သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးမွာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ၿဖိဳခြင္းမႈရပ္ဖုိ႔ ကုလေတာင္းဆုိ


စစ္တပ္ရဲ႕ ပစ္ခတ္ႏွိမ္နင္းခံရေသာ ပဲခူးၿမဳိ႕ (photo - Citizen Journalist)

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ အရပ္သားျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔နဲ႔ ဒဏ္ရာရသူေတြကို က်န္းမာေရးအဖြဲ႔ေတြ ေဆးကုသခြင့္ေပးဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢအဖြဲ႔က ျမန္မာလံုၿခံဳေရး တာဝန္ရွိသူေတြကို စေနေန႔မွာ ေတာင္းဆို လိုက္ပါတယ္။

ပဲခူးမွာ အရပ္သားျပည္သူေတြအေပၚ လက္နက္ႀကီးေတြ အသံုးျပဳေနသလို ဒဏ္ရာရ သူေတြအတြက္ ေဆးကုသမႈေတြ ပိတ္ပင္ေနၿပီး အၾကမ္းဖက္မႈေတြ တိုးလာေနတာနဲ႔ ပတ္သက္လုိ႔ ေစာင့္ၾကည့္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအဖြဲ႔က သူတို႔ရဲ့ United Nations Myanmar ေဖ့စ္ဘုတ္ကေန သတိေပးလိုက္တာပါ။

ေဖေဖၚဝါရီ ၁ ရက္ကစၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္ဟာ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက တားျမစ္ေနတဲ့ၾကားကပဲ ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ အခုအခ်ိန္အထိ ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

ပဲခူးၿမိဳ႕မွာ ေသာၾကာေန႔ကလုပ္ခဲ့တဲ့ ဆႏၵျပသပိတ္ေတြကို စစ္ေကာင္စီရဲ႕ လက္နက္ကိုင္ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က အၾကမ္းဖက္ ၿဖိဳခဲြခဲ့တာေၾကာင့္ ဆႏၵျပတဲ့သူ ၆၅ ေယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ပဲခူးၿမိဳ႕ခံတဦးက ဗီြအိုေအကို အတည္ျပဳ ေျပာပါတယ္။

“က်ေနာ္တို႔သိရသေလာက္ ၆၅ ေယာက္ေလာက္ ၾကားသိထားတယ္။ ဒဏ္ရာရတဲ့လူက ၄၀ ေက်ာ္တယ္။ မေန႔ကဖမ္းမိတာပဲ က်ေနာ္တို႔ သိရသေလာက္ အနိမ့္ဆုံး ၁၀၀ နီးပါးေလာက္ ဖမ္းလိုက္တယ္။”

ပဲခူးၿမိဳ႕က မဂၢတစ္၊ ပုဏၰစု၊ တာေပါက္၊ အလင္းေရာင္၊ ေက်ာက္ႀကီးစု၊ ဆံေတာ္တြင္း စတဲ့ ရပ္ကြက္ေတြမွာရွိတဲ့ ဆႏၵျပ ပင္မ သပိတ္ေတြရဲ႕ ခံတပ္ေတြကို စစ္တပ္နဲ႔ရဲအင္အား ၃၀၀-၄၀၀ ေလာက္က ေသနတ္ေတြ၊ ေမာ္တာက်ည္၊ ဗုံးသီးေတြနဲ႔ မေန႔က ပစ္ခတ္ႏွိမ္နင္းခဲ့တာျဖစ္ၿပီး အဲဒီပစ္ခတ္မႈအတြင္း ထိခုိက္ဒဏ္ရာရသူ အေတာ္မ်ားမ်ား ရွိခဲ့တာေၾကာင့္ ေနာက္ထပ္ ေသဆုံးသူ ဦးေရလည္း ထပ္တုိး လာႏုိင္ပါတယ္။

အခုလို အေသအေပ်ာက္မ်ားတဲ့ၾကားကပဲ စေနေန႔မွာလည္း ၿမိဳ႕အေနာက္ဘက္ျခမ္းက ေက်ာက္ႀကီးစု၊ ရြာသစ္နဲ႔ ဇုိင္းေတာင္ ရပ္ကြက္ေတြမွာ လူေတြဒါဇင္နဲ႔ခ်ီၿပီး သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကတာပါ။

မႏၱေလးၿမိဳ႕မွာေတာ့ တကၠသိုလ္ေက်ာင္းသားသမဂၢ သပိတ္စစ္ေၾကာင္း အပါအဝင္ ဆႏၵျပ သပိတ္စစ္ေၾကာင္းေတြ တေန႔လုံးလိုလို ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္မွာေတာ့ လံုၿခံဳေရးေတြ တင္းၾကပ္ေနတာေၾကာင့္ ေပ်ာက္ၾကား သ ပိတ္ေတြ ျပဳလုပ္ေနတာျဖစ္ၿပီး စစ္ကိုင္းတုိင္း ေရႊဘို၊ မံုရြာ၊ ကေလး၊ တမူး၊ တန္႔ဆည္၊ အရာေတာ္၊ မိုးကုတ္၊ ပဲခူးတုိင္း ျဖဴးနဲ႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားအျပင္ ထားဝယ္ဘက္မွာလည္း ပစ္ခတ္ၿဖိဳခြဲ၊ ဖမ္းဆီးမႈေတြ ရွိေနတဲ့ၾကားကပဲ ေန႔စဥ္လိုလို စုေဝး ခ်ီတက္ ဆႏၵျပေနဆဲပါ။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကစၿပီး ဧၿပီလ ၁၀ ရက္ေန႔အထိ ႏိုင္ငံတဝွမ္း ဆႏၵျပမႈေတြမွာ ေသဆံုးခဲ့ရသူ ၇၀၀ ဝန္းက်င္ရွိေနၿပီး အဖမ္းဆီးခံရသူက ၃၀၀၀ ေက်ာ္ေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ပဲခူးမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုရပ်ဖို့ ကုလတောင်းဆို

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒဏ်ရာရသူတွေကို ကျန်းမာရေးအဖွဲ့တွေ ဆေးကုသခွင့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က မြန်မာလုံခြုံရေး တာဝန်ရှိသူတွေကို စနေနေ့မှာ တောင်းဆို လိုက်ပါတယ်။

ပဲခူးမှာ အရပ်သားပြည်သူတွေအပေါ် လက်နက်ကြီးတွေ အသုံးပြုနေသလို ဒဏ်ရာရသူတွေအတွက် ဆေးကုသမှုတွေ ပိတ်ပင်နေပြီး အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က သူတို့ရဲ့ United Nations Myanmar ဖေ့စ်ဘုတ်ကနေ သတိပေးလိုက်တာပါ။

ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တားမြစ်နေတဲ့ကြားကပဲ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွဲမှုတွေ အခုအချိန်အထိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ပဲခူးမြို့မှာ သောကြာနေ့ကလုပ်ခဲ့တဲ့ ဆန္ဒပြသပိတ်တွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြတဲ့သူ ၆၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပဲခူးမြို့ခံတဦးက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“ကျနော်တို့သိရသလောက် ၆၅ ယောက်လောက် ကြားသိထားတယ်။ ဒဏ်ရာရတဲ့လူက ၄၀ ကျော်တယ်။ မနေ့ကဖမ်းမိတာပဲ ကျနော်တို့ သိရသလောက် အနိမ့်ဆုံး ၁၀၀ နီးပါးလောက် ဖမ်းလိုက်တယ်။”

ပဲခူးမြို့က မဂ္ဂတစ်၊ ပုဏ္ဏစု၊ တာပေါက်၊ အလင်းရောင်၊ ကျောက်ကြီးစု၊ ဆံတော်တွင်း စတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဆန္ဒပြ ပင်မ သပိတ်တွေရဲ့ ခံတပ်တွေကို စစ်တပ်နဲ့ရဲအင်အား ၃၀၀-၄၀၀ လောက်က သေနတ်တွေ၊ မော်တာကျည်၊ ဗုံးသီးတွေနဲ့ မနေ့က ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပြီး အဲဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ အတော်များများ ရှိခဲ့တာကြောင့် နောက်ထပ် သေဆုံးသူ ဦးရေလည်း ထပ်တိုး လာနိုင်ပါတယ်။

အခုလို အသေအပျောက်များတဲ့ကြားကပဲ စနေနေ့မှာလည်း မြို့အနောက်ဘက်ခြမ်းက ကျောက်ကြီးစု၊ ရွာသစ်နဲ့ ဇိုင်းတောင် ရပ်ကွက်တွေမှာ လူတွေဒါဇင်နဲ့ချီပြီး သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။

မန္တလေးမြို့မှာတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်း အပါအဝင် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေ တနေ့လုံးလိုလို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေးတွေ တင်းကြပ်နေတာကြောင့် ပျောက်ကြား သ ပိတ်တွေ ပြုလုပ်နေတာဖြစ်ပြီး စစ်ကိုင်းတိုင်း ရွှေဘို၊ မုံရွာ၊ ကလေး၊ တမူး၊ တန့်ဆည်၊ အရာတော်၊ မိုးကုတ်၊ ပဲခူးတိုင်း ဖြူးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားအပြင် ထားဝယ်ဘက်မှာလည်း ပစ်ခတ်ဖြိုခွဲ၊ ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကပဲ နေ့စဉ်လိုလို စုဝေး ချီတက် ဆန္ဒပြနေဆဲပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေမှာ သေဆုံးခဲ့ရသူ ၇၀၀ ဝန်းကျင်ရှိနေပြီး အဖမ်းဆီးခံရသူက ၃၀၀၀ ကျော်နေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG