သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေကာင္စီလက္ထက္ မွ်တမႈမရွိတဲ့ တရားစီရင္ေရးပုံစံမ်ား


ရန္ကုန္ဆႏၵျပပဲြအတြင္း ဖမ္းဆီးခံရသူတဦး။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တိုင္းေဒသႀကီးအတြင္း စစ္အုပ္ခ်ဳပ္ေရး ေၾကျငာထားတဲ့ၿမိဳ႕နယ္ေတြမွာ စစ္ခုံ႐ုံးတင္ တရားစြဲခံရသူေတြကို ဖိအားေပး ဝန္ခံခိုင္းတာေတြ ႐ွိေနသလို ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္မရတာေတြမ်ဳိးေတြ ျဖစ္ေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ေျပာၾကားလိုက္ပါတယ္။ မ ွ်မ ွ်တတ မျဖစ္တဲ့ စီရင္မႈေတြ အေပၚ တရားလႊတ္ေတာ္ ေရွ႕ေနေတြကလည္း ေဝဖန္ေထာက္ျပေနၾကပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးမွာပါ။

ဆႏၵျပပဲြေတြ အ႐ွိန္ျမင့္ခဲ့တဲ့ ရန္ကုန္တိုင္းအတြင္းက လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ ဒဂုံ ၿမိဳ႕သစ္ (ေတာင္ပိုင္းၿမိဳ႕နယ္)၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္းၿမိဳ႕နယ္)၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္းၿမိဳ႕နယ္)နဲ႔ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တို႔ ကို န.စ.က စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒီၿမိဳ႕နယ္ေတြမွာ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ၊ အစိုးရကို အၾကည္ညိဳပ်က္ေအာင္ လုပ္မႈ၊ တပ္မေတာ္သားမ်ား ဒါမွမဟုတ္ အစိုးရ အမႈထမ္းမ်ားကို ဟန႔္တား ေႏွာင့္ယွက္မႈ အပါအဝင္ ျပစ္မႈအမ်ိဳးအစား ၂၃ မ်ိဳး က်ဴးလြန္ရင္ စစ္ခုံ႐ုံးနဲ႔ ေသဒဏ္၊ ႏွစ္အကန႔္အသတ္မရွိ အလုပ္နဲ႔ ေထာင္ဒဏ္၊ သက္ဆိုင္ရာ ျပစ္မႈအလိုက္ သတ္မွတ္ထားတဲ့ အျမင့္ဆုံး ျပစ္ဒဏ္ေတြကို ခ်မွတ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။ ျပစ္မႈစာရင္းထဲမွာ အာဏာသိမ္းၿပီး ေနာက္ ေဖေဖာ္ဝါရီလအတြင္း ျပ႒ာန္းခဲ့တဲ့ ျပစ္မႈသစ္ေတြကိုလည္း ထပ္တုိးခဲ့ပါတယ္။

လတ္တေလာ မာရွယ္ေလာလို႔ေခၚတဲ့ စစ္အုပ္ခ်ဳပ္ေရး နဲ႔ အုပ္ခ်ဳပ္ေနတဲ့ ဒီၿမိဳ႕နယ္ေတြ အတြင္းက ဖမ္းဆီးခံရ သူေတြဟာ အမႈအတြက္ ဖိအားေပး ဝန္ခံခိုင္းတာနဲ႔ ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္မရတာေတြ ႀကဳံေနရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ ဦးဆန္းမင္းက ဗီြအိုေအကိုေျပာပါတယ္။

"ေသခ်ာတာက မွ်တတဲ့ တရားစီရင္မႈ မရွိဘူး... စစ္ခုံ႐ုံးနဲ႔ အမိန႔္ခ်တာ။ ဖမ္းဆီးတဲ့အခါမွာလည္း အမႈဆင္ဖမ္းခံရတာ ျဖစ္မယ္။ အတင္းဖိအားေပး လက္မွတ္ထိုးၿပီး ဝင္ခံခိုင္းတာ ျဖစ္တယ္။ ေသခ်ာတာကေတာ့ မွ်တတဲ့ တရားစီရင္မႈမရွိဘူး။ က်ေနာ္တို႔ အျပင္ပန္းသ႑ာန္အရ သိသိသာသာ ညဥ္းပန္း ႏွိပ္စက္ခံရတာေတြေတြ႕ရတယ္။ ေတာ္ေတာ္ညႇဥ္းပန္းႏွိပ္စက္ခံၿပီး ဝန္ခံခိုင္းထားတဲ့ အေနအထားမ်ိဳးေတြ ရွိတယ္။ အမိန႔္ခ်တာမွာလည္း ခုခံပိုင္ခြင့္မရွိဘူး။ က်ေနာ္တို႔သုံးသပ္ခ်က္အရ စစ္မွန္တဲ့ တရားစီရင္မႈမဟုတ္ဘူး။ အမိန႔္ကို ခ်ခ်င္သလို ခ်ေနတာရွိတယ္။ ဥပေဒမွာ ျပဌာန္းထားတဲ့ အမိန႔္ေတြကို စံျပသေဘာမ်ိဳးနဲ႔ ခ်ေနတာလည္းျဖစ္တယ္။ ကာယကံရွင္ေတြ တရားမွ်တမႈက ခံစားမႈ မရွိဘူးဆိုတာေျပာလို႔ ရတယ္။"

စစ္ခုံ႐ုံးဆိုတာ စစ္အုပ္ခ်ဳပ္ေရးကာလအတြင္း အရပ္သားမ်ားကို တရားစြဲ ႐ုံးတင္ဖို႔ တပ္မေတာ္က ယာယီဖြဲ႕စည္းတဲ့ အထူးခုံ႐ုံးတခုပါ။ ဒီ အထူးခုံ႐ုံးကို လက္ရွိမွာ အင္းစိန္ေထာင္တြင္းမွာ ၿမိဳ႕နယ္အလိုက္ အထူးခုံ႐ုံး ၆ ခု သတ္မွတ္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း ေကာက္ယူႏိုင္တဲ့ စာရင္းအရ မာရွယ္ေလာ ထုတ္ထားတဲ့ ၿမိဳ႕နယ္ ၆ ခုမွာ အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပခဲ့လို႔ ဖမ္းဆီးခံထားရသူဟာ အေယာက္ ၂၀၀ ဝန္းက်င္ရွိႏိုင္ၿပီး ခန႔္မွန္းေျခ အေယာက္ ၃၀ နီးပါး စစ္ခုံ႐ုံးတင္ အမိန႔္ ခ်မွတ္ခံခဲ့ရပါတယ္။

မာရွယ္ေလာ ထုတ္ထားတဲ့ ဒီေနရာေတြမွာ ဖမ္းဆီးခံရသူ စာရင္းတိက်ရဖို႔ေတာင္ ခက္ခဲေနတာမို႔ ဒီစာရင္းဟာေျမျပင္ အေျခအေနထက္ ပိုမ်ားႏိုင္တယ္လို႔ ဦးဆန္းမင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ရာဇသတ္ႀကီး ပုဒ္မ ၃၉၆၊ ၃၉၇ နဲ႔ လူ ၁၉ ဦးကို အျမင့္ဆုံးျပစ္ဒဏ္ ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဗိုလ္ႀကီးတဦးနဲ႔ အတူပါသူတဦးကို ထိခိုက္ဒဏ္ရာရေစမႈ၊ လုယက္မႈေၾကာင့္ ဗိုလ္ႀကီးနဲ႔ အတူပါသူ ေသဆုံးခဲ့ရတဲ့အတြက္ အခုလိုျပစ္ဒဏ္ခ်ခဲ့တာလို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားပါတယ္။

ျပင္ပေရွ႕ေနေတြဆီက အကူအညီ ရယူခြင့္မရသလို ခုခံေခ်ပပိုင္ခြင့္လည္း မရတဲ့ ဒီၿမိဳ႕နယ္ ၆ ခုက ဖမ္းခံထားရသူေတြနဲ႔ ပတ္သတ္လို႔ ဘယ္ႏွစ္ေယာက္ကို ဘယ္လိုပုဒ္မေတြနဲ႔ အေရးယူမလဲ ယူထားသလဲဆိုတာ မသိရသလို ဘယ္ႏွေယာက္ကို ျပစ္ဒဏ္ခ် အေရးယူၿပီး ၿပီလဲဆိုတာေတာင္ စာရင္းမသိႏိုင္ဘူးလို႔ ဖမ္းဆီးခံရသူေတြကို ကူညီေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ျမင့္ကေျပာပါတယ္။ မ်က္ကြယ္စစ္ေဆးမႈေတြနဲ႔ တဘက္သတ္ စီရင္ခ်က္ခ်ခံရမႈေတြကို ခုခံေပးႏိုင္ဖို႔ ကာကြယ္ေပးႏိုင္ဖို႔ အေတာ္ေလးခက္ခဲေနတာမို႔ ဒီဖမ္းခံရသူ ေတြမွာ မွ်တတဲ့တရားစီရင္မႈ ခံစားခြင့္မရဘူးလို႔ ေျပာပါတယ္။

"အရပ္ဘက္ တရား႐ုံးေတြမွာ တရားသူႀကီးက တရားလို၊ တရားခံ ၂ ဘက္လုံးေပၚက တင္ျပလာတဲ့ သက္ေသေတြ၊ ေလွ်ာက္လဲခ်က္ေတြေပၚက ဆုံးျဖတ္ရတဲ့အတြက္ ဥပေဒနဲ႔ညီၫႊတ္ဖို႔ အမွန္တရားနဲ႔ နီးစပ္ဖို႔ ေမွ်ာ္လင့္လို႔ရတယ္။ စစ္ခံုရံုးထဲမွာက်ေတာ့ တရားလိုဘက္ကပဲ ခိုင္ခိုင္မာမာတင္ျပပိုင္ခြင့္ ရွိတယ္။ တရားခံဘက္ကက်ေတာ့ ေရွ႕ေနလိုက္ပါခြင့္မရွိဘူး။ သက္ေသတင္ျပပိုင္ခြင့္လည္း မရွိတဲ့အခါက်ေတာ့ ဥပေဒအရ ဆိုရင္ကာကြယ္ခုခံပိုင္ခြင့္မရဘူး။ ဥပေဒမွာက ျပစ္မႈတခုနဲ႔ စြပ္စြဲခံရၿပီဆိုရင္ စြပ္စြဲခံရသူဟာ ဥပေဒအရ ကာကြယ္ခုခံပိုင္ခြင့္အခြင့္အေရး အျပည့္အဝ ရရမယ္။ စစ္ခုံ႐ုံးအေနနဲ႔ လတ္တေလာစစ္တာမွာ အဓိကနစ္နာဆုံးရႈံးတာကေတာ့ စြပ္စြဲခံရသူေတြဟာ ဥပေဒနဲ႔အညီ ကာကြယ္ခုခံပိုင္ခြင့္ အျပည့္အဝမရတဲ့အတြက္ အင္မတန္ႀကီးမားတဲ့ ဥပေဒအရ ဆုံးရႈံးနစ္နာမႈကို ခံေနရတယ္လို႔ ဒီလိုပဲ သုံးသပ္လို႔ရပါတယ္။"

မၾကာေသးခင္ကလည္း ေျမာက္ဥကၠလာ စစ္ခုံ႐ုံးကေန အရပ္သား ၄ ဦးကို ဆႏၵျပစဥ္ တရား႐ုံးတြင္း ကြန္ပ်ဴတာ ၅လုံး၊ ဥပေဒစာအုပ္ေတြ၊ စာ႐ြက္စာတမ္းနဲ႔ တရား႐ုံးတြင္း ကားနဲ႔ ဆိုင္ကယ္တခ်ိဳ႕ ဖ်က္ဆီးမႈ ႏိုင္ငံပိုင္ ပစၥည္း ဖ်က္ဆီးမႈပုဒ္မ ၆(၁) နဲ႔ အျမင့္ဆုံး ျပစ္ဒဏ္ ၇ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ဒီၿမိဳ႕နယ္ေတြမွာ ေသဒဏ္နဲ႔ တျခားျပစ္ဒဏ္ေတြ ခ်မွတ္ခံရသူမ်ားအေနနဲ႔ အယူခံဝင္ပိုင္ခြင့္ ျပစ္မႈျပင္ဆင္ေလွ်ာက္ထားပိုင္ခြင့္ေတြ ရွိပါတယ္။ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး၊ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ သမၼတ တို႔ဆီအဆင့္ဆင့္ အယူခံေလ ွ်ာက္ထားႏုိင္ပါတယ္။ ဒါေပမဲ့ ျပစ္ဒဏ္ေတြကို ပယ္ဖ်က္၊ ျပင္ဆင္ႏိုင္သူေတြဟာ အာဏာခ်ဳပ္ကိုင္ထားသူေတြျဖစ္ေနတာေၾကာင့္ မွ်တမႈမရွိတဲ့ ဒီတရားစီရင္မႈ ရလဒ္နဲ႔ပဲ အဆုံးသတ္ႏိုင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနေတြက ေထာက္ျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဏာသိမ်းစစ်ကောင်စီလက်ထက် မျှတမှုမရှိတဲ့ တရားစီရင်ရေးပုံစံများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့မြို့နယ်တွေမှာ စစ်ခုံရုံးတင် တရားစွဲခံရသူတွေကို ဖိအားပေး ဝန်ခံခိုင်းတာတွေ ရှိနေသလို ဥပဒေကြောင်းအရ ခုခံချေပခွင့်မရတာတွေမျိုးတွေ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောကြားလိုက်ပါတယ်။ မ ျှမ ျှတတ မဖြစ်တဲ့ စီရင်မှုတွေ အပေါ် တရားလွှတ်တော် ရှေ့နေတွေကလည်း ဝေဖန်ထောက်ပြနေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးမှာပါ။

ဆန္ဒပြပွဲတွေ အရှိန်မြင့်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံ မြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)နဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့ ကို န.စ.က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီမြို့နယ်တွေမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်မှု၊ တပ်မတော်သားများ ဒါမှမဟုတ် အစိုးရ အမှုထမ်းများကို ဟန့်တား နှောင့်ယှက်မှု အပါအဝင် ပြစ်မှုအမျိုးအစား ၂၃ မျိုး ကျူးလွန်ရင် စစ်ခုံရုံးနဲ့ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြစ်မှုစာရင်းထဲမှာ အာဏာသိမ်းပြီး နောက် ဖေဖော်ဝါရီလအတွင်း ပြဋ္ဌာန်းခဲ့တဲ့ ပြစ်မှုသစ်တွေကိုလည်း ထပ်တိုးခဲ့ပါတယ်။

လတ်တလော မာရှယ်လောလို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်နေတဲ့ ဒီမြို့နယ်တွေ အတွင်းက ဖမ်းဆီးခံရ သူတွေဟာ အမှုအတွက် ဖိအားပေး ဝန်ခံခိုင်းတာနဲ့ ဥပဒေကြောင်းအရ ခုခံချေပခွင့်မရတာတွေ ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဦးဆန်းမင်းက ဗွီအိုအေကိုပြောပါတယ်။

"သေချာတာက မျှတတဲ့ တရားစီရင်မှု မရှိဘူး... စစ်ခုံရုံးနဲ့ အမိန့်ချတာ။ ဖမ်းဆီးတဲ့အခါမှာလည်း အမှုဆင်ဖမ်းခံရတာ ဖြစ်မယ်။ အတင်းဖိအားပေး လက်မှတ်ထိုးပြီး ဝင်ခံခိုင်းတာ ဖြစ်တယ်။ သေချာတာကတော့ မျှတတဲ့ တရားစီရင်မှုမရှိဘူး။ ကျနော်တို့ အပြင်ပန်းသဏ္ဍာန်အရ သိသိသာသာ ညဉ်းပန်း နှိပ်စက်ခံရတာတွေတွေ့ရတယ်။ တော်တော်ညှဉ်းပန်းနှိပ်စက်ခံပြီး ဝန်ခံခိုင်းထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အမိန့်ချတာမှာလည်း ခုခံပိုင်ခွင့်မရှိဘူး။ ကျနော်တို့သုံးသပ်ချက်အရ စစ်မှန်တဲ့ တရားစီရင်မှုမဟုတ်ဘူး။ အမိန့်ကို ချချင်သလို ချနေတာရှိတယ်။ ဥပဒေမှာ ပြဌာန်းထားတဲ့ အမိန့်တွေကို စံပြသဘောမျိုးနဲ့ ချနေတာလည်းဖြစ်တယ်။ ကာယကံရှင်တွေ တရားမျှတမှုက ခံစားမှု မရှိဘူးဆိုတာပြောလို့ ရတယ်။"

စစ်ခုံရုံးဆိုတာ စစ်အုပ်ချုပ်ရေးကာလအတွင်း အရပ်သားများကို တရားစွဲ ရုံးတင်ဖို့ တပ်မတော်က ယာယီဖွဲ့စည်းတဲ့ အထူးခုံရုံးတခုပါ။ ဒီ အထူးခုံရုံးကို လက်ရှိမှာ အင်းစိန်ထောင်တွင်းမှာ မြို့နယ်အလိုက် အထူးခုံရုံး ၆ ခု သတ်မှတ်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကောက်ယူနိုင်တဲ့ စာရင်းအရ မာရှယ်လော ထုတ်ထားတဲ့ မြို့နယ် ၆ ခုမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံထားရသူဟာ အယောက် ၂၀၀ ဝန်းကျင်ရှိနိုင်ပြီး ခန့်မှန်းခြေ အယောက် ၃၀ နီးပါး စစ်ခုံရုံးတင် အမိန့် ချမှတ်ခံခဲ့ရပါတယ်။

မာရှယ်လော ထုတ်ထားတဲ့ ဒီနေရာတွေမှာ ဖမ်းဆီးခံရသူ စာရင်းတိကျရဖို့တောင် ခက်ခဲနေတာမို့ ဒီစာရင်းဟာမြေပြင် အခြေအနေထက် ပိုများနိုင်တယ်လို့ ဦးဆန်းမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်မှာ ရာဇသတ်ကြီး ပုဒ်မ ၃၉၆၊ ၃၉၇ နဲ့ လူ ၁၉ ဦးကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ကြီးတဦးနဲ့ အတူပါသူတဦးကို ထိခိုက်ဒဏ်ရာရစေမှု၊ လုယက်မှုကြောင့် ဗိုလ်ကြီးနဲ့ အတူပါသူ သေဆုံးခဲ့ရတဲ့အတွက် အခုလိုပြစ်ဒဏ်ချခဲ့တာလို့ စစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြင်ပရှေ့နေတွေဆီက အကူအညီ ရယူခွင့်မရသလို ခုခံချေပပိုင်ခွင့်လည်း မရတဲ့ ဒီမြို့နယ် ၆ ခုက ဖမ်းခံထားရသူတွေနဲ့ ပတ်သတ်လို့ ဘယ်နှစ်ယောက်ကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူမလဲ ယူထားသလဲဆိုတာ မသိရသလို ဘယ်နှယောက်ကို ပြစ်ဒဏ်ချ အရေးယူပြီး ပြီလဲဆိုတာတောင် စာရင်းမသိနိုင်ဘူးလို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကပြောပါတယ်။ မျက်ကွယ်စစ်ဆေးမှုတွေနဲ့ တဘက်သတ် စီရင်ချက်ချခံရမှုတွေကို ခုခံပေးနိုင်ဖို့ ကာကွယ်ပေးနိုင်ဖို့ အတော်လေးခက်ခဲနေတာမို့ ဒီဖမ်းခံရသူ တွေမှာ မျှတတဲ့တရားစီရင်မှု ခံစားခွင့်မရဘူးလို့ ပြောပါတယ်။

"အရပ်ဘက် တရားရုံးတွေမှာ တရားသူကြီးက တရားလို၊ တရားခံ ၂ ဘက်လုံးပေါ်က တင်ပြလာတဲ့ သက်သေတွေ၊ လျှောက်လဲချက်တွေပေါ်က ဆုံးဖြတ်ရတဲ့အတွက် ဥပဒေနဲ့ညီညွှတ်ဖို့ အမှန်တရားနဲ့ နီးစပ်ဖို့ မျှော်လင့်လို့ရတယ်။ စစ်ခုံရုံးထဲမှာကျတော့ တရားလိုဘက်ကပဲ ခိုင်ခိုင်မာမာတင်ပြပိုင်ခွင့် ရှိတယ်။ တရားခံဘက်ကကျတော့ ရှေ့နေလိုက်ပါခွင့်မရှိဘူး။ သက်သေတင်ပြပိုင်ခွင့်လည်း မရှိတဲ့အခါကျတော့ ဥပဒေအရ ဆိုရင်ကာကွယ်ခုခံပိုင်ခွင့်မရဘူး။ ဥပဒေမှာက ပြစ်မှုတခုနဲ့ စွပ်စွဲခံရပြီဆိုရင် စွပ်စွဲခံရသူဟာ ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်အခွင့်အရေး အပြည့်အဝ ရရမယ်။ စစ်ခုံရုံးအနေနဲ့ လတ်တလောစစ်တာမှာ အဓိကနစ်နာဆုံးရှုံးတာကတော့ စွပ်စွဲခံရသူတွေဟာ ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝမရတဲ့အတွက် အင်မတန်ကြီးမားတဲ့ ဥပဒေအရ ဆုံးရှုံးနစ်နာမှုကို ခံနေရတယ်လို့ ဒီလိုပဲ သုံးသပ်လို့ရပါတယ်။"

မကြာသေးခင်ကလည်း မြောက်ဥက္ကလာ စစ်ခုံရုံးကနေ အရပ်သား ၄ ဦးကို ဆန္ဒပြစဉ် တရားရုံးတွင်း ကွန်ပျူတာ ၅လုံး၊ ဥပဒေစာအုပ်တွေ၊ စာရွက်စာတမ်းနဲ့ တရားရုံးတွင်း ကားနဲ့ ဆိုင်ကယ်တချို့ ဖျက်ဆီးမှု နိုင်ငံပိုင် ပစ္စည်း ဖျက်ဆီးမှုပုဒ်မ ၆(၁) နဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ချမှတ်ခဲ့ပါတယ်။

ဒီမြို့နယ်တွေမှာ သေဒဏ်နဲ့ တခြားပြစ်ဒဏ်တွေ ချမှတ်ခံရသူများအနေနဲ့ အယူခံဝင်ပိုင်ခွင့် ပြစ်မှုပြင်ဆင်လျှောက်ထားပိုင်ခွင့်တွေ ရှိပါတယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ တို့ဆီအဆင့်ဆင့် အယူခံလေ ျှာက်ထားနိုင်ပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်တွေကို ပယ်ဖျက်၊ ပြင်ဆင်နိုင်သူတွေဟာ အာဏာချုပ်ကိုင်ထားသူတွေဖြစ်နေတာကြောင့် မျှတမှုမရှိတဲ့ ဒီတရားစီရင်မှု ရလဒ်နဲ့ပဲ အဆုံးသတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက ထောက်ပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG