သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တမူးဆႏၵျပပဲြ ၿဖိဳခြင္းမႈအတြင္း လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ အပါအ၀င္ ၁ ဒါဇင္ေက်ာ္ေသဆုံး


[ Zawgyi/ Unicode]

အိႏၵိယႏုိင္ငံနဲ႔နယ္စပ္ စစ္ကုိင္းတုိင္း တမူးၿမိဳ႕မွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပသူေတြရဲ႕ အတားအဆီးေတြကုိ ဖယ္ရွားဖုိ႔ ႀကိဳးပမ္းတဲ့ ရဲနဲ႔စစ္တပ္နဲ႔ ေဒသခံေတြၾကား တိုက္ခုိက္မႈေတြ ျဖစ္ရာက လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ အမ်ားစု အပါအ၀င္ ေသဆုံးသူ ၁ ဒါဇင္ေက်ာ္ ရွိခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ အေစာပုိင္းမွာတုန္းက ဆႏၵျပပဲြေတြ ေအးေအးခ်မ္းခ်မ္း ရွိခဲ့ေပမယ့္ အခုေနာက္ပုိင္း အာဏာပုိင္ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခဲြမႈေတြေၾကာင့္ ဆႏၵျပသူေတြဖက္ကလည္း ခုခံတုိက္ခုိက္မႈေတြ ရွိလာရာက ၂ ဖက္ ထိခုိက္ေသေၾကမႈေတြ တုိးလာေနတဲ့ အေျခအေနကုိေတာ့ ကုိ၀င္းမင္းက တင္ျပထားပါတယ္။

လံုၿခံဳေရးေၾကာင့္ အမည္မေဖာ္လိုတဲ့ ဒီဆႏၵျပပဲြမွာ ပါဝင္သူတဦးက မေန႔က တိုက္ခိုက္မူေတြ စျဖစ္ခဲ့ပံုကို အခုလို ရွင္းျပပါတယ္။

" ေန႔လည္ (၁၂)ခဲြ ေလာက္မွာ ကင္းလွည့္တဲ့ စစ္တပ္ယာဥ္တန္း ၿမဳိ႕ထဲကို လွည့္တဲ့အခါမွာ အာရွလမ္းေပၚ တိုက္ပဲြျဖစ္ၾကတယ္။ (၁) နာရီေလာက္က်ေတာ့ သူတို႔ဖက္က တပ္ကူေတြ ေရာက္လာတယ္။ တိုက္ပဲြျဖစ္ၿပီး နာရီဝက္အတြင္းမွာ လူေပါင္း(၄၀)နီးပါး ဝန္းက်င္ေလာက္ရွိတဲ့ စစ္ကား(၂)စီး ၊ ဘူဒိုဇာကား (၁)စီး ကေလးၿမဳိ႕ကေန ေရာက္လာတယ္။ "

ဒါ့အျပင္ ပစ္ခတ္မူေတြ ေတာက္ေလွ်ာက္ (၅) နာရီေလာက္ျဖစ္ခဲ့ကာ ထိခိုက္ေသဆံုးခဲ့ရပံုကိုလည္း သူက အခုလို ဆက္ေျပာပါတယ္။

" ေတာက္ေလွ်ာက္ ပစ္တာ၊ ၿပီးမွ ရပ္ကြက္ထဲေတြအထိ ဝင္ပစ္တယ္။ လမ္းေဘး ေျမာင္းေတြမွာ ကင္းပုံးေတြဝပ္တယ္။ ေတာက္ေလွ်ာက္ပစ္တယ္။ အဲဒီအခ်ိန္မွာ ျဖတ္သြားတဲ့ဆိုင္ကယ္ အပစ္ခံရတာပဲ။ လမ္းေပၚသြားေနတဲ့ ဆိုင္ကယ္ကယ္ရီ ျပည္သူ(၂)ေယာက္ က်ဆုံးတယ္ဗ်။ တေယာက္က ေခါင္းကိုထိတယ္။ ေနာက္တေယာက္က ဘယ္ထိလဲေတာ့ မသိေပမဲ့ တခါထဲ ပဲြခ်င္းပီးပဲေလ။ ဘုရားေက်ာင္းထဲကိုလည္း ဝင္စီးၿပီး တပ္စဲြလိုက္တယ္။ "

တခ်ိန္ထဲမွာ စစ္တပ္ဘက္ကလည္း အက်အဆံုးရွိခဲ့ပံုကို သူက အခုလို ဆက္ရွင္းျပပါတယ္။

" က်ေနာ္တို႔ သိသေလာက္ေတာ့ စစ္ေကာင္စီတပ္က (၁၁)ေယာက္ က်ဆုံးတယ္လို႔ ၾကားရတယ္။ ၄ နာရီခဲြ ၅ ေလာက္က်ေတာ့ သူတုိ႔ အေလာင္းသယ္သြားတယ္။ ကားေတြ ၆ စီးေလာက္နဲ႔ သယ္ၿပီး တပ္ရင္းကို ေမာင္းသြားေတာ့တာ။ သူတို႔တပ္စခန္းက ၿမဳိ႕အဝင္ အာရွလမ္းေပၚမွာပဲ။ "

ဒါေပမဲ့ ဒီ အေသေပ်ာက္စာရင္းကိုေတာ့ VOA အေနနဲ႔ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိခဲ့ပါဘူး။ အလားတူ ကူကီအမ်ိဳးသား အစည္းအရံုးေၾကညာခ်က္တစ္ေစာင္ ဒီေန႔ပဲ အင္တာနက္ေပၚမွာ တက္လာၿပီး၊ သူတို႔ ပါဝင္တိုက္ခိုက္ခဲ့ကာ၊ စစ္ေကာင္စီဘက္က (၁၈) ဦးက်ဆံုးခဲ့တယ္ ဆိုေပမယ့္ တိုက္ရိုက္ေမးျမန္းအတည္ျပဳႏိုင္ျခင္းမရွိခဲ့ပါဘူး။

ေနာက္ပိုင္း မေန႔ညဖက္မွာလည္း စစ္တပ္က ျပန္ထြက္လာၿပီး ပစ္ခတ္မူေတြရွိ ညမိုးခ်ဳပ္အထိ ဆက္ျဖစ္ခဲ့တယ္လို႔လည္း ၿမိဳ.ခံဆႏၵျပသူက ဆက္ေျပာပါတယ္။

" သူတို႔ ျပန္ဆုတ္သြားၿပီးမွ ၆ နာရီခဲြေလာက္က်ေတာ့ ျပန္လာတယ္။ သူတို႔က ဗိုလ္ခ်ဳပ္လမ္းကို ဝင္တယ္။ က်ေနာ္တို႔ တမူးၿမဳိ႕ထဲ ဝင္လာၿပီး လမ္းေပၚမွာ သူတို႔ ေလွ်ာက္ပစ္တာေပါ့။ ဝင္လာၿပီး မုိးေပၚေထာင္ ေျခာက္ပစ္ၿပီးေတာ့မွ ခရက ရုံးေပါ့ေနာ္ အုပ္ခ်ဳပ္ေရးမွဴးရုံးေလ အဲဒီေနရာက နည္းနည္းလုံၿခဳံေတာ့ အဲဒီမွာ သြားအိပ္တယ္လို႔ က်ေနာ္ထင္တယ္။ အခု ေျပာေနခ်ိန္မွာေတာင္ ပစ္ေနၿပီ၊ က်ေနာ္တုိ႔ ၿမဳိ႕လယ္က စတုိးဆုိင္းႀကီးတခုကိုလည္း သူတို႔ပဲ မီးကြင္းပစ္တယ္လို႔ ယူဆေလ၊ သူက အလကားေနရင္း ထေလာင္တာကိုးဗ်။ အခုေတာ့ တဆိုင္လုံးေျပာင္သြားၿပီ အခု၊ ည (၉)နာရီမထိုးခင္ေလာက္က စေလာင္တာေပါ့။ "

ဒါ့အျပင္ ၿပီခဲ့တဲ့လကုန္ပိုင္းကစၿပီး ဆႏၵျပမူူေတြအေပၚ တင္းမာမူေတြစရွိလာခဲ့ပံုကိုလည္း သူက ျပန္ေျပာျပပါတယ္။

" ဆႏၵျပတာကေတာ့ ေဖေဖၚဝါရီ (၁၅)ေလာက္က စျပတာေလ။ ေတာက္ေလွ်ာက္ ေျပေျပလည္လည္နဲ႔ ျပလာတာေပါ့ေနာ္။ ၿပီးခဲ့တဲ့ မတ္လ(၂၅)က်မွ ဆႏၵျပအဖြဲ႔နဲ႔ ရဲနဲ႔ၾကားမွာ ထိပ္တိုက္ ေတြ႔ဆုံမႈေလးေတြ ျပင္းထန္လာတယ္။ က်ေနာ္တို႔ဆီက ၿမဳိ႕လယ္ေခါင္မွာရွိတဲ့ ေရႊဆိုင္ကို သူတို႔ ဝင္စီးတယ္ေပါ့၊ အဲဒီကလည္း တခါး ဖြင့္မေပးဘူးေပါ့ အဲဒီအခ်ိန္မွာ ျပည္သူက သံပုံးေတြတီးၿပီး ဝိုင္းလုိက္တယ္။ ဝိုင္းလုိက္ေတာ့ သူတို႔က ပစ္ေျပး ေျပးတယ္။ အဲလို ပစ္တာ က်ေနာ္တို႔ (၈)ေယာက္ က်ည္ထိတာေပါ့။ တဦးက ေနရာမွာတင္ ပဲြခ်င္းၿပီးဆုံးတယ္။ တခါ အိႏၵိယျမန္မာနယ္စပ္မွာ ထပ္ပစ္တယ္။ တမူးဖက္က နန္႔ဖာလုံမွာ CDM ဝင္ထားတဲ့ ရဲတေယာက္က်တယ္။"

တကယ္ေတာ့ စစ္ကိုင္းတိုင္းအတြင္း ဆႏၵျပပြဲတခ်ိဳ.မွာ တူမီးေသနပ္ေတြနဲ႔ ခုခံကာကြယ္မူေတြရွိခဲ့သလို၊ အလားတူ မခုခံတဲ့ လိႈင္သာယာ၊ ေျမာက္ဥကၠလာနဲ႔ ေနာက္ဆံုး အခု ပဲခူးဖက္မွာပါ၊ စစ္တပ္က ပစ္ခတ္ၿဖိဳခြင္းမူေတြ အလားတူျပင္းထန္ လာေနတယ္လို႔ သံုးသပ္မူေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

တမူးဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၁ ဒါဇင်ကျော်သေဆုံး

အိန္ဒိယနိုင်ငံနဲ့နယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးပမ်းတဲ့ ရဲနဲ့စစ်တပ်နဲ့ ဒေသခံတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများစု အပါအဝင် သေဆုံးသူ ၁ ဒါဇင်ကျော် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစောပိုင်းမှာတုန်းက ဆန္ဒပြပွဲတွေ အေးအေးချမ်းချမ်း ရှိခဲ့ပေမယ့် အခုနောက်ပိုင်း အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေဖက်ကလည်း ခုခံတိုက်ခိုက်မှုတွေ ရှိလာရာက ၂ ဖက် ထိခိုက်သေကြေမှုတွေ တိုးလာနေတဲ့ အခြေအနေကိုတော့ ကိုဝင်းမင်းက တင်ပြထားပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတဦးက မနေ့က တိုက်ခိုက်မူတွေ စဖြစ်ခဲ့ပုံကို အခုလို ရှင်းပြပါတယ်။

" နေ့လည် (၁၂)ခွဲ လောက်မှာ ကင်းလှည့်တဲ့ စစ်တပ်ယာဉ်တန်း မြို့ထဲကို လှည့်တဲ့အခါမှာ အာရှလမ်းပေါ် တိုက်ပွဲဖြစ်ကြတယ်။ (၁) နာရီလောက်ကျတော့ သူတို့ဖက်က တပ်ကူတွေ ရောက်လာတယ်။ တိုက်ပွဲဖြစ်ပြီး နာရီဝက်အတွင်းမှာ လူပေါင်း(၄၀)နီးပါး ဝန်းကျင်လောက်ရှိတဲ့ စစ်ကား(၂)စီး ၊ ဘူဒိုဇာကား (၁)စီး ကလေးမြို့ကနေ ရောက်လာတယ်။ "

ဒါ့အပြင် ပစ်ခတ်မူတွေ တောက်လျှောက် (၅) နာရီလောက်ဖြစ်ခဲ့ကာ ထိခိုက်သေဆုံးခဲ့ရပုံကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

" တောက်လျှောက် ပစ်တာ၊ ပြီးမှ ရပ်ကွက်ထဲတွေအထိ ဝင်ပစ်တယ်။ လမ်းဘေး မြောင်းတွေမှာ ကင်းပုံးတွေဝပ်တယ်။ တောက်လျှောက်ပစ်တယ်။ အဲဒီအချိန်မှာ ဖြတ်သွားတဲ့ဆိုင်ကယ် အပစ်ခံရတာပဲ။ လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်ကယ်ရီ ပြည်သူ(၂)ယောက် ကျဆုံးတယ်ဗျ။ တယောက်က ခေါင်းကိုထိတယ်။ နောက်တယောက်က ဘယ်ထိလဲတော့ မသိပေမဲ့ တခါထဲ ပွဲချင်းပီးပဲလေ။ ဘုရားကျောင်းထဲကိုလည်း ဝင်စီးပြီး တပ်စွဲလိုက်တယ်။ "

တချိန်ထဲမှာ စစ်တပ်ဘက်ကလည်း အကျအဆုံးရှိခဲ့ပုံကို သူက အခုလို ဆက်ရှင်းပြပါတယ်။

" ကျနော်တို့ သိသလောက်တော့ စစ်ကောင်စီတပ်က (၁၁)ယောက် ကျဆုံးတယ်လို့ ကြားရတယ်။ ၄ နာရီခွဲ ၅ လောက်ကျတော့ သူတို့ အလောင်းသယ်သွားတယ်။ ကားတွေ ၆ စီးလောက်နဲ့ သယ်ပြီး တပ်ရင်းကို မောင်းသွားတော့တာ။ သူတို့တပ်စခန်းက မြို့အဝင် အာရှလမ်းပေါ်မှာပဲ။ "

ဒါပေမဲ့ ဒီ အသေပျောက်စာရင်းကိုတော့ VOA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ အလားတူ ကူကီအမျိုးသား အစည်းအရုံးကြေညာချက်တစ်စောင် ဒီနေ့ပဲ အင်တာနက်ပေါ်မှာ တက်လာပြီး၊ သူတို့ ပါဝင်တိုက်ခိုက်ခဲ့ကာ၊ စစ်ကောင်စီဘက်က (၁၈) ဦးကျဆုံးခဲ့တယ် ဆိုပေမယ့် တိုက်ရိုက်မေးမြန်းအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

နောက်ပိုင်း မနေ့ညဖက်မှာလည်း စစ်တပ်က ပြန်ထွက်လာပြီး ပစ်ခတ်မူတွေရှိ ညမိုးချုပ်အထိ ဆက်ဖြစ်ခဲ့တယ်လို့လည်း မြို.ခံဆန္ဒပြသူက ဆက်ပြောပါတယ်။

" သူတို့ ပြန်ဆုတ်သွားပြီးမှ ၆ နာရီခွဲလောက်ကျတော့ ပြန်လာတယ်။ သူတို့က ဗိုလ်ချုပ်လမ်းကို ဝင်တယ်။ ကျနော်တို့ တမူးမြို့ထဲ ဝင်လာပြီး လမ်းပေါ်မှာ သူတို့ လျှောက်ပစ်တာပေါ့။ ဝင်လာပြီး မိုးပေါ်ထောင် ခြောက်ပစ်ပြီးတော့မှ ခရက ရုံးပေါ့နော် အုပ်ချုပ်ရေးမှူးရုံးလေ အဲဒီနေရာက နည်းနည်းလုံခြုံတော့ အဲဒီမှာ သွားအိပ်တယ်လို့ ကျနော်ထင်တယ်။ အခု ပြောနေချိန်မှာတောင် ပစ်နေပြီ၊ ကျနော်တို့ မြို့လယ်က စတိုးဆိုင်းကြီးတခုကိုလည်း သူတို့ပဲ မီးကွင်းပစ်တယ်လို့ ယူဆလေ၊ သူက အလကားနေရင်း ထလောင်တာကိုးဗျ။ အခုတော့ တဆိုင်လုံးပြောင်သွားပြီ အခု၊ ည (၉)နာရီမထိုးခင်လောက်က စလောင်တာပေါ့။ "

ဒါ့အပြင် ပြီခဲ့တဲ့လကုန်ပိုင်းကစပြီး ဆန္ဒပြမူူတွေအပေါ် တင်းမာမူတွေစရှိလာခဲ့ပုံကိုလည်း သူက ပြန်ပြောပြပါတယ်။

" ဆန္ဒပြတာကတော့ ဖေဖေါ်ဝါရီ (၁၅)လောက်က စပြတာလေ။ တောက်လျှောက် ပြေပြေလည်လည်နဲ့ ပြလာတာပေါ့နော်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ကျမှ ဆန္ဒပြအဖွဲ့နဲ့ ရဲနဲ့ကြားမှာ ထိပ်တိုက် တွေ့ဆုံမှုလေးတွေ ပြင်းထန်လာတယ်။ ကျနော်တို့ဆီက မြို့လယ်ခေါင်မှာရှိတဲ့ ရွှေဆိုင်ကို သူတို့ ဝင်စီးတယ်ပေါ့၊ အဲဒီကလည်း တခါး ဖွင့်မပေးဘူးပေါ့ အဲဒီအချိန်မှာ ပြည်သူက သံပုံးတွေတီးပြီး ဝိုင်းလိုက်တယ်။ ဝိုင်းလိုက်တော့ သူတို့က ပစ်ပြေး ပြေးတယ်။ အဲလို ပစ်တာ ကျနော်တို့ (၈)ယောက် ကျည်ထိတာပေါ့။ တဦးက နေရာမှာတင် ပွဲချင်းပြီးဆုံးတယ်။ တခါ အိန္ဒိယမြန်မာနယ်စပ်မှာ ထပ်ပစ်တယ်။ တမူးဖက်က နန့်ဖာလုံမှာ CDM ဝင်ထားတဲ့ ရဲတယောက်ကျတယ်။"

တကယ်တော့ စစ်ကိုင်းတိုင်းအတွင်း ဆန္ဒပြပွဲတချို.မှာ တူမီးသေနပ်တွေနဲ့ ခုခံကာကွယ်မူတွေရှိခဲ့သလို၊ အလားတူ မခုခံတဲ့ လှိုင်သာယာ၊ မြောက်ဥက္ကလာနဲ့ နောက်ဆုံး အခု ပဲခူးဖက်မှာပါ၊ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမူတွေ အလားတူပြင်းထန် လာနေတယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG