သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဝင်မစွက်ဖက်ဖို့ တရုတ်သတိပေး


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ သွေးထွက်သံယိုပဋိပက္ခ ဆက်မဖြစ်အောင် ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အားလုံးကို တရုတ်နိုင်ငံက တိုက်တွန်းသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

"ဘက်အားလုံးနဲ့ တရုတ်နိုင်ငံက ဆက်ပြီး ဆက်သွယ် ညှိနှိုင်းသွားပါမယ်။ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့နဲ့ ဆွေးနွေးပြောဆိုဖို့ အာဆီယံအဖွဲ့နဲ့အတူတကွ တိုက်တွန်းသွားပါမယ်။ မြန်မာနိုင်ငံအခြေအနေ ဖြစ်နိုင်သမ ျှအမြန်ဆုံး အေးဆေးပြီး တည်ငြိမ်မှု အပြည့်အဝပြန်ရအောင်လုပ်ဖို့ တိုက်တွန်းသွားပါမယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

မြန်မာ့အခြေအနေ ပိုဆိုးမလာရေး ဒါမှမဟုတ် ထိန်းမရတဲ့အခြေအနေ ရောက်မသွားစေရေး နောက်ထပ် သွေးထွက်သံယို မဖြစ်အောင်၊ အရပ်သားတွေ ထိခိုက်သေဆုံးမှုမဖြစ်အောင် ရှောင်ရှားဖို့၊ မြန်မာ့အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်စေပြီး အခြေအနေ ထပ်ပြီး ရှုပ်ထွေးသွားစေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သင့်လျော်မှုမရှိဘဲ ဝင်ရောက်စွက်ဖက်တာမျိုးကို ရှောင်ရှားဖို့နဲ့ သူတို့ကိုယ်ပိုင်အကျိုးအမြတ်ရဖို့အတွက် မြန်မာ့အခြေအနေကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး မီးလောင်ရာလေပင့်လုပ်မယ့် ပြည်ပအင်အားစုတချို့ကို လုံးဝရှောင်ရှားဖို့ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi သောကြာနေ့က ပြောခဲ့တဲ့ အချက်သုံးချက်ကိုလည်း ပြောခွင့်ရ Zhao Lijian က ထပ်ပြောသွားပါတယ်။

ဒါပေမဲ့လည်း အဲဒီ ပြည်ပအင်အားစုတချို့ဆိုတာက ဘယ်သူ ဘယ်နိုင်ငံတွေဆိုတာနဲ့ ဘယ်လိုအကျိုးအမြတ်တွေအတွက်ဆိုတာကိုတော့ ဝန်ကြီး Wang Yi က ရှင်းရှင်းလင်းလင်းမပြောခဲ့သလို အခု ပြောခွင့်ရကလည်း ရှင်းမပြသွားပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG