သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္၊ ၾသစေၾတးလ်၊ အိႏိၵယ သံုးႏုိင္ငံေဆြးေႏြးပြဲမွာ ျမန္မာ့အေရးေျပာဆို


Jean-Yves LE DRIAN, French Minister for Foreign and European Affairs.

{{Zawgyi/Unicode}}

အခု သီတင္းပတ္ထဲ က်င္းပေနတဲ့ ျပင္သစ္၊ ဩစေၾတးလ်နဲ႔ အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ ေဒသဆိုင္ရာ လုံၿခဳံေရး ေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံအတြင္းမွာ ျဖစ္ေပၚ ေနတဲ့ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြအေၾကာင္း ထုတ္ေဖာ္ ေျပာဆိုေဝဖန္ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း IndiaExpress သတင္းဌာနက ေရးထားပါတယ္။

Raisina Dialogue လို႔ေခၚတဲ့ အဲဒီ ၃ ႏိုင္ငံေဆြးေႏြးပြဲမွာ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က ထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ တေသြးတသားတည္းရွိေၾကာင္း ေျပာဆိုလိုက္သလို ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Marise Ann Payne ကလည္း အၾကမ္းဖက္ ႏွိမ္နင္းမႈေတြနဲ႔ သတ္ျဖတ္မႈေတြ ျမင့္တက္ေနတာက သိပ္ကို စိုးရိမ္စရာပါလို႔ ေျပာဆိုလိုက္ပါတယ္။

အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar ကေတာ့ အိႏၵိယႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကား တမူထူးျခားတဲ့ဆက္ဆံေရး အေျခအေနရွိေနၿပီး ရွည္လ်ားတဲ့ နယ္နိမိတ္ခ်င္း ထိစပ္ေနတာေၾကာင့္ သက္ဆိုင္ရာအားလုံးနဲ႔ ထိေတြ႕ဆက္ဆံေနရေၾကာင္း သတိထား ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က EU ဥေရာပသမဂၢအဖြဲ႕က ပိတ္ဆို႔ အေရးယူမႈေတြ ျပဳလုပ္ေနေၾကာင္း ေျပာၾကားသလို ျမန္မာႏိုင္ငံက အာဏာသိမ္းမႈဟာ အေရွ႕ေတာင္အာရွက ဒီမိုကေရစီစနစ္ကို ဆိုးဆိုး႐ြား႐ြား တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္းနဲ႔ စစ္ေကာင္စီကို ႏိုင္ငံတကာက ဆက္လက္ဖိအားေပးသြားဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Payne ကလည္း ျမန္မာႏိုင္ငံက အာဏာသိမ္းတဲ့ကိစၥကို ေျဖရွင္းေရး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (အာဆီယံအဖြဲ႕) နဲ႔အတူ လက္တြဲအလုပ္လုပ္ဖို႔ လိုအပ္ေၾကာင္းနဲ႔ လာမယ့္ သီတင္းပတ္အေစာပိုင္းမွာ က်င္းပမယ့္ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ျမန္မာ့အေရး ေဆြးေႏြးပြဲကို အျပည့္အဝ ေထာက္ခံေၾကာင္း ေျပာပါတယ္။

အင္ဒို-ပစိဖိတ္ေဒသ လုံၿခဳံေရးအတြက္ ဖြဲ႕စည္းထားတဲ့ Quad အဖြဲ႕ကို ႐ုရွားနဲ႔ တ႐ုတ္တို႔က Asia NATO လို႔ ေဝဖန္ ေျပာဆိုအၿပီးမွာ Raisina Dialogue ေဆြးေႏြးပြဲကို ဧၿပီလ ၁၃ ရက္ေန႔က ၁၆ ရက္ေန႔အထိ က်င္းပေနတာ ျဖစ္ပါတယ္။

အရင္က အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕မွာ လူကိုယ္တိုင္ တက္ေရာက္ ေဆြးေႏြးဖို႔ စီစဥ္ထားခဲ့ေပမဲ့ အိမ္ရွင္ႏိုင္ငံမွာ ဒုတိယအေက်ာ့ COVID-19 ေရာဂါကူးစက္မႈ ထပ္မံျမင့္တက္လာေနတဲ့ အေျခအေနေၾကာင့္ ဩစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Payne က ေဒလီကို သြားေရာက္မယ့္ အစီအစဥ္ကို ဖ်က္သိမ္းခဲ့တာပါ။
ဒါေၾကာင့္ Raisina Dialogue ကို ဗီဒီယိုကတဆင့္ ေျပာင္းလဲ က်င္းပေနတာ ျဖစ္ပါတယ္ ။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အခု သီတင်းပတ်ထဲ ကျင်းပနေတဲ့ ပြင်သစ်၊ ဩစတြေးလျနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒေသဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအကြောင်း ထုတ်ဖော် ပြောဆိုဝေဖန်ဆွေးနွေးခဲ့ကြတဲ့အကြောင်း IndiaExpress သတင်းဌာနက ရေးထားပါတယ်။

Raisina Dialogue လို့ခေါ်တဲ့ အဲဒီ ၃ နိုင်ငံဆွေးနွေးပွဲမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တသွေးတသားတည်းရှိကြောင်း ပြောဆိုလိုက်သလို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Ann Payne ကလည်း အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ သတ်ဖြတ်မှုတွေ မြင့်တက်နေ တာက သိပ်ကို စိုးရိမ်စရာပါလို့ ပြောဆိုလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ကတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား တမူထူးခြားတဲ့ဆက်ဆံရေး အခြေအနေရှိနေပြီး ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် သက်ဆိုင်ရာအားလုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း သတိထား ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က EU ဥရောပသမဂ္ဂအဖွဲ့က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်နေကြောင်း ပြောကြားသလို မြန်မာနိုင်ငံက အာဏာသိမ်းမှုဟာ အရှေ့တောင်အာရှက ဒီမိုကရေစီစနစ်ကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းနဲ့ စစ်ကောင်စီကို နိုင်ငံတကာက ဆက်လက်ဖိအားပေးသွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Payne ကလည်း မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စကို ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံအဖွဲ့) နဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ ကျင်းပမယ့် အာဆီယံ ခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို အပြည့်အဝ ထောက်ခံကြောင်း ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ Quad အဖွဲ့ကို ရုရှားနဲ့ တရုတ်တို့က Asia NATO လို့ ဝေဖန် ပြောဆိုအပြီးမှာ Raisina Dialogue ဆွေးနွေးပွဲကို ဧပြီလ ၁၃ ရက်နေ့က ၁၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

အရင်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လူကိုယ်တိုင် တက်ရောက် ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပေမဲ့ အိမ်ရှင်နိုင်ငံမှာ ဒုတိယအကျော့ COVID-19 ရောဂါကူးစက်မှု ထပ်မံမြင့်တက်လာနေတဲ့ အခြေအနေကြောင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Payne က ဒေလီကို သွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။
ဒါကြောင့် Raisina Dialogue ကို ဗီဒီယိုကတဆင့် ပြောင်းလဲ ကျင်းပနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG