သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲေတြ နည္းလမ္းမ်ဳိးစံုနဲ႔ ဆက္လုပ္ေန


ေျခလွမ္းတိုင္းမွာ ပန္းေတြပြင့္တယ္" ႐ႈးဖိနပ္သပိတ္ (ဓာတ္ပံု - CJ)

{{Zawgyi/Unicode}}

ရန္ကုန္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔မွာ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္ကန႔္ကြက္သူေတြဟာ ဒီကေန႔မွာေတာ့ ေျခလွမ္းတိုင္းမွာ ပန္းေတြပြင့္တယ္ဆိုတဲ့ အဓိပၸာယ္နဲ႔ Marching Shoes Strike လႈပ္ရွားမႈကို လူငယ္ေတြကဦးေဆာင္ၿပီး ျပဳလုပ္ခဲ့ပါတယ္။ လက္နက္ကိုင္ေတြရဲ႕ ဖိႏွိပ္မႈေၾကာင့္ အထိမနာေစဖို႔ လူငယ္ေတြဟာ ဆႏၵျပသပိတ္လႈပ္ရွားမႈေတြကို ေျပာက္က်ားပုံစံ လုပ္လာၾကတာပါ။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစံုကုိ မဆုမြန္က ေျပာျပထားပါတယ္။

အာဏာသိမ္းခဲ့တဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ လက္ေအာက္ခံ စစ္တပ္နဲ႔ ရဲေတြရဲ႕ အၾကမ္းဖက္ပစ္ခတ္မႈေတြေၾကာင့္ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့ရသူေတြကို ဆက္လက္ဆႏၵျပေနၾကတဲ့ လူငယ္ေတြက ပန္းေတြနဲ႔ဂုဏ္ျပဳေပးခဲ့ၾကတာပါ။ က်ဆုံးသြားသူေတြရဲ႕ ေျခလွမ္းတိုင္းကို မေမ့ႏိုင္သလို ေရွ႕ဆက္ၿပီး ေလွ်ာက္လွမ္းၾကမယ့္သူေတြရဲ႕ ေျခလွမ္းေတြမွာလည္း ပန္းေတြပြင့္ေစဖို႔အတြက္ ရည္႐ြယ္တဲ့ ဒီလႈပ္ရွားမႈကို ရန္ကုန္ၿမိဳ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆင္ႏႊဲခဲ့ၾကပါတယ္။

အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္ေတြကို လက္နက္ကိုင္အၾကမ္းဖက္ ၿဖိဳခြဲမႈေတြေၾကာင့္ က်ဆုံးသူနဲ႔ ဒဏ္ရာရသူေတြ၊ ဖမ္းဆီးခံလိုက္ရသူေတြ မ်ားလာတဲ့ေနာက္မွာ ေျပာက္က်ားပုံစံနဲ႔ သပိတ္မ်ိဳးစုံကို ဆက္ၿပီးျပဳလုပ္လာပါတယ္။ လမ္းေပၚထြက္ ဆႏၵျပတာ၊ လက္နက္ကိုင္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္တာေတြကို ေရွာင္ၾကဥ္ခဲ့ၾကတဲ့ လူငယ္ေတြဟာ အာဏာရွင္ေတာ္လွန္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ စနစ္တက်လုပ္ေဆာင္လာေနတယ္လို႔ လူငယ္တဦးက VOA ကိုေျပာပါတယ္။

"အခုက အေျခအေနကို ၾကည့္ေနတာဗ်။ အုပ္ခ်ဳပ္ေရးမႉးခန႔္တာနဲ႔ ဘာေတြနဲ႔ဆိုေတာ့ အဲဒါေတြကိုၾကည့္ေနတာ။ လုပ္သင့္တာေတြကိုေတာ့ သူတို႔ဘာသူတို႔ (လူငယ္ေတြ) ဆက္လုပ္သြားမွာပဲ။ က်ေနာ့္အေနနဲ႔ကေတာ့ ေလာေလာဆယ္ ပရဟိတသမားေတြဆီက ပိုက္ဆံေတြလိုက္စုတယ္၊ က်တဲ့သူေတြကို ပိုက္ဆံလႉတယ္၊ လိုအပ္တဲ့လူေတြကို လိုက္လႉတယ္။ Group ေတြမွာ အလႉခံတင္တယ္၊ သူတို႔လာေပးတဲ့ပိုက္ဆံကို တိတိက်က် လိုအပ္တဲ့ေနရာမွာ သုံးေပးတယ္။ က်ေနာ္တို႔မွာ စနစ္တက်ဖြဲ႕ထားတာ (က႑) ၅ခုရွိတယ္ဗ်။ အဲလိုမ်ိဳး စနစ္တက်ဖြဲ႕ထားတယ္ဆိုေတာ့ က်ေနာ္တို႔က လုပ္ခ်င္သလိုလည္း လုပ္လို႔မရဘူး၊ ေျပာခြင့္လည္းမရွိဘူး။ က်ေနာ္တို႔ကေတာ့ ေရွ႕ဆက္ကေတာ့ ဒီတိုင္းသြားမွာပဲ၊ မရွိ ရွိတာနဲ႔ေတာ့ ရေအာင္တိုက္မွာပဲ။"

အာဏာသိမ္းတာ ရက္ေပါင္း ၆၀ ေက်ာ္ ၾကာလာခ်ိန္အထိ အာဏာရွင္စနစ္ကို ကန႔္ကြက္ဆန႔္က်င္တာေတြ ရွိေနသလို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကလည္း ရပ္ကြက္အလိုက္ အုပ္ခ်ဳပ္ေရးမႉးခန႔္တာနဲ႔ ဧည့္စာရင္းတိုင္ရမယ့္စနစ္ကို ၿမိဳ႕နယ္တခ်ိဳ႕မွာ ျပန္ၿပီးက်င့္သုံးေနပါတယ္။ အေျခခံလူတန္းစား အမ်ားဆုံးနဲ႔ စက္မႈဇုံရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ေနထိုင္ေနၾကတဲ့ အေဆာင္ေနလုပ္သားတခ်ိဳ႕လည္း ဒီစနစ္ၾကားမွာ အခက္ေတြ႕ေနၿပီး လုံျခဳံေရးအတြက္ စိုးရိမ္ပူပင္ေနရတယ္လို႔ ကိုယ္တိုင္ေတြ႕ႀကဳံေနသူတဦးက VOA ကိုေျပာပါတယ္။

"ညဘက္ေတြကေတာ့ ဒီဘက္မွာကေတာ့ အသံေတြ နားစြင့္ၿပီးေတာ့ပဲ အိပ္ေနရတယ္ မလုံၿခဳံဘူးေပါ့။ ဧည့္စာရင္းေတြကလည္း တိုင္ထားရတာဆိုေတာ့ အၿမဲတမ္း စိုးရိမ္စိတ္နဲ႔ပဲ ေနေနရတယ္။ က်ေနာ္တို႔က မတိုင္ဘူးဆိုေပမဲ့ အေဆာင္မွာေနတာဆိုေတာ့ သူတို႔(အေဆာင္ရွင္)က အတင္းေတာင္းေတာ့လည္း ေပးရတယ္။ မတိုင္လို႔ရွိရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆိုေတာ့ တိုင္ေတာ့တိုင္ထားရတယ္၊ လာေတာ့ မစစ္ေသးဘူး။ တခ်ိဳ႕ေတြ CDM ေတြရွိတယ္။ တခ်ိဳ႕ေတြက်ေတာ့ Non-CDM ျပန္ျဖစ္သြားတဲ့သူေတြ ရွိတယ္။ စက္႐ုံေတြဘာေတြ ဆင္းတယ္ဆိုတာလည္း ဒါ သူတို႔ဝမ္းေရးအရေပါ့။ က်န္တဲ့ လုပ္ငန္းပိုင္း၊ ပုဂၢလိကပိုင္းဆိုင္ရာ၊ အစိုးရပိုင္းဆိုင္ရာမွာ CDM လုပ္ထားတဲ့သူေတြလည္း ရွိတုန္းပဲ။ က်ေနာ္တို႔ ဒီဘက္မွာဆိုရင္လည္း ႀကဳံရင္ႀကဳံသလိုေပါ့ ... လူမဲ့သပိတ္လုပ္တယ္၊ ဓာတ္တိုင္သပိတ္လုပ္တယ္။ က်ေနာ္တို႔ အဲလိုမ်ိဳး ေျပာက္က်ားစနစ္နဲ႔ေတာ့ တိုက္ခိုက္ေနတုန္းပဲ၊ ၿငိမ္သြားတယ္လို႔ေတာ့ မရွိပါဘူး။"

အာဏာရွင္စနစ္ကို နည္းလမ္းေပါင္းစုံနဲ႔ ကန႔္ကြက္ဆန႔္က်င္ေနၾကတဲ့အထဲမွာ နာမည္ေက်ာ္လူသိမ်ားသူေတြကိုလည္း တပ္မေတာ္ အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈ၊ လႈံ႔ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ အေရးယူတာေတြ ခပ္စိပ္စိပ္ရွိလာေနပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ၊ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲခံထားရတဲ့အထဲက ေမာ္ဒယ္ ပိုင္တံခြန္လည္း ဒီကေန႔မနက္အေစာပိုင္းမွာ ဖမ္းဆီးခံရပါတယ္။

ဆႏၵျပသူေတြအေပၚ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ အင္အားသံုး ႏွိမ္ႏွင္းမႈေၾကာင့္ အာဏာသိမ္းၿပီး ၂ လေက်ာ္အတြင္းမွာ ေသဆုံးသူ ၅၉၈ ဦးရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ ဧၿပီလ ၇ ရက္အထိ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီအေရအတြက္ဟာ AAPPB က ေကာက္ယူရရွိထားတဲ့ ေသဆုံးသူအေရအတြက္ျဖစ္ၿပီး စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးခဲ့ရသူေတြဟာ ဒီထက္မကရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ ဒီကနေ့မှာတော့ ခြေလှမ်းတိုင်းမှာ ပန်းတွေပွင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ Marching Shoes Strike လှုပ်ရှားမှုကို လူငယ်တွေကဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။ လက်နက်ကိုင်တွေရဲ့ ဖိနှိပ်မှုကြောင့် အထိမနာစေဖို့ လူငယ်တွေဟာ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ပြောက်ကျားပုံစံ လုပ်လာကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြထားပါတယ်။

အာဏာသိမ်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသူတွေကို ဆက်လက်ဆန္ဒပြနေကြတဲ့ လူငယ်တွေက ပန်းတွေနဲ့ဂုဏ်ပြုပေးခဲ့ကြတာပါ။ ကျဆုံးသွားသူတွေရဲ့ ခြေလှမ်းတိုင်းကို မမေ့နိုင်သလို ရှေ့ဆက်ပြီး လျှောက်လှမ်းကြမယ့်သူတွေရဲ့ ခြေလှမ်းတွေမှာလည်း ပန်းတွေပွင့်စေဖို့အတွက် ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ နေရာတော်တော်များများမှာ ဆင်နွှဲခဲ့ကြပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို လက်နက်ကိုင်အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ကျဆုံးသူနဲ့ ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံလိုက်ရသူတွေ များလာတဲ့နောက်မှာ ပြောက်ကျားပုံစံနဲ့ သပိတ်မျိုးစုံကို ဆက်ပြီးပြုလုပ်လာပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာ၊ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေကို ရှောင်ကြဉ်ခဲ့ကြတဲ့ လူငယ်တွေဟာ အာဏာရှင်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ စနစ်တကျလုပ်ဆောင်လာနေတယ်လို့ လူငယ်တဦးက VOA ကိုပြောပါတယ်။

"အခုက အခြေအနေကို ကြည့်နေတာဗျ။ အုပ်ချုပ်ရေးမှူးခန့်တာနဲ့ ဘာတွေနဲ့ဆိုတော့ အဲဒါတွေကိုကြည့်နေတာ။ လုပ်သင့်တာတွေကိုတော့ သူတို့ဘာသူတို့ (လူငယ်တွေ) ဆက်လုပ်သွားမှာပဲ။ ကျနော့်အနေနဲ့ကတော့ လောလောဆယ် ပရဟိတသမားတွေဆီက ပိုက်ဆံတွေလိုက်စုတယ်၊ ကျတဲ့သူတွေကို ပိုက်ဆံလှူတယ်၊ လိုအပ်တဲ့လူတွေကို လိုက်လှူတယ်။ Group တွေမှာ အလှူခံတင်တယ်၊ သူတို့လာပေးတဲ့ပိုက်ဆံကို တိတိကျကျ လိုအပ်တဲ့နေရာမှာ သုံးပေးတယ်။ ကျနော်တို့မှာ စနစ်တကျဖွဲ့ထားတာ (ကဏ္ဍ) ၅ခုရှိတယ်ဗျ။ အဲလိုမျိုး စနစ်တကျဖွဲ့ထားတယ်ဆိုတော့ ကျနော်တို့က လုပ်ချင်သလိုလည်း လုပ်လို့မရဘူး၊ ပြောခွင့်လည်းမရှိဘူး။ ကျနော်တို့ကတော့ ရှေ့ဆက်ကတော့ ဒီတိုင်းသွားမှာပဲ၊ မရှိ ရှိတာနဲ့တော့ ရအောင်တိုက်မှာပဲ။"

အာဏာသိမ်းတာ ရက်ပေါင်း ၆၀ ကျော် ကြာလာချိန်အထိ အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင်တာတွေ ရှိနေသလို စစ်အုပ်ချုပ်ရေးကောင်စီဘက်ကလည်း ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးခန့်တာနဲ့ ဧည့်စာရင်းတိုင်ရမယ့်စနစ်ကို မြို့နယ်တချို့မှာ ပြန်ပြီးကျင့်သုံးနေပါတယ်။ အခြေခံလူတန်းစား အများဆုံးနဲ့ စက်မှုဇုံရှိတဲ့ မြို့နယ်တွေမှာ နေထိုင်နေကြတဲ့ အဆောင်နေလုပ်သားတချို့လည်း ဒီစနစ်ကြားမှာ အခက်တွေ့နေပြီး လုံခြုံရေးအတွက် စိုးရိမ်ပူပင်နေရတယ်လို့ ကိုယ်တိုင်တွေ့ကြုံနေသူတဦးက VOA ကိုပြောပါတယ်။

"ညဘက်တွေကတော့ ဒီဘက်မှာကတော့ အသံတွေ နားစွင့်ပြီးတော့ပဲ အိပ်နေရတယ် မလုံခြုံဘူးပေါ့။ ဧည့်စာရင်းတွေကလည်း တိုင်ထားရတာဆိုတော့ အမြဲတမ်း စိုးရိမ်စိတ်နဲ့ပဲ နေနေရတယ်။ ကျနော်တို့က မတိုင်ဘူးဆိုပေမဲ့ အဆောင်မှာနေတာဆိုတော့ သူတို့(အဆောင်ရှင်)က အတင်းတောင်းတော့လည်း ပေးရတယ်။ မတိုင်လို့ရှိရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတော့ တိုင်တော့တိုင်ထားရတယ်၊ လာတော့ မစစ်သေးဘူး။ တချို့တွေ CDM တွေရှိတယ်။ တချို့တွေကျတော့ Non-CDM ပြန်ဖြစ်သွားတဲ့သူတွေ ရှိတယ်။ စက်ရုံတွေဘာတွေ ဆင်းတယ်ဆိုတာလည်း ဒါ သူတို့ဝမ်းရေးအရပေါ့။ ကျန်တဲ့ လုပ်ငန်းပိုင်း၊ ပုဂ္ဂလိကပိုင်းဆိုင်ရာ၊ အစိုးရပိုင်းဆိုင်ရာမှာ CDM လုပ်ထားတဲ့သူတွေလည်း ရှိတုန်းပဲ။ ကျနော်တို့ ဒီဘက်မှာဆိုရင်လည်း ကြုံရင်ကြုံသလိုပေါ့ ... လူမဲ့သပိတ်လုပ်တယ်၊ ဓာတ်တိုင်သပိတ်လုပ်တယ်။ ကျနော်တို့ အဲလိုမျိုး ပြောက်ကျားစနစ်နဲ့တော့ တိုက်ခိုက်နေတုန်းပဲ၊ ငြိမ်သွားတယ်လို့တော့ မရှိပါဘူး။"

အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန့်ကျင်နေကြတဲ့အထဲမှာ နာမည်ကျော်လူသိများသူတွေကိုလည်း တပ်မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အရေးယူတာတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံထားရတဲ့အထဲက မော်ဒယ် ပိုင်တံခွန်လည်း ဒီကနေ့မနက်အစောပိုင်းမှာ ဖမ်းဆီးခံရပါတယ်။

ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ရဲက အကြမ်းဖက် အင်အားသုံး နှိမ်နှင်းမှုကြောင့် အာဏာသိမ်းပြီး ၂ လကျော်အတွင်းမှာ သေဆုံးသူ ၅၉၈ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ဧပြီလ ၇ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက်ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ဒီထက်မကရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG