သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးသူငယ္ မေရွာင္ ဆက္လက္ပစ္ခတ္ေနမႈ ႏိုင္ငံတကာ စိုးရိမ္မႈျမင္႔တက္


ေဖေဖာ္၀ါရီ ၂၈ ရက္ေန႔က ရန္ကုန္ ဆႏၵျပသူမ်ားကို ရဲက အၾကမ္းဖက္ ႏွိမ္နင္းစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကေလးငယ္ေတြအပါအ၀င္ ဆႏၵျပျပည္သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က က်ည္အစစ္ေတြနဲ႔ အင္အားသုံး ႏွိမ္ႏွင္းေနတဲ့အေပၚ ကုလသမဂၢအဖြဲ႔အစည္းအေတြနဲ႔ ႏုိင္ငံတကာရဲ ႔ စိုးရိမ္ခ်က္ ေတြျမင့္တက္လာေနပါတယ္။

“ ကေလးငယ္ေတြအေပၚမွာေတာင္ ျမန္မာစစ္တပ္က က်ည္အစစ္ေတြနဲ႔ သုံးၿပီး ဆက္လက္ ႏွိမ္ႏွင္းေနတဲ့အတြက္ ျမန္မာေရာက္ ကုလသမဂၢ၀န္ထမ္းေတြက အလြန္စိုးရိမ္ေနၾကပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႔ေတြအေနနဲ႔ ကေလးငယ္ေတြနဲ႔လူငယ္လူရြယ္ေတြ ထိခိုက္ေစမယ့္နည္းလမ္းေတြနဲ႔ အၾကမ္းဖက္တာမ်ိဳး မလုပ္ဖို႔ ျမန္မာ ကုလသမဂၢအဖြဲ႔က ဆက္ၿပီးတုိက္တြန္းေတာင္းဆိုပါတယ္။ ဧၿပီလ ၁၃ ရက္ေန႔က UNICEF ရဲ ႔ထုတ္ျပန္ခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႔ရဲ ႔လက္ခ်က္နဲ႔ ေသဆုံးခဲ့ရတဲ့ ကေလးငယ္ ၅၁ ေယာက္ထက္မနည္းရွိၿပီး မဆင္မျခင္ဖမ္းဆီးခံထားရသူေတြထဲမွာ အရြယ္မေရာက္ေသးတဲ့သူ ၁၀၀၀ ထက္မနည္းပါ၀င္တာကိုေတြ႔ရပါတယ္ “ လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္႐ုံးေျပာခြင့္ရသူ Stephane Dujarric က ေန႔စဥ္သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီးက ျမန္မာႏိုင္ငံတြင္းက အေျခအေနကို ဆီးရီးယားႏုိင္ငံနဲ႔ ႏႈိင္းယွဥ္ေျပာဆိုလိုက္တဲ့ေန႔ထဲမွာပဲ ကုလအတြင္းေရးမွဴးခ်ဳပ္ရုံး ေျပာခြင့္ရသူ Dujarric ရဲ ႔ေျပာဆိုခ်က္ ထြက္လာတာလည္း ျဖစ္ပါတယ္။

ျမန္မာစစ္တပ္က သူ႔ျပည္သူေတြကို အၾကမ္းဖက္သတ္ျဖတ္ေနတာကို ႏိုင္ငံတကာက ထိထိေရာက္ မဟန္႔တားဘူးဆိုရင္ ဆီးရီးယားႏိုင္ငံမွာ ၂၀၁၁ ခုႏွစ္က ၾကဳံေတြ႕ရတဲ့ ေဘးဒုကၡအႏၲရာယ္မ်ဳိး၊ လူေတြ သန္းနဲ႔ခ်ီေဘးဒုကၡ ေရာက္ရတဲ့ အမွားေတြ ထပ္ၾကဳံရလိမ့္မယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က ဧၿပီလ ၁၃ ရက္ေန႔မွာပဲ သတိေပးထားပါတယ္။ ဆီးရီးယားမွာ ေပၚေပါက္ခဲ့သလို ေသြးထြက္သံယိုအမွားမိ်ဳးေတြ ဘယ္ေနရာမွာမွ ထပ္ၿပီးေပၚေပါက္မလာေအာင္ ႏုိင္ငံေတြအေနနဲ႔ ၀ိုင္း၀န္း ဟန္႔တားၾကဖို႔လည္း ကုလမဟာမင္းႀကီးက ေၾကညာခ်က္ထုတ္ တုိက္တြန္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ကလေးသူငယ် မရှောင် ဆက်လက်ပစ်ခတ်နေမှု နိုင်ငံတကာ စိုးရိမ်မှုမြင့်တက်

(Unicode)

မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ အင်အားသုံး နှိမ်နှင်းနေတဲ့အပေါ် ကုလသမဂ္ဂအဖွဲ့အစည်းအတွေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက် တွေမြင့်တက်လာနေပါတယ်။

“ ကလေးငယ်တွေအပေါ်မှာတောင် မြန်မာစစ်တပ်က ကျည်အစစ်တွေနဲ့ သုံးပြီး ဆက်လက် နှိမ်နှင်းနေတဲ့အတွက် မြန်မာရောက် ကုလသမဂ္ဂဝန်ထမ်းတွေက အလွန်စိုးရိမ်နေကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကလေးငယ်တွေနဲ့လူငယ်လူရွယ်တွေ ထိခိုက်စေမယ့်နည်းလမ်းတွေနဲ့ အကြမ်းဖက်တာမျိုး မလုပ်ဖို့ မြန်မာ ကုလသမဂ္ဂအဖွဲ့က ဆက်ပြီးတိုက်တွန်းတောင်းဆိုပါတယ်။ ဧပြီလ ၁၃ ရက်နေ့က UNICEF ရဲ့ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ကလေးငယ် ၅၁ ယောက်ထက်မနည်းရှိပြီး မဆင်မခြင်ဖမ်းဆီးခံထားရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့သူ ၁၀၀၀ ထက်မနည်းပါဝင်တာကိုတွေ့ရပါတယ် “ လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရသူ Stephane Dujarric က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာနိုင်ငံတွင်းက အခြေအနေကို ဆီးရီးယားနိုင်ငံနဲ့ နှိုင်းယှဉ်ပြောဆိုလိုက်တဲ့နေ့ထဲမှာပဲ ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Dujarric ရဲ့ပြောဆိုချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ဧပြီလ ၁၃ ရက်နေ့မှာပဲ သတိပေးထားပါတယ်။ ဆီးရီးယားမှာ ပေါ်ပေါက်ခဲ့သလို သွေးထွက်သံယိုအမှားမျိုးတွေ ဘယ်နေရာမှာမှ ထပ်ပြီးပေါ်ပေါက်မလာအောင် နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်း ဟန့်တားကြဖို့လည်း ကုလမဟာမင်းကြီးက ကြေညာချက်ထုတ် တိုက်တွန်းထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG