သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္က်န္းမာေရး ပံုမွန္ျပန္ျဖစ္ဖို႔ အခက္ႀကံဳ 


ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး

(Zawgyi/Unicode)

စစ္အာဏာသိမ္းအၿပီး က်န္းမာေရးဝန္ထမ္းေတြအလုပ္မဆင္း သပိတ္ေမွာက္ခဲ့တာေၾကာင့္ ပိတ္ခဲ့ရတဲ့ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးကို၊ ျမန္မာစစ္ေကာင္စီက၊ အဂၤါေန႔ကစၿပီး ျပန္ဖြင့္ဖို႔ႀကိဳးစားစီစဥ္ခဲ့ေပမဲ့၊ အရင္လို ပံုမွန္ မလည္ပတ္ႏိုင္ဘူးလို႔၊ က်န္းမာေရးဝန္ထမ္းေတြက ဆိုပါတယ္။

အမ်ားစု ဆရာဝန္၊ သူနာျပဳနဲ႔ ေအာက္ေျခဝန္ထမ္းေတြက၊ CDM အလုပ္မဆင္းလူပ္ရွားမူမွာပါဝင္ေနတာအျပင္၊ ေဆးဝန္ထမ္းတခ်ိဳ႕ကို ဝရမ္းထုတ္ဖမ္းဆီးလာတာေၾကာင့္လည္း၊ လက္ရွိေပးေနတဲ့ကုသမူအတြက္ပါ ပိုခက္ခဲသြားၿပီလို႔၊ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ဆရာဝန္တစ္ဦးက ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

အခုလို ရန္ကုန္ေဆးရံုႀကီးျပန္ဖြင့္ဖို႔ ႀကိဳးစားေနတဲ့ ေနာက္ဆံုးအေျခအေနကို အခုလို ဆရာ၀န္က စရွင္းျပပါတယ္။

“ဟုတ္ကဲ့ ေဆးရံုႀကီး အခုျပန္ဖြင့္ဖို႔ လုပ္ေနတယ္ဆိုတာေတာ့ ျပင္ပလူနာဌာနလို႔ ေခၚတာေပါ့ေနာ္ OPD ေလးကို ဖြင့္ဖို႔ လုပ္ေနတယ္ေပါ့။ အခု OPD ျပန္ဖြင့္ၿပီလို႔ က်ေနာ္လည္း Facebook ထဲမွာ ဖတ္လိုက္ရပါတယ္။ တကယ္တမ္း ေဆးရံုမွာ ဖြင့္သလား၊ လူနာေတြလာသလား သူတို႔ ေၾကညာတဲ့ ဆရာ၀န္ႀကီးေတြလာၾကည့္သလား ဆိုေတာ့ အဲလိုမ်ိဳးေတာ့ မဖြင့္ႏိုင္ေသးဘူးလို႔ သိရပါတယ္။

ေမး။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဘယ္လိုအခက္အခဲ စိန္ေခၚမႈေတြ ရွိသလဲ။

ေျဖ။ ။ ေဆးရံုႀကီး ဖြင့္ဖို႔ဆိုတာ က်ေနာ္တို႔ေဆးရံုမွာက ward (အေဆာင္) ေတြလည္း အမ်ားႀကီးရွိတယ္။ အေဆာင္ေတြလည္း အမ်ားႀကီးရွိတယ္၊ ေနာက္ ဌာနေတြလည္း အမ်ားႀကီးရွိတယ္ ေပါ့ေနာ္ အဲဒီ ဌာနေတြအကုန္လံုးက တံခါးပိတ္ ေသာ့ပိတ္ၿပီး သြားၾကတာဆိုေတာ့ ျပန္ဖြင့္ဖို႔ဆိုတာက လြယ္လြယ္ကူကူနဲ႔ ျပန္ဖြင့္လို႔ ရမွာ မဟုတ္ေသးပါဘူး။ နဂိုကတည္းက က်ေနာ္တို႔ CDM လုပ္တယ္ဆိုေပမယ့္ အျပင္ကို လႊတ္လို႔မရတဲ့ လူနာေတြကိုေတာ့ ကုေပးရတယ္။ ဥပမာ- ကင္ဆာေဆးသြင္းတဲ့လူေတြ၊ ဓါတ္ေရာင္ခ်ည္နဲ႔ ကုသရတဲ့လူေတြ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါကအဆက္မပ်က္ကုရမွာေလ။ ကင္ဆာေဆးဆိုရင္လည္း ၆ လဆက္တိုက္၊ ဒါမွမဟုတ္ ၉ လဆက္တိုက္ သူ႔ အခ်ိန္အတိုင္းအတာနဲ႔ ကုရမွာျဖစ္တယ္။ အဲဒီ လူနာေတြအတြက္ေတာ့ OPD ျပန္ဖြင့္ၿပီးေတာ့ ကုေပးရတာေပါ့ေနာ္ ။ ဒါေပမယ့္ အဲလိုမဟုတ္တဲ့ က်န္တဲ့လူနာေတြအတြက္ေတာ့ အကုန္လံုးကို ပိတ္ထားပါတယ္။

ေမး။ ။ ဟုတ္ကဲ့ ေနာက္ထပ္ေရာ ဘာစိန္ေခၚမႈေတြ ရွိေသးသလဲ။

ေျဖ။ ။ လူနာေတြကလည္း မလာၾကပါဘူး။ သူတို႔ကိုယ္တိုင္က က်ေနာ္တို႔ လုပ္တဲ့ တိုင္းျပည္မွာ ျဖစ္ေနတာေတြ သူတို႔ အကုန္သိတယ္။ ဒီမွာရွိတဲ့ အခက္အခဲကိုလည္း သူတို႔ နားလည္တယ္။ သူတို႔ကလည္း အတင္းအက်ပ္ႀကီး ေဆးရံုကို မလာပါဘူး။ အဲဒီအခါက်ေတာ့ OPD က ဖြင့္ဖို႔ ႀကိဳးစားေသာ္လည္း အခုအထိေတာ့ လူနာေတြ လာၿပီးေတာ့ ကုေနတာေတာ့ မရွိပါဘူး။ လြယ္ေတာ့ မလြယ္ပါဘူး ဘာျဖစ္လို႔လဲဆိုေတာ့ OPD ၾကည့္တယ္ဆိုရင္ေတာင္မွ လူနာတိုင္းက ဒီေဆးေလးေသာက္ဆိုၿပီးေတာ့ အိမ္ျပန္လႊတ္လို႔ရတာမ်ိဳး ကိုသာ အျပင္မွာ ေဆးခန္းထိုင္သလိုေလ အဲလိုမ်ိဳးသာ ကုလို႔ရမယ္။ အတြင္းလူနာအေနနဲ႔ ကုရမယ့္ဟာေတြေတာ့ OPD နဲ႔ ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ က်ေနာ္တို႔ ဆရာ၀န္ႀကီးပဲ ကုလို႔ရတာမဟုတ္ဘူး ၊ အခုလိုဆိုရင္ Professor ထိပ္ဆံုးပိုင္း ဆရာ၀န္အႀကီးေတြက ကုတယ္ဆိုေပမယ့္လည္း အဲဒီဆရာ၀န္ေတြက Ward ထဲမွာ ေနေရာညေရာ ေနၿပီးေတာ့ ေဆးထိုးေဆးတိုက္လုပ္ႏိုင္တာမဟုတ္ဘူး ၊ ေနာက္မွာ ဆရာ၀န္အငယ္ေတြလိုတယ္၊ အဲဒီေနာက္မွာ ဆရာမေတြလိုတယ္။ အဲဒီေနာက္မွာ ေအာက္ေျခ က်န္းမာေရး၀န္ထမ္းလုပ္သားေတြလိုတယ္။ ခုနလို အေပၚယံေလးနဲ႔ ဟန္ျပဖြင့္တာေလာက္ေတာ့ အရင္လို ေဆးရံုႀကီး ျပန္လည္ပတ္ႏိုင္မွာ မဟုတ္ပါဘူး။

ေမး။ ။ ဟုတ္ကဲ့ အခုေနာက္ဆံုးဒီ ဖြင့္ထားႏိုင္တဲ့ အေနအထားက ျပင္ပလူနာဌာနအျပင္ေပါ့ေနာ္ ခုန ဆရာေျပာတဲ့ ကင္ဆာလူနာေတြအတြက္ေရာ ဘယ္လိုမ်ိဳး ကုသေပးေနတဲ့ အေနအထားေတြရွိသလဲ။

ေျဖ။ ။ အဲဒီလူနာေတြကေတာ့ အရင္ကတည္းကလည္း က်ေနာ္တို႔ဆီမွာ ေန႔တိုင္းေဆးလာလာသြင္းတာကို၊ အရင္ COVID တုန္းက ကုတဲ့ tent မွာထိုင္ၿပီးေတာ့ သူတို႔အတြက္ ၁ ေန႔စာ ေဆးေလးေတြ ေပးၿပီးကုေပးၿပီး ေနာက္ေန႔က်ရင္ျပန္လာ အဲလိုမ်ိဳးနဲ႔ မနက္ ၁၀ နာရီကေန ေန႔ခင္း ၂ နာရီ အတြင္းမွာ ကုေပးတယ္လို႔ သိရပါတယ္။ က်န္တဲ့ Ward ေတြက လူနာေတြကေတာ့ မရွိဘူးလို႔ သိရပါတယ္။

ေမး။ ။ ဟုတ္ကဲ့ ဒီ ထိခိုက္ဒဏ္ရာရလူနာေတြ ကုသမႈအပိုင္းေရာ။

ေျဖ။ ။ အဲဒါက်ေတာ့ ဥပမာဆိုပါေတာ့ ရန္ကုန္ၿမိဳ႕တေနရာမွာ ရပ္ကြက္တခုမွာ လူနာေတြ အစုလိုက္ေသနတ္ဒဏ္ရာေတြ အမ်ားႀကီးရတယ္ဆိုရင္ က်ေန္ာတို႔ အဲဒါေတြကို တျခားလည္း လႊတ္လို႔မရဘူး။ ေနာက္ၿပီးေတာ့ ထိခိုက္ဒဏ္ရာရတယ္ဆိုတဲ့ေနရာေတြမွာ ေသြးေၾကာထိလို႔ ေသြးေၾကာ surgeon နဲ႔ခြဲရမယ့္ဟာေတြရွိတယ္။ ဦးေႏွာက္ထိလို႔ ဦးေႏွာက္အာရုဏ္ေၾကာဆရာ၀န္နဲ႔ ခြဲရမယ့္ လူနာေတြရွိတယ္။ အထူးကု ခြဲစိတ္ဆရာ၀န္ႀကီးေတြ ကုရမယ့္ ကိစၥေတြရွိတယ္။ အဲဒါေတြက်ေတာ့ ဘယ္မွ လုပ္လို႔မရဘူး ၊ ဘယ္မွာမွလည္း ခြဲလို႔မရဘူး ။ ေနာက္ၿပီးေတာ့ ထိခိုက္ဒဏ္ရာအတြက္ဆိုရင္ အရိုးဆရာ၀န္ေတြ အမ်ားဆံုးကုၾကတာေပါ့ေနာ္ ေျခေတြ လက္ေတြထိတယ္ဆိုရင္ သူတို႔ပဲ ဆိုင္တာကို။ အဲဒီလူနာေတြအတြက္က အဲဒီရက္ေတြမွာ IPD မဟုတ္ေပမယ့္လည္း အေရးေပၚ ဖြင့္ေပးၿပီးေတာ့ ျမန္ျမန္ကုေပးၿပီးေတာ့ ျမန္ျမန္ၿပီးဆင္းေအာင္ လုပ္ေပးလိုက္တယ္ေပါ့ေနာ္ အဲေလာက္ပါပဲ ေဆးရံု ျပန္ဖြင့္တယ္ဆိုတဲ့ သေဘာမဟုတ္ေပမယ့္ ဒီလူနာေတြကို က်ေနာ္တို႔က ဒီအတိုင္းျပန္လႊတ္လိုက္ရင္ေသသြားမယ့္ဟာေတြမို႔လို႔ က်ေန္ာတို႔ အဲဒါက်ေတာ့ ကုေပးပါတယ္။

ေမး။ ။ ဟုတ္ကဲ့ အခုလို လုပ္ေဆာင္ေနရင္းနဲ႔ ဒီ CDM ဆရာ၀န္တခ်ိဳ႕လည္း အဖမ္းခံလိုက္ရၿပီးေတာ့ ေနာက္ စာရင္းေတြ စဖမ္းဖို႔အတြက္ ၀ရမ္းထုတ္ထားတာေတြ ေတြ႔ရပါတယ္။ ဒါေတြကေရာ ဘာေၾကာင့္အခုလိုျဖစ္လာတယ္ထင္သလဲ။

ေျဖ။ ။ အဓိကေတာ့ သူတို႔ေပးခ်င္တာက အေၾကာက္တရားလို႔ ထင္တယ္။ လူေတြေၾကာက္လန္႔သြားၿပီးေတာ့ ငါ့ကို ဖမ္းၿပီလား ငါ့ကို အလုပ္ျဖဳတ္ေတာ့မွာပဲ အဲလိုမ်ိဳးနဲ႔ သူတို႔က အလုပ္ျပန္ဆင္းေအာင္လုပ္တယ္ေပါ့ေနာ္။ သူတို႔က အဲလိုလိုက္ဖမ္းရံုတင္မဟုတ္ဘူး ဒီဆရာ၀န္ေတြက အျပင္မွာ ထြက္ၿပီးေတာ့ ကုေနပါတယ္။ တကယ္တမ္းက်ေတာ့ အျပင္မွာထြက္ကုတယ္ဆိုတာက ဒီဆရာ၀န္ေတြက အခမဲ့ကုတယ္ ပိုက္ဆံနဲ႔ ကုတာမဟုတ္ဘူး။ လူနာေတြ ေဆးရံုမလာႏိုင္ဘူး အျပင္မွာ ေဆးကုေပးတယ္။ အဲဒီလို ကုေပးေနတာေတြက အခုက်ေတာ့ အျပင္မွာ ေဆးခန္းမွာ လိုက္ဖမ္းတယ္ဆိုရင္ သူတို႔ေရာ ဘယ္လိုဆက္ကုမလဲ ။ ေနာက္တခါ Emergency ဌာနမွာ လာၿပီးေတာ့ ကုတယ္ဆိုရင္ ကုတဲ့ဆရာ၀န္ေတြက Emergency ဌာနအထြက္မွာ လာၿပီးေတာ့ ဖမ္းေနတယ္ ၊ အဲဒီေတာ့ Emergency ဌာနမွာ လာၿပီးေတာ့ ကုတဲ့ ဆရာ၀န္ေတြက ဘယ္လိုလုပ္ၿပီးေတာ့ ေဆးကုဖို႔ ျဖစ္ေတာ့မလဲ ဆိုေတာ့ က်န္းမာေရး ယႏၱရားရပ္သြားတယ္ဆိုတာက သူတို႔ အဲလို လုပ္လိုက္ျခင္းအားျဖင့္ ပိုၿပီးေတာ့ ဘာပဲေျပာေျပာ CDM ဆိုေပမယ့္ လူနာေတြအတြက္ လာလုပ္ေနတဲ့ ဆရာ၀န္ေတြပါ ေဆးရံုကို လာလို႔မရေအာင္ လုပ္လိုက္သလိုျဖစ္သြားတယ္။ ဆရာ၀န္ေတြအားလံုးက ၀ရမ္းေျပးလို ေနရတာေပါ့ေနာ္ CDM က ပိုဆိုးသြားဖို႔ပဲရွိတယ္လို႔ ထင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ

(Unicode)

စစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအလုပ်မဆင်း သပိတ်မှောက်ခဲ့တာကြောင့် ပိတ်ခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို၊ မြန်မာစစ်ကောင်စီက၊ အင်္ဂါနေ့ကစပြီး ပြန်ဖွင့်ဖို့ကြိုးစားစီစဉ်ခဲ့ပေမဲ့၊ အရင်လို ပုံမှန် မလည်ပတ်နိုင်ဘူးလို့၊ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

အများစု ဆရာဝန်၊ သူနာပြုနဲ့ အောက်ခြေဝန်ထမ်းတွေက၊ CDM အလုပ်မဆင်းလူပ်ရှားမူမှာပါဝင်နေတာအပြင်၊ ဆေးဝန်ထမ်းတချို့ကို ဝရမ်းထုတ်ဖမ်းဆီးလာတာကြောင့်လည်း၊ လက်ရှိပေးနေတဲ့ကုသမူအတွက်ပါ ပိုခက်ခဲသွားပြီလို့၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

အခုလို ရန်ကုန်ဆေးရုံကြီးပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့ နောက်ဆုံးအခြေအနေကို အခုလို ဆရာဝန်က စရှင်းပြပါတယ်။

“ဟုတ်ကဲ့ ဆေးရုံကြီး အခုပြန်ဖွင့်ဖို့ လုပ်နေတယ်ဆိုတာတော့ ပြင်ပလူနာဌာနလို့ ခေါ်တာပေါ့နော် OPD လေးကို ဖွင့်ဖို့ လုပ်နေတယ်ပေါ့။ အခု OPD ပြန်ဖွင့်ပြီလို့ ကျနော်လည်း Facebook ထဲမှာ ဖတ်လိုက်ရပါတယ်။ တကယ်တမ်း ဆေးရုံမှာ ဖွင့်သလား၊ လူနာတွေလာသလား သူတို့ ကြေညာတဲ့ ဆရာဝန်ကြီးတွေလာကြည့်သလား ဆိုတော့ အဲလိုမျိုးတော့ မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိသလဲ။

ဖြေ။ ။ ဆေးရုံကြီး ဖွင့်ဖို့ဆိုတာ ကျနော်တို့ဆေးရုံမှာက ward (အဆောင်) တွေလည်း အများကြီးရှိတယ်။ အဆောင်တွေလည်း အများကြီးရှိတယ်၊ နောက် ဌာနတွေလည်း အများကြီးရှိတယ် ပေါ့နော် အဲဒီ ဌာနတွေအကုန်လုံးက တံခါးပိတ် သော့ပိတ်ပြီး သွားကြတာဆိုတော့ ပြန်ဖွင့်ဖို့ဆိုတာက လွယ်လွယ်ကူကူနဲ့ ပြန်ဖွင့်လို့ ရမှာ မဟုတ်သေးပါဘူး။ နဂိုကတည်းက ကျနော်တို့ CDM လုပ်တယ်ဆိုပေမယ့် အပြင်ကို လွှတ်လို့မရတဲ့ လူနာတွေကိုတော့ ကုပေးရတယ်။ ဥပမာ- ကင်ဆာဆေးသွင်းတဲ့လူတွေ၊ ဓါတ်ရောင်ချည်နဲ့ ကုသရတဲ့လူတွေ ဘာဖြစ်လို့လဲဆိုတော့ ဒါကအဆက်မပျက်ကုရမှာလေ။ ကင်ဆာဆေးဆိုရင်လည်း ၆ လဆက်တိုက်၊ ဒါမှမဟုတ် ၉ လဆက်တိုက် သူ့ အချိန်အတိုင်းအတာနဲ့ ကုရမှာဖြစ်တယ်။ အဲဒီ လူနာတွေအတွက်တော့ OPD ပြန်ဖွင့်ပြီးတော့ ကုပေးရတာပေါ့နော် ။ ဒါပေမယ့် အဲလိုမဟုတ်တဲ့ ကျန်တဲ့လူနာတွေအတွက်တော့ အကုန်လုံးကို ပိတ်ထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ နောက်ထပ်ရော ဘာစိန်ခေါ်မှုတွေ ရှိသေးသလဲ။

ဖြေ။ ။ လူနာတွေကလည်း မလာကြပါဘူး။ သူတို့ကိုယ်တိုင်က ကျနော်တို့ လုပ်တဲ့ တိုင်းပြည်မှာ ဖြစ်နေတာတွေ သူတို့ အကုန်သိတယ်။ ဒီမှာရှိတဲ့ အခက်အခဲကိုလည်း သူတို့ နားလည်တယ်။ သူတို့ကလည်း အတင်းအကျပ်ကြီး ဆေးရုံကို မလာပါဘူး။ အဲဒီအခါကျတော့ OPD က ဖွင့်ဖို့ ကြိုးစားသော်လည်း အခုအထိတော့ လူနာတွေ လာပြီးတော့ ကုနေတာတော့ မရှိပါဘူး။ လွယ်တော့ မလွယ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ OPD ကြည့်တယ်ဆိုရင်တောင်မှ လူနာတိုင်းက ဒီဆေးလေးသောက်ဆိုပြီးတော့ အိမ်ပြန်လွှတ်လို့ရတာမျိုး ကိုသာ အပြင်မှာ ဆေးခန်းထိုင်သလိုလေ အဲလိုမျိုးသာ ကုလို့ရမယ်။ အတွင်းလူနာအနေနဲ့ ကုရမယ့်ဟာတွေတော့ OPD နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကျနော်တို့ ဆရာဝန်ကြီးပဲ ကုလို့ရတာမဟုတ်ဘူး ၊ အခုလိုဆိုရင် Professor ထိပ်ဆုံးပိုင်း ဆရာဝန်အကြီးတွေက ကုတယ်ဆိုပေမယ့်လည်း အဲဒီဆရာဝန်တွေက Ward ထဲမှာ နေရောညရော နေပြီးတော့ ဆေးထိုးဆေးတိုက်လုပ်နိုင်တာမဟုတ်ဘူး ၊ နောက်မှာ ဆရာဝန်အငယ်တွေလိုတယ်၊ အဲဒီနောက်မှာ ဆရာမတွေလိုတယ်။ အဲဒီနောက်မှာ အောက်ခြေ ကျန်းမာရေးဝန်ထမ်းလုပ်သားတွေလိုတယ်။ ခုနလို အပေါ်ယံလေးနဲ့ ဟန်ပြဖွင့်တာလောက်တော့ အရင်လို ဆေးရုံကြီး ပြန်လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ ဟုတ်ကဲ့ အခုနောက်ဆုံးဒီ ဖွင့်ထားနိုင်တဲ့ အနေအထားက ပြင်ပလူနာဌာနအပြင်ပေါ့နော် ခုန ဆရာပြောတဲ့ ကင်ဆာလူနာတွေအတွက်ရော ဘယ်လိုမျိုး ကုသပေးနေတဲ့ အနေအထားတွေရှိသလဲ။

ဖြေ။ ။ အဲဒီလူနာတွေကတော့ အရင်ကတည်းကလည်း ကျနော်တို့ဆီမှာ နေ့တိုင်းဆေးလာလာသွင်းတာကို၊ အရင် COVID တုန်းက ကုတဲ့ tent မှာထိုင်ပြီးတော့ သူတို့အတွက် ၁ နေ့စာ ဆေးလေးတွေ ပေးပြီးကုပေးပြီး နောက်နေ့ကျရင်ပြန်လာ အဲလိုမျိုးနဲ့ မနက် ၁၀ နာရီကနေ နေ့ခင်း ၂ နာရီ အတွင်းမှာ ကုပေးတယ်လို့ သိရပါတယ်။ ကျန်တဲ့ Ward တွေက လူနာတွေကတော့ မရှိဘူးလို့ သိရပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒီ ထိခိုက်ဒဏ်ရာရလူနာတွေ ကုသမှုအပိုင်းရော။

ဖြေ။ ။ အဲဒါကျတော့ ဥပမာဆိုပါတော့ ရန်ကုန်မြို့တနေရာမှာ ရပ်ကွက်တခုမှာ လူနာတွေ အစုလိုက်သေနတ်ဒဏ်ရာတွေ အများကြီးရတယ်ဆိုရင် ကျနေ်ာတို့ အဲဒါတွေကို တခြားလည်း လွှတ်လို့မရဘူး။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့နေရာတွေမှာ သွေးကြောထိလို့ သွေးကြော surgeon နဲ့ခွဲရမယ့်ဟာတွေရှိတယ်။ ဦးနှောက်ထိလို့ ဦးနှောက်အာရုဏ်ကြောဆရာဝန်နဲ့ ခွဲရမယ့် လူနာတွေရှိတယ်။ အထူးကု ခွဲစိတ်ဆရာဝန်ကြီးတွေ ကုရမယ့် ကိစ္စတွေရှိတယ်။ အဲဒါတွေကျတော့ ဘယ်မှ လုပ်လို့မရဘူး ၊ ဘယ်မှာမှလည်း ခွဲလို့မရဘူး ။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာအတွက်ဆိုရင် အရိုးဆရာဝန်တွေ အများဆုံးကုကြတာပေါ့နော် ခြေတွေ လက်တွေထိတယ်ဆိုရင် သူတို့ပဲ ဆိုင်တာကို။ အဲဒီလူနာတွေအတွက်က အဲဒီရက်တွေမှာ IPD မဟုတ်ပေမယ့်လည်း အရေးပေါ် ဖွင့်ပေးပြီးတော့ မြန်မြန်ကုပေးပြီးတော့ မြန်မြန်ပြီးဆင်းအောင် လုပ်ပေးလိုက်တယ်ပေါ့နော် အဲလောက်ပါပဲ ဆေးရုံ ပြန်ဖွင့်တယ်ဆိုတဲ့ သဘောမဟုတ်ပေမယ့် ဒီလူနာတွေကို ကျနော်တို့က ဒီအတိုင်းပြန်လွှတ်လိုက်ရင်သေသွားမယ့်ဟာတွေမို့လို့ ကျနေ်ာတို့ အဲဒါကျတော့ ကုပေးပါတယ်။

မေး။ ။ ဟုတ်ကဲ့ အခုလို လုပ်ဆောင်နေရင်းနဲ့ ဒီ CDM ဆရာဝန်တချို့လည်း အဖမ်းခံလိုက်ရပြီးတော့ နောက် စာရင်းတွေ စဖမ်းဖို့အတွက် ဝရမ်းထုတ်ထားတာတွေ တွေ့ရပါတယ်။ ဒါတွေကရော ဘာကြောင့်အခုလိုဖြစ်လာတယ်ထင်သလဲ။

ဖြေ။ ။ အဓိကတော့ သူတို့ပေးချင်တာက အကြောက်တရားလို့ ထင်တယ်။ လူတွေကြောက်လန့်သွားပြီးတော့ ငါ့ကို ဖမ်းပြီလား ငါ့ကို အလုပ်ဖြုတ်တော့မှာပဲ အဲလိုမျိုးနဲ့ သူတို့က အလုပ်ပြန်ဆင်းအောင်လုပ်တယ်ပေါ့နော်။ သူတို့က အဲလိုလိုက်ဖမ်းရုံတင်မဟုတ်ဘူး ဒီဆရာဝန်တွေက အပြင်မှာ ထွက်ပြီးတော့ ကုနေပါတယ်။ တကယ်တမ်းကျတော့ အပြင်မှာထွက်ကုတယ်ဆိုတာက ဒီဆရာဝန်တွေက အခမဲ့ကုတယ် ပိုက်ဆံနဲ့ ကုတာမဟုတ်ဘူး။ လူနာတွေ ဆေးရုံမလာနိုင်ဘူး အပြင်မှာ ဆေးကုပေးတယ်။ အဲဒီလို ကုပေးနေတာတွေက အခုကျတော့ အပြင်မှာ ဆေးခန်းမှာ လိုက်ဖမ်းတယ်ဆိုရင် သူတို့ရော ဘယ်လိုဆက်ကုမလဲ ။ နောက်တခါ Emergency ဌာနမှာ လာပြီးတော့ ကုတယ်ဆိုရင် ကုတဲ့ဆရာဝန်တွေက Emergency ဌာနအထွက်မှာ လာပြီးတော့ ဖမ်းနေတယ် ၊ အဲဒီတော့ Emergency ဌာနမှာ လာပြီးတော့ ကုတဲ့ ဆရာဝန်တွေက ဘယ်လိုလုပ်ပြီးတော့ ဆေးကုဖို့ ဖြစ်တော့မလဲ ဆိုတော့ ကျန်းမာရေး ယန္တရားရပ်သွားတယ်ဆိုတာက သူတို့ အဲလို လုပ်လိုက်ခြင်းအားဖြင့် ပိုပြီးတော့ ဘာပဲပြောပြော CDM ဆိုပေမယ့် လူနာတွေအတွက် လာလုပ်နေတဲ့ ဆရာဝန်တွေပါ ဆေးရုံကို လာလို့မရအောင် လုပ်လိုက်သလိုဖြစ်သွားတယ်။ ဆရာဝန်တွေအားလုံးက ဝရမ်းပြေးလို နေရတာပေါ့နော် CDM က ပိုဆိုးသွားဖို့ပဲရှိတယ်လို့ ထင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG