သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆး၀န္ထမ္းမ်ား CDM လႈပ္ရွားမႈ ဘယ္ေလာက္ထိေရာက္သလဲ 


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၃ ရက္ေန႔က ရန္ကုန္ေဆးရံုႀကီးတြင္ CDM လုပ္သည့္ ေဆး၀န္ထမ္းဆရာ၀န္ ဆရာမမ်ား

(Zawgyi/Unicode)

ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းၿပီးကတည္းက စတင္ခဲ့တဲ့ ၀န္ထမ္းေတြရဲ႕ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈဟာ အစိုးရ ေဆးရံုေတြအပါအ၀င္ စစ္ေကာင္စီ ယႏၱရားႀကီးတခုလံုး ရပ္တန္႔ေအာင္ ထိန္းထားႏိုင္ဆဲျဖစ္တယ္လို႔ CRPH ယာယီ က်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီး ေဒါက္တာေဇာ္ေ၀စိုးကေျပာပါတယ္။

တဖက္မွာလည္း ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာေနတဲ့ ျမန္မာ့က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ႀကီးတခုလံုး စစ္အာဏာသိမ္းမႈေၾကာင့္ ျပန္ၿပီးနလန္ထူလာႏိုင္ေျခရွိမလား။ လံုၿခံဳေရးအေျခအေနေၾကာင့္ အမည္မေဖၚလိုတဲ့ CDM မွာပါ၀င္ေနသူ ဆရာ၀န္တဦးကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ရက္ေပါင္း (၇၀) ေက်ာ္ၾကာျမင့္လာၿပီးျဖစ္တဲ့ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈနဲ႔ ပတ္သက္လို႔ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ႕သံုးသပ္ခ်က္အျဖစ္ ဗီြအိုေအက လက္ခံရရွိတဲ့ CRPH ယာယီက်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီး ေဒါက္တာေဇာ္ေ၀စိုးရဲ႕အသံဖိုင္ မွာ သူက အခုလို ေျပာသြားပါတယ္။

“ က်ေနာ္တို႔ CDM က ေအာင္ျမင္ေပမယ့္လည္း ေနာက္ထပ္တလွမ္း ထပ္လွမ္းခဲ့ၾကရတယ္။ အဲဒါက ဘယ္ကိုသြားရသလဲဆိုေတာ့ ယႏၱရားကို လံုး၀ ရပ္ဆိုင္းပစ္ဖို႔အတြက္ က်ေနာ္တို႔ လုပ္ရတယ္။ ဒါေၾကာင့္ ဘဏ္ေတြေရာ ဘာေတြေရာ အကုန္ပိတ္ေအာင္လုပ္ရတယ္။ တကယ္ေတာ့ ပထမတဆင့္တုန္းကေတာ့ အဲဒီေလာက္မဟုတ္ဘူး ေနာက္တေခါက္က်ေတာ့ အကုန္လံုးပိတ္ေအာင္လုပ္ၿပီး ယႏၱရားကို အကုန္လံုး ရပ္ေအာင္လုပ္တဲ့အဆင့္ကိုေရာက္သြားတယ္။ ဆိုေတာ့ ဒါဆိုရင္ Impact ကရွိတယ္ဆိုတာ က်ေတာ္တို႔သိတယ္။ ျပည္သူလူထုအေပၚမွာ ရွိမယ္ဆိုတာလည္း သိတယ္။ ေနာက္ေဆးကုသမႈနဲ႔ ပတ္သက္ရင္ ဒီလိုမ်ိဳးဆိုရင္ ေဆးမကုရတာေတြျဖစ္မယ္၊ အဲဒါေၾကာင့္ အခမဲ့ ေဆးရံုေတြ ေဆးခန္းေတြနဲ႔ Private ေဆးရံုေတြ ေဆးခန္းေတြကို discount ေပးဖို႔ ေျပာၿပီး က်ေနာ္တို႔ ဆက္လုပ္ခဲ့ၾကရတာရွိတယ္။ ကိုယ္တိုင္လည္း အျပင္မွာ ေဆးခန္းေတြဖြင့္ၿပီး လုပ္ခဲ့ၾကတယ္။ ဒါေပမယ့္ အဲဒီလိုဖြင့္တဲ့ေဆးခန္းေတြကို သူတို႔ လာသိမ္းတယ္၊ ဖမ္းတယ္။ ေနာက္ ရန္ကုန္ေဆးရံုႀကီးတို႔ ဘာတို႔မွာ ေသနတ္ပစ္တဲ့အခါျပန္ဖြင့္တယ္၊ က်ေနာ္တို႔ လုပ္တဲ့ဟာေတြကိုလည္း က်ေတာ္တို႔က Total CDM ျဖစ္ေအာင္လုပ္ခဲ့တာ ၊ ယႏၱရားကို ရပ္ေအာင္လုပ္ႏိုင္တယ္ ။ အခုအထိ စစ္အာဏာရွင္ဟာ ယႏၱရားကို ျပန္ၿပီးေတာ့ run လုပ္လို႔မရေသးဘူး။ ပံုမွန္သူတို႔ ဘယ္ေနရာမွာမွ မျဖစ္ေသးဘူး ၊ အဲဒီေလာက္အထိေအာင္ က်ေန္ာတို႔ လုပ္ထားႏိုင္တယ္။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနဆိုရင္ ဘယ္ေနရာမွာမွ ဘာမွ လုပ္လို႔မရေအာင္ က်ေနာ္တို႔ လုပ္ထားႏိုင္တယ္။”

ေဒါက္တာေဇာ္ေ၀စိုးေျပာသြားတဲ့အထဲမွာ ေဆးရံုေတြအပါ၀င္ စစ္ေကာင္စီယႏၱရားတခုလံုး ပံုမွန္ျပန္ၿပီး လည္ပတ္ႏိုင္တဲ့ အေျခအေနမရွိေသးဘူးဆိုတဲ့အခ်က္နဲ႔ ပတ္သက္လို႔ လက္ရွိ CDM လႈပ္ရွားမႈမွာပါ၀င္ေနတဲ့ အမည္မေဖၚလိုတဲ့ ဆရာ၀န္တဦးကို ဗီြအုိေအက ဆက္သြယ္ၿပီး ေရွ႕တန္းက်န္းမာေရးလုပ္သားေတြရဲ႕ ေနာက္ဆံုးအေျခအေနကိုေမးၾကည့္ပါတယ္။

“ ေျဖ။။ေဆးရံုေတြ အကုန္ပိတ္ထားတာေပါ့ေနာ္ အခုဆိုရင္ ရန္ကုန္ေဆးရံုႀကီးဆိုရင္လည္း ပိတ္လိုက္ရၿပီ။ အဲလိုပဲေပါ့ေနာ္ က်န္းမာေရး ၀န္ႀကီးဌာနေအာက္မွာရွိတဲ့ အစိုးရေဆးရံုေတြက ခုနကလို ဖြင့္ခ်င္တဲ့လူေတြ ၊ ဖိအားေပးတဲ့လူေတြ ဘယ္ေလာက္ပဲ ရွိေသာ္လည္း ၊ အဓိက လူအမ်ားစု ဆရာ၀န္၊ ဆရာမ ၀န္ထမ္းအမ်ားစုက အလုပ္မဆင္းတဲ့အတြက္ေၾကာင့္ ဖြင့္လို႔မရပဲနဲ႔ အလုပ္လုပ္လို႔မရပဲနဲ႔ လည္ပတ္လို႔ မရပဲနဲ႔ ပိတ္လိုက္ရတဲ့ အေျခအေနမွာရွိပါတယ္။ အဲဒါ ဘယ္ေလာက္ၾကာသြားၿပီလဲဆိုေတာ့ အခုဆိုရင္ ၃ လ ထဲကို ေရာက္လာၿပီေပါ့ေနာ္ အဲဒီေလာက္ၾကာသြားၿပီေပါ့ေနာ္။

ေမး။။ အခုလို က်န္းမာေရး၀န္ထမ္းေတြေပၚမွာ စစ္ေကာင္စီက လိုက္ၿပီး ဖိႏွိပ္ေနမယ္ဆိုရင္ ေရရွည္မွာ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ကို ဘယ္ေလာက္ထိ ထိိခိုက္ႏိုင္ေခ်ရွိမလဲ။

ေျဖ။။အခုကို ေတာ္ေတာ္ထိခိုက္ေနပါၿပီ။ ဆိုလိုတာက က်ေနာ္တို႔က စစ္ေကာင္စီ အာဏာမသိမ္းခင္ကတည္းက COVID အတြက္ကို ဆရာ၀န္ေတြေရာ က်န္းမာေရး ၀န္ထမ္းေတြေရာ အရမ္းကို ပင္ပန္းဆင္းရဲစြာနဲ႔ ရပ္တည္ ရုန္းကန္ေနခဲ့တာက ၁ ႏွစ္နီးပါးရွိသြားၿပီ ၊ ေျခကုန္လက္ပန္းက်ၿပီးေတာ့ အခုဆိုရင္ အလင္းေရာင္လည္းျမင္ရၿပီ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုဗစ္စျဖစ္ကတည္းက က်ေနာ္တို႔ အိမ္ျပန္လို႔မရခဲ့ဘူး ၊ ေဆးရံုမွာပဲေန၊ ဆံုးရံုမွာပဲစား အဲလိုနဲ႔ လွည့္ၿပီးေတာ့ လုပ္လာခဲ့တာ။ အဲဒီအခ်ိန္မွာ ေကာင္းတဲ့အေရာင္ေလး သန္းလာတဲ့အခ်ိန္မွာ အခုဆိုရင္ လံုး၀ ေပ်ာက္သြားၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ေတြလည္း ေပ်ာက္သြားၿပီးေတာ့ ဒီလိုမ်ိဳးႀကီးျဖစ္သြားတယ္ဆိုေတာ့ ဆက္ၿပီးေတာ့ ဖမ္းဆီးတာ ႏွိတ္စက္တာ ေထာင္ခ်တာကအစေပါ့ေနာ္ အမ်ိဳးမ်ိဳး အေရးယူ အျပစ္ေပးတာ ရွိလာတဲ့အခါက်ေတာ့ ဆရာ၀န္ေတြတင္မဟုတ္ဘူး ဆရာမေတြလည္းရွိတယ္ ၊ က်န္းမာေရး၀န္ထမ္းေတြလည္းရွိတယ္ တျခားကၽြမ္းက်င္တဲ့လူေတြလည္းရွိတယ္ သူတိို႔ေတြအားလံုးက ဘယ္လိုနည္းနဲ႔မွ ဆက္ၿပီးေတာ့ စိတ္လည္းေတာ္ေတာ္နာေနၿပီေလ။ ျပန္ၿပီးေတာ့ အလုပ္လုပ္ခ်င္တဲ့ စိတ္ရွိမွာ မဟုတ္ေတာ့ဘူး။”

CDM လႈပ္ရွားမႈေၾကာင့္ စစ္ေကာင္စီယႏၱရား ပံုမွန္လည္ပတ္လို႔ မရႏိုင္ေပမဲ့လည္း စစ္အာဏာသိမ္းဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြအေပၚမွာ စစ္တပ္က ဆက္လက္ၿပီး ရက္ရက္စက္စက္ဖိနွိပ္ၿဖိဳခဲြေနတဲ့အတြက္ CRPH အေနနဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကိုလည္း ေရြးခ်ယ္ထားေၾကာင္း CRPH ယာယီက်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီး ေဒါက္တာေဇာ္ေ၀စိုးက ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဆေးဝန်ထမ်းများ CDM လှုပ်ရှားမှု ဘယ်လောက်ထိရောက်သလဲ

(Unicode)

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စတင်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အစိုးရ ဆေးရုံတွေအပါအဝင် စစ်ကောင်စီ ယန္တရားကြီးတခုလုံး ရပ်တန့်အောင် ထိန်းထားနိုင်ဆဲဖြစ်တယ်လို့ CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

တဖက်မှာလည်း ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုလုံး စစ်အာဏာသိမ်းမှုကြောင့် ပြန်ပြီးနလန်ထူလာနိုင်ခြေရှိမလား။ လုံခြုံရေးအခြေအနေကြောင့် အမည်မဖေါ်လိုတဲ့ CDM မှာပါဝင်နေသူ ဆရာဝန်တဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရက်ပေါင်း (၇၀) ကျော်ကြာမြင့်လာပြီးဖြစ်တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့သုံးသပ်ချက်အဖြစ် ဗွီအိုအေက လက်ခံရရှိတဲ့ CRPH ယာယီကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့အသံဖိုင် မှာ သူက အခုလို ပြောသွားပါတယ်။

“ ကျနော်တို့ CDM က အောင်မြင်ပေမယ့်လည်း နောက်ထပ်တလှမ်း ထပ်လှမ်းခဲ့ကြရတယ်။ အဲဒါက ဘယ်ကိုသွားရသလဲဆိုတော့ ယန္တရားကို လုံး၀ ရပ်ဆိုင်းပစ်ဖို့အတွက် ကျနော်တို့ လုပ်ရတယ်။ ဒါကြောင့် ဘဏ်တွေရော ဘာတွေရော အကုန်ပိတ်အောင်လုပ်ရတယ်။ တကယ်တော့ ပထမတဆင့်တုန်းကတော့ အဲဒီလောက်မဟုတ်ဘူး နောက်တခေါက်ကျတော့ အကုန်လုံးပိတ်အောင်လုပ်ပြီး ယန္တရားကို အကုန်လုံး ရပ်အောင်လုပ်တဲ့အဆင့်ကိုရောက်သွားတယ်။ ဆိုတော့ ဒါဆိုရင် Impact ကရှိတယ်ဆိုတာ ကျတော်တို့သိတယ်။ ပြည်သူလူထုအပေါ်မှာ ရှိမယ်ဆိုတာလည်း သိတယ်။ နောက်ဆေးကုသမှုနဲ့ ပတ်သက်ရင် ဒီလိုမျိုးဆိုရင် ဆေးမကုရတာတွေဖြစ်မယ်၊ အဲဒါကြောင့် အခမဲ့ ဆေးရုံတွေ ဆေးခန်းတွေနဲ့ Private ဆေးရုံတွေ ဆေးခန်းတွေကို discount ပေးဖို့ ပြောပြီး ကျနော်တို့ ဆက်လုပ်ခဲ့ကြရတာရှိတယ်။ ကိုယ်တိုင်လည်း အပြင်မှာ ဆေးခန်းတွေဖွင့်ပြီး လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလိုဖွင့်တဲ့ဆေးခန်းတွေကို သူတို့ လာသိမ်းတယ်၊ ဖမ်းတယ်။ နောက် ရန်ကုန်ဆေးရုံကြီးတို့ ဘာတို့မှာ သေနတ်ပစ်တဲ့အခါပြန်ဖွင့်တယ်၊ ကျနော်တို့ လုပ်တဲ့ဟာတွေကိုလည်း ကျတော်တို့က Total CDM ဖြစ်အောင်လုပ်ခဲ့တာ ၊ ယန္တရားကို ရပ်အောင်လုပ်နိုင်တယ် ။ အခုအထိ စစ်အာဏာရှင်ဟာ ယန္တရားကို ပြန်ပြီးတော့ run လုပ်လို့မရသေးဘူး။ ပုံမှန်သူတို့ ဘယ်နေရာမှာမှ မဖြစ်သေးဘူး ၊ အဲဒီလောက်အထိအောင် ကျနေ်ာတို့ လုပ်ထားနိုင်တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆိုရင် ဘယ်နေရာမှာမှ ဘာမှ လုပ်လို့မရအောင် ကျနော်တို့ လုပ်ထားနိုင်တယ်။”

ဒေါက်တာဇော်ဝေစိုးပြောသွားတဲ့အထဲမှာ ဆေးရုံတွေအပါဝင် စစ်ကောင်စီယန္တရားတခုလုံး ပုံမှန်ပြန်ပြီး လည်ပတ်နိုင်တဲ့ အခြေအနေမရှိသေးဘူးဆိုတဲ့အချက်နဲ့ ပတ်သက်လို့ လက်ရှိ CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ အမည်မဖေါ်လိုတဲ့ ဆရာဝန်တဦးကို ဗွီအိုအေက ဆက်သွယ်ပြီး ရှေ့တန်းကျန်းမာရေးလုပ်သားတွေရဲ့ နောက်ဆုံးအခြေအနေကိုမေးကြည့်ပါတယ်။

“ ဖြေ။။ဆေးရုံတွေ အကုန်ပိတ်ထားတာပေါ့နော် အခုဆိုရင် ရန်ကုန်ဆေးရုံကြီးဆိုရင်လည်း ပိတ်လိုက်ရပြီ။ အဲလိုပဲပေါ့နော် ကျန်းမာရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ အစိုးရဆေးရုံတွေက ခုနကလို ဖွင့်ချင်တဲ့လူတွေ ၊ ဖိအားပေးတဲ့လူတွေ ဘယ်လောက်ပဲ ရှိသော်လည်း ၊ အဓိက လူအများစု ဆရာဝန်၊ ဆရာမ ဝန်ထမ်းအများစုက အလုပ်မဆင်းတဲ့အတွက်ကြောင့် ဖွင့်လို့မရပဲနဲ့ အလုပ်လုပ်လို့မရပဲနဲ့ လည်ပတ်လို့ မရပဲနဲ့ ပိတ်လိုက်ရတဲ့ အခြေအနေမှာရှိပါတယ်။ အဲဒါ ဘယ်လောက်ကြာသွားပြီလဲဆိုတော့ အခုဆိုရင် ၃ လ ထဲကို ရောက်လာပြီပေါ့နော် အဲဒီလောက်ကြာသွားပြီပေါ့နော်။

မေး။။ အခုလို ကျန်းမာရေးဝန်ထမ်းတွေပေါ်မှာ စစ်ကောင်စီက လိုက်ပြီး ဖိနှိပ်နေမယ်ဆိုရင် ရေရှည်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဘယ်လောက်ထိ ထိခိုက်နိုင်ချေရှိမလဲ။

ဖြေ။။အခုကို တော်တော်ထိခိုက်နေပါပြီ။ ဆိုလိုတာက ကျနော်တို့က စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက COVID အတွက်ကို ဆရာဝန်တွေရော ကျန်းမာရေး ဝန်ထမ်းတွေရော အရမ်းကို ပင်ပန်းဆင်းရဲစွာနဲ့ ရပ်တည် ရုန်းကန်နေခဲ့တာက ၁ နှစ်နီးပါးရှိသွားပြီ ၊ ခြေကုန်လက်ပန်းကျပြီးတော့ အခုဆိုရင် အလင်းရောင်လည်းမြင်ရပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်စဖြစ်ကတည်းက ကျနော်တို့ အိမ်ပြန်လို့မရခဲ့ဘူး ၊ ဆေးရုံမှာပဲနေ၊ ဆုံးရုံမှာပဲစား အဲလိုနဲ့ လှည့်ပြီးတော့ လုပ်လာခဲ့တာ။ အဲဒီအချိန်မှာ ကောင်းတဲ့အရောင်လေး သန်းလာတဲ့အချိန်မှာ အခုဆိုရင် လုံး၀ ပျောက်သွားပြီးတော့ မျှော်လင့်ချက်တွေလည်း ပျောက်သွားပြီးတော့ ဒီလိုမျိုးကြီးဖြစ်သွားတယ်ဆိုတော့ ဆက်ပြီးတော့ ဖမ်းဆီးတာ နှိတ်စက်တာ ထောင်ချတာကအစပေါ့နော် အမျိုးမျိုး အရေးယူ အပြစ်ပေးတာ ရှိလာတဲ့အခါကျတော့ ဆရာဝန်တွေတင်မဟုတ်ဘူး ဆရာမတွေလည်းရှိတယ် ၊ ကျန်းမာရေးဝန်ထမ်းတွေလည်းရှိတယ် တခြားကျွမ်းကျင်တဲ့လူတွေလည်းရှိတယ် သူတို့တွေအားလုံးက ဘယ်လိုနည်းနဲ့မှ ဆက်ပြီးတော့ စိတ်လည်းတော်တော်နာနေပြီလေ။ ပြန်ပြီးတော့ အလုပ်လုပ်ချင်တဲ့ စိတ်ရှိမှာ မဟုတ်တော့ဘူး။”

CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီယန္တရား ပုံမှန်လည်ပတ်လို့ မရနိုင်ပေမဲ့လည်း စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအပေါ်မှာ စစ်တပ်က ဆက်လက်ပြီး ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွဲနေတဲ့အတွက် CRPH အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း ရွေးချယ်ထားကြောင်း CRPH ယာယီကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG