ် အများအပြားပါဝင်သလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဒါဇင်နဲ့ချီ သေဆုံးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG