သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးအၾကမ္းဖက္ၿဖိဳခြဲမႈ လူသားမ်ဳိးႏြယ္ဆန္႔က်င္တဲ့ ရာဇဝတ္မႈျဖစ္ (AAPP)


ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ။ (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၁။ ဓာတ္ပုံ - Burma VJ)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြကို ႏွိမ္နင္းသတ္ျဖတ္မႈေတြေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၇၀၁ ဦး ရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ေျပာပါတယ္။

ဧၿပီလ ၁၀ ရက္ေန႔ တရက္တည္းမွာတင္ စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာ ၁ ဦးနဲ႔ ပဲခူးမွာ ၈၂ ဦး စုစုေပါင္း ၈၃ ဦး ေသဆုံးခဲ့ရတာပါ။ ဒါဟာ AAPP က ရရွိ စစ္ေဆး အတည္ျပဳထားတဲ့ အေရအတြက္ျဖစ္ၿပီး အမွန္တကယ္ ေသဆုံးသူစာရင္းက ဒီ့ထက္မက မ်ားျပားလြန္းႏိုင္တယ္လို႔လည္း AAPP က ေျပာပါတယ္။

ဧၿပီလ ၁၀ ရက္ေန႔အထိ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးနဲ႔ လူမႈေရးနယ္ပယ္က ေခါင္းေဆာင္ေတြ အပါအဝင္ လူေပါင္း ၃,၀၁၂ ေယာက္ ေလာေလာဆယ္ ဖမ္းဆီးခံထားရၿပီး အဲဒီအထဲက ၆၃ ေယာက္ကို ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။ ၆၅၆ ေယာက္ကိုေတာ့ ဖမ္းဝရမ္းထုတ္ထားပါတယ္။ ၁၇ ေယာက္ကို ေသဒဏ္ ခ်မွတ္ထားပါတယ္။ ျပန္လြတ္လာသူေတြ စာရင္းကိုေတာ့ AAPP အသင္းက ေလာေလာဆယ္ ျပဳစုေနဆဲလို႔ ဆိုပါတယ္။

ပဲခူးၿမိဳ႕ကို ၾကမ္းတမ္းရက္စက္စြာ ၿဖိဳခြင္းလို႔ တေန႔တည္း လူ ၈၂ ဦး ေသဆုံးရတာဟာ လူသားမ်ိဳးႏြယ္ကို ဆန္႔က်င္တဲ့ ရာဇဝတ္မႈတခု ျဖစ္တယ္လို႔လည္း AAPP ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီလို အၾကမ္းဖက္ ၿဖိဳခြဲမႈေတြေၾကာင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ Arria Formula လို႔ေခၚတဲ့ အလြတ္သေဘာ ေဆြးေႏြးပြဲ က်င္းပၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့ရေၾကာင္းနဲ႔ အဲဒီေဆြးေႏြးပြဲမွာ ျမန္မာႏုိင္ငံအတြင္းက လတ္တေလာ အေျခအေနကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က တင္ျပခဲ့ၿပီးျဖစ္ေၾကာင္း AAPP အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ျမန္မာႏိုင္ငံအတြင္း အာဏာသိမ္းမႈကို ဆန္႔က်င္တာေၾကာင့္ ေသဆုံးရသူေတြနဲ႔ ဖမ္းဆီးတရားစြဲဆို ျပစ္ဒဏ္ေပးခံရသူေတြရဲ႕ စာရင္းကို ဆက္လက္ထုတ္ျပန္ ေၾကညာသြားမွာျဖစ္ေၾကာင္း AAPP အဖြဲ႔က ေျပာပါတယ္။ ဥပေဒေရးရာ အကူအညီ လိုအပ္ရင္ ဆက္သြယ္ႏိုင္မယ့္ လူပုဂၢိဳလ္နဲ႔ ေရွ႕ေနေတြရဲ႕ နာမည္ေတြနဲ႔ တယ္လီဖုန္းနံပါတ္ေတြကိုလည္း AAPP အဖြဲ႔က အသိေပး ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ပဲခူးအကြမ်းဖက်ဖြိုခွဲမှု လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ် (AAPP)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၁ ဦး ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့ တရက်တည်းမှာတင် စစ်ကိုင်းတိုင်း တမူးမြို့မှာ ၁ ဦးနဲ့ ပဲခူးမှာ ၈၂ ဦး စုစုပေါင်း ၈၃ ဦး သေဆုံးခဲ့ရတာပါ။ ဒါဟာ AAPP က ရရှိ စစ်ဆေး အတည်ပြုထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသူစာရင်းက ဒီ့ထက်မက များပြားလွန်းနိုင်တယ်လို့လည်း AAPP က ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့အထိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်က ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၃,၀၁၂ ယောက် လောလောဆယ် ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆၃ ယောက်ကို ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ၆၅၆ ယောက်ကိုတော့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ၁၇ ယောက်ကို သေဒဏ် ချမှတ်ထားပါတယ်။ ပြန်လွတ်လာသူတွေ စာရင်းကိုတော့ AAPP အသင်းက လောလောဆယ် ပြုစုနေဆဲလို့ ဆိုပါတယ်။

ပဲခူးမြို့ကို ကြမ်းတမ်းရက်စက်စွာ ဖြိုခွင်းလို့ တနေ့တည်း လူ ၈၂ ဦး သေဆုံးရတာဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတခု ဖြစ်တယ်လို့လည်း AAPP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ Arria Formula လို့ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ရကြောင်းနဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းက လတ်တလော အခြေအနေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တင်ပြခဲ့ပြီးဖြစ်ကြောင်း AAPP အဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် သေဆုံးရသူတွေနဲ့ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ပေးခံရသူတွေရဲ့ စာရင်းကို ဆက်လက်ထုတ်ပြန် ကြေညာသွားမှာဖြစ်ကြောင်း AAPP အဖွဲ့က ပြောပါတယ်။ ဥပဒေရေးရာ အကူအညီ လိုအပ်ရင် ဆက်သွယ်နိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ရှေ့နေတွေရဲ့ နာမည်တွေနဲ့ တယ်လီဖုန်းနံပါတ်တွေကိုလည်း AAPP အဖွဲ့က အသိပေး ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG