သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆး၀န္ထမ္းတဦး ေျပာျပတဲ့ ပဲခူးၿဖိဳခြဲမႈ


(Zawgyi/Unicode)

ဒီလ ၁၀ ရက္၊ စေနေန႔က ပဲခူးၿမိဳ႕မွာ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီတပ္ေတြက အင္အားသံုး ပစ္ခတ္ၿဖိဳခြဲ ခံခဲ့ရၿပီးတဲ့ေနာက္ ခုခ်ိန္ထိ ေပ်ာက္ဆံုးေန သူေတြ၊ အဆက္အသြယ္ ရွာမရေသးသူေတြ အမ်ားအျပား ရွိေနေသးတာေၾကာင့္ အဲ့ဒီေန႔က ေသဆံုးသူဟာ ရာဂဏန္းအထိ ရွိႏိုင္တယ္လို႔ ပဲခူးအျဖစ္အပ်က္မွာ ကိုယ္တိုင္ၾကံဳေတြ႔ခဲ့ရတဲ့ ေဆး၀န္ထမ္းတဦးက ေျပာပါတယ္။ မေန႔ကလည္း ေဆးဝါးေထာက္ကူအဖြဲ႔က ေစတနာ့၀န္ထမ္း တဦး ဖမ္းဆီးခံခဲ့ရၿပီး အဖမ္းအဆီးေတြ ဆက္ရွိေနတယ္လို႔လည္း ေျပာပါတယ္။ ပဲခူးၿမိဳ႕က အေျခအေနနဲ႔ပတ္သက္လို႔ ကိုယ္တိုင္ ၾကံဳေတြ႔ခဲ့ရတဲ့ ေဆး၀န္ထမ္းတဦးရဲ႕ အေတြ႕အၾကံဳကို မခင္ျဖဴေထြးက ဆက္သြယ္ ေမးျမန္းထားပါတယ္။

“ဆိုးတာကေတာ့ ေတာ္ေတာ္ဆိုးတာေပါ့။ ဆိုးတယ္ဆိုတာက သူတို႔ မနက္ ၅ နာရီမထိုးခင္ကတည္းက ၀င္လာတယ္။ ၉ နာရီေလာက္မွာ အတားအဆီးေတြ အကုန္ ၿပိဳသြားတယ္ေပါ့။ က်ေနာ္တို႔လည္း အိမ္ထဲမွာ ပိတ္မိေနတာေပါ့။ အျပင္ထြက္လို႔လဲ မရဘူး။ ဒဏ္ရာရတဲ့ တေယာက္ကိုပဲ ကယ္ေပးလိုက္လို႔ရတယ္။ ေနာက္ပိုင္းက်ေတာ့ ဒဏ္ရာ ရတဲ့သူေတြကို ဘယ္သူမွ ေကာက္ေပးလို႔မရဘူး။ အေလာင္းလည္း ေကာက္လို႔မရဘူး။ အေလာင္းလည္း ေကာက္လို႔မရဘူး။ တရပ္ကြက္လံုးကလည္း အဲ့ဒီအခ်ိန္မွာ ပိတ္မိေနတာဆိုေတာ့။ အိမ္ထဲကေန အျပင္ထြက္တာနဲ႔ အပစ္ခံရတာဆိုေတာ့ေလ။ အဲ့ဒါေၾကာင့္ပါ။”

ဆိုေတာ့ တကယ္ကုေပးႏိုင္တဲ့သူ တေယာက္ေလာက္ပဲရွိၿပီး က်န္တဲ့သူေတြကိုက် ဒီအတိုင္းပဲ ပစ္ထားခဲ့ရတဲ့ အေျခအေနမ်ိဳး ျဖစ္သြားတာေပါ့။

“ဟုတ္တယ္။ ပစ္ထားရတဲ့အေျခအေနပဲ။ က်ေနာ္တို႔လည္း သြားမေကာက္ရဲဘူးေလ။ သြားေကာက္ရင္ အပစ္ခံရမွာဆိုေတာ့။ ဘယ္သူမွ သြားမေကာက္ရဲဘူး။ ambulance လည္း ၀င္လို႔မရဘူးဆိုေတာ့ ဒဏ္ရာရတဲ့သူကလည္း ဒဏ္ရာ ရေနလ်က္နဲ႔ လံုျခံဳရာကို ေျပးၾကတာေပါ့။ က်ဆံုးတဲ့သူကလည္း ေနရာမွာတင္ က်ဆံုးသြားတာေပ့ါ။”

အခုဆိုရင္ ျမန္မာႏိုင္ငံမွာ က်ဆံုး ဒဏ္ရာရတဲ့သူေတြ စာရင္းကို ျပဳစုတဲ့အဖြဲ႔အစည္းေတြက ေျပာတာဆိုရင္ အနည္းဆံုး ၈၂ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။ အဲ့ဒီထက္ အမ်ားႀကီး ပိုႏိုင္တယ္လို႔လည္း ေျပာၾကပါတယ္။ ဆိုေတာ့ အဲ့ဒီေနရာမွာ ကိုယ္တိုင္ရွိေနခဲ့တဲ့သူ တေယာက္အေနနဲ႔ ျမင္ခဲ့ရတဲ့ အေျခအေနအေပၚမွာ ေသဆံုးသူဦးေရက ဒီ့ထက္ပိုမ်ားႏိုင္သလား။ ဒီအေပၚမွာ ကိုယ္ျမင္ရတဲ့အေျခအေန ဘယ္လိုယူဆမိလဲ ေျပာျပပါဦး။

“ျမင္ခဲ့ရတာ ကေတာ့ အဲ့ဒီေန႔က တရပ္ကြက္လံုး ဘယ္သူမွ ထြက္လို႔မရဘူးေလ။ လမ္းမတန္းကေတာ့ သူတို႔က ျမင္ရတာေပါ့။ က်ဆံုးေတြက အဲ့ဒီေန႔က ေတာ္ေတာ္မ်ားတယ္ေပါ့။ မ်ားတဲ့အျပင္ကို အဲ့ဒီမွာက လမ္းမႀကီး ၃ လမ္းရွိတယ္ေလ။ ကိုယ့္မင္းကိုယ့္ခ်င္းလမ္း ဆိုတာရယ္။ မဂၢတစ္လမ္းရယ္။ ကန္ေတာ္ေလး လမ္းရယ္ေပါ့။ အဲ့ဒီလမ္းသံုးလမ္းလံုးကို တၿပိဳင္နက္တည္း ၀င္တာ။ ဆိုေတာ့ အဲ့ေန႔က အက်အဆံုးေတာ့ ေတာ္ေတာ္မ်ားတယ္။ ၿပီးေတာ့ ခုခ်ိန္ထိ ဆက္သြယ္လို႔မရေသးတဲ့သူေတြ အမ်ားႀကီးပဲေပါ့။ ေပ်ာက္ဆံုးေနတဲ့သူေတြလည္း ရိွိတယ္။ မိန္းခေလးေတြလည္း ပါတယ္။ အဲ့ေတာ့ အက်အဆံုးကေတာ့ ၈၀ ထက္ကို ေက်ာ္တာေပါ့။ ၁၀၀ လည္း ေက်ာ္သြားႏိုင္တယ္။ က်ဆံုးအတည္ျပဳ ကေတာ့ ဘယ္လိုမွ အတည္ျပဳလို႔ မရဘူးေပါ့။ ခန္႔မွန္းပဲ က်ေနာ္တို႔က အတည္ျပဳလို႔ ရပါတယ္။”

အခုခ်ိန္ထိ တင္းက်ပ္ထားတုန္းပဲလား။ အခုလက္ရွိ အေျခအေနကိုလည္း သိသေလာက္ ေျပာျပေပးပါလား။

“ဟုတ္ကဲ့။ က်ေနာ္ သိသေလာက္ကေတာ့ အဲ့ဒီေန႔က အေလာင္းေတြကို ဘယ္လိုမွ ေကာက္လို႔မရဘူး။ သူတို႔ပဲ ေကာက္သြားတာေပါ့ေလ။ သူတို႔ေကာက္သြားၿပီးေတာ့ ေနာက္ေန႔က်ေတာ့ အေလာင္းေတြကို ျပန္ေရြးခိုင္းတယ္လို႔ ေျပာတယ္။ ပိုက္ဆံနဲ႔ ျပန္ေရြးခိုင္းတယ္ ဆိုတာကေတာ့ အတည္ျပဳလို႔ မရဘူးေပါ့ေလ။ ရွိရင္လည္း ရွိမွာေပါ့။ သူတို႔ ပိုက္ဆံနဲ႔ျပန္ေရြးခိုင္တယ္လို႔ေတာ့ ေျပာၾကတယ္။ တစ္သိန္းေက်ာ္ေပါ့။ တစ္သိန္းႏွစ္ေသာင္း၊ တစ္သိန္းေလးေသာင္းေလာက္ ေပးထုတ္ရတယ္လို႔ ေျပာတယ္။ ဘာလို႔လဲဆိုေတာ့ ခုခ်ိန္မွာက ဘယ္သူကမွ facebook တက္ေရးလိုက္ရင္လည္း ေနာက္မွာလိုက္ၿပီးေတာ့ ဆြဲေနတာေတြရွိေနေတာ့ေလ။ အဲ့ဒါကို တိတိက်က်ႀကီးေတာ့ မေျပာၾကဘူး။ ရပ္ကြက္ေတြကလည္း နည္းနည္းေလး လက္နက္ေတြနဲ႔ဖိေတာ့ ေၾကာက္သြားတာေပါ့ေလ။ အဲ့ဒီလိုမ်ိဳး ေန႔တိုင္းဆိုေတာ့။ အခုဆိုရင္ သံုးရက္ေပါ့။ ဒီေန႔ေတာ့ နည္းနည္းၿငိမ္တယ္လို႔ ေျပာတယ္။ သံုးရက္ဆက္တိုက္ အဲ့လိုေတြပစ္ေနတာ။ ရြာဘက္ေတြဆိုရင္ ႏွစ္ရက္ဆက္တိုက္ေပါ့။ အပစ္ခံရတာ။ ရြာဆိုရင္ေတာ့ ရြာလံုးကၽြတ္ ထြက္ေျပးေနရတာေတြေပါ့။ အခုေတာ့ သူတို႔ စာရင္းရတဲ့လူေတြ လိုက္ဖမ္းေနတယ္ေျပာတယ္။ က်ေနာ္တို႔ medical team ဘက္ကေတာ့ မေန႔က တေယာက္ အဖမ္းခံရတယ္။ မေန႔က မနက္ကေလ။”

အဖမ္းအဆီးေတြ ဆက္ရွိေနတဲ့သေဘာေပါ့။

“အဖမ္းအဆီးေတြေတာ့ ရွိေနတယ္။ သူတို႔ ၀င္ခ်င္တိုင္း၀င္၊ ထြက္ခ်င္တိုင္းထြက္ ဆိုေတာ့၊ သူတို႔လုိက္ရွာၿပီးေတာ့ ဖမ္းဆီးတာေတြေတာ့ ရွိေနပါတယ္။”

အခု အဖမ္းခံရတဲ့သူနဲ႔ပတ္သက္လို႔ေရာ ဘာမ်ား သတင္းၾကားရပါသလဲရွင့္။

“အဖမ္းခံရတဲ့သူကေတာ့ - သူက မနက္ခင္း ေဆးရံုမွာ သူအိပ္ေနတာကို ရဲကားႏွစ္စီးနဲ႔ အရပ္၀တ္ေတြနဲ႔ လာဖမ္းသြားတယ္လို႔ ေျပာတယ္။”

သူနဲ႔ပတ္သက္လို႔ေရာ သူဘယ္မွာရွိတယ္ဆိုတာ သိရပါသလား။

“ဘယ္မွာရွိတယ္လို႔ေတာ့ က်ေနာ္တို႔ေတာ့ မသိရဘူး။ ေထာင္ေတာ့ မေရာက္ေသးဘူးေပါ့ေလ။ စခန္းမွာပဲလို႔လည္း က်ေနာ္တို႔ သတင္းၾကားတယ္။”

ခုလိုျဖစ္သြားတဲ့ အေျခအေနေတြအေပၚမွာ ေဆး၀န္ထမ္းတေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ။ ဒီေလာက္အထိ ဆိုးဆိုးရြားရြား ျဖစ္သြားတဲ့ အေျခအေနတခု။ အရပ္သားျပည္သူေတြ ေနထိုင္တဲ့အရပ္ထဲမွာ စစ္ေျမျပင္တခုလို လုပ္သြားတဲ့အေပၚမွာ ဆရာတို႔ ေဆး၀န္ထမ္းေတြအေနနဲ႔ေတာင္ အကူအညီေပးလို႔မရတဲ့ အေျခအေန ဆိုေတာ့ ဒီအေပၚမွာ ဘယ္လိုခံစားရပါလဲ။ ဘာမ်ားေျပာခ်င္ပါေသးလဲ။

“က်ေနာ္တို႔ေတြ နာနာက်င္က်င္ ခံစားရတာေပါ့ေလ။ စစ္ေျမျပင္ေတာင္မွ ႏွစ္ဘက္အပစ္အခတ္ ရပ္ၿပီးေတာ့ အေလာင္းေတြ ေကာက္ၾကေသးတာပဲ။ ဒါက စစ္ေျမျပင္မဟုတ္တာ။ အဲ့ေတာ့ က်ေနာ္တို႔ကို ဒဏ္ရာရတဲ့သူေတြကို ေပးမကုတာကေတာ့ တဖက္သက္ႀကီးေပါ့။ လက္နက္နဲ႔၀င္ၿပီးေတာ့ အႏိုင္က်င့္သတ္ျဖတ္တာလို႔ အဲ့ဒီလိုခံစားရတယ္။ အဲ့ဒီေန႔က အျဖစ္အပ်က္ကေတာ့ တသက္မေမ့ႏိုင္တဲ့ဟာႀကီးပဲေလ။ က်ေနာ္တို႔အတြက္ကေတာ့ ေဆးကုခြင့္မေပးတာေတာ့ နာက်င္တာေပါ့ေလ။ က်ေနာ္တို႔ ကယ္လို႔ရတဲ့ဟာေတြ ရွိရဲ႕သားနဲ႔ က်ေနာ္တို႔ ကယ္ခြင့္မရလိုက္ဘူးေပါ့။ တခ်ိဳ႕ ဆိုရင္ ဒဏ္ရာရၿပီး ေသြးလြန္ၿပီးေတာ့ က်ဆံုးသြားတဲ့ လူနာေတြ ရွိတာကိုး။ အမွန္ဆိုရင္ က်ေနာ္တို႔ ကယ္လို႔ရလ်က္နဲ႔ ေသြးလြန္ၿပီးေတာ့ အခ်ိန္ၾကာသြားေတာ့ ေသြးထြက္မ်ားၿပီး က်ဆံုးသြားတဲ့သူေတြ ၂၀ - ၃၀ ေလာက္ ရွိတာဆိုေတာ့။ က်ေနာ္တို႔ medical team ကို ကုလသမဂၢအေနနဲ႔ က်ေနာ္တို႔ကို စစ္ေျမျပင္ျဖစ္ျဖစ္၊ အခုလို အဓိက႐ုန္းထဲမွာျဖစ္ျဖစ္ က်ေနာ္တို႔ကို လံုလံုျခံဳျခဳံနဲ႔ ဒဏ္ရာရသူေတြကို ေကာက္ခြင့္ေပးဖို႔အတြက္ ကုလသမဂၢကေန ျပင္းျပင္းထန္ထန္ ေတာင္းဆိုေပးေစခ်င္တယ္ဗ်။ က်ေနာ္တို႔ လူနာေတြကို က်ေနာ္တို႔ ေကာက္ခ်င္တယ္ေလ။ ဘာလို႔လဲဆိုရင္ ambulance ေတြလည္း ၀င္လို႔မရတဲ့အေနအထားမွာ က်ေနာ္တို႔ medical team ကို ယူအန္အေနနဲ႔ တခုခု ေထာက္ပံ့ေပးဖို႔ ေတာင္းဆိုတာပါ။”

ေဆး၀န္ထမ္းတဦး ေျပာျပတဲ့ ပဲခူးၿဖိဳခြဲမႈ
please wait

No media source currently available

0:00 0:05:17 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒီလ ၁၀ ရက်၊ စနေနေ့က ပဲခူးမြို့မှာ စစ်အုပ်ချုပ်ရေး ကောင်စီတပ်တွေက အင်အားသုံး ပစ်ခတ်ဖြိုခွဲ ခံခဲ့ရပြီးတဲ့နောက် ခုချိန်ထိ ပျောက်ဆုံးနေ သူတွေ၊ အဆက်အသွယ် ရှာမရသေးသူတွေ အများအပြား ရှိနေသေးတာကြောင့် အဲ့ဒီနေ့က သေဆုံးသူဟာ ရာဂဏန်းအထိ ရှိနိုင်တယ်လို့ ပဲခူးအဖြစ်အပျက်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးက ပြောပါတယ်။ မနေ့ကလည်း ဆေးဝါးထောက်ကူအဖွဲ့က စေတနာ့ဝန်ထမ်း တဦး ဖမ်းဆီးခံခဲ့ရပြီး အဖမ်းအဆီးတွေ ဆက်ရှိနေတယ်လို့လည်း ပြောပါတယ်။ ပဲခူးမြို့က အခြေအနေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးရဲ့ အတွေ့အကြုံကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

“ဆိုးတာကတော့ တော်တော်ဆိုးတာပေါ့။ ဆိုးတယ်ဆိုတာက သူတို့ မနက် ၅ နာရီမထိုးခင်ကတည်းက ဝင်လာတယ်။ ၉ နာရီလောက်မှာ အတားအဆီးတွေ အကုန် ပြိုသွားတယ်ပေါ့။ ကျနော်တို့လည်း အိမ်ထဲမှာ ပိတ်မိနေတာပေါ့။ အပြင်ထွက်လို့လဲ မရဘူး။ ဒဏ်ရာရတဲ့ တယောက်ကိုပဲ ကယ်ပေးလိုက်လို့ရတယ်။ နောက်ပိုင်းကျတော့ ဒဏ်ရာ ရတဲ့သူတွေကို ဘယ်သူမှ ကောက်ပေးလို့မရဘူး။ အလောင်းလည်း ကောက်လို့မရဘူး။ အလောင်းလည်း ကောက်လို့မရဘူး။ တရပ်ကွက်လုံးကလည်း အဲ့ဒီအချိန်မှာ ပိတ်မိနေတာဆိုတော့။ အိမ်ထဲကနေ အပြင်ထွက်တာနဲ့ အပစ်ခံရတာဆိုတော့လေ။ အဲ့ဒါကြောင့်ပါ။”

ဆိုတော့ တကယ်ကုပေးနိုင်တဲ့သူ တယောက်လောက်ပဲရှိပြီး ကျန်တဲ့သူတွေကိုကျ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပေါ့။
“ဟုတ်တယ်။ ပစ်ထားရတဲ့အခြေအနေပဲ။ ကျနော်တို့လည်း သွားမကောက်ရဲဘူးလေ။ သွားကောက်ရင် အပစ်ခံရမှာဆိုတော့။ ဘယ်သူမှ သွားမကောက်ရဲဘူး။ ambulance လည်း ဝင်လို့မရဘူးဆိုတော့ ဒဏ်ရာရတဲ့သူကလည်း ဒဏ်ရာ ရနေလျက်နဲ့ လုံခြုံရာကို ပြေးကြတာပေါ့။ ကျဆုံးတဲ့သူကလည်း နေရာမှာတင် ကျဆုံးသွားတာပေ့ါ။”
အခုဆိုရင် မြန်မာနိုင်ငံမှာ ကျဆုံး ဒဏ်ရာရတဲ့သူတွေ စာရင်းကို ပြုစုတဲ့အဖွဲ့အစည်းတွေက ပြောတာဆိုရင် အနည်းဆုံး ၈၂ ယောက်ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီထက် အများကြီး ပိုနိုင်တယ်လို့လည်း ပြောကြပါတယ်။ ဆိုတော့ အဲ့ဒီနေရာမှာ ကိုယ်တိုင်ရှိနေခဲ့တဲ့သူ တယောက်အနေနဲ့ မြင်ခဲ့ရတဲ့ အခြေအနေအပေါ်မှာ သေဆုံးသူဦးရေက ဒီ့ထက်ပိုများနိုင်သလား။ ဒီအပေါ်မှာ ကိုယ်မြင်ရတဲ့အခြေအနေ ဘယ်လိုယူဆမိလဲ ပြောပြပါဦး။
“မြင်ခဲ့ရတာ ကတော့ အဲ့ဒီနေ့က တရပ်ကွက်လုံး ဘယ်သူမှ ထွက်လို့မရဘူးလေ။ လမ်းမတန်းကတော့ သူတို့က မြင်ရတာပေါ့။ ကျဆုံးတွေက အဲ့ဒီနေ့က တော်တော်များတယ်ပေါ့။ များတဲ့အပြင်ကို အဲ့ဒီမှာက လမ်းမကြီး ၃ လမ်းရှိတယ်လေ။ ကိုယ့်မင်းကိုယ့်ချင်းလမ်း ဆိုတာရယ်။ မဂ္ဂတစ်လမ်းရယ်။ ကန်တော်လေး လမ်းရယ်ပေါ့။ အဲ့ဒီလမ်းသုံးလမ်းလုံးကို တပြိုင်နက်တည်း ဝင်တာ။ ဆိုတော့ အဲ့နေ့က အကျအဆုံးတော့ တော်တော်များတယ်။ ပြီးတော့ ခုချိန်ထိ ဆက်သွယ်လို့မရသေးတဲ့သူတွေ အများကြီးပဲပေါ့။ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိတယ်။ မိန်းခလေးတွေလည်း ပါတယ်။ အဲ့တော့ အကျအဆုံးကတော့ ၈၀ ထက်ကို ကျော်တာပေါ့။ ၁၀၀ လည်း ကျော်သွားနိုင်တယ်။ ကျဆုံးအတည်ပြု ကတော့ ဘယ်လိုမှ အတည်ပြုလို့ မရဘူးပေါ့။ ခန့်မှန်းပဲ ကျနော်တို့က အတည်ပြုလို့ ရပါတယ်။”

အခုချိန်ထိ တင်းကျပ်ထားတုန်းပဲလား။ အခုလက်ရှိ အခြေအနေကိုလည်း သိသလောက် ပြောပြပေးပါလား။

“ဟုတ်ကဲ့။ ကျနော် သိသလောက်ကတော့ အဲ့ဒီနေ့က အလောင်းတွေကို ဘယ်လိုမှ ကောက်လို့မရဘူး။ သူတို့ပဲ ကောက်သွားတာပေါ့လေ။ သူတို့ကောက်သွားပြီးတော့ နောက်နေ့ကျတော့ အလောင်းတွေကို ပြန်ရွေးခိုင်းတယ်လို့ ပြောတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ် ဆိုတာကတော့ အတည်ပြုလို့ မရဘူးပေါ့လေ။ ရှိရင်လည်း ရှိမှာပေါ့။ သူတို့ ပိုက်ဆံနဲ့ပြန်ရွေးခိုင်တယ်လို့တော့ ပြောကြတယ်။ တစ်သိန်းကျော်ပေါ့။ တစ်သိန်းနှစ်သောင်း၊ တစ်သိန်းလေးသောင်းလောက် ပေးထုတ်ရတယ်လို့ ပြောတယ်။ ဘာလို့လဲဆိုတော့ ခုချိန်မှာက ဘယ်သူကမှ facebook တက်ရေးလိုက်ရင်လည်း နောက်မှာလိုက်ပြီးတော့ ဆွဲနေတာတွေရှိနေတော့လေ။ အဲ့ဒါကို တိတိကျကျကြီးတော့ မပြောကြဘူး။ ရပ်ကွက်တွေကလည်း နည်းနည်းလေး လက်နက်တွေနဲ့ဖိတော့ ကြောက်သွားတာပေါ့လေ။ အဲ့ဒီလိုမျိုး နေ့တိုင်းဆိုတော့။ အခုဆိုရင် သုံးရက်ပေါ့။ ဒီနေ့တော့ နည်းနည်းငြိမ်တယ်လို့ ပြောတယ်။ သုံးရက်ဆက်တိုက် အဲ့လိုတွေပစ်နေတာ။ ရွာဘက်တွေဆိုရင် နှစ်ရက်ဆက်တိုက်ပေါ့။ အပစ်ခံရတာ။ ရွာဆိုရင်တော့ ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေပေါ့။ အခုတော့ သူတို့ စာရင်းရတဲ့လူတွေ လိုက်ဖမ်းနေတယ်ပြောတယ်။ ကျနော်တို့ medical team ဘက်ကတော့ မနေ့က တယောက် အဖမ်းခံရတယ်။ မနေ့က မနက်ကလေ။”

အဖမ်းအဆီးတွေ ဆက်ရှိနေတဲ့သဘောပေါ့။

“အဖမ်းအဆီးတွေတော့ ရှိနေတယ်။ သူတို့ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် ဆိုတော့၊ သူတို့လိုက်ရှာပြီးတော့ ဖမ်းဆီးတာတွေတော့ ရှိနေပါတယ်။”

အခု အဖမ်းခံရတဲ့သူနဲ့ပတ်သက်လို့ရော ဘာများ သတင်းကြားရပါသလဲရှင့်။

“အဖမ်းခံရတဲ့သူကတော့ - သူက မနက်ခင်း ဆေးရုံမှာ သူအိပ်နေတာကို ရဲကားနှစ်စီးနဲ့ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတယ်လို့ ပြောတယ်။”

သူနဲ့ပတ်သက်လို့ရော သူဘယ်မှာရှိတယ်ဆိုတာ သိရပါသလား။

“ဘယ်မှာရှိတယ်လို့တော့ ကျနော်တို့တော့ မသိရဘူး။ ထောင်တော့ မရောက်သေးဘူးပေါ့လေ။ စခန်းမှာပဲလို့လည်း ကျနော်တို့ သတင်းကြားတယ်။”

ခုလိုဖြစ်သွားတဲ့ အခြေအနေတွေအပေါ်မှာ ဆေးဝန်ထမ်းတယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။ ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ အခြေအနေတခု။ အရပ်သားပြည်သူတွေ နေထိုင်တဲ့အရပ်ထဲမှာ စစ်မြေပြင်တခုလို လုပ်သွားတဲ့အပေါ်မှာ ဆရာတို့ ဆေးဝန်ထမ်းတွေအနေနဲ့တောင် အကူအညီပေးလို့မရတဲ့ အခြေအနေ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုခံစားရပါလဲ။ ဘာများပြောချင်ပါသေးလဲ။

“ကျနော်တို့တွေ နာနာကျင်ကျင် ခံစားရတာပေါ့လေ။ စစ်မြေပြင်တောင်မှ နှစ်ဘက်အပစ်အခတ် ရပ်ပြီးတော့ အလောင်းတွေ ကောက်ကြသေးတာပဲ။ ဒါက စစ်မြေပြင်မဟုတ်တာ။ အဲ့တော့ ကျနော်တို့ကို ဒဏ်ရာရတဲ့သူတွေကို ပေးမကုတာကတော့ တဖက်သက်ကြီးပေါ့။ လက်နက်နဲ့ဝင်ပြီးတော့ အနိုင်ကျင့်သတ်ဖြတ်တာလို့ အဲ့ဒီလိုခံစားရတယ်။ အဲ့ဒီနေ့က အဖြစ်အပျက်ကတော့ တသက်မမေ့နိုင်တဲ့ဟာကြီးပဲလေ။ ကျနော်တို့အတွက်ကတော့ ဆေးကုခွင့်မပေးတာတော့ နာကျင်တာပေါ့လေ။ ကျနော်တို့ ကယ်လို့ရတဲ့ဟာတွေ ရှိရဲ့သားနဲ့ ကျနော်တို့ ကယ်ခွင့်မရလိုက်ဘူးပေါ့။ တချို့ ဆိုရင် ဒဏ်ရာရပြီး သွေးလွန်ပြီးတော့ ကျဆုံးသွားတဲ့ လူနာတွေ ရှိတာကိုး။ အမှန်ဆိုရင် ကျနော်တို့ ကယ်လို့ရလျက်နဲ့ သွေးလွန်ပြီးတော့ အချိန်ကြာသွားတော့ သွေးထွက်များပြီး ကျဆုံးသွားတဲ့သူတွေ ၂၀ - ၃၀ လောက် ရှိတာဆိုတော့။ ကျနော်တို့ medical team ကို ကုလသမဂ္ဂအနေနဲ့ ကျနော်တို့ကို စစ်မြေပြင်ဖြစ်ဖြစ်၊ အခုလို အဓိကရုန်းထဲမှာဖြစ်ဖြစ် ကျနော်တို့ကို လုံလုံခြုံခြုံနဲ့ ဒဏ်ရာရသူတွေကို ကောက်ခွင့်ပေးဖို့အတွက် ကုလသမဂ္ဂကနေ ပြင်းပြင်းထန်ထန် တောင်းဆိုပေးစေချင်တယ်ဗျ။ ကျနော်တို့ လူနာတွေကို ကျနော်တို့ ကောက်ချင်တယ်လေ။ ဘာလို့လဲဆိုရင် ambulance တွေလည်း ဝင်လို့မရတဲ့အနေအထားမှာ ကျနော်တို့ medical team ကို ယူအန်အနေနဲ့ တခုခု ထောက်ပံ့ပေးဖို့ တောင်းဆိုတာပါ။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG