သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏိုင္ငံလုံး ေတာ္လွန္ၾသကၤန္ ဆင္ႏြဲၾကဖို႔ စစ္အာဏာသိမ္းဆန႔္က်င္ေရးအဖြဲ႕ေတြေဆာ္ၾသ


ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)

Zawgyi/Unicode

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းထားတဲ့ကာလအတြင္း က်ေရာက္မယ့္ ဒီႏွစ္ျမန္မာ့ႏွစ္သစ္ကူး အတာၾသကၤန္ပြဲေတာ္ကို ေတာ္လွန္ၾသကၤန္အျဖစ္ဆင္ႏႊဲၿပီး အာဏာရွင္စနစ္ကိုဆန႔္က်င္ဆႏၵျပၾကဖို႔ တိုက္တြန္းေဆာ္ၾသေနၾကပါတယ္။ ေတာ္လွန္ၾသကၤန္ကို တႏိုင္ငံလုံးအတိုင္းအတာ ဆင္ႏႊဲဖို႔ ဆႏၵျပသပိတ္ဦးေဆာင္ပါဝင္တဲ့လူငယ္ေတြ ဘယ္လိုျပင္ဆင္ေဆာင္႐ြက္ေနၾကပါသလဲ။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မဆုမြန္က တင္ဆက္ေပးမွာပါ။

မနက္ျဖန္စတင္မယ့္ ျမန္မာ့ႏွစ္သစ္ကူး ၾသကၤန္ပြဲေတာ္ကာလမွာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြအစား ဒီႏွစ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈေတြ လုပ္သြားၾကဖို႔ ဆႏၵျပပြဲဦးေဆာင္သူေတြက ေဆာ္ၾသတိုက္တြန္းေနၾကပါတယ္။ ေပ်ာ္စရာၾသကၤန္မဟုတ္တဲ့ ေတာ္လွန္ၾသကၤန္ဆိုၿပီး လူငယ္ေတြက ၾသကၤန္ေလးရက္တာကာလနဲ႔ ႏွစ္ဆန္းတရက္ေန႔အထိ ပုံစံမ်ိဳးစုံနဲ႔ဆႏၵျပသြားၾကဖို႔ စီစဥ္ေနၾကတာပါ။

ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)
ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)

ဆႏၵျပသပိတ္ေတြကို အၾကမ္းဖက္ၿဖိဳခြဲေနတဲ့ၾကားထဲက လူအင္အားအလုံးအရင္းနဲ႔ ပင္မသပိတ္စစ္ေၾကာင္း ေန႔တိုင္းလိုလိုခ်ီတက္ေနတဲ့ မုံ႐ြာၿမိဳ႕က ဆႏၵျပလူထုဟာ ဧၿပီလ ၁ ရက္ေန႔ကတည္းက အဦးဆုံးပြင့္တဲ့ပိေတာက္ပန္းေတြနဲ႔ ပိေတာက္သပိတ္ကို ဆင္ႏႊဲခဲ့ၾကတာပါ။ မုံ႐ြာ၊ မႏၲေလးနဲ႔ ရန္ကုန္ၿမိဳ႕အပါအဝင္ သပိတ္ေကာ္မတီေတြစုေပါင္းၿပီး ဖြဲ႕စည္းထားတဲ့ အေထြေထြသပိတ္ ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕ (General Strike Coordination Body) GSCB အေနနဲ႔လည္း တႏိုင္ငံလုံးအတိုင္းအတာ ၾသကၤန္ရက္ေတြမွာပါ အာဏာရွင္ကို ေတာ္လွန္ၾကဖို႔ တိုက္တြန္းထားပါတယ္။ မုံ႐ြာသပိတ္စစ္ေၾကာင္းမွာ ဦးေဆာင္ပါဝင္ေနသူတဦးျဖစ္တဲ့ ကိုေဝမိုးႏိုင္က သူတို႔ အစီအစဥ္ကို ဗီအိုေအကို ခုလိုေျပာျပပါတယ္။

ေတာ္လွန္သႀကၤန္ (ဓာတ္ပံု ထိန္လင္း-မႏၱေလး)
ေတာ္လွန္သႀကၤန္ (ဓာတ္ပံု ထိန္လင္း-မႏၱေလး)

"က်ေနာ္တို႔ရဲ႕ GSCB မွာ နယ္ေဒသအသီးသီးက သပိတ္ေကာ္မတီမ်ားနဲ႔ ေဆြးေႏြးခ်က္အရဆိုရင္ ဒီ ၾသကၤန္ ၅ ရက္ကို Call ေတြေခၚၿပီးေတာ့ လႈပ္ရွားဖို႔ရွိပါတယ္။ အႀကိဳေန႔မွာကေတာ့ အတာအိုးသပိတ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ အတာၾသကၤန္ကို ႀကိဳဆိုတဲ့အေနနဲ႔ ပန္းေတြစိုက္ၿပီးေတာ့ အတာအိုးေတြကို ကိုယ့္အိမ္ေရွ႕မွာ ခ်ထားၾကမယ္။ အက်ေန႔မွာကေတာ့ “ေသြးမတိတ္သပိတ္” ဆိုၿပီးေတာ့ ေႏြဦးေတာ္လွန္ေရးမွာ အသက္ေသြး ေပးဆပ္သြားခဲ့ၾကတဲ့ အာဇာနည္သူရဲေကာင္းမ်ားကို ေအာင္းေမ့တသတဲ့အေနနဲ႔ အနီေရာင္ေဆးေတြကို အိမ္ေတြ၊ ၿခံဝန္းေတြ၊ အိမ္ေရွ႕လမ္းေတြေပၚမွာ ပက္ျဖန္းျခင္းအားျဖင့္ က်ေနာ္တို႔ဆင္ႏႊဲဖို႔ ရွိမယ္။ ဒါက ရန္ကုန္မွာ ေလာေလာဆယ္လုပ္ေနၾကတဲ့ လုံးဝအုပ္ခ်ဳပ္လို႔ မရေစရဆိုတဲ့ Red Campaign နဲ႔လည္း သေဘာတရားခ်င္း တူပါတယ္။"

ၾသကၤန္ရက္တိုင္းမွာ ပုံစံတမ်ိဳးစီနဲ႔ အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ လုပ္ၾကဖို႔ စီစဥ္ထားၾကတာျဖစ္ပါတယ္။

"အၾကတ္ေန႔မွာကေတာ့ က်ေနာ္တို႔က ယာဥ္သပိတ္ပါ။ ယာဥ္သပိတ္ကေတာ့ ၾသကၤန္ကာလမွာ ကိုဗစ္မတိုင္ခင္ အရင္ႏွစ္ေတြတုန္းက ၾသကၤန္မွာလွည့္လည္ၾကတဲ့ ပုံစံအတိုင္းပဲ။ ဆိုင္ကယ္ေတြနဲ႔ လွည့္ခ်င္လည္းလွည့္၊ ကားေတြနဲ႔ လွည့္ခ်င္လည္းလွည့္၊ က်ေနာ္တို႔ ရတဲ့ နည္းလမ္းနဲ႔ ယာဥ္တမ်ိဳးမ်ိဳးကို အသုံးျပဳၿပီးေတာ့ လွည့္လည္ၾကမယ္။ လွည့္လည္တဲ့အခ်ိန္မွာ ၾသကၤန္သီခ်င္းေတြ သီဆိုျခင္းလုံးဝမျပဳဘဲနဲ႔ ေတာ္လွန္ေရးသီခ်င္းေတြျဖစ္တဲ့ ေသြးသစၥာပဲျဖစ္ျဖစ္၊ အလိုမရွိပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးအရ အံတုအာခံတဲ့ ေတာ္လွန္ပုန္ကန္တဲ့ သီခ်င္းေတြကို က်ေနာ္တို႔ေႂကြးေၾကာ္ ဟစ္ေႂကြးၾကမယ္။ အတက္ေန႔မွာကေတာ့ ပုံမွန္ၾသကၤန္ကာလေတြမွာဆိုရင္ က်ေနာ္တို႔လူမ်ိဳးေတြက မီးကုန္ယမ္းကုန္ ၾသကၤန္ေနာက္ဆုံးေန႔အျဖစ္ အတက္ေန႔ကိုေပ်ာ္ပါးၾကေလ့ ရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ကေတာ့ ေတာ္လွန္ၾသကၤန္ျဖစ္တဲ့အတြက္ အတက္ေန႔ကို ကိုယ့္ရဲ႕ေပ်ာ္ပါးခ်င္တဲ့ စိတ္ဆႏၵေတြကို တတ္ႏိုင္သမွ်ခ်ဳပ္တည္းၿပီးေတာ့ Silent Strike အေနနဲ႔ အတက္ေန႔မွာ အိမ္ထဲကအိမ္ျပင္ လုံးဝ မထြက္ၾကဘဲနဲ႔ တိတ္ဆိတ္ၿငိမ္သက္စြာနဲ႔ အသံတိတ္ဆႏၵေဖာ္ထုတ္ၾကမွာ ျဖစ္တယ္။ ႏွစ္ဆန္းတရက္ေန႔မွာေတာ့ က်ေနာ္တို႔က တႏိုင္ငံလုံး ရတဲ့နည္းလမ္းနဲ႔ ရတဲ့ေနရာကေန အုံႂကြၿပီးေတာ့ ျပန္လည္စုေဝးခ်ီတက္ၾကဖို႔အတြက္ ေဆာင္႐ြက္ဖို႔ ရွိပါတယ္ခင္ဗ်။"

ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)
ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)

ပုံမွန္ဆိုရင္ ခုလို ႏွစ္သစ္ကူးၾသကၤန္အခ်ိန္ဟာျမန္မာျပည္သူေတြအတြက္ စိတ္လြတ္ လက္လြတ္ေပ်ာ္ၾကတဲ့ အခ်ိန္ျဖစ္ပါတယ္။

ၾသကၤန္ေရကစားတာ၊ ဥပုသ္သီလ ေစာင့္တည္တာနဲ႔ စတုဒီသာအလႉဒါနျပဳတာမ်ိဳးေတြ လုပ္ၾကေလ့ရွိေပမဲ့ ဒီႏွစ္ေတာ့ စစ္အာဏာသိမ္း ထားတာေရာ၊ တပ္ဖြဲ႕ဝင္ေတြလက္ခ်က္နဲ႔ ျပည္သူအမ်ားအျပား ေသဆုံးထားတာေၾကာင့္ပါ ေတာ္ေတာ္မ်ားမ်ားက ေပ်ာ္စရာ ၾသကၤန္ပြဲကို ဆင္ႏြဲျဖစ္မွာ မဟုတ္ဘူးလို႔ ေျပာေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕ ဆႏၵျပပြဲေတြမွာ ဦးေဆာင္သူတေယာက္ျဖစ္တဲ့ ရန္ကုန္ တ.က.သ ေက်ာင္း ၁၅ေက်ာင္း ေပါင္းစုထားတဲ့ Alliance of Students' Union ကလည္း ဒီႏွစ္ၾသကၤန္ပြဲေတာ္ကို အသံတိတ္သပိတ္ ဆင္ႏႊဲသြားမယ္လို႔ ေျပာပါတယ္။

"သူတို႔ (စစ္ေကာင္စီ) က ေနရာတိုင္းမွာ အခုအခ်ိန္မွာ ရပ္ကြက္ေတြအထိ သူတို႔ရဲ႕ အေျခခံအုပ္ခ်ဳပ္ေရးစနစ္ကို စတင္ေနၿပီဆိုတဲ့အခါမွာ က်ေနာ္တို႔ဘက္ကမွာ အခက္အခဲအမ်ားႀကီးရွိတယ္။ က်ေနာ္တို႔ လက္ရွိသြားေနတာကလည္း ေက်ာင္းသားခ်ည္းပဲ သီးသန႔္သြားလို႔မရဘူး။ က်ေနာ္တို႔က အရင္ကလိုေပါ့ ... ဆႏၵထြက္ျပတယ္၊ ပစ္တယ္ ခတ္တယ္၊ ရပ္ကြက္အိမ္ေတြထဲကို က်ေနာ္တို႔ဝင္တယ္၊ ေျပးတယ္။ ဒါေပမဲ့ အခုလက္ရွိမွာ ဧည့္စာရင္းကိစၥေတြလည္း ျဖစ္လာၿပီ။ ဥကၠဌေတြလည္း ခန႔္ထားတယ္ဆိုေတာ့ ရပ္ကြက္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔က ခက္ခဲတဲ့ အတိုင္းအတာတခုအထိ ေရာက္သြားၿပီ။ အဲဒီအခ်ိန္မွာ အရင္တုန္းက ကိုယ္နဲ႔ပါဝင္ပတ္သက္ခဲ့ဖူးတဲ့ ရပ္ကြက္က လူငယ္ေခါင္းေဆာင္ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ပဲ ဆက္သြယ္ၿပီးေတာ့ ဆက္သြားေနရတာေပါ့။"

"ၾသကၤန္တြင္းကေတာ့ က်ေနာ္တို႔က ပထမကတည္းက target ထားထားၿပီးသားေပါ့ေနာ္။ Silent ပဲသြားမယ္ဆိုၿပီးေတာ့ အားလုံးက စီစဥ္ထားၿပီးသားေပါ့။ ၾသကၤန္ကို အိမ္ထဲက အိမ္ျပင္ ဘယ္သူမွမထြက္ဘဲနဲ႔ အၾကမ္းဖက္စစ္ဘက္က လုပ္တဲ့ၾသကၤန္ကို က်ေနာ္တို႔က လုံးဝအားမေပးဘဲနဲ႔ ဒီတိုင္းပဲ အိမ္ထဲမွာေနၿပီးေတာ့ ဆက္သြားဖို႔ကို က်ေနာ္တို႔က စီစဥ္ထားတယ္ခင္ဗ်။"

ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)
ေတာ္လွန္သႀကၤန္ (ဓာတ္ပံု-GSC)

ဆႏၵျပပြဲေတြ အၾကမ္းဖက္ၿဖိဳခြဲခံခဲ့ရတဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပသပိတ္ေတြဟာ လက္နက္ကိုင္ေတြနဲ႔ ထိပ္တိုက္ေတြ႕တာကို ေရွာင္ၿပီး ေရွာင္တခင္ ပုံစံမ်ိဳးေတြနဲ႔ ေပ်ာက္ၾကားသပိတ္ေတြလုပ္ေနၾကပါတယ္။

ဆႏၵျပသူေတြအေပၚတပ္ဖြဲ႕ဝင္ေတြကလက္နက္ေတြသုံး အၾကမ္းဖက္ပစ္ခတ္လို႔ ေသဆုံးသူ ၇၀၆ ဦးရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ ဧၿပီလ ၁၁ ရက္အထိ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီအေရအတြက္ဟာ AAPPB က ေကာက္ယူ ရရွိထားတဲ့ ေသဆုံးသူအေရအတြက္ ျဖစ္ၿပီး၊ စစ္တပ္နဲ႔ရဲေတြက အင္အားသုံးအၾကမ္းဖက္လို႔ ေသဆုံးခဲ့ရသူေတြဟာ ဒီထက္မက ရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

အၾကမ္းဖက္ၿဖိဳခြဲခံရလို႔ ေသဆုံးသူ ရာနဲ႔ခ်ီရွိေနသလို ဖမ္းဆီးခံထားရသူေတြနဲ႔ ဖမ္းဝရမ္းထုတ္ခံရသူေတြ ရွိေနေပမဲ့လည္း စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာကို ရတဲ့နည္းနဲ႔ ဆက္ၿပီးဆန႔္က်င္ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းထားတဲ့ကာလအတွင်း ကျရောက်မယ့် ဒီနှစ်မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်ကို တော်လှန်သြင်္ကန်အဖြစ်ဆင်နွှဲပြီး အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြကြဖို့ တိုက်တွန်းဆော်သြနေကြပါတယ်။ တော်လှန်သြင်္ကန်ကို တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲဖို့ ဆန္ဒပြသပိတ်ဦးဆောင်ပါဝင်တဲ့လူငယ်တွေ ဘယ်လိုပြင်ဆင်ဆောင်ရွက်နေကြပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ဆက်ပေးမှာပါ။

မနက်ဖြန်စတင်မယ့် မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေအစား ဒီနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်သွားကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ဆော်သြတိုက်တွန်းနေကြပါတယ်။ ပျော်စရာသြင်္ကန်မဟုတ်တဲ့ တော်လှန်သြင်္ကန်ဆိုပြီး လူငယ်တွေက သြင်္ကန်လေးရက်တာကာလနဲ့ နှစ်ဆန်းတရက်နေ့အထိ ပုံစံမျိုးစုံနဲ့ဆန္ဒပြသွားကြဖို့ စီစဉ်နေကြတာပါ။

ဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားထဲက လူအင်အားအလုံးအရင်းနဲ့ ပင်မသပိတ်စစ်ကြောင်း နေ့တိုင်းလိုလိုချီတက်နေတဲ့ မုံရွာမြို့က ဆန္ဒပြလူထုဟာ ဧပြီလ ၁ ရက်နေ့ကတည်းက အဦးဆုံးပွင့်တဲ့ပိတောက်ပန်းတွေနဲ့ ပိတောက်သပိတ်ကို ဆင်နွှဲခဲ့ကြတာပါ။ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မြို့အပါအဝင် သပိတ်ကော်မတီတွေစုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (General Strike Coordination Body) GSCB အနေနဲ့လည်း တနိုင်ငံလုံးအတိုင်းအတာ သြင်္ကန်ရက်တွေမှာပါ အာဏာရှင်ကို တော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။ မုံရွာသပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်နေသူတဦးဖြစ်တဲ့ ကိုဝေမိုးနိုင်က သူတို့ အစီအစဉ်ကို ဗီအိုအေကို ခုလိုပြောပြပါတယ်။

"ကျနော်တို့ရဲ့ GSCB မှာ နယ်ဒေသအသီးသီးက သပိတ်ကော်မတီများနဲ့ ဆွေးနွေးချက်အရဆိုရင် ဒီ သြင်္ကန် ၅ ရက်ကို Call တွေခေါ်ပြီးတော့ လှုပ်ရှားဖို့ရှိပါတယ်။ အကြိုနေ့မှာကတော့ အတာအိုးသပိတ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အတာသြင်္ကန်ကို ကြိုဆိုတဲ့အနေနဲ့ ပန်းတွေစိုက်ပြီးတော့ အတာအိုးတွေကို ကိုယ့်အိမ်ရှေ့မှာ ချထားကြမယ်။ အကျနေ့မှာကတော့ “သွေးမတိတ်သပိတ်” ဆိုပြီးတော့ နွေဦးတော်လှန်ရေးမှာ အသက်သွေး ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အောင်းမေ့တသတဲ့အနေနဲ့ အနီရောင်ဆေးတွေကို အိမ်တွေ၊ ခြံဝန်းတွေ၊ အိမ်ရှေ့လမ်းတွေပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ကျနော်တို့ဆင်နွှဲဖို့ ရှိမယ်။ ဒါက ရန်ကုန်မှာ လောလောဆယ်လုပ်နေကြတဲ့ လုံးဝအုပ်ချုပ်လို့ မရစေရဆိုတဲ့ Red Campaign နဲ့လည်း သဘောတရားချင်း တူပါတယ်။"

သြင်္ကန်ရက်တိုင်းမှာ ပုံစံတမျိုးစီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လုပ်ကြဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

"အကြတ်နေ့မှာကတော့ ကျနော်တို့က ယာဉ်သပိတ်ပါ။ ယာဉ်သပိတ်ကတော့ သြင်္ကန်ကာလမှာ ကိုဗစ်မတိုင်ခင် အရင်နှစ်တွေတုန်းက သြင်္ကန်မှာလှည့်လည်ကြတဲ့ ပုံစံအတိုင်းပဲ။ ဆိုင်ကယ်တွေနဲ့ လှည့်ချင်လည်းလှည့်၊ ကားတွေနဲ့ လှည့်ချင်လည်းလှည့်၊ ကျနော်တို့ ရတဲ့ နည်းလမ်းနဲ့ ယာဉ်တမျိုးမျိုးကို အသုံးပြုပြီးတော့ လှည့်လည်ကြမယ်။ လှည့်လည်တဲ့အချိန်မှာ သြင်္ကန်သီချင်းတွေ သီဆိုခြင်းလုံးဝမပြုဘဲနဲ့ တော်လှန်ရေးသီချင်းတွေဖြစ်တဲ့ သွေးသစ္စာပဲဖြစ်ဖြစ်၊ အလိုမရှိပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ အံတုအာခံတဲ့ တော်လှန်ပုန်ကန်တဲ့ သီချင်းတွေကို ကျနော်တို့ကြွေးကြော် ဟစ်ကြွေးကြမယ်။ အတက်နေ့မှာကတော့ ပုံမှန်သြင်္ကန်ကာလတွေမှာဆိုရင် ကျနော်တို့လူမျိုးတွေက မီးကုန်ယမ်းကုန် သြင်္ကန်နောက်ဆုံးနေ့အဖြစ် အတက်နေ့ကိုပျော်ပါးကြလေ့ ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ တော်လှန်သြင်္ကန်ဖြစ်တဲ့အတွက် အတက်နေ့ကို ကိုယ့်ရဲ့ပျော်ပါးချင်တဲ့ စိတ်ဆန္ဒတွေကို တတ်နိုင်သမျှချုပ်တည်းပြီးတော့ Silent Strike အနေနဲ့ အတက်နေ့မှာ အိမ်ထဲကအိမ်ပြင် လုံးဝ မထွက်ကြဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်တယ်။ နှစ်ဆန်းတရက်နေ့မှာတော့ ကျနော်တို့က တနိုင်ငံလုံး ရတဲ့နည်းလမ်းနဲ့ ရတဲ့နေရာကနေ အုံကြွပြီးတော့ ပြန်လည်စုဝေးချီတက်ကြဖို့အတွက် ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။"

ပုံမှန်ဆိုရင် ခုလို နှစ်သစ်ကူးသြင်္ကန်အချိန်ဟာမြန်မာပြည်သူတွေအတွက် စိတ်လွတ် လက်လွတ်ပျော်ကြတဲ့ အချိန်ဖြစ်ပါတယ်။

သြင်္ကန်ရေကစားတာ၊ ဥပုသ်သီလ စောင့်တည်တာနဲ့ စတုဒီသာအလှူဒါနပြုတာမျိုးတွေ လုပ်ကြလေ့ရှိပေမဲ့ ဒီနှစ်တော့ စစ်အာဏာသိမ်း ထားတာရော၊ တပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ပြည်သူအများအပြား သေဆုံးထားတာကြောင့်ပါ တော်တော်များများက ပျော်စရာ သြင်္ကန်ပွဲကို ဆင်နွဲဖြစ်မှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။

ရန်ကုန်မြို့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတယောက်ဖြစ်တဲ့ ရန်ကုန် တ.က.သ ကျောင်း ၁၅ကျောင်း ပေါင်းစုထားတဲ့ Alliance of Students' Union ကလည်း ဒီနှစ်သြင်္ကန်ပွဲတော်ကို အသံတိတ်သပိတ် ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။

"သူတို့ (စစ်ကောင်စီ) က နေရာတိုင်းမှာ အခုအချိန်မှာ ရပ်ကွက်တွေအထိ သူတို့ရဲ့ အခြေခံအုပ်ချုပ်ရေးစနစ်ကို စတင်နေပြီဆိုတဲ့အခါမှာ ကျနော်တို့ဘက်ကမှာ အခက်အခဲအများကြီးရှိတယ်။ ကျနော်တို့ လက်ရှိသွားနေတာကလည်း ကျောင်းသားချည်းပဲ သီးသန့်သွားလို့မရဘူး။ ကျနော်တို့က အရင်ကလိုပေါ့ ... ဆန္ဒထွက်ပြတယ်၊ ပစ်တယ် ခတ်တယ်၊ ရပ်ကွက်အိမ်တွေထဲကို ကျနော်တို့ဝင်တယ်၊ ပြေးတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ ဧည့်စာရင်းကိစ္စတွေလည်း ဖြစ်လာပြီ။ ဥက္ကဌတွေလည်း ခန့်ထားတယ်ဆိုတော့ ရပ်ကွက်တွေနဲ့ ချိတ်ဆက်ဖို့က ခက်ခဲတဲ့ အတိုင်းအတာတခုအထိ ရောက်သွားပြီ။ အဲဒီအချိန်မှာ အရင်တုန်းက ကိုယ်နဲ့ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ရပ်ကွက်က လူငယ်ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ပဲ ဆက်သွယ်ပြီးတော့ ဆက်သွားနေရတာပေါ့။"

"သြင်္ကန်တွင်းကတော့ ကျနော်တို့က ပထမကတည်းက target ထားထားပြီးသားပေါ့နော်။ Silent ပဲသွားမယ်ဆိုပြီးတော့ အားလုံးက စီစဉ်ထားပြီးသားပေါ့။ သြင်္ကန်ကို အိမ်ထဲက အိမ်ပြင် ဘယ်သူမှမထွက်ဘဲနဲ့ အကြမ်းဖက်စစ်ဘက်က လုပ်တဲ့သြင်္ကန်ကို ကျနော်တို့က လုံးဝအားမပေးဘဲနဲ့ ဒီတိုင်းပဲ အိမ်ထဲမှာနေပြီးတော့ ဆက်သွားဖို့ကို ကျနော်တို့က စီစဉ်ထားတယ်ခင်ဗျ။"

ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်တွေဟာ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့တာကို ရှောင်ပြီး ရှောင်တခင် ပုံစံမျိုးတွေနဲ့ ပျောက်ကြားသပိတ်တွေလုပ်နေကြပါတယ်။

ဆန္ဒပြသူတွေအပေါ်တပ်ဖွဲ့ဝင်တွေကလက်နက်တွေသုံး အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၇၀၆ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ဧပြီလ ၁၁ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူ ရရှိထားတဲ့ သေဆုံးသူအရေအတွက် ဖြစ်ပြီး၊ စစ်တပ်နဲ့ရဲတွေက အင်အားသုံးအကြမ်းဖက်လို့ သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်ဖြိုခွဲခံရလို့ သေဆုံးသူ ရာနဲ့ချီရှိနေသလို ဖမ်းဆီးခံထားရသူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရှိနေပေမဲ့လည်း စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ရတဲ့နည်းနဲ့ ဆက်ပြီးဆန့်ကျင်နေကြတာဖြစ်ပါတယ်။

တော်လှန်သြင်္ကန်၊

#WhatIsHappeningInMyanmar#Thagyan#NewYear#MilitaryCoup#WaterFestival

XS
SM
MD
LG