သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သပိတ္ေမွာက္ ဆႏၵျပပြဲမ်ားနဲ႔ သၾကၤန္အၾကတ္ေန႔


ရန္ကုန္၊ လမ္းမေတာ္တြင္ ေတာ္လွန္သၾကၤန္ဆင္ႏႊဲပံု။

{{Zawgyi/Unicode}}

ဒီေန႔က်ေရာက္တဲ့ ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူး သႀကၤန္အၾကတ္ေန႔မွာလည္း ရန္ကုန္အပါအဝင္ ၿမိဳ႕အမ်ားစုမွာ ေရပက္ကစားတာ၊ သႀကၤန္ပြဲဆင္ႏြဲတာေတြ မ႐ွိပါဘူး။ ျပည္သူအမ်ားကေတာ့ သႀကၤန္ပြဲအစား စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ သပိတ္ေမွာက္ သႀကၤန္ပြဲေတြကို အသီးသီးလုပ္ေနၾကပါတယ္။ ရန္ကုန္က လာတဲ့ သႀကၤန္အၾကတ္ေန႔အေၾကာင္း မဆုမြန္က ေျပာျပထားပါတယ္။

စစ္အာဏာသိမ္း ကာလအတြင္းမွာ က်ေရာက္တဲ့ ျမန္မာ့႐ိုးရာသၾကၤန္ကို ေပ်ာ္စရာမဟုတ္တဲ့ ေတာ္လွန္သႀကၤန္အျဖစ္ လူထုက ပုံေဖာ္ၿပီး ဆန္႔က်င္ ဆႏၵျပမႈေတြကို ဆက္လုပ္ေနၾကပါတယ္။ ဒီေန႔ အၾကတ္ေန႔မွာ ကားသႀကၤန္လုပ္ၾကဖို႔ ေဆာ္ၾသတိုက္တြန္းမႈေတြ႐ွိတာေၾကာင့္ တခ်ဳိ႕ေနရာေတြမွာကားေတြဆိုင္ကယ္ေတြနဲ႔ လွည့္လည္ၾကၿပီး ဟြန္းသံေတြ က်ယ္က်ယ္ေလာင္ေလာင္တီး ဆႏၵျပၾကသလို တခ်ိဳ႕ေနရာေတြမွာ ေသြးသပိတ္၊ လမ္းေလွ်ာက္ခ်ီတက္တဲ့သပိတ္ေတြ စသျဖင့္ ျမန္မာႏိုင္ငံတစ္ဝန္းက ေနရာအႏွံအျပားမွာ ျပဳလုပ္ခဲ့ၾကပါတယ္။

ရန္ကုန္မွာ လံုၿခံဳေရး၊ အစစ္အေဆး တင္းၾကပ္ေနတဲ့ ၾကားကပဲ ကားသပိတ္ဆင္ႏႊဲခဲ့ၾကပါတယ္။ အစစ္အေဆးေတြမ်ားေနတဲ့အတြက္ မေန႔ကေလာက္ေတာ့ ဆႏၵျပ အင္အားမမ်ားဘူးလို႔ အင္ဂ်င္နီယာသပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“သပိတ္က ဒီေန႔ကေလ ကားသပိတ္လုပ္ၾကတယ္ေပါ့ေႏွာ္။ တခ်ိဳ႕ကလည္း မုန္႔လုံးေရေပၚသပိတ္လုပ္ၾကတယ္ ရန္ကုန္မွာေတာ့။ လုပ္ေတာ့လုပ္တယ္၊ မေန႔က ေဆးသပိတ္ေလာက္ေတာ့ မမ်ားဘူးေပါ့ေလ။ နယ္ေျမအလိုက္ ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္း ေျပာက္က်ားစနစ္နဲ႔ လုပ္ၾကပါတယ္။ တစ္ေနရာတည္းမွာ အင္အားအမ်ားႀကီးနဲ႔ မႏၲေလးလို ဒီမွာေတာ့ အဲ့လိုလုပ္ၾကတာမရွိဘူးဗ်။ လုံၿခဳံေရးေတြက ပတ္ေနတယ္ဗ်၊ နာရီဝက္တစ္ခါေပါ့။ ရသေလာက္စစ္ေနတယ္၊ နံနက္ ၇ နာရီေလာက္ကတည္းကေပါ့။”

ကေလးၿမိဳ႕မွာေတာ့ ဒီကေန႔ အင္အား ၅၀၀ နီးပါးဆႏၵျပခဲ့ၾကပါတယ္။ လက္နက္ကိုင္တပ္ဖြဲ႕ေတြက လမ္းတိုင္းနီးပါးမွာ အတားအဆီးေတြ၊ ကင္းပုန္းေတြနဲ႔ ေစာင့္ၾကပ္ေနတာေတြရွိတာေၾကာင့္ အထိအခိုက္ အနည္းဆုံးျဖစ္ႏိုင္မယ့္ ေနရာေတြမွာေ႐ြးၿပီး ဆႏၵျပၾကရတာျဖစ္တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။ ကေလးၿမိဳ႕ ဒီကေန႔သပိတ္မွာ CDM လႈပ္ရွားမႈမွာပါဝင္တဲ့ သူရဲေကာင္းေတြအတြက္ လက္ခုတ္တီးၿပီး ဂုဏ္ျပဳတာ၊ က်ဆုံးသြားတဲ့ အာဇာနည္ေတြကို အေလးျပဳတာနဲ႔ သံခ်ပ္ထိုးတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

လက္ရွိ ကေလးၿမိဳ႕မွာ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ လူငယ္ေတြကို စစ္ဆင္ေရးသဖြယ္ နယ္ေျမရွင္းလင္းေရးေတြ ေတာက္ေလွ်ာက္လုပ္ေနတဲ့အတြက္ တိုက္ပြဲပုံစံေဖာ္ဖို႔ စီစဥ္ေနတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဆႏၵျပတာကေတာ့ ပုံမွန္ပါပဲ၊ သူတို႔ကေတာ့ လိုက္ရွာတယ္။ က်ေနာ္တို႔ လူစုခြဲတဲ့ေနရာထိကေတာ့ ေအးေအးေဆးေဆးဆႏၵျပလို႔ ၿပီးတယ္ဗ်။ က်ေနာ္တို႔ နယ္ကေတာ့ ပုံမွန္ပဲေပါ့၊ ရပ္ေက်းေတြမွာေတာ့ သီးသန္႔ေပါ့ေနာ္၊ အတာသၾကၤန္ ဆႏၵျပတာေတြလည္းရွိတယ္ဗ်။ သူတို႔က နယ္ေျမရွင္းလင္းေရးေတြေတာက္ေလွ်ာက္လုပ္ေနတယ္ေပါ့ေနာ္၊ က်ေနာ္တို႔သိသေရြ႕ အခုေတာင္ေျခဖက္ေတြကို တိမ္းေရွာင္သြားတဲ့ ေက်ာင္းသားအခ်ိဳ႕ရွိတယ္ဗ်၊ာ အိမ္ျပန္လို႔မရတဲ့သူေတြ။ အဲ့တာေတြကို ေတာက္ေလွ်ာက္ နယ္ေျမရွင္းလင္းေရးေတြလုပ္ေနတယ္။ စစ္ဆင္ေရးတစ္ခုလို၊ အဲ့တာေတာ့ ေတာ္ေတာ္ကို ဆိုးတယ္ဗ်။ က်ေနာ္တို႔ကေတာ့ ဆႏၵျပတဲ့ လမ္းစဥ္အတိုင္းကေတာ့ သြားေနမွာေပါ့ေႏွာ္။ ၿပီးေတာ့ က်ေနာ္တို႔က တိုက္ပြဲကိုလည္း ပုံစံေဖာ္ဖို႔ရွိပါတယ္ဗ်။ ကေလးၿမိဳ႕ကေတာ့ ဆက္ၿပီးေတာ့ တိုက္ေနအုံးမွာပါဗ်။”

တနသၤာရီတိုင္၊း ထားဝယ္ၿမိဳ႕မွာလည္း ဒီကေန႔ မနက္ပိုင္းက မုန္႔လုံးေရေပၚေတြ၊ အတာအိုးေတြနဲ႔ သပိတ္စစ္ေၾကာင္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ညေန ၃ နာရီဝန္းက်င္ေလာက္မွာ ဆႏၵျပလူအင္အား ၃၀၀ ေလာက္နဲ႔ လွည့္လည္ဆႏၵျပဖို႔ စီစဥ္ထားေပမယ့္ လက္နက္ကိုင္တပ္ဖြဲ႕ေတြေရာက္လာၿပီး ပစ္ခတ္ခဲ့တာမွာ ထိခိုက္မႈေတာ့ မရွိခဲ့ဘူးလို႔ ထားဝယ္သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက VOA ကို ခုလိုေျပာပါတယ္။

“ညေန ၂ နာရီခြဲေလာက္မွာ စစ္ေၾကာင္းထြက္ဖို႔လုပ္တယ္။ လက္ဝဲေၾကာဆိုတဲ့ ရပ္ကြက္မွာ စစ္ေၾကာင္းထြက္ဖို႔လုပ္တာနဲ႔ လုံၿခဳံေရးတပ္ေတြေရာက္လာၿပီး မထြက္ျဖစ္လိုက္ဘူးေပါ့။ မထြက္ျဖစ္လိုက္ဘဲနဲ႔ အာ႐ုံလႊဲတဲ့အေနနဲ႔ ဆိုင္ကယ္သပိတ္စစ္ေၾကာင္းက ထြက္တယ္၊ ထြက္တဲ့ခါမွာ ဆိုင္ကယ္ သပိတ္စစ္ေၾကာင္းကို ေသနတ္ေတြနဲ႔ ပစ္တယ္။ ထိခိုက္ဒဏ္ရာ ရတာေတာ့ မရွိဘူး။ အခုေလာေလာဆယ္ အဲ့မွာ လူစုခြဲၿပီးေတာ့ တျခားရပ္ကြက္မွာ ျပန္ထြက္ႏိုင္ဖို႔ ႀကိဳးစားေနၾကတယ္။ ဒီေန႔ဆို သပိတ္စစ္ေၾကာင္းထြက္လို႔ကို မရေအာင္ စစ္ကားေတြ ရပ္ကြက္ေတြထဲမွာ တစ္လမ္းဝင္တစ္လမ္းထြက္ ပတ္တေရာင္ လွည့္ေနတဲ့အခ်ိန္မွာ မရရေအာင္ လူစုၿပီး ထြက္ဖို႔လုပ္ၾကတယ္၊ ဒါေပမယ့္ မရတဲ့ခါက်ေတာ့ လက္ဝဲေၾကာရပ္ကြက္ကေန တျခားရပ္ကြက္ကိုေျပာင္းၿပီး ခ်က္ခ်င္း ျပန္ထြက္ႏိုင္ဖို႔လုပ္ေနၾကတယ္။ ခဏေနရင္ ႐ြာခံေတြနဲ႔ စစ္ေၾကာင္းနဲ႔ ေပါင္းၿပီးေတာ့ သံခ်ပ္ထိုးၾကမယ္။”

ေ႐ြဘို၊ မုံ႐ြာ၊ ျမင္းၿခံ၊ ပုဂံ၊ ဖားကန္႔၊ မိတၳီလာ စတဲ့ ျမန္မာႏိုင္ငံ တိုင္းနဲ႔ျပည္နယ္အႏွံ႔က ေနရာအစုံမွာ ကားသပိတ္၊ ဆိုင္ကယ္သပိတ္၊ ေဆးသပိတ္၊ မုန္႔လုံးေရေပၚသပိတ္၊ ဝမ္းနည္းျခင္းသပိတ္၊ ေစ်းသပိတ္ စသျဖင့္ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြကို ပုံစံမ်ိဳးစုံနဲ႔ ျပဳလုပ္ခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ေသဆုံးသူ ၇၀၀ ေက်ာ္၊ ဖမ္းဆီးခံရသူ ၃,၀၀၀ ေက်ာ္ ႐ွိေနခ်ိန္မွာ ေပ်ာ္စရာသၾကၤန္ မဟုတ္တဲ့ ေတာ္လွန္သၾကၤန္လုပ္ၾကဖုိ႔ ဆႏၵျပသူေတြက ေဆာ္ၾသေနၾကတာပါ။

သႀကၤန္အႀကိဳေန႔က အတာအိုးေတြေပၚမွာ စစ္အာဏာရွင္ကိုေတာ္လွန္တဲ့ စာသားေတြေရးၿပီး အတာအိုးသပိတ္ကို ဆင္ႏႊဲခဲ့ၾကသလို သႀကၤန္အက်ေန႔ မေန႔ကလည္း ေႏြဦးေတာ္လွန္ေရးမွာ စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္ေတြရဲ႕ အၾကမ္းဖက္မႈေၾကာင့္ က်ဆုံးခဲ့ၾကသူေတြကို ေအာင့္ေမ့တသတဲ့အေနနဲ႔ အနီေရာင္ေဆးေတြကို ပက္ျဖန္းၿပီး ေသြးမတိတ္သပိတ္အျဖစ္ ေတာ္လွန္သၾကၤန္ကို ဆင္ႏႊဲခဲ့ၾကပါတယ္။

မနက္ျဖန္ အတက္ေန႔မွာေတာ့ ဝမ္းနည္းျခင္းသပိတ္၊ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ ဆုေတာင္းသပိတ္အျဖစ္ ဆင္ႏႊဲၾကဖို႔ ဆႏၵျပပဲြ ဦးေဆာင္သူေတြက တိုက္တြန္းထားၾကပါတယ္။

.............................

သပိတ္ေမွာက္ ဆႏၵျပပြဲမ်ားနဲ႔ သၾကၤန္အၾကတ္ေန႔
please wait

No media source currently available

0:00 0:05:10 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဒီနေ့ကျရောက်တဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အကြတ်နေ့မှာလည်း ရန်ကုန်အပါအဝင် မြို့အများစုမှာ ရေပက်ကစားတာ၊ သင်္ကြန်ပွဲဆင်နွဲတာတွေ မရှိပါဘူး။ ပြည်သူအများကတော့ သင်္ကြန်ပွဲအစား စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သပိတ်မှောက် သင်္ကြန်ပွဲတွေကို အသီးသီးလုပ်နေကြပါတယ်။ ရန်ကုန်က လာတဲ့ သင်္ကြန်အကြတ်နေ့အကြောင်း မဆုမွန်က ပြောပြထားပါတယ်။

စစ်အာဏာသိမ်း ကာလအတွင်းမှာ ကျရောက်တဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ပျော်စရာမဟုတ်တဲ့ တော်လှန်သင်္ကြန်အဖြစ် လူထုက ပုံဖော်ပြီး ဆန့်ကျင် ဆန္ဒပြမှုတွေကို ဆက်လုပ်နေကြပါတယ်။ ဒီနေ့ အကြတ်နေ့မှာ ကားသင်္ကြန်လုပ်ကြဖို့ ဆော်သြတိုက်တွန်းမှုတွေရှိတာကြောင့် တချို့နေရာတွေမှာကားတွေဆိုင်ကယ်တွေနဲ့ လှည့်လည်ကြပြီး ဟွန်းသံတွေ ကျယ်ကျယ်လောင်လောင်တီး ဆန္ဒပြကြသလို တချို့နေရာတွေမှာ သွေးသပိတ်၊ လမ်းလျှောက်ချီတက်တဲ့သပိတ်တွေ စသဖြင့် မြန်မာနိုင်ငံတစ်ဝန်းက နေရာအနှံအပြားမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မှာ လုံခြုံရေး၊ အစစ်အဆေး တင်းကြပ်နေတဲ့ ကြားကပဲ ကားသပိတ်ဆင်နွှဲခဲ့ကြပါတယ်။ အစစ်အဆေးတွေများနေတဲ့အတွက် မနေ့ကလောက်တော့ ဆန္ဒပြ အင်အားမများဘူးလို့ အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“သပိတ်က ဒီနေ့ကလေ ကားသပိတ်လုပ်ကြတယ်ပေါ့နှော်။ တချို့ကလည်း မုန့်လုံးရေပေါ်သပိတ်လုပ်ကြတယ် ရန်ကုန်မှာတော့။ လုပ်တော့လုပ်တယ်၊ မနေ့က ဆေးသပိတ်လောက်တော့ မများဘူးပေါ့လေ။ နယ်မြေအလိုက် မြို့နယ်တိုင်း မြို့နယ်တိုင်း ပြောက်ကျားစနစ်နဲ့ လုပ်ကြပါတယ်။ တစ်နေရာတည်းမှာ အင်အားအများကြီးနဲ့ မန္တလေးလို ဒီမှာတော့ အဲ့လိုလုပ်ကြတာမရှိဘူးဗျ။ လုံခြုံရေးတွေက ပတ်နေတယ်ဗျ၊ နာရီဝက်တစ်ခါပေါ့။ ရသလောက်စစ်နေတယ်၊ နံနက် ၇ နာရီလောက်ကတည်းကပေါ့။”

ကလေးမြို့မှာတော့ ဒီကနေ့ အင်အား ၅၀၀ နီးပါးဆန္ဒပြခဲ့ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက လမ်းတိုင်းနီးပါးမှာ အတားအဆီးတွေ၊ ကင်းပုန်းတွေနဲ့ စောင့်ကြပ်နေတာတွေရှိတာကြောင့် အထိအခိုက် အနည်းဆုံးဖြစ်နိုင်မယ့် နေရာတွေမှာရွေးပြီး ဆန္ဒပြကြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ကလေးမြို့ ဒီကနေ့သပိတ်မှာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သူရဲကောင်းတွေအတွက် လက်ခုတ်တီးပြီး ဂုဏ်ပြုတာ၊ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြုတာနဲ့ သံချပ်ထိုးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိ ကလေးမြို့မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တွေကို စစ်ဆင်ရေးသဖွယ် နယ်မြေရှင်းလင်းရေးတွေ တောက်လျှောက်လုပ်နေတဲ့အတွက် တိုက်ပွဲပုံစံဖော်ဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဆန္ဒပြတာကတော့ ပုံမှန်ပါပဲ၊ သူတို့ကတော့ လိုက်ရှာတယ်။ ကျနော်တို့ လူစုခွဲတဲ့နေရာထိကတော့ အေးအေးဆေးဆေးဆန္ဒပြလို့ ပြီးတယ်ဗျ။ ကျနော်တို့ နယ်ကတော့ ပုံမှန်ပဲပေါ့၊ ရပ်ကျေးတွေမှာတော့ သီးသန့်ပေါ့နော်၊ အတာသင်္ကြန် ဆန္ဒပြတာတွေလည်းရှိတယ်ဗျ။ သူတို့က နယ်မြေရှင်းလင်းရေးတွေတောက်လျှောက်လုပ်နေတယ်ပေါ့နော်၊ ကျနော်တို့သိသရွေ့ အခုတောင်ခြေဖက်တွေကို တိမ်းရှောင်သွားတဲ့ ကျောင်းသားအချို့ရှိတယ်ဗျ၊ာ အိမ်ပြန်လို့မရတဲ့သူတွေ။ အဲ့တာတွေကို တောက်လျှောက် နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်။ စစ်ဆင်ရေးတစ်ခုလို၊ အဲ့တာတော့ တော်တော်ကို ဆိုးတယ်ဗျ။ ကျနော်တို့ကတော့ ဆန္ဒပြတဲ့ လမ်းစဉ်အတိုင်းကတော့ သွားနေမှာပေါ့နှော်။ ပြီးတော့ ကျနော်တို့က တိုက်ပွဲကိုလည်း ပုံစံဖော်ဖို့ရှိပါတယ်ဗျ။ ကလေးမြို့ကတော့ ဆက်ပြီးတော့ တိုက်နေအုံးမှာပါဗျ။”

တနင်္သာရီတိုင်၊း ထားဝယ်မြို့မှာလည်း ဒီကနေ့ မနက်ပိုင်းက မုန့်လုံးရေပေါ်တွေ၊ အတာအိုးတွေနဲ့ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဆန္ဒပြလူအင်အား ၃၀၀ လောက်နဲ့ လှည့်လည်ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေရောက်လာပြီး ပစ်ခတ်ခဲ့တာမှာ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ထားဝယ်သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက VOA ကို ခုလိုပြောပါတယ်။

“ညနေ ၂ နာရီခွဲလောက်မှာ စစ်ကြောင်းထွက်ဖို့လုပ်တယ်။ လက်ဝဲကြောဆိုတဲ့ ရပ်ကွက်မှာ စစ်ကြောင်းထွက်ဖို့လုပ်တာနဲ့ လုံခြုံရေးတပ်တွေရောက်လာပြီး မထွက်ဖြစ်လိုက်ဘူးပေါ့။ မထွက်ဖြစ်လိုက်ဘဲနဲ့ အာရုံလွှဲတဲ့အနေနဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းက ထွက်တယ်၊ ထွက်တဲ့ခါမှာ ဆိုင်ကယ် သပိတ်စစ်ကြောင်းကို သေနတ်တွေနဲ့ ပစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ အခုလောလောဆယ် အဲ့မှာ လူစုခွဲပြီးတော့ တခြားရပ်ကွက်မှာ ပြန်ထွက်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒီနေ့ဆို သပိတ်စစ်ကြောင်းထွက်လို့ကို မရအောင် စစ်ကားတွေ ရပ်ကွက်တွေထဲမှာ တစ်လမ်းဝင်တစ်လမ်းထွက် ပတ်တရောင် လှည့်နေတဲ့အချိန်မှာ မရရအောင် လူစုပြီး ထွက်ဖို့လုပ်ကြတယ်၊ ဒါပေမယ့် မရတဲ့ခါကျတော့ လက်ဝဲကြောရပ်ကွက်ကနေ တခြားရပ်ကွက်ကိုပြောင်းပြီး ချက်ချင်း ပြန်ထွက်နိုင်ဖို့လုပ်နေကြတယ်။ ခဏနေရင် ရွာခံတွေနဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီးတော့ သံချပ်ထိုးကြမယ်။”

ရွေဘို၊ မုံရွာ၊ မြင်းခြံ၊ ပုဂံ၊ ဖားကန့်၊ မိတ္ထီလာ စတဲ့ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အနှံ့က နေရာအစုံမှာ ကားသပိတ်၊ ဆိုင်ကယ်သပိတ်၊ ဆေးသပိတ်၊ မုန့်လုံးရေပေါ်သပိတ်၊ ဝမ်းနည်းခြင်းသပိတ်၊ ဈေးသပိတ် စသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၇၀၀ ကျော်၊ ဖမ်းဆီးခံရသူ ၃,၀၀၀ ကျော် ရှိနေချိန်မှာ ပျော်စရာသင်္ကြန် မဟုတ်တဲ့ တော်လှန်သင်္ကြန်လုပ်ကြဖို့ ဆန္ဒပြသူတွေက ဆော်သြနေကြတာပါ။

သင်္ကြန်အကြိုနေ့က အတာအိုးတွေပေါ်မှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ စာသားတွေရေးပြီး အတာအိုးသပိတ်ကို ဆင်နွှဲခဲ့ကြသလို သင်္ကြန်အကျနေ့ မနေ့ကလည်း နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ကြသူတွေကို အောင့်မေ့တသတဲ့အနေနဲ့ အနီရောင်ဆေးတွေကို ပက်ဖြန်းပြီး သွေးမတိတ်သပိတ်အဖြစ် တော်လှန်သင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ်။

မနက်ဖြန် အတက်နေ့မှာတော့ ဝမ်းနည်းခြင်းသပိတ်၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဆုတောင်းသပိတ်အဖြစ် ဆင်နွှဲကြဖို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက တိုက်တွန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG