သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ငယ္မွာ ပစ္ခတ္ၿဖိဳခြဲမႈ ၆ ဦးထက္မနည္း ေသဆံုး


CDM လုပ္ေဆာင္ၾကဖို႔ ဆႏၵျပၾကစဥ္ (ေဖေဖာ္ဝါရီ ၂၂၊ ၂ဝ၂၁)

{{Zawgyi/Unicode}}

မႏၱေလးတိုင္းေဒသႀကီး ျမစ္ငယ္ၿမိဳ႕မွာ CDM ျပဳလုပ္တဲ့ မီးရထားဌာနက အင္ဂ်င္နီယာကို စစ္တပ္နဲ႔ ရဲက လာေရာက္ဖမ္းဆီးတာေၾကာင့္ ျပန္လႊတ္ေပးဖို႔ ၿမိဳ႕ခံေတြက ေတာင္းဆိုတာကို စစ္တပ္နဲ႕ရဲကပစ္ခတ္တာေၾကာင့္ ၆ ဦးထက္ မနည္းေသဆံုးၿပီး ဒဏ္ရာရသူေတြလည္းရွိသလို ဖမ္းဆီးခံရတာေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း မႏၲေလးကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

၀န္ထမ္းအမ်ားစုရွိတဲ့ မႏၱေလးတိုင္းေဒသႀကီး ျမစ္ငယ္ၿမိဳ႕မွာ CDM လႈပ္ရွားမႈထဲပါတဲ့ မီးရထားက အင္ဂ်င္နီယာကို ဧၿပီ ၁၃ ရက္ေန႔ညပိုင္းက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတာေၾကာင့္ ျပန္လႊတ္ေပးဖို႔ ၿမိဳ႕ခံေတြက သြားေရာက္ ေတာင္းဆိုခ်ိန္ စစ္တပ္နဲ႔ရဲက ပစ္ခတ္တာေၾကာင့္ ေသဆံုးရတဲ့အေျခအေနကို ျမစ္ငယ္ ၿမိဳ႕ခံ တစ္ဦးက အတည္ျပဳ ေျပာဆိုပါတယ္။

“က်ေနာ္တို႔ လက္ေထာက္အင္ဂ်င္နီယာ ကိုေဌးလံုးကို လာဖမ္းေခၚသြားတာ။ ဖမ္းေခၚသြားၿပီး သူတို႔က ျမစ္ငယ္ ရဲစခန္းထဲကို ၀င္သြားတယ္။ ဖမ္းေခၚသြားေတာ့ ကြ်န္ေတာ္တို႔က ျပန္လႊတ္ေပးဖို႔အတြက္ လူေတြ စုၿပီးေတာ့မွ သြားတယ္။ သြားတာကို လမ္းတ၀က္ေလာက္ပဲရွိေသးတယ္ သူတို႔က စခန္းထဲကေန ျမင္ေနတာ ျဖစ္တာအတြက္ေၾကာင့္ က်ေနာ္တို႔ကို ေတာက္ေလွ်ာက္ တရစပ္ပစ္ခတ္တယ္။ ပစ္ေတာ့ ကြ်န္ေတာ္တို႔က ဘယ္လိုမွ အနားလည္း ကပ္လို႔မရဘူး။ ရာဘာက်ည္နဲ႔မဟုတ္ဘူး။ တကယ့္က်ည္အစစ္ေတြနဲ႔ကို ပစ္တာ။ ၆ ေယာက္က်တယ္။ ဥယ်ာဥ္ေတာ္မွာတေယာက္ ဒႏံုးရယ္ ေအာင္မဂၤလာရယ္ အဲ့မွာရွိတဲ့ ကေလးေတြေပါ့။ ကေလးေတြဆိုတာ လူလတ္ပိုင္းေလးေတြေပါ့။ ဖမ္းဆီးေခၚေဆာင္သြားတာ ကြ်န္ေတာ္တို႔မ်က္ျမင္ ၃၀ ေက်ာ္ေက်ာ္ေလာက္ ပါသြားတယ္။ က်ည္ဆံမွန္ထားတာ ခန္႔မွန္းေခ်ေျပာရရင္ေတာ့ ၁၅ ေယာက္ေလာက္ရွိတယ္။”

အခုလို ဧၿပီ ၁၃ ရက္ေန႔ ညပိုင္း ပစ္ခတ္မႈေတြ ျပဳလုပ္ၿပီး အေျခအေန တည္ၿငိမ္သြားေပမယ့္ ဒီကေန႔ ဧၿပီ ၁၄ ရက္ ေန႔လည္ပိုင္းမွာ ပစ္ခတ္မႈေတြ ထပ္မံျပဳလုပ္တဲ့အတြက္ ၂ ဦး က်ည္ဆံထိမွန္ထားတာရွိတယ္လို႔ ၿမိဳ႕ခံက ေျပာပါတယ္။

“သူတို႔က ၂ နာရီေလာက္မွာ ၀င္လာတာခင္ဗ်။ ပစ္ခတ္မႈေတြက ဘယ္လိုလဲဆိုေတာ့ က်ေနာ္တို႔ ကာထားတာေတြရွိတယ္။ အေစာႀကီးကတည္းက ကာထားတာ၊ သဲအိတ္ေတြ ကာထားတာရွိတယ္။ ရွိေတာ့ ဘူဒိုဇာေတြေကာ ေခၚလာၿပီးေတာ့မွ လာၿဖိဳဖ်က္ၿပီး သူတို႔က ဖ်က္တဲ့အျပင္ ရိုးရိုးတန္းတန္း လမ္းဖ်က္တာ မဟုတ္ဘူးဗ်ာ၊ ပစ္ရင္းနဲ႔ အဲ့လိုၿဖိဳသြားတာ၊ အဲ့မွာ အကုန္လံုးက ရုတ္ရုတ္ေတြ ျဖစ္ကုန္တာ ထိတာေတာ့ ၂ ေယာက္ထိထားတာ ေသခ်ာတယ္။”

က်ည္ဆံထိမွန္သူထဲမွာ ေသဆံုးသူရွိတယ္လို႔ သတင္းရရွိေပမယ့္ သီျခားအတည္ျပဳခ်က္ေတာ့မရပါဘူး။ ျမစ္ငယ္ၿမိဳ႕ဟာ မီးရထား၀န္ထမ္းေတြ အမ်ားစုရွိၿပီး လက္ရွိအခ်ိန္မွာ CDM လုပ္ေနတဲ့ ၀န္ထမ္း ၁,၆၀၀ ေက်ာ္ရွိပါတယ္။

ဒါ့အျပင္ စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ လူ ၈၀ ေက်ာ္ ေသဆံုးခဲ့တဲ့ ပဲခူးၿမိဳ႕မွာေတာ့ ဆႏၵျပပြဲေတြ ဆက္ရွိေနၿပီး ပစ္ခတ္မႈေတြမရွိေတာ့ေပမယ့္ ဆႏၵျပပြဲေတြမွာ ပါ၀င္သူေတြကို ဖမ္းဆီးတာေတြ ရွိေနၿပိး လမ္းမေတြမွာ အသြားအလာ ေျခာက္ကပ္ေနတယ္လို႔ ၿမိဳ႕ခံ တဦးကေျပာပါတယ္။

“ပဲခူးအေနာက္ဖက္ျခမ္းမွာေတာ့ ဆႏၵျပပြဲေလးေတြ လုပ္တာေတာ့ရွိတယ္။ ပစ္ခတ္မႈေတြေတာ့ မရွိေတာ့ဘူး။ ဖမ္းဆီးမႈေတြေတာ့ရွိတယ္။ ပထမရက္က ဆႏၵျပပြဲမွာ ပါတဲ့သူေတြကို လိုက္ၿပီးေတာ့ ဖမ္းတာေတြေတာ့ရွိတယ္။ နာမည္နဲ႔။ ၿမိဳ႕ေပၚမွာ လံုၿခံဳေရးအေျခအေနက ရွိတယ္ ဖုန္းေတြစစ္တာေတြရွိတယ္။ ပထမရက္ကထက္စာရင္ လံုၿခံဳေရးအင္အား နည္းနည္းေတာ့ နည္းသြားတယ္။ ဒါေပမယ့္ ရွိေနတုန္းပဲ။ ၿမိဳ႕ေပၚမွာေတာ့ သႀကၤန္အတြင္း လမ္းေပၚမွာ လူကေတာ့ လံုး၀မရွိဘူးေပါ့ဗ်ာ။ မနက္ပိုင္းမွာေတာ့ သပိတ္ေလးေတြေတာ့ ထြက္ၾကတယ္။ လုပ္ၾကတယ္။”

စစ္တပ္နဲ႔ရဲက ပစ္ခတ္တာၿဖိဳခြဲေပမယ့္လည္း ျမန္မာႏိုင္ငံတ၀န္းမွာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပတာေတြရွိေနဆဲပါပဲ။ ႏိုင္ငံတဝန္းမွာ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ေသဆံုးသူ ၇၂၀ ေက်ာ္ရွိၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူေပါင္းက ၃,၀၅၀ ေက်ာ္ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့မှာ CDM ပြုလုပ်တဲ့ မီးရထားဌာနက အင်ဂျင်နီယာကို စစ်တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုတာကို စစ်တပ်နဲ့ရဲကပစ်ခတ်တာကြောင့် ၆ ဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း မန္တလေးကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ဝန်ထမ်းအများစုရှိတဲ့ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့မှာ CDM လှုပ်ရှားမှုထဲပါတဲ့ မီးရထားက အင်ဂျင်နီယာကို ဧပြီ ၁၃ ရက်နေ့ညပိုင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက သွားရောက် တောင်းဆိုချိန် စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် သေဆုံးရတဲ့အခြေအနေကို မြစ်ငယ် မြို့ခံ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

“ကျနော်တို့ လက်ထောက်အင်ဂျင်နီယာ ကိုဌေးလုံးကို လာဖမ်းခေါ်သွားတာ။ ဖမ်းခေါ်သွားပြီး သူတို့က မြစ်ငယ် ရဲစခန်းထဲကို ဝင်သွားတယ်။ ဖမ်းခေါ်သွားတော့ ကျွန်တော်တို့က ပြန်လွှတ်ပေးဖို့အတွက် လူတွေ စုပြီးတော့မှ သွားတယ်။ သွားတာကို လမ်းတဝက်လောက်ပဲရှိသေးတယ် သူတို့က စခန်းထဲကနေ မြင်နေတာ ဖြစ်တာအတွက်ကြောင့် ကျနော်တို့ကို တောက်လျှောက် တရစပ်ပစ်ခတ်တယ်။ ပစ်တော့ ကျွန်တော်တို့က ဘယ်လိုမှ အနားလည်း ကပ်လို့မရဘူး။ ရာဘာကျည်နဲ့မဟုတ်ဘူး။ တကယ့်ကျည်အစစ်တွေနဲ့ကို ပစ်တာ။ ၆ ယောက်ကျတယ်။ ဥယျာဉ်တော်မှာတယောက် ဒနုံးရယ် အောင်မင်္ဂလာရယ် အဲ့မှာရှိတဲ့ ကလေးတွေပေါ့။ ကလေးတွေဆိုတာ လူလတ်ပိုင်းလေးတွေပေါ့။ ဖမ်းဆီးခေါ်ဆောင်သွားတာ ကျွန်တော်တို့မျက်မြင် ၃၀ ကျော်ကျော်လောက် ပါသွားတယ်။ ကျည်ဆံမှန်ထားတာ ခန့်မှန်းချေပြောရရင်တော့ ၁၅ ယောက်လောက်ရှိတယ်။”

အခုလို ဧပြီ ၁၃ ရက်နေ့ ညပိုင်း ပစ်ခတ်မှုတွေ ပြုလုပ်ပြီး အခြေအနေ တည်ငြိမ်သွားပေမယ့် ဒီကနေ့ ဧပြီ ၁၄ ရက် နေ့လည်ပိုင်းမှာ ပစ်ခတ်မှုတွေ ထပ်မံပြုလုပ်တဲ့အတွက် ၂ ဦး ကျည်ဆံထိမှန်ထားတာရှိတယ်လို့ မြို့ခံက ပြောပါတယ်။

“သူတို့က ၂ နာရီလောက်မှာ ဝင်လာတာခင်ဗျ။ ပစ်ခတ်မှုတွေက ဘယ်လိုလဲဆိုတော့ ကျနော်တို့ ကာထားတာတွေရှိတယ်။ အစောကြီးကတည်းက ကာထားတာ၊ သဲအိတ်တွေ ကာထားတာရှိတယ်။ ရှိတော့ ဘူဒိုဇာတွေကော ခေါ်လာပြီးတော့မှ လာဖြိုဖျက်ပြီး သူတို့က ဖျက်တဲ့အပြင် ရိုးရိုးတန်းတန်း လမ်းဖျက်တာ မဟုတ်ဘူးဗျာ၊ ပစ်ရင်းနဲ့ အဲ့လိုဖြိုသွားတာ၊ အဲ့မှာ အကုန်လုံးက ရုတ်ရုတ်တွေ ဖြစ်ကုန်တာ ထိတာတော့ ၂ ယောက်ထိထားတာ သေချာတယ်။”

ကျည်ဆံထိမှန်သူထဲမှာ သေဆုံးသူရှိတယ်လို့ သတင်းရရှိပေမယ့် သီခြားအတည်ပြုချက်တော့မရပါဘူး။ မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းတွေ အများစုရှိပြီး လက်ရှိအချိန်မှာ CDM လုပ်နေတဲ့ ဝန်ထမ်း ၁,၆၀၀ ကျော်ရှိပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့တဲ့ ပဲခူးမြို့မှာတော့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး ပစ်ခတ်မှုတွေမရှိတော့ပေမယ့် ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ ရှိနေပြိး လမ်းမတွေမှာ အသွားအလာ ခြောက်ကပ်နေတယ်လို့ မြို့ခံ တဦးကပြောပါတယ်။

“ပဲခူးအနောက်ဖက်ခြမ်းမှာတော့ ဆန္ဒပြပွဲလေးတွေ လုပ်တာတော့ရှိတယ်။ ပစ်ခတ်မှုတွေတော့ မရှိတော့ဘူး။ ဖမ်းဆီးမှုတွေတော့ရှိတယ်။ ပထမရက်က ဆန္ဒပြပွဲမှာ ပါတဲ့သူတွေကို လိုက်ပြီးတော့ ဖမ်းတာတွေတော့ရှိတယ်။ နာမည်နဲ့။ မြို့ပေါ်မှာ လုံခြုံရေးအခြေအနေက ရှိတယ် ဖုန်းတွေစစ်တာတွေရှိတယ်။ ပထမရက်ကထက်စာရင် လုံခြုံရေးအင်အား နည်းနည်းတော့ နည်းသွားတယ်။ ဒါပေမယ့် ရှိနေတုန်းပဲ။ မြို့ပေါ်မှာတော့ သင်္ကြန်အတွင်း လမ်းပေါ်မှာ လူကတော့ လုံးဝမရှိဘူးပေါ့ဗျာ။ မနက်ပိုင်းမှာတော့ သပိတ်လေးတွေတော့ ထွက်ကြတယ်။ လုပ်ကြတယ်။”

စစ်တပ်နဲ့ရဲက ပစ်ခတ်တာဖြိုခွဲပေမယ့်လည်း မြန်မာနိုင်ငံတဝန်းမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတာတွေရှိနေဆဲပါပဲ။ နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ ၇၂၀ ကျော်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၃,၀၅၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG