သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ အသက္ဆံုး႐ႈံးရသူေတြအတြက္ ကန္သံ႐ံုး အထိမ္းအမွတ္ျပဳ


အၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ အသက္ဆံုး႐ႈံးရသူေတြအတြက္ ကန္သံ႐ံုး အထိမ္းအမွတ္ျပဳ

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ေတာင္းဆုိဆႏၵျပရင္း အသက္ဆုံးရႈံးခဲ့ရသူေတြကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရုံးက အမွတ္ရေအာက္ေမ့ဘြယ္ အထိမ္းအမွတ္တခု သံရုံး၀င္းအတြင္း ဒီကေန႔ ျပဳလုပ္ခဲ့ပါတယ္။

“In Memory and Honor of Fallen Heroes” "ျမန္မာႏိုင္ငံတြင္း အသက္စေတးခဲ့ၾကေသာ သူရဲေကာင္းမ်ားကို ဂုဏ္ျပဳပါသည္" ဆုိတဲ့ အဂၤလိပ္လုိေရးထားတဲ့ စာတန္းကုိ သံရုံးအတြင္းက ေက်ာက္နံရံေပၚမွာ မွန္ေဘာင္သြင္း တင္ထားၿပီး ေအာက္မွာလည္း အမွတ္တရ ေအာက္ေမ့ဘြယ္အျဖစ္နဲ႔ ပန္းေတြကုိ စီခ်ထားေပးတဲ့ ဓါတ္ပုံကုိ အေမရိကန္သံရုံး လူမႈကြန္ယက္မွာ တင္ထားပါတယ္။

ရန္ကုန္၊ ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္းလမ္းမေပၚမွာရွိတဲ့ အထက (၅) ေက်ာင္းေရွ႕မွာ ဆႏၵျပရင္း က်ဆုံးသြားခဲ့တဲ့ ကုိညီညီေအာင္ထက္ႏုိင္အတြက္ သံအမတ္ႀကီး Thomas Vajda နဲ႔ ဇနီးတုိ႔က မတ္လ ၂၆ ရက္ေန႔မွာ လြမ္းသူပန္းေခြ ခ်ခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ၿငိမ္းခ်မ္းစြာ ေတာင္းဆုိ ဆႏၵျပသူေတြကုိ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔တုိ႔က အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ခ်က္ျခင္း ရပ္တန္႔ဖုိ႔၊ ဖမ္းဆီးထားတဲ့ အရပ္သားေခါင္းေဆာင္ေတြကုိ ျပန္လြတ္ၿပီး ဒီမုိကေရစီ နည္းလမ္းတက် ေရြးေကာက္ တင္ေျမာက္ထားတဲ့ အစုိးရကုိ အာဏာျပန္လႊဲေပးဖုိ႔ အေမရိကန္သံရုံးက အႀကိမ္ႀကိမ္ ေၾကညာခ်က္ေတြထုတ္ျပန္ ေတာင္းဆုိထားသလုိ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ အေရးယူမႈေတြကုိလည္း အေမရိကန္အစုိးရက ခ်မွတ္ထားၿပီးပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြရင်း အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အမှတ်ရအောက်မေ့ဘွယ် အထိမ်းအမှတ်တခု သံရုံးဝင်းအတွင်း ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

“In Memory and Honor of Fallen Heroes” "မြန်မာနိုင်ငံတွင်း အသက်စတေးခဲ့ကြသော သူရဲကောင်းများကို ဂုဏ်ပြုပါသည်" ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတန်းကို သံရုံးအတွင်းက ကျောက်နံရံပေါ်မှာ မှန်ဘောင်သွင်း တင်ထားပြီး အောက်မှာလည်း အမှတ်တရ အောက်မေ့ဘွယ်အဖြစ်နဲ့ ပန်းတွေကို စီချထားပေးတဲ့ ဓါတ်ပုံကို အမေရိကန်သံရုံး လူမှုကွန်ယက်မှာ တင်ထားပါတယ်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမပေါ်မှာရှိတဲ့ အထက (၅) ကျောင်းရှေ့မှာ ဆန္ဒပြရင်း ကျဆုံးသွားခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်အတွက် သံအမတ်ကြီး Thomas Vajda နဲ့ ဇနီးတို့က မတ်လ ၂၆ ရက်နေ့မှာ လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က အကြမ်းဖက် ဖြိုခွဲမှုတွေ ချက်ခြင်း ရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွတ်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ အမေရိကန်သံရုံးက အကြိမ်ကြိမ် ကြေညာချက်တွေထုတ်ပြန် တောင်းဆိုထားသလို အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေကိုလည်း အမေရိကန်အစိုးရက ချမှတ်ထားပြီးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG