သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏုိင္ငံတကာ တုံ႔ျပန္မႈကုိ တ႐ုတ္နဲ႔ ႐ုရွားတုိ႔ ဟန္႔တားေန (အီးယူ)


ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာမူဝါဒဆိုင္ရာ အႀကီးအကဲ Josep Borrell. (မတ္ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းလိုက္တာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ တညီတၫြတ္တည္း တုံ႔ျပန္မႈေတြကို တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံေတြက ဟန္႔တားေနတယ္လို႔ EU ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာမူဝါဒဆိုင္ရာ အႀကီးအကဲ Josep Borrell က တနဂၤေႏြေန႔က ေျပာပါတယ္။ ႏိုင္ငံတြင္း ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ႏုိင္ရင္ EU အေနနဲ႔ စီးပြားေရး အေထာက္အကူေတြကို ပိုၿပီး ေပးအပ္ႏိုင္မယ္လို႔လည္း သူကေျပာပါတယ္။

“လက္နက္ေရာင္းခ်မႈ ပိတ္ပင္တာလို စစ္ေကာင္စီအေပၚ ျပစ္ဒဏ္ခ်မွတ္ေရး ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ႀကိဳးပမ္းခ်က္ေတြအေပၚ တ႐ုတ္နဲ႔ ႐ုရွားက ဟန္႔တားဖို႔ လုပ္ေနတာဟာ သိပ္မထူးဆန္းဘူး” လို႔ EU ထိပ္တန္းသံတမန္ Josep Borrell က Blog စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။

ပထဝီႏုိင္ငံေရးအရ ၿပိဳင္ဆိုင္မႈေတြၾကား ျမန္မာႏိုင္ငံအေရး သေဘာတူညႇိႏႈိင္းမႈေတြရဖို႔ ခက္ခဲမွာျဖစ္ေပမယ့္ ႀကိဳးစားလုပ္ေဆာင္သြားဖို႔က က်ေနာ္တုိ႔တာဝန္ျဖစ္တယ္လို႔ Borrell က EU အဖြဲ႔ဝင္ ၂၇ ႏိုင္ငံကိုယ္စား ေျပာဆိုခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြကို စစ္တပ္က အင္အားသုံး ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ကေလးငယ္ ၄၆ ေယာက္ အပါအဝင္ အရပ္သား ၇၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) စာရင္းေတြအရ သိရပါတယ္။

အဲဒီအထဲမွာ ေသာၾကာေန႔က ပဲခူးၿမိဳ႕မွာ တရက္တည္း လူေပါင္း ၈၂ ေယာက္ ေသဆုံးခဲ့ရတာပါ ပါဝင္ၿပီး အဲဒီလုပ္ရပ္ဟာ “လူသတ္ကြင္း” လုိ ျဖစ္ေနေၾကာင္းလည္း AAPP က တင္စား ေျပာဆုိထားပါတယ္။

“ျမန္မာစစ္တပ္က ျပည္သူေတြကို လက္နက္အင္အားသုံး ပစ္ခတ္ႏွိမ္နင္းေနတာေတြကို ကမာၻႀကီးက အထိတ္တလန္႔ ေစာင့္ၾကည့္ေနရတယ္” လို႔လည္း Josep Borrell ကေျပာပါတယ္။

တ႐ုတ္နဲ႔ ႐ုရွားက ျမန္မာစစ္တပ္နဲ႔ ဆက္ႏႊယ္ပတ္သက္ေနတာျဖစ္ၿပီး စစ္တပ္ကို အမ်ားဆုံး လက္နက္တင္သြင္းေရာင္းခ်ေနတဲ့ ႏိုင္ငံေတြ ျဖစ္ေနတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း EU ဥေရာပသမဂၢ လုံၿခဳံေရးေကာင္စီက ေတာင္းဆိုခဲ့သလို စစ္အာဏာသိမ္းမႈ တာဝန္ရွိသူေတြကိုလည္း အေရးယူ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ လုပ္ေဆာင္ေနတာပါ။

EU အေနနဲ႔ ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးမရွိေပမယ့္ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ႏိုင္တဲ့အခ်ိန္မွာ ကုန္သြယ္ေရးနဲ႔ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးျမႇင့္လုပ္ေဆာင္ေပးသြားမယ္လို႔ Borrell ကေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၉ ဘီလီယံနဲ႔ ႏႈိင္းယွဥ္ရင္ EU တိုက္႐ိုက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ သန္း ၇၀၀ ရွိပါတယ္။

-------------------------

(Unicode)

မြန်မာ့အရေး နိုင်ငံတကာ တုံ့ပြန်မှုကို တရုတ်နဲ့ ရုရှားတို့ ဟန့်တားနေ (အီးယူ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တညီတညွတ်တည်း တုံ့ပြန်မှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ဟန့်တားနေတယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က တနင်္ဂနွေနေ့က ပြောပါတယ်။ နိုင်ငံတွင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရင် EU အနေနဲ့ စီးပွားရေး အထောက်အကူတွေကို ပိုပြီး ပေးအပ်နိုင်မယ်လို့လည်း သူကပြောပါတယ်။

“လက်နက်ရောင်းချမှု ပိတ်ပင်တာလို စစ်ကောင်စီအပေါ် ပြစ်ဒဏ်ချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြိုးပမ်းချက်တွေအပေါ် တရုတ်နဲ့ ရုရှားက ဟန့်တားဖို့ လုပ်နေတာဟာ သိပ်မထူးဆန်းဘူး” လို့ EU ထိပ်တန်းသံတမန် Josep Borrell က Blog စာမျက်နှာမှာ ရေးသားခဲ့တာပါ။

ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေကြား မြန်မာနိုင်ငံအရေး သဘောတူညှိနှိုင်းမှုတွေရဖို့ ခက်ခဲမှာဖြစ်ပေမယ့် ကြိုးစားလုပ်ဆောင်သွားဖို့က ကျနော်တို့တာဝန်ဖြစ်တယ်လို့ Borrell က EU အဖွဲ့ဝင် ၂၇ နိုင်ငံကိုယ်စား ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို စစ်တပ်က အင်အားသုံး ပစ်ခတ်ဖြိုခွဲတာကြောင့် ကလေးငယ် ၄၆ ယောက် အပါအဝင် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ သိရပါတယ်။

အဲဒီအထဲမှာ သောကြာနေ့က ပဲခူးမြို့မှာ တရက်တည်း လူပေါင်း ၈၂ ယောက် သေဆုံးခဲ့ရတာပါ ပါဝင်ပြီး အဲဒီလုပ်ရပ်ဟာ “လူသတ်ကွင်း” လို ဖြစ်နေကြောင်းလည်း AAPP က တင်စား ပြောဆိုထားပါတယ်။

“မြန်မာစစ်တပ်က ပြည်သူတွေကို လက်နက်အင်အားသုံး ပစ်ခတ်နှိမ်နင်းနေတာတွေကို ကမ္ဘာကြီးက အထိတ်တလန့် စောင့်ကြည့်နေရတယ်” လို့လည်း Josep Borrell ကပြောပါတယ်။

တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတာဖြစ်ပြီး စစ်တပ်ကို အများဆုံး လက်နက်တင်သွင်းရောင်းချနေတဲ့ နိုင်ငံတွေ ဖြစ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း EU ဥရောပသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့သလို စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေကိုလည်း အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ လုပ်ဆောင်နေတာပါ။

EU အနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ အများကြီးမရှိပေမယ့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်တဲ့အချိန်မှာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ပေးသွားမယ်လို့ Borrell ကပြောပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် EU တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇၀၀ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG