သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ စီးပြားလုပ္တဲ့ အိႏၵိယက Adani ဆိပ္ကမ္းကုမၸဏီကို ကန္ အစုရွယ္ယာေစ်းက ထုတ္ေတာ့မည္


အိႏိၵယအေျခစိုက္ Adani ဆိပ္ကမ္းမ်ားနဲ႔ အထူးစီးပြားေရးဇုန္လီမိတက္က အလုပ္သမားတခ်ိဳ႕ကို အိႏိၵယႏိုင္ငံ Mundra ဆိပ္ကမ္းမွာေတြ႔ရ။ (ဧၿပီ ၀၂၊ ၂၀၁၄)

[Zawgyi/Unicode]

လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ထားတဲ့ ျမန္မာစစ္တပ္နဲ႔ စီးပြားေရး တြဲလုပ္ေနတဲ့ အိႏိၵယအေျခစိုက္ Adani ဆိပ္ကမ္းမ်ားနဲ႔ အထူးစီးပြားေရးဇုန္လီမိတက္ကို S&P အစုရွယ္ယာ အၫႊန္းကိန္းစာရင္းထဲကေန ထုတ္ပစ္ေတာ့မယ္လို႔ S&P Dow Jones Indices ကုမၸဏီက ဒီကေန႔ ေၾကညာပါတယ္။

Adani ကုမၸဏီဟာ ျမန္မာစစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ဆီကေန ရန္ကုန္မွာ ေျမငွားၿပီး ေဒၚလာ သန္း ၂၉၀ ကုန္က်မယ့္ ဆိပ္ကမ္းတစ္ခုကုိ တည္ေဆာက္ေနတာပါ။

S&P Down Jones Indices ကုမၸဏီရဲ႕ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ Adani ကုမၸဏီကို ႐ိုက္တာသတင္းဌာနက အီးေမးလ္နဲ႔ ဆက္သြယ္ခဲ့ေပမဲ့ အေၾကာင္းမျပန္ခဲ့ပါဘူး။

MEC ကို Adani ကုမၸဏီက ေဒၚလာသန္းေပါင္းမ်ားစြာေပးဖို႔ သေဘာတူထားတယ္လုိ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေထာက္ျပခဲ့ၿပီးတဲ့ေနာက္ ဒီဆိပ္ကမ္းစီမံကိန္းနဲ႔ ပတ္သက္ၿပီး အာဏာပိုုင္ေတြ၊ သက္ဆိုင္သူေတြနဲ႔ ညွိႏိႈင္းသြားမယ္လုိ႔ Adani Group က ၿပီးခဲ့တဲ့လမွာ ေျပာထားပါတယ္။

Adani ကုမၸဏီကို လာမယ့္ ၾကာသပေတးေန႔ အစုရွယ္ယာေစ်းကြက္ မဖြင့္ခင္မွာ အစုရွယ္ယာ အၫႊန္းကိန္းစာရင္းထဲကေန ဖယ္ရွားပစ္မွာျဖစ္တယ္လို႔ S&P Dow Jones Indices ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ အစုရွယ္ယာေစ်းကြက္မွာေတာ့ Adani ကုမၸဏီရဲ႕ အစုရွယ္ေစ်းဟာ ၁.၈% ေက်ာ္ က်သြားခ့ပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံကိစၥနဲ႔ပတ္သက္ၿပီး Adani ကုမၸဏီရဲ႕ အစုရွယ္ယာတန္ဖိုးအေပၚ ထိခိုက္မႈရွိလွတာ မဟုတ္ဘဲ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းကဆိုရင္ ရွယ္ယာတန္ဖိုး ၄၀% ေလာက္ တက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာဈေးက ထုတ်တော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်ကို S&P အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ထုတ်ပစ်တော့မယ်လို့ S&P Dow Jones Indices ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ်။

Adani ကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆီကနေ ရန်ကုန်မှာ မြေငှားပြီး ဒေါ်လာ သန်း ၂၉၀ ကုန်ကျမယ့် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေတာပါ။

S&P Down Jones Indices ကုမ္ပဏီရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Adani ကုမ္ပဏီကို ရိုက်တာသတင်းဌာနက အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး။

MEC ကို Adani ကုမ္ပဏီက ဒေါ်လာသန်းပေါင်းများစွာပေးဖို့ သဘောတူထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြခဲ့ပြီးတဲ့နောက် ဒီဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ၊ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းသွားမယ်လို့ Adani Group က ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။

Adani ကုမ္ပဏီကို လာမယ့် ကြာသပတေးနေ့ အစုရှယ်ယာဈေးကွက် မဖွင့်ခင်မှာ အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ဖယ်ရှားပစ်မှာဖြစ်တယ်လို့ S&P Dow Jones Indices ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အစုရှယ်ယာဈေးကွက်မှာတော့ Adani ကုမ္ပဏီရဲ့ အစုရှယ်ဈေးဟာ ၁.၈% ကျော် ကျသွားခ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး Adani ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးအပေါ် ထိခိုက်မှုရှိလှတာ မဟုတ်ဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် ရှယ်ယာတန်ဖိုး ၄၀% လောက် တက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG