သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားတပ္ေတြဆီ ခိုလႈံလာသူ CDM ၀န္ထမ္းတခ်ိဳ႕ရဲ႕ ရင္ဖြင္႔သံ


(Zawgyi/ Unicode)

ျမန္မာႏိုင္ငံအႏွံ႔ ေန႔စဥ္နဲ႔အမွ် ျဖစ္ပြားေနတဲ့ ဆႏၵျပပဲြ ေတြကို အာဏာသိမ္းစစ္တပ္က အၾကမ္းဖက္ ၿဖဳိခြင္း ၊ ဖမ္းဆီးတာေတြ အဆက္မျပတ္ လုပ္လာတာေၾကာင့္ ဒီလိုစုိးရိမ္ဖြယ္ အေျခအေနေကုိ ေရွာင္ရွားဖို႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြရွိရာ နယ္စပ္ေဒသေတြကို တိမ္းေရွာင္လာသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားရင္း နယ္စပ္ေဒသေတြကို တိမ္းေရွာင္ လာၾကရသူေတြ အေၾကာင္း AFP သတင္းကို အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

အာဏာသိမ္းေကာင္စီရဲ႕ တပ္ေတြက ၿမဳိ႕ေတြမွာေရာ နယ္ေတြမွာပါ ခ်ီတက္ ဆႏၵျပသူေတြနဲ႔ သပိတ္စခန္း ခံတပ္ေတြကို ပစ္ခတ္ၿဖဳိခြင္းေနတာေၾကာင့္ ေန႔စဥ္ဆိုသလို လူေသဆုံးမႈ ရွိေနပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမဳိ႕ တာဟန္းအရပ္က သပိတ္စခန္း ၿဖဳိခဲြခံရတာ ၊ အခုရက္ပုိင္းထဲ တမူးၿမဳိ႕နဲ႔ ပဲခူးၿမဳိ႕ေပၚက သပိတ္ခံတပ္ေတြကို ပစ္ခတ္ၿဖဳိခြင္းေနတာကို လူမႈကြန္ယက္ေပၚက ဗီဒီယုိမွာ ျမင္ေနရတာပါ။

ဒါ့အျပင္ ပုဒ္မ(၁၄၄) ညမထြက္ရအမိန္႔ထုတ္ထားတဲ့ ညဖက္ကာလအတြင္း အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ သပိတ္ေခါင္းေဆာင္ေတြ ၊ CDM လုပ္ရွားမႈမွာ ပါဝင္သူေတြ ၊ ပုဒ္မ ၅၀၅-က နဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့ နာမည္ႀကီး အႏုပညာရွင္ေတြ၊ သတင္းသမားေတြကိုပါမက်န္ လိုက္လံဖမ္းဆီးေနတာ ျဖစ္ပါတယ္။ တခ်ဳိ႕ကုိေတာ့ ဖမ္းမိသြားၿပီး တခ်ဳိ႕ကလည္း ေရွာင္တိမ္းေနဆဲ ျဖစ္ပါတယ္။

ဒီလို စုိးရိမ္ဖြယ္ အေျခအေနေတြ ႀကဳံလာတာေၾကာင့္ သူတို႔အေနနဲ႔ ထုိင္းျမန္မာနယ္စပ္က ကရင္အမ်ဳိးသားအစည္းအရုံး KNU ထိန္းခ်ဳပ္နယ္ေျမကို တိမ္းေရွာင္လာရတာျဖစ္ေၾကာင္း CDM မွာပါဝင္တဲ့ မီးရထားဝန္ထမ္း စက္ေခါင္းေမာင္းဆရာ ဦးျမတ္လ ြင္က ေျပာပါတယ္။

" က်ေနာ္တို႔ကေတာ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ အဲဒီတုန္းက ဒီလိုပဲ။ ရိုးရိုးသားသား ေအးေအးေဆးေဆး ဆႏၵျပတာ။ မီးခိုးဗံုးေတြ ၾကားတို႔၊ မ်က္ရည္ယိုဗံုးေတြ ၾကားတို႔ ေျပးခဲ့ရတဲ႔ ရက္ေတြလည္း ရွိပါတယ္။ ဒါေပမဲ့ အၾကမ္းဖက္ ႏွိမ္နင္းေတာ့ က်ေနာ္တို႔ ေျပးခဲ႔ရတဲ႔ ကာလလည္း ရွိခဲ႔ပါတယ္။ က်ေနာ္တို႔ကုိ ဖမ္းရင္လည္း သူတို႔က ရွင္းရွင္း ေျပာရရင္လည္း အရွင္ ထားမွာ မဟုတ္ပါဘူး။ အေသဘဲ ရမွာပါ။ ဒါေၾကာင့္ ထြက္ေျပးလာတာ။ "

အာဏာသိမ္းေကာင္စီက CDM လုပ္ေဆာင္ေနသူေတြကို ဖမ္းဝရမ္းထုတ္ လိုက္လံ ဖမ္းဆီးေနတာေၾကာင့္ အားကုိးရမယ္လို႔ ယုံၾကည္ထားတဲ့ KNU နယ္ေျမကို ဝင္ေရာက္ခိုလႈံလာတာ ျဖစ္တယ္လို႔ ကရင္ျပည္နယ္ထဲက အမည္မေဖၚလိုတဲ့ CDM ေက်ာင္းဆရာမတဦးက ေျပာပါတယ္။

" ပထမဦးဆံုး က်မတို ႔ CDM လုပ္တဲ႔ ၀န္ထမ္းေတြ ဖမ္း၀ရမ္း ထုတ္ၿပီးေတာ့ အားကိုးရာ ဆိုလို႔ ဒီ တိုင္းရင္းသား လက္နက္ကိုင္ေတြဘဲ ရွိတာေပါ့။ ဒါသည္ ျပည္သူတရပ္လံုးနဲ႔ ဆိုင္တယ္၊ တႏုိင္ငံလံုးနဲ႔ ဆိုင္တဲ႔ အတြက္ေၾကာင့္မို႔လို႔ ျမ၀တီၿမိဳ႕ကလည္း လူထုသပိတ္ စစ္ေၾကာင္းထဲ ပါ၀င္မယ္ဆုိလို႔ က်မတို႔ ဌာနဆိုင္ရာ ၀န္ထမ္းေတြ စုၿပီးေတာ့ ဒီသပိတ္ စစ္ေၾကာင္းထဲ ပါ၀င္တာပါ။ ဒီ ၀န္ထမ္းေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အထူးသျဖင့္ ယံုၾကည္မႈလည္း ရလာတယ္။ သူတို႔ဘက္က ကူညီတယ္ေပါ့ေနာ္။ ေႏြးေႏြးေထြးေထြး ျဖစ္လာတယ္။ စ ၀င္လာကတည္းက က်မတို႔က ေျပာထားၿပီးသား က်မတို႔ဖက္က ကူညီႏုိင္မယ့္ ဘယ္လို အရာမ်ိဳးမဆို အကူအညီေတာင္းပါ။ ကူညီဖို႔ အသင့္ပါလို႔ ။ "

အခုလို KNU နယ္ေျမထဲ ခိုလႈံလာၾကတယ္ဆိုေပမဲ့ KNU ထိန္းခ်ဳပ္ဧရိယာထဲက တခ်ဳိ႕ တပ္မဟာ နယ္ေျမေတြကို ျမန္မာစစ္တပ္က ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ေလေၾကာင္း ထိုးစစ္နဲ႔ တိုက္ခုိက္ခဲ့လို႔ ဒဏ္ရာရသူအမ်ားအျပား ရွိခဲ့ပါတယ္။ အျခား တုိင္းရင္းသားလက္နက္ကုိင္ နယ္ေျမေတြျဖစ္တဲ့ KIA ၊ TNLA စတဲ့ ကခ်င္နဲ႔ ရွမ္းေျမာက္ နယ္ေျမေတြမွာလည္း ျမန္မာစစ္တပ္နဲ႔ ခုရက္ပိုင္းအတြင္း ႀကဳိၾကားၾကိဳၾကားတိုက္ပြဲေတြ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုင်းရင်းသားတပ်တွေဆီ ခိုလှုံလာသူ CDM ဝန်ထမ်းတချို့ ရဲ့ ရင်ဖွင့်သံ

မြန်မာနိုင်ငံအနှံ့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ တွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖြိုခွင်း ၊ ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်လာတာကြောင့် ဒီလိုစိုးရိမ်ဖွယ် အခြေအနေကေို ရှောင်ရှားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိရာ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာသူတွေလည်း အများအပြား ရှိနေပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားရင်း နယ်စပ်ဒေသတွေကို တိမ်းရှောင်လာကြရသူတွေအကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အာဏာသိမ်းကောင်စီရဲ့ တပ်တွေက မြို့တွေမှာရော နယ်တွေမှာပါ ချီတက် ဆန္ဒပြသူတွေနဲ့ သပိတ်စခန်း ခံတပ်တွေကို ပစ်ခတ်ဖြိုခွင်းနေတာကြောင့် နေ့စဉ်ဆိုသလို လူသေဆုံးမှု ရှိနေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းအရပ်က သပိတ်စခန်း ဖြိုခွဲခံရတာ ၊ အခုရက်ပိုင်းထဲ တမူးမြို့နဲ့ ပဲခူးမြို့ပေါ်က သပိတ်ခံတပ်တွေကို ပစ်ခတ်ဖြိုခွင်းနေတာကို လူမှုကွန်ယက်ပေါ်က ဗီဒီယိုမှာ မြင်နေရတာပါ။

ဒါ့အပြင် ပုဒ်မ(၁၄၄) ညမထွက်ရအမိန့်ထုတ်ထားတဲ့ ညဖက်ကာလအတွင်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သပိတ်ခေါင်းဆောင်တွေ ၊ CDM လုပ်ရှားမှုမှာ ပါဝင်သူတွေ ၊ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ နာမည်ကြီး အနုပညာရှင်တွေ၊ သတင်းသမားတွေကိုပါမကျန် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။ တချို့ကိုတော့ ဖမ်းမိသွားပြီး တချို့ကလည်း ရှောင်တိမ်းနေဆဲ ဖြစ်ပါတယ်။

ဒီလို စိုးရိမ်ဖွယ် အခြေအနေတွေ ကြုံလာတာကြောင့် သူတို့အနေနဲ့ ထိုင်းမြန်မာနယ်စပ်က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေကို တိမ်းရှောင်လာရတာဖြစ်ကြောင်း CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်း စက်ခေါင်းမောင်းဆရာ ဦးမြတ်လ ွင်က ပြောပါတယ်။

" ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အဲဒီတုန်းက ဒီလိုပဲ။ ရိုးရိုးသားသား အေးအေးဆေးဆေး ဆန္ဒပြတာ။ မီးခိုးဗုံးတွေ ကြားတို့၊ မျက်ရည်ယိုဗုံးတွေ ကြားတို့ ပြေးခဲ့ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ အကြမ်းဖက် နှိမ်နင်းတော့ ကျနော်တို့ ပြေးခဲ့ရတဲ့ ကာလလည်း ရှိခဲ့ပါတယ်။ ကျနော်တို့ကို ဖမ်းရင်လည်း သူတို့က ရှင်းရှင်း ပြောရရင်လည်း အရှင် ထားမှာ မဟုတ်ပါဘူး။ အသေဘဲ ရမှာပါ။ ဒါကြောင့် ထွက်ပြေးလာတာ။ "

အာဏာသိမ်းကောင်စီက CDM လုပ်ဆောင်နေသူတွေကို ဖမ်းဝရမ်းထုတ် လိုက်လံ ဖမ်းဆီးနေတာကြောင့် အားကိုးရမယ်လို့ ယုံကြည်ထားတဲ့ KNU နယ်မြေကို ဝင်ရောက်ခိုလှုံလာတာ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက အမည်မဖေါ်လိုတဲ့ CDM ကျောင်းဆရာမတဦးက ပြောပါတယ်။

" ပထမဦးဆုံး ကျမတို့ CDM လုပ်တဲ့ ဝန်ထမ်းတွေ ဖမ်းဝရမ်း ထုတ်ပြီးတော့ အားကိုးရာ ဆိုလို့ ဒီ တိုင်းရင်းသား လက်နက်ကိုင်တွေဘဲ ရှိတာပေါ့။ ဒါသည် ပြည်သူတရပ်လုံးနဲ့ ဆိုင်တယ်၊ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အတွက်ကြောင့်မို့လို့ မြဝတီမြို့ကလည်း လူထုသပိတ် စစ်ကြောင်းထဲ ပါဝင်မယ်ဆိုလို့ ကျမတို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ စုပြီးတော့ ဒီသပိတ် စစ်ကြောင်းထဲ ပါဝင်တာပါ။ ဒီ ဝန်ထမ်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အထူးသဖြင့် ယုံကြည်မှုလည်း ရလာတယ်။ သူတို့ဘက်က ကူညီတယ်ပေါ့နော်။ နွေးနွေးထွေးထွေး ဖြစ်လာတယ်။ စ ဝင်လာကတည်းက ကျမတို့က ပြောထားပြီးသား ကျမတို့ဖက်က ကူညီနိုင်မယ့် ဘယ်လို အရာမျိုးမဆို အကူအညီတောင်းပါ။ ကူညီဖို့ အသင့်ပါလို့ ။ "

အခုလို KNU နယ်မြေထဲ ခိုလှုံလာကြတယ်ဆိုပေမဲ့ KNU ထိန်းချုပ်ဧရိယာထဲက တချို့ တပ်မဟာ နယ်မြေတွေကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း လေကြောင်း ထိုးစစ်နဲ့ တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။ အခြား တိုင်းရင်းသား လက်နက်ကိုင် နယ်မြေ တွေဖြစ်တဲ့ KIA ၊ TNLA စတဲ့ ကချင်နဲ့ ရှမ်းမြောက် နယ်မြေတွေမှာလည်း မြန်မာစစ်တပ်နဲ့ ခုရက်ပိုင်းအတွင်း ကြိုကြားကြိုကြားတိုက်ပွဲတွေ ဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG