သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အေပၚ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ မေအာင္ျမင္ႏုိင္ဟု အိႏၵိယယူဆ


ရန္ကုန္ၿမိဳ႕ရွိ NLD ႐ုံးခ်ဳပ္အနီး ေစာင့္ၾကပ္ေနတဲ့ ျမန္မာစစ္သားအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းလုိက္တဲ့ ျမန္မာစစ္တပ္ကုိ အထီးက်န္သြားေအာင္ လုပ္လုိက္ျခင္းအားျဖင့္ တ႐ုတ္ႏုိင္ငံနဲ႔ ပုိမုိနီးစပ္ေစႏုိင္သလုိ တုိင္းျပည္အတြင္း မတည္ၿငိမ္မႈေတြ ပုိၿပီး ျဖစ္ေပၚလာေစႏုိင္တယ္ဆုိတဲ့ စုိးရိမ္မႈေတြ အိႏၵိယအစုိးရဘက္မွာ ျဖစ္ေပၚေနၿပီး ျမန္မာ့ပဋိပကၡကုိ ထိေတြ႔ဆက္ဆံတဲ့နည္းနဲ႔ အေျဖရွာတာမ်ဳိး အိႏၵိယက လုိလားေနေၾကာင္း သုေတသီေတြက သုံးသပ္ေနၾကပါတယ္။

တုိင္းျပည္ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ရာထူးကဖယ္ရွားၿပီး ဒီမုိကေရစီအေရး ေတာင္းဆုိ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ လုပ္ေဆာင္ေနတဲ့ ျမန္မာစစ္တပ္ကုိ ဖိအားေပးတဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ တျခား အေနာက္ႏုိင္ငံေတြက စီးပြားေရးပိတ္ဆုိ႔မႈေတြ ခ်မွတ္ထားပါတယ္။

ကမၻာ့အႀကီးဆုံး ဒီမုိကေရစီႏုိင္ငံႀကီးျဖစ္တဲ့ အိႏၵိယက ျမန္မာစစ္တပ္ကုိ ဘာေၾကာင့္ ျပင္းျပင္းထန္ထန္ ျပစ္တင္႐ႈတ္ခ်ျခင္း မလုပ္သလဲ ဆုိတဲ့အေပၚ ေဝဖန္သူေတြက ေမးခြန္းထုတ္ေနၾကေပမယ့္ ပိတ္ဆုိ႔အေရးယူတဲ့နည္းနဲ႔ ျမန္မာႏုိင္ငံ ပဋိပကၡကုိ ေျဖရွင္းလုိ႔မရႏုိင္ဘူးလုိ႔ အိႏၵိယအစုိးရက ယုံၾကည္ေနေၾကာင္း သုေတသီေတြက ေျပာပါတယ္။

“အိႏၵိယအတြက္ေတာ့ ျမန္မာစစ္တပ္နဲ႔ ဆက္ဆံေရးလမ္းေၾကာင္း ပြင့္ေနေရးဟာ အင္မတန္ အေရးႀကီးပါတယ္။ တ႐ုတ္တႏုိင္ငံတည္းနဲ႔ ျမန္မာစစ္တပ္ ထိေတြ႔ ဆက္ဆံေနတဲ့ အေျခအေနမ်ဳိးကုိ က်ေနာ္တုိ႔ မလုိလားသလုိ အိႏၵိယရဲ႕ အိမ္နီးခ်င္းႏုိင္ငံတခု တ႐ုတ္ဘက္ကုိ ပါသြားမွာကုိလည္း မလုိလားပါဘူး” လုိ႔ နယူးေဒလီၿမိဳ႕အေျခစုိက္ Observer Research Foundation မူဝါဒေလ့လာေရး အစီအစဥ္ အႀကီးအကဲ Harsh Pant က ေျပာပါတယ္။

“ျမန္မာစစ္တပ္နဲ႔ ထိေတြ႔ဆက္ဆံမႈ မလုပ္ျခင္းအားျဖင့္ မလုိလားအပ္တဲ့ တန္ျပန္အက်ဳိးသက္ေရာက္မႈေတြ ျဖစ္လာေစႏုိင္ေၾကာင္း၊ ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ ေသြးထြက္သံယုိမႈေတြ ထပ္မျဖစ္ဘဲ ျပႆနာကုိ ၿငိမ္းခ်မ္းစြာ အေျဖရွာႏုိင္မယ့္ ထိေတြ႔ဆက္ဆံေရးလမ္းေၾကာင္းကုိ အိႏၵိယက လုိလားပါတယ္” လုိ႔ ကုလသမဂၢဆုိင္ရာ အိႏၵိယအၿမဲတမ္းကုိယ္စားလွယ္ K. Nagaraj Naidu က ဧၿပီလ ၉ ရက္ ေသာၾကာေန႔မွာျပဳလုပ္တဲ့ ျမန္မာ့အေရး လုံၿခံဳေရးေကာင္စီ စည္းေဝးပြဲမွာ ေျပာပါတယ္။ စစ္တပ္ရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြကုိ ျပစ္တင္႐ႈတ္ခ်တဲ့ တခ်ိန္တည္းမွာပဲ အိႏၵိယကုိယ္စားလွယ္က အဲဒီလုိ ေျပာၾကားခဲ့တာပါ။

အေစာပုိင္းက သတိထား ခ်ဥ္းကပ္တဲ့ပုံစံကေန ျမန္မာစစ္တပ္ဘက္က အၾကမ္းဖက္မႈေတြ တုိးျမႇင့္လုပ္ေဆာင္လာေနတာေၾကာင့္ အိႏၵိယရဲ႕ တုံ႔ျပန္မႈဟာလည္း ပုိမုိျပင္းထန္လာၿပီး အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖုိ႔နဲ႔ ဖမ္းဆီးထားတဲ့ ရာနဲ႔ခ်ီတဲ့ အက်ဥ္းသားေတြကုိ လႊတ္ေပးဖုိ႔တုိ႔အတြက္ ေတာင္းဆုိခဲ့ပါတယ္။

အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန ေျပာခြင့္ရ Arindam Bagchi ကလည္း “ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီ ျပန္လည္ထြန္းကားေရးကုိ က်ေနာ္တုိ႔ လုိလားပါတယ္။ အိႏၵိယအေနနဲ႔ ဒီပဋိပကၡကုိ မွ်တမႈရွိၿပီး အျပဳသေဘာေဆာင္တဲ့နည္းနဲ႔ ေျဖရွင္းဖုိ႔ လုိလားပါတယ္” လုိ႔ အခုလ အေစာပုိင္းက သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ မတ္လ ၂၇ ရက္ေန႔ကျပဳလုပ္တဲ့ တပ္မေတာ္ေန႔ အခမ္းအနားကုိ အိႏၵိယစစ္သံမွဴး တက္ေရာက္ခဲ့တဲ့အေပၚ ျမန္မာ့ဒီမုိကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ CDM အၾကမ္းမဖက္ မပူးေပါင္းမေဆာင္ရြက္ေရး လႈပ္ရွားသူေတြရဲ႕ ေဝဖန္မႈေတြ ထြက္လာအၿပီးမွာ အိႏၵိယဘက္က အခုလုိ ေလသံေျပာင္း ေျပာဆုိလာတာလည္း ျဖစ္ပါတယ္။ တပ္မေတာ္ေန႔က်င္းပတဲ့ မတ္လ ၂၇ ရက္ေန႔ဟာ စစ္တပ္က အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပၾကတဲ့ ျပည္သူေတြကုိ အၾကမ္းဖက္ၿဖိဳခြဲခဲ့တဲ့အထဲ အေသအေပ်ာက္အမ်ားဆုံးေန႔ ျဖစ္ခဲ့ပါတယ္။ အဲဒီေန႔တရက္တည္းမွာတင္ လူေပါင္း ၁၀၀ အနည္းဆုံး ေသဆုံးခဲ့တာပါ။

“ကမၻာမွာ အႀကီးမားဆုံး ဒီမုိကေရစီႏုိင္ငံႀကီးတခု ျဖစ္ပါလ်က္နဲ႔ ေသြးစြန္းေနတဲ့ စစ္ဗုိလ္ခ်ဳပ္ေတြနဲ႔ ဘာေၾကာင့္ လက္ဆြဲႏႈတ္ဆက္ရသလဲ” ဆုိၿပီး အိႏၵိယရဲ႕ လုပ္ရပ္အေပၚ Twitter လူမႈကြန္ရက္ေပၚမွာ ျမန္မာ့ဒီမုိကေရစီအေရး လႈပ္ရွားသူေတြက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

တပ္မေတာ္ေန႔ အခမ္းအနားကုိ တက္ၾကတဲ့ ႏုိင္ငံေတြထဲ အိႏၵိယဟာ တခုတည္းေသာ ဒီမုိကေရစီႏုိင္ငံႀကီး ျဖစ္ပါတယ္။ အဲဒီအခမ္းအနားကုိ တက္ခဲ့ၾကတဲ့ တျခားႏုိင္ငံေတြကေတာ့ တ႐ုတ္၊ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ ဗီယက္နမ္၊ လာအုိ၊ ထုိင္းနဲ႔ ႐ုရွားတုိ႔ ျဖစ္ပါတယ္။

------------------------

(Unicode)

မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မအောင်မြင်နိုင်ဟု အိန္ဒိယယူဆ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်ကို အထီးကျန်သွားအောင် လုပ်လိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်စေနိုင်သလို တိုင်းပြည်အတွင်း မတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အိန္ဒိယအစိုးရဘက်မှာ ဖြစ်ပေါ်နေပြီး မြန်မာ့ပဋိပက္ခကို ထိတွေ့ဆက်ဆံတဲ့နည်းနဲ့ အဖြေရှာတာမျိုး အိန္ဒိယက လိုလားနေကြောင်း သုတေသီတွေက သုံးသပ်နေကြပါတယ်။

တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကဖယ်ရှားပြီး ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကို ဖိအားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တခြား အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက မြန်မာစစ်တပ်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခြင်း မလုပ်သလဲ ဆိုတဲ့အပေါ် ဝေဖန်သူတွေက မေးခွန်းထုတ်နေကြပေမယ့် ပိတ်ဆို့အရေးယူတဲ့နည်းနဲ့ မြန်မာနိုင်ငံ ပဋိပက္ခကို ဖြေရှင်းလို့မရနိုင်ဘူးလို့ အိန္ဒိယအစိုးရက ယုံကြည်နေကြောင်း သုတေသီတွေက ပြောပါတယ်။

“အိန္ဒိယအတွက်တော့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးလမ်းကြောင်း ပွင့်နေရေးဟာ အင်မတန် အရေးကြီးပါတယ်။ တရုတ်တနိုင်ငံတည်းနဲ့ မြန်မာစစ်တပ် ထိတွေ့ ဆက်ဆံနေတဲ့ အခြေအနေမျိုးကို ကျနော်တို့ မလိုလားသလို အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတခု တရုတ်ဘက်ကို ပါသွားမှာကိုလည်း မလိုလားပါဘူး” လို့ နယူးဒေလီမြို့အခြေစိုက် Observer Research Foundation မူဝါဒလေ့လာရေး အစီအစဉ် အကြီးအကဲ Harsh Pant က ပြောပါတယ်။

“မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ခြင်းအားဖြင့် မလိုလားအပ်တဲ့ တန်ပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ ထပ်မဖြစ်ဘဲ ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်မယ့် ထိတွေ့ဆက်ဆံရေးလမ်းကြောင်းကို အိန္ဒိယက လိုလားပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် K. Nagaraj Naidu က ဧပြီလ ၉ ရက် သောကြာနေ့မှာပြုလုပ်တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ပြောပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကို ပြစ်တင်ရှုတ်ချတဲ့ တချိန်တည်းမှာပဲ အိန္ဒိယကိုယ်စားလှယ်က အဲဒီလို ပြောကြားခဲ့တာပါ။

အစောပိုင်းက သတိထား ချဉ်းကပ်တဲ့ပုံစံကနေ မြန်မာစစ်တပ်ဘက်က အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကြောင့် အိန္ဒိယရဲ့ တုံ့ပြန်မှုဟာလည်း ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့တို့အတွက် တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရ Arindam Bagchi ကလည်း “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးကို ကျနော်တို့ လိုလားပါတယ်။ အိန္ဒိယအနေနဲ့ ဒီပဋိပက္ခကို မျှတမှုရှိပြီး အပြုသဘောဆောင်တဲ့နည်းနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်” လို့ အခုလ အစောပိုင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၇ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားကို အိန္ဒိယစစ်သံမှူး တက်ရောက်ခဲ့တဲ့အပေါ် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ CDM အကြမ်းမဖက် မပူးပေါင်းမဆောင်ရွက်ရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေ ထွက်လာအပြီးမှာ အိန္ဒိယဘက်က အခုလို လေသံပြောင်း ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ တပ်မတော်နေ့ကျင်းပတဲ့ မတ်လ ၂၇ ရက်နေ့ဟာ စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အထဲ အသေအပျောက်အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့တရက်တည်းမှာတင် လူပေါင်း ၁၀၀ အနည်းဆုံး သေဆုံးခဲ့တာပါ။

“ကမ္ဘာမှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးတခု ဖြစ်ပါလျက်နဲ့ သွေးစွန်းနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဘာကြောင့် လက်ဆွဲနှုတ်ဆက်ရသလဲ” ဆိုပြီး အိန္ဒိယရဲ့ လုပ်ရပ်အပေါ် Twitter လူမှုကွန်ရက်ပေါ်မှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

တပ်မတော်နေ့ အခမ်းအနားကို တက်ကြတဲ့ နိုင်ငံတွေထဲ အိန္ဒိယဟာ တခုတည်းသော ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို တက်ခဲ့ကြတဲ့ တခြားနိုင်ငံတွေကတော့ တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ ရုရှားတို့ ဖြစ်ပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG