သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာက မဟန္႔တားရင္ ျမန္မာႏိုင္ငံ ဆီးရီးယားလို ျဖစ္လာႏိုင္ (UNHRC)


မွတ္တမ္းဓါတ္ပံု- မတ္လ ၂၇ ရက္ေန႔တုန္းက သု၀႑ၿမိဳ႕နယ္တြင္ ဆႏၵျပသူမ်ားကို ရဲက အၾကမ္းဖက္ၿဖိဳခြဲမႈေတြ ျပဳလုပ္ၿပီး မီးခိုးမ်ားကိုေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က ကိုယ့္လူထုကို အၾကမ္းဖက္ သတ္ျဖတ္ေနတာေတြ ရပ္တန္႔ေရး ႏိုင္ငံတကာက ထိထိေရာက္ မဟန္႔တားဘူးဆိုရင္ ဆီးရီးယားႏိုင္ငံမွာၾကဳံေတြ႕ရတဲ့ ေဘးဒုကၡအႏၲရာယ္မ်ဳိး၊ လူေတြ သန္းနဲ႔ခ်ီေဘးဒုကၡ ေရာက္ရတဲ့ အမွားေတြ ထပ္ၾကဳံရလိမ့္မယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က သတိေပးပါတယ္။ ဒီကေန႔ ဂ်နီဗာမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ လူ႔အခြင့္အေရး မဟာမင္းႀကီးရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Ravina Shamdasani ရဲ႕ ေျပာဆိုခ်က္ေတြကို မဆုမြန္က ေျပာျပေပးပါလိမ့္မယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ကုန္ ပဲခူးၿမိဳ႕မွာ လူ ၈၂ ေယာက္ေသဆုံးခဲ့တဲ့ အထိ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ အၾကမ္းဖက္ပစ္ခတ္ႏွိမ္ႏွင္းခံခဲ့ရတာေၾကာင့္ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က ျမန္မာစစ္တပ္ကို ထိထိ ေရာက္ေရာက္ အေရးယူေရး ႏိုင္ငံတကာကို ပန္ၾကားလိုက္တာပါ။ မဟာမင္းႀကီး Michelle Bachelet ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Ravina Shamdasani က အခုလိုေျပာပါတယ္။

“ ျမန္မာျပည္သူေတြအေပၚ ရက္ရက္စက္စက္ အၾကမ္းဖက္တဲ့ မူဝါဒကို စစ္တပ္က တိုးၿပီး က်င့္သုံးဖို႔ ရည္ရြယ္ထားပုံရပါတယ္။ စစ္ပြဲေတြမွာ သုံးတဲ့ လက္နက္ေတြနဲ႔ ဘယ္သူဘယ္ဝါ မခြဲျခားဘဲ ပစ္ခတ္ႏွိမ္ႏွင္းေနပါတယ္။”

ျမန္မာႏိ္ုင္ငံအေျခအေနဟာ ၂၀၁၁ ခုႏွစ္က ဆီရီးယားမွာ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနမ်ဳိး ျပန္ထင္ဟတ္ေနၿပီလို႔လည္း ေကာ္မရွင္နာမင္းႀကီးက ေျပာဆိုပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြကို အလြန္အကြ်ံအင္အားသုံး ၿဖိဳခြင္းတာေတြ ေတြ႕ေနရတယ္။ ကိုယ့္ျပည္သူေတြအေပၚ အစိုးရရဲ႕ ရက္စက္မႈ၊ အစဥ္တစိုက္ ဖိႏွိပ္မႈေၾကာင့္ လူတခ်ဳိ႕က လက္နက္ကိုင္ေတာ္လွန္ၾကပါတယ္။ ေနာက္ ခ်က္ခ်င္းဆိုသလို တတိုင္းျပည္လုံး အႏွံ႔ အၾကမ္းဖက္မႈေတြ ကူးစက္သြားခဲ့ပါတယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Ravina Shamdasani က ေျပာဆိုသြားပါတယ္။

“ ႏိုင္ငံတကာ အသိုင္းအေနနဲ႔ တညီတၫြတ္တည္း တုံ႔ျပန္ဖို႔ ပ်က္ကြက္မယ္ဆိုရင္ ဆီရီးယားနဲ႔ ဆီးရီးယားကို ေက်ာ္ၿပီး ေဘးဒုကၡ အႏၲရယ္ေတြ က်ေရာက္လာမွာကို ၂၀၁၁ ခုႏွစ္တုန္းက လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက သတိေပးခဲ့ပါတယ္။ သန္းနဲ႔ခ်ီတဲ့ အရပ္သား ျပည္သူေတြအတြက္ ေၾကာက္မယ္ဖြယ္ရာ အက်ဳိးဆက္ေတြ ၾကဳံခဲ့တာကို ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ျမင္ခဲ့ၾကရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနက အဆိုးဆုံး ႀကီးမားတဲ့ ပဋိပကၡ ႀကီး တခုဆီ ဦးတည္သြားမွာကို ေကာ္မရွင္နာမင္းႀကီးက စိုးရိမ္ပါတယ္။ ႏိုင္ငံေတြအေနနဲ႔ ဆီးရီးယားမွာ အတိတ္က ျဖစ္ပြားခဲ့တဲ့ အမွားမ်ဳိးကို ထပ္ၿပီးေတာ့ ခြင့္မျပဳသင့္ေတာ့ပါဘူး။”

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က ရခဲ့တဲ့ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းေတြအရ၊ တပ္မေတာ္ဘက္က RPG ေလာင္ခ်ာေတြ၊ အပိုင္းပိုင္း ေပါက္ကြဲေစတဲ့ ဗုံးနဲ႔ ေမာ္တာေတြနဲ႔ ပဲခူးနဲ႔ တိုင္းျပည္ေတာင္ပိုင္းမွာ ဆႏၵျပသူေတြကို ပစ္ခတ္ခဲ့တဲ့အေၾကာင္း Ravina Shamdasani က ေျပာပါတယ္။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံသား သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ လက္လုပ္၊ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လက္နက္ေတြလုပ္ၿပီး အသုံးျပဳလာၾကတယ္လို႔ ေျပာပါတယ္။ တိုင္းရင္းသားေဒသ တိုက္ပြဲေတြ တိုးလာတာ၊ လူေတြကို လိုက္ၿပီး ဖမ္းဆီးေနတာေတြနဲ႔ ပတ္သက္လို႔လည္း အခုလို ေျပာပါတယ္။

“ ကခ်င္၊ ရွမ္းနဲ႔ ကရင္ျပည္နယ္ေတြအတြင္းမွာလည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြ ပိုမ်ားလာေနပါတယ္။ စစ္တပ္က ေလေၾကာင္းကေန ထိုးစစ္ဆင္လို႔ အရပ္သားေတြ ေသေၾကခဲ့သလို အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။

လူေတြ အမ်ားအျပား ဖမ္းဆီးေနတဲ့အတြက္ ရာနဲ႔ခ်ီတဲ့ ျပည္သူေတြ ထြက္ေျပးေနရပါတယ္။ သတင္းေထာက္ေတြ၊ အရပ္ဖက္အဖြဲ႔အစည္းက တက္ႂကြ လႈပ္ရွားသူေတြ၊ အႏုပညာရွင္ေတြနဲ႔ တျခား လူသိမ်ားတဲ့သူေတြကို လိုက္လံဖမ္းဆီးေနပါတယ္။ သူတို႔က အြန္လိုင္းကေန သူတို႔ မေက်နပ္တာကို ထုတ္ေဖၚေရးသားတဲ့အတြက္ပါ။ ႀကိဳးမဲ့ Broadband အင္တာနက္နဲ႔ မိုဘိုင္းဖုန္းသုံး အင္တာနက္ ဆယ္သြယ္ေရးေတြကို အကန္႔အသတ္မရွိ ျဖတ္ေတာက္ခဲ့ပါတယ္။ ျပည္သူအမ်ားအျပား အဓိက သတင္းအခ်က္အလက္ေတြနဲ႔ ဆက္သြယ္ေရးစနစ္ ျပတ္ေတာက္ခဲ့ပါတယ္။”

အကူအညီ လိုအပ္ေနတဲ့သူေတြဆီ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏိုင္ေအာင ္လမ္းဖြင့္ေပးဖို႔ ျမန္မာအစိုးရနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြကို လူ႔အခြင့္အေရး မဟာမင္းႀကီးက တိုက္တြန္းတဲ့အေၾကာင္း Ravina Shamdasani က ေျပာပါတယ္။ အၾကမ္းဖက္မႈေၾကာင့္ ထြက္ေျပးလာတဲ့လူေတြကို ယာယီ အကာအကြယ္ေပးဖို႔ အိမ္နီခ်င္းႏိုင္ငံေတြကို ေတာင္းဆိုသလို ေရႊ႕ေျပာင္းလာသူေတြကို ျပန္မပို႔ဖို႔လည္း မဟာမင္းႀကီးက ေတာင္းဆိုပါတယ္။ ဒါက ဖိႏွိပ္မႈနဲ႔ ႏွိပ္စက္ခံရႏိုင္တဲ့သူေတြကို ေနရပ္ျပန္မပို႔ေရး ႏိုင္ငံတကာမွာ က်င့္သုံးေနတဲ့ မူဝါဒနဲ႔ အညီျဖစ္တယ္လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံ့အေရး ႏိုင္ငံတကာက အေရးယူဖို႔ အတြက္လည္း

“႐ႈတ္ခ် ျပစ္တင္တဲ့ ေၾကညာခ်က္ေတြ၊ အကန္႔အသတ္နဲ႔ ပစ္မွတ္ထား အေရးယူတာေတြ ဒါေတြေလာက္နဲ႔ မလုံေလာက္ေတာ့ဘူးဆိုတာ ရွင္းပါတယ္။ ၾသဇာလႊမ္းမိုးမႈ ရွိတဲ့ ႏိုင္ငံေတြ အေနနဲ႔ စိုးရိမ္ရတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ရပ္ဆိုင္းေအာင္၊ ျပည္သူေတြအေပၚ က်ဳးလြန္ေနတဲ့ လူသားမ်ဳိးႏြယ္အေပၚ က်ဳးလြန္တဲ့ ရာဇတ္၀တ္မႈေတြ ရပ္တန္႔ေအာင္ ျမန္မာစစ္တပ္အေပၚ ဖိအားေပးတားျမစ္ဖို႔ လိုပါတယ္။”

စစ္တပ္ေခါင္းေဆာင္ေတြ ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ဖို႔ အေထာက္အပ့ံျဖစ္ေစတဲ့၊ လက္နက္နဲ႔ ေငြၾကးေတြ ျဖတ္ေတာက္ႏိုင္ဖို႔ လိုတယ္ဆိုတာကို လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က အေလးအနက္ ေျပာဆိုထားတဲ့အေၾကာင္း ေျပာခြင့္ရ Ravina Shamdasani က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHRC)

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။ ဒီကနေ့ ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ရဲ့ ပြောဆိုချက်တွေကို မဆုမွန်က ပြောပြပေးပါလိမ့်မယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန် ပဲခူးမြို့မှာ လူ ၈၂ ယောက်သေဆုံးခဲ့တဲ့ အထိ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခံခဲ့ရတာကြောင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က မြန်မာစစ်တပ်ကို ထိထိ ရောက်ရောက် အရေးယူရေး နိုင်ငံတကာကို ပန်ကြားလိုက်တာပါ။ မဟာမင်းကြီး Michelle Bachelet ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က အခုလိုပြောပါတယ်။

“ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တဲ့ မူဝါဒကို စစ်တပ်က တိုးပြီး ကျင့်သုံးဖို့ ရည်ရွယ်ထားပုံရပါတယ်။ စစ်ပွဲတွေမှာ သုံးတဲ့ လက်နက်တွေနဲ့ ဘယ်သူဘယ်ဝါ မခွဲခြားဘဲ ပစ်ခတ်နှိမ်နှင်းနေပါတယ်။”

မြန်မာနိုင်ငံအခြေအနေဟာ ၂၀၁၁ ခုနှစ်က ဆီရီးယားမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမျိုး ပြန်ထင်ဟတ်နေပြီလို့လည်း ကော်မရှင်နာမင်းကြီးက ပြောဆိုပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို အလွန်အကျွံအင်အားသုံး ဖြိုခွင်းတာတွေ တွေ့နေရတယ်။ ကိုယ့်ပြည်သူတွေအပေါ် အစိုးရရဲ့ ရက်စက်မှု၊ အစဉ်တစိုက် ဖိနှိပ်မှုကြောင့် လူတချို့က လက်နက်ကိုင်တော်လှန်ကြပါတယ်။ နောက် ချက်ချင်းဆိုသလို တတိုင်းပြည်လုံး အနှံ့ အကြမ်းဖက်မှုတွေ ကူးစက်သွားခဲ့ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောဆိုသွားပါတယ်။

“ နိုင်ငံတကာ အသိုင်းအနေနဲ့ တညီတညွတ်တည်း တုံ့ပြန်ဖို့ ပျက်ကွက်မယ်ဆိုရင် ဆီရီးယားနဲ့ ဆီးရီးယားကို ကျော်ပြီး ဘေးဒုက္ခ အန္တရယ်တွေ ကျရောက်လာမှာကို ၂၀၁၁ ခုနှစ်တုန်းက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အရပ်သား ပြည်သူတွေအတွက် ကြောက်မယ်ဖွယ်ရာ အကျိုးဆက်တွေ ကြုံခဲ့တာကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြင်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေက အဆိုးဆုံး ကြီးမားတဲ့ ပဋိပက္ခ ကြီး တခုဆီ ဦးတည်သွားမှာကို ကော်မရှင်နာမင်းကြီးက စိုးရိမ်ပါတယ်။ နိုင်ငံတွေအနေနဲ့ ဆီးရီးယားမှာ အတိတ်က ဖြစ်ပွားခဲ့တဲ့ အမှားမျိုးကို ထပ်ပြီးတော့ ခွင့်မပြုသင့်တော့ပါဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေအရ၊ တပ်မတော်ဘက်က RPG လောင်ချာတွေ၊ အပိုင်းပိုင်း ပေါက်ကွဲစေတဲ့ ဗုံးနဲ့ မော်တာတွေနဲ့ ပဲခူးနဲ့ တိုင်းပြည်တောင်ပိုင်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့အကြောင်း Ravina Shamdasani က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံသား သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လက်လုပ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်နက်တွေလုပ်ပြီး အသုံးပြုလာကြတယ်လို့ ပြောပါတယ်။ တိုင်းရင်းသားဒေသ တိုက်ပွဲတွေ တိုးလာတာ၊ လူတွေကို လိုက်ပြီး ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုများလာနေပါတယ်။ စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်လို့ အရပ်သားတွေ သေကြေခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

လူတွေ အများအပြား ဖမ်းဆီးနေတဲ့အတွက် ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ သတင်းထောက်တွေ၊ အရပ်ဖက်အဖွဲ့အစည်းက တက်ကြွ လှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ တခြား လူသိများတဲ့သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ သူတို့က အွန်လိုင်းကနေ သူတို့ မကျေနပ်တာကို ထုတ်ဖေါ်ရေးသားတဲ့အတွက်ပါ။ ကြိုးမဲ့ Broadband အင်တာနက်နဲ့ မိုဘိုင်းဖုန်းသုံး အင်တာနက် ဆယ်သွယ်ရေးတွေကို အကန့်အသတ်မရှိ ဖြတ်တောက်ခဲ့ပါတယ်။ ပြည်သူအများအပြား အဓိက သတင်းအချက်အလက်တွေနဲ့ ဆက်သွယ်ရေးစနစ် ပြတ်တောက်ခဲ့ပါတယ်။”

အကူအညီ လိုအပ်နေတဲ့သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင ်လမ်းဖွင့်ပေးဖို့ မြန်မာအစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေကို လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းတဲ့အကြောင်း Ravina Shamdasani က ပြောပါတယ်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့လူတွေကို ယာယီ အကာအကွယ်ပေးဖို့ အိမ်နီချင်းနိုင်ငံတွေကို တောင်းဆိုသလို ရွှေ့ပြောင်းလာသူတွေကို ပြန်မပို့ဖို့လည်း မဟာမင်းကြီးက တောင်းဆိုပါတယ်။ ဒါက ဖိနှိပ်မှုနဲ့ နှိပ်စက်ခံရနိုင်တဲ့သူတွေကို နေရပ်ပြန်မပို့ရေး နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မူဝါဒနဲ့ အညီဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ့အရေး နိုင်ငံတကာက အရေးယူဖို့ အတွက်လည်း

“ရှုတ်ချ ပြစ်တင်တဲ့ ကြေညာချက်တွေ၊ အကန့်အသတ်နဲ့ ပစ်မှတ်ထား အရေးယူတာတွေ ဒါတွေလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာ ရှင်းပါတယ်။ သြဇာလွှမ်းမိုးမှု ရှိတဲ့ နိုင်ငံတွေ အနေနဲ့ စိုးရိမ်ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းအောင်၊ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇတ်ဝတ်မှုတွေ ရပ်တန့်အောင် မြန်မာစစ်တပ်အပေါ် ဖိအားပေးတားမြစ်ဖို့ လိုပါတယ်။”

စစ်တပ်ခေါင်းဆောင်တွေ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ဖို့ အထောက်အပံ့ဖြစ်စေတဲ့၊ လက်နက်နဲ့ ငွေကြးတွေ ဖြတ်တောက်နိုင်ဖို့ လိုတယ်ဆိုတာကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က အလေးအနက် ပြောဆိုထားတဲ့အကြောင်း ပြောခွင့်ရ Ravina Shamdasani က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG