No media source currently available
ဒီလ ၁၀ ရက်နေ့က ပဲခူးမြို့မှာ စစ်အုပ်ချုပ်ရေး ကောင်စီတပ်တွေက အင်အားသုံး ပစ်ခတ်ဖြိုခွဲတာ ခံခဲ့ရပြီးတဲ့နောက် ခုချိန်ထိ ပျောက်ဆုံးနေသူတွေ၊ အဆက်အသွယ် မရသေးသူတွေ အများအပြား ရှိနေသေးတာကြောင့် အဲ့ဒီနေ့က သေဆုံးသူဟာ ရာဂဏန်းအထိ ရှိနိုင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးက ပြောပါတယ်။