သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာ သိထားတဲ့အကြောင်း ကန်သံရုံး ထုတ်ပြန်


ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာ သိထားတဲ့အကြောင်း ကန်သံရုံး ထုတ်ပြန်
ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာ သိထားတဲ့အကြောင်း ကန်သံရုံး ထုတ်ပြန်

{{Zawgyi/Unicode}}
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီကနေ့ အကြမ်းဖက် ဖမ်းဆီးခံလိုက်ရတာနဲ့ပတ်သက်လို့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်တာမှာ “ဧပြီ ၁၅ ရက်တွင် မုံရွာမြို့၌ ဝေမိုးနိုင်နှင့် အခြားဆန္ဒပြသူတစ်ဦးတို့ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များက ကားနှင့် ဝင်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်သတင်းများကို မြင်တွေ့ရပါသည်။

စစ်အာဏာရှင်အဖွဲ့အပေါ် မြန်မာပြည်သူများ အားပေးထောက်ခံခြင်းမရှိသည့် အကြောင်းအရင်းကို ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်မျိုးက ဆက်လက်သက်သေထူလျက်ရှိပါသည်။ စစ်အာဏာရှင်အဖွဲ့က ထိန်းသိမ်းထားသည့် လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပြီး ဒီမိုကရေစီကို လိုလားတောင့်တလျက်ရှိသည့် မြန်မာပြည်သူများကိုလည်း မိမိတို့ အားပေးထောက်ခံပါသည်” လို့ ဖော်ပြထားပါတယ်။

ကိုဝေမိုးနိုင်ဟာ အမေရိကန်နိုင်ငံခြားရေးဌာနက စီစဉ်လုပ်ဆောင်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်အစီအစဉ် (YSEALI) မှာ ပါဝင်ခဲ့ဖူးပါတယ်။

ဒီကနေ့ အစောပိုင်းမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြရင်း အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အမှတ်ရအောက်မေ့ဘွယ် အထိမ်းအမှတ်တခု သံရုံးဝင်းအတွင်း ပြုလုပ်ခဲ့ပါတယ်။

“In Memory and Honor of Fallen Heroes” "မြန်မာနိုင်ငံတွင်း အသက်စတေးခဲ့ကြသော သူရဲကောင်းများကို ဂုဏ်ပြုပါသည်" ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတန်းကို သံရုံးအတွင်းက ကျောက်တံတိုင်းပေါ်မှာ မှန်ဘောင်သွင်း တင်ထားပြီး အဲဒီ တံတိုင်းခြေရင်းမှာ အမှတ်တရ အောက်မေ့ဘွယ်အဖြစ်နဲ့ ပန်းတွေကို စီချထားပေးတဲ့ ဓာတ်ပုံကို အမေရိကန်သံရုံး လူမှုကွန်ယက်မှာ တင်ထားပါတယ်။

..............................................

{{Unicode}}






XS
SM
MD
LG