သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ၀ါရွင္တန္ဒီစီမွာ လူေပါင္းေထာင္ခ်ီဆႏၵျပ


DC ဆႏၵျပပဲြ

[ Zawgyi / Unicode ]


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ဆန္႔က်င္ကန္႔ကြက္သူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ အရွိန္ျမင့္လာေနတာနဲ႔အမွ် အေမရိကန္ အပါအ၀င္ ျပည္ပႏုိင္ငံေတြမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြလည္း ဆႏၵျပလႈပ္ရွားမႈေတြ အားေကာင္းလာတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု အေရွ႕ဖက္ျခမ္း ဝါရွင္တန္ဒီစီမွာေတာ့ တိုင္းရင္းသားေပါင္းစုံပါဝင္တဲ့ ျမန္မာႏုိင္ငံသား ေထာင္နဲ႔ခ်ီၿပီး စေနေန႔က စုေ၀းဆႏၵျပခဲ့ၾကတာပါ။ ျမန္မာ့အေရး တက္တက္ႂကြႂကြ ပါ၀င္ေဆာင္ရြက္ဖုိ႔ ဖိအားေပးတဲ့ အေနနဲ႔ ၀ါရွင္တန္က တရုတ္သံရုံး ၊ ျမန္မာစစ္သံရုံးနဲ႔ ဝါရွင္တန္အထိမ္းအမွတ္ ေက်ာက္တိုင္နားတဝိုက္အထိ လူေပါင္းေထာင္ေက်ာ္ လွည့္လည္ ဆႏၵျပခဲ့ၾကတာပါ။

ဧၿပီလ(၁၀)ရက္ စေနေန႔မွာျပဳလုပ္တဲ့ ဒီလိုႀကီးမားတဲ့ ဆႏၵျပပဲြကို ဝါရွင္တန္ဒီစီ ၊ ေမရီလန္း၊ ဗာဂ်ီးနီးယား၊ နယူးေယာက္ ျပည္နယ္ထဲက ၿမဳိ႕အသီးသီးနဲ႔ ေျမာက္ကယ္ရိုလိုင္းနား ၊ အင္ဒီယားနားျပည္နယ္ ေတြက ျမန္မာနဲ႔ တုိင္းရင္းသားမိသားစုေတြပါ လာေရာက္ပူးေပါင္း ဆႏၵျပတဲ့အတြက္ အခုလို လူအမ်ားအျပားျဖစ္သြားခဲ့ေၾကာင္း ဆႏၵျပပဲြ စီစဥ္သူေတြထဲက တဦးျဖစ္တဲ့ ကခ်င္အမ်ဳိးသား အမ္တုေအာင္က ေျပာပါတယ္။

" အားလုံးသိတဲ့အတုိင္းပဲ တရုတ္က ျမန္မာစစ္အစိုးရကို အေနာက္ကေန အရမ္းပဲ အကာအကြယ္ေပးေနတယ္။ ဒါကို ဘယ္သူမွ မေၾကနပ္ၾကဘူး။ လက္နက္ေတြ ပံ့ပိုးေနတဲ့ကိစၥ၊ ကုလ လုံၿခဳံေရးေကာင္စီနဲ႔ ကုလ အစည္းအေဝးေတြမွာလည္း တရုတ္က ေရွ႕ကေန ကာဆီးေပးေနတာ။ ဗီတုိအာဏာသုံးၿပီးေတာ့မွ ျမန္မာစစ္တပ္ကို မကာကြယ္ေပးပါနဲ႔လို႔ တရုတ္သံရုံးေရွ႕ က်ေနာ္တုိ႔ ေျပာခဲ့တယ္။ တရုတ္ရဲ႕စီးပြားေရးက ျမန္မာႏိုင္ငံမွာ အမ်ားႀကီးျမႇဳပ္ႏွံထားတယ္။ စီးပြားေရး ဆက္လုပ္ခ်င္ရင္ စစ္တပ္ကို မေထာက္ခံပါနဲ႔ ... ျမန္မာျပည္သူနဲ႔ပဲ ပူးေပါင္းပါလို႔ တရုတ္သံရုံးကို က်ေနာ္တုိ႔ ေျပာခဲ့တယ္။ ဒီေန႔ဆႏၵျပပဲြမွာဆိုရင္ အျခားျပည္နယ္ေတြကပါ ကခ်င္ ကယား ကရင္ ခ်င္း မြန္ ဗမာ ရခုိင္ ရွမ္း အစုံလာၾကၿပီးေတာ့ ျမန္မာစစ္သံရုံးေရွ႕မွာ ဒီစစ္တပ္ကို က်ေနာ္တုိ႔ လုံးဝ မေၾကနပ္ဘူးဆိုတဲ့အေၾကာင္းေတြ ထုတ္ေဖၚေျပာၾကတယ္။ CRPH ကုိ က်ေနာ္တို႔ အသိမွတ္ျပဳတယ္ တတ္ႏိုင္သမွ် ဝိုင္းဝန္းေဆာင္ရြက္ေပးဖို႔ ဆိုၿပီးေတာ့ က်ေနာ္တို႔ တုိင္းရင္းသားအဖဲြ႔ေတြ ခုလို ပူးေပါင္းေဆာင္ရြက္ေနတာ ျဖစ္တယ္။ "

နယူးေယာက္ျပည္နယ္ ၿမဳိ႕ေတာ္ အယ္လ္ဘာနီကေန ၾကြလာၿပီး ဝါရွင္တန္ဒီစီ ဆႏၵျပပဲြမွာ ပါဝင္ခဲ့တဲ့ ဆရာေတာ္ ဦးဣိသရိယ ကလည္း ဆႏၵျပပဲြအတြင္း ခုလို မိန္႔ပါတယ္။

" တိုင္းရင္းသားေတြ စုေပါင္းၿပီးေတာ့ ျမန္မာ့လြတ္လပ္ေရးကို ရေအာင္ယူထားတာပါ။ အခု ၂၀၂၁ မွာလည္းပဲ တိုင္းရင္းသားေတြရဲ႕ အကူအညီနဲ႔ စည္းလုံးညီညြတ္ၿပီး တုိက္ပဲြဝင္မယ္ဆိုရင္ စစ္အာဏာရွင္စနစ္ က်ဆုံးမွာ ျဖစ္ပါတယ္။ ဘုန္းဘုန္းတို႔ ရဟန္းသံဃာေတြကလည္း ဒီမုိကေရစီျပန္လည္ ရရွိေရး ၊ စစ္အာဏာရွင္စနစ္ ျပဳတ္က်ေရးအတြက္ တိုက္ပဲြဝင္ပါမယ္လို႔ ကတိျပဳပါတယ္။"

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ

အေမရိကန္-ကေနဒါနယ္စပ္ ဘတ္ဖလိုးၿမဳိ႕ကေန မိုင္ေပါင္းမ်ားစြာေဝးတဲ့ ဒီစီၿမဳိ႕ဆႏၵျပပဲြမွာ လာေရာက္ပူးေပါင္းသူကေတာ့ ကိုမင္းႏိုင္ျဖစ္ပါတယ္။

" ပဲခူးမွာ ျဖစ္သြားတဲ့ အျဖစ္အပ်က္ကို အားလုံးဝမ္းနည္း စိတ္မေကာင္း ျဖစ္ေနၾကမယ္ဆုိရင္ .. က်ေနာ့္က ပဲခူးသားပါ။ က်ေနာ္လည္း က်ေနာ့္ၿမဳိ႕အတြက္ က်ေနာ့္ျပည္သူေတြ မ်ဳိးဆက္သစ္ေတြအတြက္ က်ေနာ္လည္း ယူက်ဳံးမရျဖစ္ရတယ္ ခံစားရတယ္။ အခုဒီမွာ လူေတြအမ်ားႀကီးေတြ႔ရေတာ့ က်ေနာ္တို႔အတြက္ ခြန္အားျဖစ္ေစပါတယ္။ က်ေနာ္ဒီမွာ ႏွစ္ေပါင္းမ်ားစြာ ဆႏၵျပပဲြေတြ လာဖူးတယ္။ ဒီလို စည္းလုံးညီညြတ္မႈမ်ဳိး တႀကိမ္တခါမွ မေတြ႔ဖူးဘူး။ စစ္အာဏာရွင္ကို ျဖဳတ္ခ်ဖို႔အတြက္ တဦးခ်င္းတဦးခ်င္း ကိုယ့္အားကုိယ္ကိုးရပါမယ္။ "

အလားတူ မက္ဆာခ်ဴးဆက္ျပည္နယ္ ေဘာ့စ္တြန္ၿမဳိ႕က ျပည္နယ္လႊတ္ေတာ္ အေဆာက္အဦေရွ႕ ဆႏၵေဖၚထုတ္ေဖၚေနတဲ့ ဆရာေတာ္ ဦးစႏၵာသီရိကလည္း ဆႏၵျပပဲြအေၾကာင္း ရွင္းျပပါတယ္။

" ျမန္မာျပည္မွာ အၾကမ္းဖက္ဝါဒ က်ဆုံးေရးအတြက္ ဦးဇင္းတို႔ဒီမွာ လူေတြစုၿပီးေတာ့ ဆႏၵေဖၚထုတ္ေနတာ ျဖစ္ပါတယ္။ အႏွစ္ခ်ဳပ္ ေျပာလိုတာက ဦးဇင္းတို႔ ပုံမွန္ဒီမုိကေရစီ လမ္းေၾကာင္းကုိ ျပန္ရဖို႔အတြက္ လုပ္ေနတာျဖစ္တယ္။ ျမန္မာျပည္မွာ အၾကမ္းဖက္ေနတဲ့ စစ္အာဏာရွင္ေတြအားလုံး ျမန္မာေျမေပၚကေန ထာဝရ ေပ်ာက္သြားဖို႔ အဲဒီအတြက္ ဦးဇင္းတို႔ ႀကဳိးစားေနတာ ျဖစ္ပါတယ္။ "


အေမရိကန္ အေနာက္ဖက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕က ျမန္မာေတြကေတာ့ စေနေန႔မွာ ပန္းသပိတ္ ဆႏၵျပပဲြကို ကုလသမဂၢ-ပလာဇာေရွ႕ လုပ္ခဲ့ေၾကာင္း မမီမီခန္႔က ေျပာပါတယ္။

" ဒီေန႔အတြက္ သပိတ္ကေတာ့ Flower Strike ပန္းသပိတ္ေပါ့၊ UN plaza ေရွ႕မွာလုပ္ေနပါတယ္။ အဓိကေတာ့ ညီမတို႔ရဲ႕ ဒီမုိကေရစီ တုိက္ပဲြေတြမွာ က်ဆုံးသြားၿပီျဖစ္တဲ့ အာဇာနည္ေတြကို ဦးညႊတ္ ေအာင့္ေမ့သတိရတဲ့ သပိတ္၊ ၿပီးေတာ့ စစ္အာဏာရွင္ကို ဆန္႔က်င္တဲ့အေၾကာင္း ေဖၚျပတဲ့သပိတ္ပါ။ ညီမတို႔ ျပင္ပကေနၿပီးေတာ့ ျပည္တြင္းထဲမွာရွိေနတဲ့ CDM လႈပ္ရွားမႈေတြကို အတတ္ႏိုင္ဆုံး ပံ့ပိုးေပးႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ရံပုံေငြေကာက္ခံစုေဆာင္းၿပီး ပို႔ေပးေနပါတယ္။ "

အေမရိကန္မွာလိုပဲ ကေနဒါႏိုင္ငံက ၿမဳိ႕တခ်ဳိ႕မွာ စေနေန႔က ျမန္မာေတြ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပတာေတြ လုပ္ခဲ့သလို၊ ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမဳိ႕မွာလည္း ျမန္မာေတြက လူစည္းကားလြန္းတဲ့ ဟာရဂ်ဳကု ဘူတာနားတဝိုက္ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းထားတာ အဆုံးသတ္ေရး ဂ်ပန္ႏိုင္ငံအေနနဲ႔ ကူညီဖိအားေပးဖို႔ လမ္းမေတြေပၚ ေတာင္းဆိုခဲ့ၾကပါတယ္ ခင္ဗ်ာ။

[ Unicode ]

မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ လူပေါင်းထောင်ချီဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ အရှိန်မြင့်လာနေတာနဲ့အမျှ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီမှာတော့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး စနေနေ့က စုဝေးဆန္ဒပြခဲ့ကြတာပါ။ မြန်မာ့အရေး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဝါရှင်တန်က တရုတ်သံရုံး ၊ မြန်မာစစ်သံရုံးနဲ့ ဝါရှင်တန်အထိမ်းအမှတ် ကျောက်တိုင်နားတဝိုက်အထိ လူပေါင်းထောင်ကျော် လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။

ဧပြီလ(၁၀)ရက် စနေနေ့မှာပြုလုပ်တဲ့ ဒီလိုကြီးမားတဲ့ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီ ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ နယူးယောက် ပြည်နယ်ထဲက မြို့အသီးသီးနဲ့ မြောက်ကယ်ရိုလိုင်းနား ၊ အင်ဒီယားနားပြည်နယ် တွေက မြန်မာနဲ့ တိုင်းရင်းသားမိသားစုတွေပါ လာရောက်ပူးပေါင်း ဆန္ဒပြတဲ့အတွက် အခုလို လူအများအပြားဖြစ်သွားခဲ့ကြောင်း ဆန္ဒပြပွဲ စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ကချင်အမျိုးသား အမ်တုအောင်က ပြောပါတယ်။

" အားလုံးသိတဲ့အတိုင်းပဲ တရုတ်က မြန်မာစစ်အစိုးရကို အနောက်ကနေ အရမ်းပဲ အကာအကွယ်ပေးနေတယ်။ ဒါကို ဘယ်သူမှ မကြေနပ်ကြဘူး။ လက်နက်တွေ ပံ့ပိုးနေတဲ့ကိစ္စ၊ ကုလ လုံခြုံရေးကောင်စီနဲ့ ကုလ အစည်းအဝေးတွေမှာလည်း တရုတ်က ရှေ့ကနေ ကာဆီးပေးနေတာ။ ဗီတိုအာဏာသုံးပြီးတော့မှ မြန်မာစစ်တပ်ကို မကာကွယ်ပေးပါနဲ့လို့ တရုတ်သံရုံးရှေ့ ကျနော်တို့ ပြောခဲ့တယ်။ တရုတ်ရဲ့စီးပွားရေးက မြန်မာနိုင်ငံမှာ အများကြီးမြှုပ်နှံထားတယ်။ စီးပွားရေး ဆက်လုပ်ချင်ရင် စစ်တပ်ကို မထောက်ခံပါနဲ့ ... မြန်မာပြည်သူနဲ့ပဲ ပူးပေါင်းပါလို့ တရုတ်သံရုံးကို ကျနော်တို့ ပြောခဲ့တယ်။ ဒီနေ့ဆန္ဒပြပွဲမှာဆိုရင် အခြားပြည်နယ်တွေကပါ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း အစုံလာကြပြီးတော့ မြန်မာစစ်သံရုံးရှေ့မှာ ဒီစစ်တပ်ကို ကျနော်တို့ လုံးဝ မကြေနပ်ဘူးဆိုတဲ့အကြောင်းတွေ ထုတ်ဖေါ်ပြောကြတယ်။ CRPH ကို ကျနော်တို့ အသိမှတ်ပြုတယ် တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ ခုလို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ "

နယူးယောက်ပြည်နယ် မြို့တော် အယ်လ်ဘာနီကနေ ကြွလာပြီး ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဣိသရိယ ကလည်း ဆန္ဒပြပွဲအတွင်း ခုလို မိန့်ပါတယ်။

" တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ မြန်မာ့လွတ်လပ်ရေးကို ရအောင်ယူထားတာပါ။ အခု ၂၀၂၁ မှာလည်းပဲ တိုင်းရင်းသားတွေရဲ့ အကူအညီနဲ့ စည်းလုံးညီညွတ်ပြီး တိုက်ပွဲဝင်မယ်ဆိုရင် စစ်အာဏာရှင်စနစ် ကျဆုံးမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေကလည်း ဒီမိုကရေစီပြန်လည် ရရှိရေး ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ပါမယ်လို့ ကတိပြုပါတယ်။"

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ

အမေရိကန်-ကနေဒါနယ်စပ် ဘတ်ဖလိုးမြို့ကနေ မိုင်ပေါင်းများစွာဝေးတဲ့ ဒီစီမြို့ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းသူကတော့ ကိုမင်းနိုင်ဖြစ်ပါတယ်။

" ပဲခူးမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကို အားလုံးဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြမယ်ဆိုရင် .. ကျနော့်က ပဲခူးသားပါ။ ကျနော်လည်း ကျနော့်မြို့အတွက် ကျနော့်ပြည်သူတွေ မျိုးဆက်သစ်တွေအတွက် ကျနော်လည်း ယူကျုံးမရဖြစ်ရတယ် ခံစားရတယ်။ အခုဒီမှာ လူတွေအများကြီးတွေ့ရတော့ ကျနော်တို့အတွက် ခွန်အားဖြစ်စေပါတယ်။ ကျနော်ဒီမှာ နှစ်ပေါင်းများစွာ ဆန္ဒပြပွဲတွေ လာဖူးတယ်။ ဒီလို စည်းလုံးညီညွတ်မှုမျိုး တကြိမ်တခါမှ မတွေ့ဖူးဘူး။ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် တဦးချင်းတဦးချင်း ကိုယ့်အားကိုယ်ကိုးရပါမယ်။ "

အလားတူ မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်မြို့က ပြည်နယ်လွှတ်တော် အဆောက်အဦရှေ့ ဆန္ဒဖေါ်ထုတ်ဖေါ်နေတဲ့ ဆရာတော် ဦးစန္ဒာသီရိကလည်း ဆန္ဒပြပွဲအကြောင်း ရှင်းပြပါတယ်။

" မြန်မာပြည်မှာ အကြမ်းဖက်ဝါဒ ကျဆုံးရေးအတွက် ဦးဇင်းတို့ဒီမှာ လူတွေစုပြီးတော့ ဆန္ဒဖေါ်ထုတ်နေတာ ဖြစ်ပါတယ်။ အနှစ်ချုပ် ပြောလိုတာက ဦးဇင်းတို့ ပုံမှန်ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရဖို့အတွက် လုပ်နေတာဖြစ်တယ်။ မြန်မာပြည်မှာ အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်တွေအားလုံး မြန်မာမြေပေါ်ကနေ ထာဝရ ပျောက်သွားဖို့ အဲဒီအတွက် ဦးဇင်းတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ "

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့က မြန်မာတွေကတော့ စနေနေ့မှာ ပန်းသပိတ် ဆန္ဒပြပွဲကို ကုလသမဂ္ဂ-ပလာဇာရှေ့ လုပ်ခဲ့ကြောင်း မမီမီခန့်က ပြောပါတယ်။

" ဒီနေ့အတွက် သပိတ်ကတော့ Flower Strike ပန်းသပိတ်ပေါ့၊ UN plaza ရှေ့မှာလုပ်နေပါတယ်။ အဓိကတော့ ညီမတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲတွေမှာ ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်တွေကို ဦးညွှတ် အောင့်မေ့သတိရတဲ့ သပိတ်၊ ပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အကြောင်း ဖေါ်ပြတဲ့သပိတ်ပါ။ ညီမတို့ ပြင်ပကနေပြီးတော့ ပြည်တွင်းထဲမှာရှိနေတဲ့ CDM လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးနိုင်ဖို့ အတတ်နိုင်ဆုံး ရံပုံငွေကောက်ခံစုဆောင်းပြီး ပို့ပေးနေပါတယ်။ "

အမေရိကန်မှာလိုပဲ ကနေဒါနိုင်ငံက မြို့တချို့မှာ စနေနေ့က မြန်မာတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ခဲ့သလို၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း မြန်မာတွေက လူစည်းကားလွန်းတဲ့ ဟာရဂျုကု ဘူတာနားတဝိုက် မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းထားတာ အဆုံးသတ်ရေး ဂျပန်နိုင်ငံအနေနဲ့ ကူညီဖိအားပေးဖို့ လမ်းမတွေပေါ် တောင်းဆိုခဲ့ကြပါတယ် ခင်ဗျာ။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG